နည်းပညာတက္ကသိုလ်(တောင်ငူ) သည် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ကေတုမတီမြို့၊ သဝန်ငယ်ရပ်ကွက်၊ ရန်ကုန်မန္တလေးအဝေးပြေးလမ်းမကြီးဘေး သက်ရှည်ကျော်ထင်လမ်းပေါ်တွင် တည်ရှိသည်။
နည်းပညာတက္ကသိုလ်(တောင်ငူ)အဝင်လမ်းမ | |
ယခင်အမည်များ | အစိုးရနည်းပညာသိပ္ပံ အစိုးရနည်းပညာကောလိပ် |
---|---|
အမျိုးအစား | အများဆိုင် |
တည်ထောင် | ၂၀၀၇ |
ကျောင်းအုပ်ကြီး | ဒေါက်တာတင်ဝင်းမွန် |
တည်နေရာ | တောင်ငူမြို့, ပဲခူးတိုင်းဒေသကြီး, မြန်မာနိုင်ငံ |
ဝဘ်ဆိုဒ် | tutoungoo.edu.mm |
စက်မှုလက်မှုအထက်တန်းကျောင်းကို ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကန်ရိုးကျေးရွာအနီး၊ ရန်ကုန်−မန္တလေးအဝေးပြေးလမ်းမကြီး ပေါ်တွင် ၁၉၈၂ခုနှစ်၊ မတ်လ၌ စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၈၅ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့တွင် အစိုးရစက်မှုလက်မှုသိပ္ပံအဖြစ် အဆင့်တိုးမြှင့်ခဲ့သည်။
၁၉၉၆ ခုနှစ်တွင် သိပွံနှင့်နည်းပညာဝန်ကြီးဌာနကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီးနောက် ၁၉၉၉ ခုနှစ်တွင် အစိုးရနည်းပညာ ကောလိပ်အဖြစ်သို့လည်းကောင်း ကေတုမတီမြို့သစ်တွင်ပြောင်းလဲဖွင့်လှစ်လိုက်ကာ ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် နည်းပညာတက္ကသိုလ် (တောင်ငူ) အဖြစ်သို့လည်းကောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ခဲ့သည်။ နည်းပညာတက္ကသိုလ် (တောင်ငူ) သည် နိုင်ငံတကာအသိအမှတ်ပြုလက်မှတ် (ISO 9001:2015) ကို ရရှိပြီးသည့် မြန်မာနိုင်ငံ၏ အဆင့်မြင့်နည်းပညာတက္ကသိုလ်တစ်ခုဖြစ်သည်။ 2018-2019 ပညာသင်နှစ်အထိ Civil,EC,EP,Mech ဟူ၍ မေဂျာကြီး လေးခုသာသင်ကြားပို့ချခဲ့သော်လည်း 2019-2020 ပညာသင်နှစ်မှစ၍ IT နှင့် MC မေဂျာနှစ်ခုကိုထပ်တိုးသင်ကြားပို့ချနေပြီဖြစ်သည်။ B.E ဘွဲ့ သင်တန်းများကို C,EC,EP, Mech, IT, McE များအားလုံးဖွင့်လှစ်နိုင်ပြီဖြစ်သော်လည်း မဟာအင်ဂျင်နီယာဘွဲ့ M.E အတွက် IT နှင့် McE သင်တန်းများအတွက် ဖွင့်လှစ်နိုင်ခြင်းမရှိသေးပါ။ နည်းပညာတက္ကသိုလ် (တောင်ငူ) မှ အီလက်ထရောနစ်အင်ဂျင်နီယာသင်တန်း နှင့် စက်မှုအင်ဂျင်နီယာသင်တန်းတို့သည် Myanmar Engineering Council ၏ ပမာဏအသိအမှတ်ပြုလက်မှတ် (Provisional accredited Certificate) ကို ရရှိထားပြီး အပြည့်အဝအသိအမှတ်ပြုလက်မှတ် (Fully-accredited Certificate) ရရှိနိုင်ရန် ဆောင်ရွက်နေပါသည်။
No | Graduate Degree Program | Degree | Duration |
---|---|---|---|
1 | Bachelor of Engineering ( Civil) | B.E. (Civil) | 6-yrs (Full Time) |
2 | Bachelor of Engineering (EC) | B.E. (EC) | 6-yrs (Full Time) |
3 | Bachelor of Engineering ( EP) | B.E. (EP) | 6-yrs (Full Time) |
4 | Bachelor of Engineering ( Mech ) | B.E. (Mech) | 6-yrs (Full Time) |
5 | Bachelor of Engineering (MC ) | B.E. (MC) | 6years (Full Time) |
6 | Bachelor of Engineering ( IT ) | B.E. (IT) | 6-yrs (Full Time) |
No | Under Graduate Diploma Degree Program | Degree | Duration |
---|---|---|---|
1 | Master of Civil Engineering | M.E (Civil) | 2-yrs (Full Time) |
2 | Master of Electronic Engineering | M.E(EC) | 2-yrs (Full Time) |
3 | Master of Electrical Power Engineering | M.E (EP) | 2-yrs (Full Time) |
4 | Master of Mechanical Engineering | M.E(Mech) | 2-yrs (Full Time) |
This article uses material from the Wikipedia မြန်မာဘာသာ article နည်းပညာတက္ကသိုလ်(တောင်ငူ), which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.