နေရောင်ခြည်

နေရောင်ခြည်သည် အဓိကအားဖြင့် အနီအောက်ရောင်ခြည်၊ မြင်နိုင်သောအလင်းနှင့် ခရမ်းလွန်ရောင်ခြည်စသည့် နေမှထွက်လာသော လျှပ်စစ်သံလိုက်ဖြာထွက်မှု၏ တစိတ်တပိုင်းဖြစ်သည်။ ကမ္ဘာ့လေထုကို ဖြတ်သန်းသွားသောကြောင့် နေရောင်ခြည်သည် စစ်ထုတ်၊ ပြန့်ကျဲသွားသည်။ နေသည် မိုးကုတ်စက်ဝိုင်း အပေါ်တွင် ရောက်ရှိပါက သိသာသည်။ နေရောင်ခြည်ဖြာထွက်မှုကို တိမ်များဖြင့် မကာဆီးထားပါက နေရောင်တောက်ပမှုနှင့် အပူရှိန်ကို ခံစားရသည်။ တိမ်များဖုံးကွယ်ပါက သို့မဟုတ် အခြားအရာဝတ္ထုများကြောင့်ရောင်ပြန်ဟပ်သွားပါက နေရောင်ခြည်သည် အားပျော့သွားသည်။ တစ်ကမ္ဘာလုံးရှိ ၁ စတုရန်းမီတာတိုင်းတွင် ၁၆၄ ဝပ်နှင့်ညီမျှသော စွမ်းအင်ကို ၂၄ နာရီအတွင်း နေရောင်ခြည်က ပေးစွမ်းနိုင်သည်ဟုဆိုသည်။ နေရောင်ခြည်ရှိ ခရမ်းလွန်ရောင်ခြည်ဖြာထွက်မှုသည် ကျန်းမာရေးအတွက် ကောင်းကျိုးဆိုးကျိုး ၂ မျိုးစလုံးရှိသည်။ ယင်းသည် ဗီတာမင်ဒီ လိုအပ်ချက်နှင့် ဗီဇပြောင်းလဲမှုတို့အတွက် အထောက်အကူပေးသည်။

နေရောင်ခြည်
နေရောင်ခြည်
အမေရိကန်ပြည်ထောင်စုရှိ မတူညီသောပြည်နယ်မှ နေထွက်ချိန် (အပေါ်ပုံ) နှင့် နေဝင်ချိန်

နေရောင်ခြည်သည် နေမှ ကမ္ဘာမြေသို့ရောက်ရှိရန် ၈.၃ မိနစ် အချိန်ယူရသည်။ နေ၏အလယ်ဗဟိုမှ စတင်ထွက်ခွာလာသည့် ဖိုတွန်တစ်ခုသည် ဓာတ်ပြုအမှုန်တစ်ခုနှင့် ဆုံတွေ့ချိန်တိုင်း နေ၏မျက်နှာပြင်သို့ ရောက်ရှိရန် နှစ်ပေါင်း ၁၀၀၀၀ မှ ၁၇၀၀၀၀ ကြား ကြာမြင့်သည်ဟုဆိုသည်။ နေရောင်ခြည်သည် အပင်နှင့် အခြားသက်ရှိများအတွက် အလွန်အရေးပါသည်။ အပင်များသည် ဖိုတိုဆင်သဆစ်ကို အသုံးပြု၍ နေရောင်ခြည်စွမ်းအင်မှ ဓာတုစွမ်းအင်အဖြစ် ပြောင်းလဲပေးကာ ဇီဝသက်ရှိများ၏ လုပ်ငန်းဆောင်တာများကို ထောက်ပံ့ကူညီပေးသည်။


ကိုးကား

Tags:

ကမ္ဘာ့လေထုခရမ်းလွန်ရောင်ခြည်တိမ်နေလျှပ်စစ်သံလိုက်ဖြာထွက်မှုအနီအောက်ရောင်ခြည်

🔥 Trending searches on Wiki မြန်မာဘာသာ:

ပီမိုးနင်းကြောင် (တိရစ္ဆာန်)အင်ဒိုနီးရှားနိုင်ငံကျောက်တန်းရေလယ်ဘုရားတွင်းနက်မဟော်သဓာခင်ပွန်းကြီးဆယ်ပါးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနတ်ပြည် ၆ ထပ်ဟံသာဝတီဝန်ကြီးဌာန နှင့် အကြီးအကဲများ စာရင်းထိုင်းနိုင်ငံ၏ ခရိုင်များလာလီဆာဂဠုန်ငရဲကွမ်းယာမိုးမခပင်သာသနာရေး ဝန်ကြီးဌာနစိုင်းထီးဆိုင်လားရှိုးမြို့ပညာရေးဝန်ကြီးဌာနရတနသုတ်ရန်ကုန်မြို့ရှမ်းလူမျိုးရာဇာဓိရာဇ်ကုမာရာဘိဝံသ (ဗန်းမော်ဆရာတော်)အနတ္တလက္ခဏသုတ်ကုန်းဘောင်ခေတ်ရန်ကုန်တိုင်းစစ်ဌာနချုပ်ပုဂံခေတ်ကြေးမုံ သတင်းစာမြန်မာကဗျာ ကာရန်ယူနည်းများစိတ်ပညာမန္တလေးမြို့ပန်းကျော်ဟိန်းအရှေ့တောင်အာရှနိုင်ငံများအသင်းအာဠာဝကဘီလူးအာနာပါနဖိုးကျား၊ ဦးဝေလငါးမြန်မာနာမည်နေ၂၀ ရာစုနှစ်တားရော့ပညာနာဇီဂျာမနီရာသီဥတုမြန်မာ့အလင်း သတင်းစာသိန်း၊ ဆရာ (မော်ပီ)မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနဝီကီပီးဒီးယားအင်းတော်ကြီးသမိုင်းအမျိုးသားနေ့သံဃာဂုဏ်တော်အလောင်းစည်သူနတ်မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဘိန်းမင်္ဂလာပါဓမ္မရံကြီးဘုရားနောင်ရိုးတိုက်ပွဲဘုရား (ဗုဒ္ဓဘာသာ)ကောလင်း ပေါင်ဝဲလ်ခရစ်ယာန်ဘာသာကျွန်းပင်ဉာဏ်စဉ်ရုရှားနိုင်ငံပြည်ထောင်စု တိုင်းရင်းသား လူမျိုးများမြထွန်းဦးကျောက်စိမ်းကချင်လူမျိုးမာရ်ငါးပါးဝီကီနန်းလုံးကြိုင်ကသိုဏ်းတက္ကသိုလ်ဘုန်းနိုင်ဗျသနတရားငါးပါး🡆 More