တောမတ်စ် အကွိုင်းနပ်စ်

တောမတ်စ် အကွိုင်းနပ်စ် (သို့) သောမတ်စ် အကွိုင်းနပ်စ်(အင်္ဂလိပ်: Thomas Aquinas, /əˈkwaɪnəs/; အီတလီ: Tommaso d'Aquino, lit. 'Thomas of Aquino', တိုမတ်ဇို ဒဲကွီနို; ၁၂၂၅ – ၁၂၇၄ မတ် ၇) သည် အီတလီ ဒိုမီနီကန်ဂိုဏ်းဝင် ရဟန်း၊ ဒဿနဆရာ၊ ကတ်သလစ် ဘုန်းတော်ကြီး၊ သူတော်စင်တစ်ပါးဖြစ်သည်။ အလွန်ဩဇာညောင်းသော ဒဿနဆရာ၊ ခရစ်ယာန်ဝါဒအခြေပြုဒဿန အယူအဆများ၌ တရားရေး၊ ဘာသာရေးဆိုင်ရာ အဆုံးအဖြတ်ပေးသူ အကွိုင်းနပ်စ်ကို နှောင်းပိုင်းတွင် Doctor Angelicus ၊the Doctor Communis ၊ the Doctor Universalis စသည့်အမည်များဖြင့်လည်း သိရှိကြသည်။ အကွိုင်းနပ်စ် ဆိုသည့်အမည်သည် ယနေ့ခေတ် လာဇီယို (လာ့တ်စ်ယို) ၊ အကွီနိုကောင်တီ၏ ဇစ်မြစ်ဖြစ်ကြောင်း ပြသလျက် ရှိသည်။ သဘာဝကျကျ ဘာသာတရားဆိုင်ရာ ယုံကြည်မှု (natural theology) ကို ထောက်ခံအားပေးသူ၊ တိုမစ်ဇင် (Thomism) ဟုအမည်ရသော ဘာသာရေးဒဿနဂိုဏ်းကို တည်ထောင်သူဖြစ်သည်။ ဘုရားသခင်သည် သဘာဝကျသော ဆင်ခြင်တုံတရားနှင့် ယုံကြည်မှုဆိုင်ရာ အသိဉာဏ်အလင်းတို့၏ ရင်းမြစ်ဖြစ်သည်ဟု ခိုင်မာစွာ ဆိုခဲ့သည်။ အနောက်ကမ္ဘာ၏ တွေးခေါ်ယူဆပုံအပေါ်တွင် အတော်လွှမ်းမိုးနိုင်စွမ်းရှိ၏ ။ ခေတ်သစ် ဒဿနများစွာတို့သည် ၎င်း၏ စိတ်ကူးအယူအဆအပေါ် တိုးတက်ချဲ့ထွင်မှုရှိသကဲ့သို့ ဆန့်ကျင်ချေဖျက်မှုများလည်းရှိကြရာ အထူးသဖြင့် ကိုယ်ကျင့်တရာပိုင်း၊ သဘာဝ ဥပဒေသ၊ ရုပ်လွန်ပညာ၊ နိုင်ငံရေးသီအိုရီ စသည့် ကဏ္ဍများ၌ ဖြစ်သည်။

စိန့်

တောမတ်စ် အကွိုင်းနပ်စ်

တောမတ်စ် အကွိုင်းနပ်စ်
An altarpiece in en:Ascoli Piceno, Italy,
by en:Carlo Crivelli (15th century)
en:Friar
en:Doctor of the Church
မွေးဖွားTommaso d'Aquino
၁၂၂၅
en:Roccasecca, en:Kingdom of Sicily
ကွယ်လွန်မတ် ၇ ၁၂၇၄ (အသက် ၄၈–၄၉)
Fossanova, en:Papal States
သူတော်စင်အဖြစ် ပူဇော်Roman Catholic Church
en:Anglican Communion
en:Lutheranism
သူတော်စင်အဖြစ် စာရင်းသွင်း၁၃၂၃ ဇူလိုင် ၁၈, en:Avignon, en:Papal States by en:Pope John XXII
အဓိက ဗိမာန်en:Church of the Jacobins, Toulouse, France
ပွဲတော်28 January (ordinary form), 7 March (extraordinary form)
သူတော်စင်ဆိုင်ရာ ပြယုဂ်များThe Summa theologiae, a model church, the sun on the chest of a Dominican en:friar
အားပေးမှုAcademics; against storms; against lightning; apologists; Aquino, Italy; en:Belcastro, Italy; book sellers; Catholic academies, schools, and universities; chastity; Falena, Italy; learning; pencil makers; philosophers; publishers; scholars; students; en:University of Santo Tomas; Sto. Tomas, Batangas; en:Mangaldan, Pangasinan; theologians
တောမတ်စ် အကွိုင်းနပ်စ်
အခြား အမည်များDoctor Angelicus (the Angelic Doctor)
ထင်ရှားသည့်
လုပ်ဆောင်မှု
ခေတ်အလယ်ခေတ် ဒဿန
ဒေသအနောက်တိုင်း ဒဿနအဝန်းအဝိုင်း
ဖီလိုဆိုဖီဂိုဏ်း/ကျောင်း (school)en:Scholasticism
en:Thomism
en:Aristotelianism
Theological intellectualism
en:Philosophical realism
en:Moderate realism
en:Direct realism
en:Virtue ethics
en:Natural law
en:Correspondence theory of truth
အဓိက စိတ်ဝင်စားရာ
မှတ်သားလောက်သည့် အတွေးအကြံ

ထိုခေတ်ထိုအခါက ကတ်သလစ်သာသနာ၏ ယုံကြည်လက်ခံမှုများစွာနှင့်မတူဘဲ တောမတ်သည် အရစ္စတိုတယ် အဆိုပြုခဲ့သော စိတ်ကူးအချို့ကို လက်ခံဆုပ်ကိုင်ခဲ့ကာ ခရစ်ယာန် အခြေခံသဘောတရားများနှင့် အရစ္စတိုတယ် ဒဿနကို ပေါင်းစပ်ရန် အားထုတ်ခဲ့သေးသည်။

အထင်ရှားဆုံးလက်ရာများမှာ Disputed Questions on Truth (၁၂၅၆-၁၂၅၉) ၊ Summa contra Gentiles (၁၂၅၉-၁၂၆၅) ၊ အဆုံးမသတ်ခဲ့သော Summa Theologica (သို့) Summa Theologiae (၁၂၆၅-၁၂၇၄) တို့ဖြစ်ကြသည်။ သမ္မာကျမ်းစာများ၊ အရစ္စတိုတယ်(ဝါဒ)အပေါ် ရှင်းလင်းချက်မှတ်စုများသည် ၎င်း၏ အထင်ကရ လက်ရာများထဲက အစိတ်အပိုင်းများဖြစ်သည်။ ထို့အပြင် တောမတ်စ်သည် ခရစ်တော်၏ နောက်ဆုံးညစာနှင့်ပတ်သက်သော ဓမ္မတေးများကြောင့်လည်း အထူးထင်ရှားခဲ့ပြန်သည်။ ထိုဓမ္မတေးများသည်ကား ခရစ်ယာန် ဝတ်ပြုဆုတောင်းမှု၏ တစ်စိတ်တစ်ဒေသဖြစ်လာခဲ့လေသည်။ ကတ်သလစ်ဂိုဏ်းက တောမတ်စ်ကို သူတော်စင် (saint) အဖြစ် ဂုဏ်ပြုခဲ့၍ ခရစ်ယာန်ဘာသာ ရဟန်းစာများကို လေ့လာသင်အံသူများအတွက် စံပြဆရာတစ်ပါး၊ သဘာဝကျသည့် ဆင်ခြင်တုံတရားနှင့် ယုတ္တိကျသော ယုံကြည်မှုနယ်ပယ်တို့၏ အမြင့်မားဆုံးဖော်ပြခြင်းခံရသူအဖြစ်လည်း သတ်မှတ်ကြသည်။ ခေတ်ပေါ်ကာလများတွင် ပုပ်ရဟန်းမင်း၏ အမိန့်အာဏာ လမ်းညွှန်မှုများအောက်၌ ၎င်း၏ စာပေများသည် ရဟန်း (priests) ၊ ရဟန်းငယ် (deacons) အဖြစ် သာသနာ့ဘောင်သွတ်သွင်း ခံယူလိုသူများအတွက် မဖြစ်မနေလေ့လာရသော အစီအစဉ်တစ်ရပ်ဖြစ်ကာ ဘာသာရေးဆိုင်ရာ ဖွဲ့စည်းပုံစံအတွင်းမှသူများသာမက (ဝိနည်း၊ ဝတ်ပြုမှုပုံစံ၊ ကတ်သလစ်ဂိုဏ်း၏ သမိုင်း၊ ကတ်သလစ်ယုံကြည်မှု၊ ဒဿန) စသော ဘာသာရပ်များကို လေ့လာလိုသူများအဖို့လည်း လေ့လာရန်လိုအပ်သော စာပေများဖြစ်လေသည်။

တောမတ်စ် အကွိုင်းနပ်စ်ကို ကက်သလစ်သာသနာ၏ အကြီးကျယ်ဆုံး ဘာသာရေးပညာရှင်၊ ဒဿနပညာရှင်များထဲက တစ်ဦးအဖြစ်ယူဆကြသည်။ ပုပ်ရဟန်းမင်း ဘဲနစ်ဒစ်ခ် (၁၅) က "ကတ်သလစ်ဂိုဏ်းက တောမတ်စ်၏ အဆုံးအမများကို ဒိုမီနီကန်ဂိုဏ်း၏ မူပိုင်အဖြစ် ကြေညာလိုက်တဲ့အခါ ဒီဂိုဏ်း ... ဂုဏ်သစ်သွေးသစ်တို့ကို ရယူနိုင်ခဲ့ပေတယ်။ ပုပ်ရဟန်းမင်းအဆက်ဆက် အထူးချီးကျူးဂုဏ်ပြုခံရတာ ဒီသူတော်စင်ပါ၊ ကတ်သလစ်ဂိုဏ်များစွာတို့ရဲ့ ဆရာသခင်၊ သူတော်စင်ပါပဲ။" ဟု ပြောဆိုခဲ့သည်။ အင်္ဂလိပ် ဒဿနပညာရှင် အန်ထနီ ကန်နီကလည်း တောမတ်စ်သည် အနောက်ကမ္ဘာဖက်က အကြီးကျယ်ဆုံး ဒဿနဆရာတစ်ဒါဇင်ထဲက တစ်ဦးဟု ယူဆသည်။

မှတ်စု

ကိုးကား

Tags:

ဝီကီပီးဒီးယား:IPA for Englishအင်္ဂလိပ်ဘာသာစကားအီတလီဘာသာစကား

🔥 Trending searches on Wiki မြန်မာဘာသာ:

လိင်ဆက်ဆံခြင်းပါဠိခင်မောင်တိုးဗဒင်ရှင်ပြုခြင်းဝဲဒေသကွပ်ကဲမှုစစ်ဌာနချုပ်ဆောင်းရာသီအောင်လအန်ဆန်းဖေ့စ်ဘွတ်ခ်စိန်ပါရမီဂုဏ်တော်ကွန်ချာကမ္ဘာ့ကုလသမဂ္ဂနေ့စေတသိက်အပြင် ၃၇ မင်းပုဂံခေတ်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပုလွေမှုတ်ခြင်းမြန်မာပြည် စာတိုက် သင်္ကေတများပိုက်သာဂိုရ သီအိုရမ်ကြို့ထိုးခြင်းမဟာဗန္ဓုလမင်းကျင့်တရားဘဒ္ဒကမ္ဘာအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနပျူမြို့ပြနိုင်ငံများကင်းခြေများအမျိုးသားစာပေဆုရစာအုပ်စာရင်းရသအင်ဒိုနီးရှားနိုင်ငံဒူးရင်းသီးရွှေသိမ်တော်ဘုရား (ကျောက်ဆည်)အာရှနေအဖွဲ့အစည်းစစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံးနိဗ္ဗာန်ဂျပန်သမိုင်းဟင်္သာတထွန်းရင်မြန်မာအမျိုးသား လေကြောင်းလိုင်းမိတ္ထီလာမြို့ဘာဂျာမှုတ်ခြင်းသိပ္ပံပညာကန်စွန်းကာမေသုမိစ္ဆာစာရစက္ကဝတ္တိသုတ်သင်္ဂါယနာအမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့မှူးဖက်ဒရယ်ပြည်ထောင်စုစနစ်ပြင်သစ်နိုင်ငံတရုတ်စံကားဘဏ်ဟိန္ဒူဘာသာမွန်လူမျိုးကင်းလိပ်ချောမှန်နန်း ရာဇဝင်ကလာပ်စည်းတရုတ်ဆူခွိုင်း ၃၀ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများပရိတ်ကြီး ၁၁ သုတ်ဂျာမနီနိုင်ငံ၂၄ ပစ္စည်းအစ္စရေးနိုင်ငံအယုဒ္ဓယအိတ်ချ်အိုင်ဗွီ ရောဂါပိုးဓမ္မစကြာသုတ္တန်လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ထိုင်းနိုင်ငံ၏ ပြည်နယ်များခွေးရူးပြန်ရောဂါလက်ဖက်ဝါကျအမေရိကန်ပြည်ထောင်စုပထဝီဝင်တင်မိုးတောင်သူလယ်သမားနေ့🡆 More