စိုင်

စိုင်သည် သတ္တဗေဒအရ 'ဗိုင်ဗော့ ဗန်တင်းဗာမင်နိကပ်'ဖြစ်သည်။ 'ဗိုးဗိဒီး'မျိုးရင်းတွင်ပါဝင်သည်။ ပြောင်ထက်အရွက်ငယ်၍ ကိုယ်လုံးထွားကျိုင်းသည်။ အမြင့် ၅ ပေခွဲရှိ သည်။ ထို့ထက်မြင့်သော စိုင်များလည်းရှိသည်။ ဦးချိုမှာ ပျမ်းမျှခြင်းအားဖြင့်၂၄ လက်မရှည်၍၊ လုံးပတ် ၁၄ လက်မရှိ သည်။ ပြောင်ထက် ခြေတံရှည်သည်။ စိုင်မနှင့် စိုင်ထီးကလေးတို့တွင် ဝင်းပြောင်သော သစ်အယ် သီးညိုအရောင်ရှိသည်။ မျက်နှာမှာ ဖြူသည်။ ခြေတံသည် ခွာအထက်မှဒူးဆစ်တိုင် အောင်ဖြူသည်။

Banteng
စိုင်
Banteng cow (left) and bull (right)
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
မျိုးစဉ်: Artiodactyla
မျိုးရင်း: Bovidae
မျိုးရင်းသေး: Bovinae
မျိုးဇာတ်: Bovini
မျိုးစု: Bos
မျိုးစိတ်:
B. javanicus
ဒွိနာမ
Bos javanicus
d'Alton, 1823
မျိုးစိတ်ခွဲများ
စိုင်
Distribution of banteng (2010)
green: present
red: possibly present
Synonyms

တင်ပါးတွင်ထင်ရှားသော အဖြူကွက်ပါရှိသည်။ တစ်ခါတစ်ရံ စိုင်ထီးကလေးများ၏ နံဘေးတွင် အဖြူပြောက်များကို တွေ့ရသည်။ ယင်းအပြောက်များသည် တဖြည်းဖြည်း မွဲပြာရောင်သို့ ပြောင်းသွားသည်။ ကြီးပြင်းသော စိုင်များ၏ အရောင်မှာ ညိုဝါရောင်ဖြစ်သည်။ စိုင်ထီးတွင် အများအားဖြင့် မျက်နှာမှ နှာယောင်တိုင်အောင်အဖြူရောင် ညစ်ညစ်ရှိသည်။ ကိုယ်လုံး၏အရောင်မှာ ကာကီရောင်ဖြစ်သည်။ လုံးလုံး မည်းမည်းနက်နေသောစိုင်ကို တွေ့ရခဲသည်။ စိုင်သည် ရွက်ကြွေတော၊ အမြဲစိမ်းတောများရှိ မြေညီ၌သော်လည်းကောင်း၊မညီညွတ်သော မြေပြင်၌သော်လည်းကောင်း၊ ကျက်စားရန် နှစ်သက်သည်။

မြန်မာနိုင်ငံ၌ စိုင်ကိုသစ်တောရှိရာ တောင်ကုန်းများတွင် တွေ့ရသည်။ စိုင်သည် လူကိုမြင်လျှင် ထွက်မပြေးတတ်ချေ။ တစ်ခါတစ်ရံ လယ်တောယာတောများထဲသို့ပင် ဝင်လာတတ်သည်။ နံနက်ခင်းနှင့် မွန်းလွဲပိုင်းတွင် အစာရှာထွက်သည်။ ပူအိုက်သောအချိန်တွင် နားနေတတ်သည်။ မြက်ပင်၊ဝါးရွက်၊ ဝါးမျှစ် နှင့်အပင်ငယ်ကလေးများကို စားတတ်သည်။ ငန်သောအရသာကို နှစ်သက်သည်။ အအုပ်အသင်းဖွဲ့လျက် စားကျက်ကောင်းရာဒေသသို့ ရာသီအလိုက်ပြောင်းရွှေ့ ကျက်စားလေ့ရှိသည်။ စိုင်သည် ဖျတ်လတ်သည်။ အကြား၊အမြင်နှင့် အနံ့ခံကောင်းသည်။ ငြိမ်သက်စွာနေလေ့ရှိသည်။ နွားကဲ့သို့ အသံပြု တတ်သည်။ ထိတ်လန့်သောအခါ ကျယ်လောင်စွာအော်၍ တစ်ဟုတ်တည်းပြေးလွှားတတ်သည်။ စိုင်သည် များသောအားဖြင့် တစ်ကြိမ်လျှင် သားတစ်ကောင်သာပေါက်သည်။ တစ်ခါတစ်ရံမှသာ နှစ်ကောင်ပေါက်တတ်၏။ စိုင်ကို မြန်မာနိုင်ငံထိုင်းနိုင်ငံမလေးရှားနိုင်ငံကျွန်းဆွယ်ဒေသ၊ ဘော်နီယိုကျွန်း နှင့် ဂျားဗားကျွန်းတို့တွင်တွေ့ရသည်။ မြန်မာနိုင်ငံတွင် မဏိပူရတောင်ကုန်းများ၌လည်း တွေ့ရသည်ဟု အဆိုရှိသည်။

ကိုးကား

Tags:

ပြောင်သတ္တဗေဒ

🔥 Trending searches on Wiki မြန်မာဘာသာ:

ပုဂံမှော်ပညာမေတ္တေယျဘုရားအာရှနိုင်ငံများအိန္ဒြာကျော်ဇင်သင်္ကြန်ကိုယ်ဝန်ဆောင်ခြင်းအာရှဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်လှူခြင်းမြန်မာလများအောင်ဆန်းစုကြည်အင်္ဂါဂြိုဟ်တတိယ အင်္ဂလိပ် - မြန်မာစစ်Minecraftတရားသိင်္ဂါလောဝါဒသုတ်တော်နှလုံးသွေးကြောကျဉ်းရောဂါသန်းရွှေ (ဗိုလ်ချုပ်မှူးကြီး)သမုဒ္ဒရာမြန်မာအဘိဓာန်တပ်မတော်၏ လက်မောင်းတံဆိပ်အဆောင်အယောင်များရခိုင်ဘာသာစကားမြန်မာစာရေးဆရာများ စာရင်းမိန်းမ မျိုးပွားအင်္ဂါကာလသားရောဂါခေါင်းပေါင်းမြန်မာနိုင်ငံရှိတက္ကသိုလ်ကောလိပ်များဧရာဝတီမြစ်ဆေးလိပ်နယ်ခြားစောင့်တပ်ဖွဲ့တနင်္သာရီတိုင်းဒေသကြီးပဋိစ္စသမုပ္ပါဒ်နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နေပြည်တော် ပြည်ထောင်စုနယ်မြေအောင်သူ (ဘောလုံးသမား)ကြောင် (တိရစ္ဆာန်)မထိုးသွင်းသော လိင်ဆက်ဆံခြင်းဂျီသရီးရိုင်ဖယ်မဟာဘုတ်နတ်ခရေပင်တြိဂံဒေသတိုင်းစစ်ဌာနချုပ်အင်ဒိုနီးရှားနိုင်ငံဇီးကွက်ကော့ဘိန်းရွာ၊ ကော့ကရိတ်မြို့နယ်အေ (အက္ခရာ)မြန်မာနိုင်ငံ၏ နိုင်ငံကူးလက်မှတ်ကိုလိုနီခေတ်ဂျပန်နိုင်ငံဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတိုင်းစစ်ဌာနချုပ်ည (ရုပ်ရှင်)ရိုင်ဖယ်ကပ်အမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့မှူးဗလာဒီမီယာ ပူတင်တိုင်းစစ်ဌာနချုပ်ကုန်းဘောင်ခေတ်နန်းမွေစံထန်းရည်အမှတ်(၅၅)ခြေမြန်တပ်မဌာနချုပ်မိတ္ထီလာမြို့ကိုယ်ဝန်ဖျက်ချခြင်းတွံတေးမြို့အင်းဝခေတ်ရှမ်းပြည်နယ်ဇာတိပ္ဖိုလ်မြန်မာပြဇာတ်မီလန်မြို့လိင်ဖြင့်မျိုးပွားခြင်းသရေခေတ္တရာနိကာယ် ငါးရပ်ဟင်္သာတထွန်းရင်ကိုယ်ဝန်ဆောင်မိခင် ကျန်းမာရေးအသည်းရောင် အသားဝါ ရောဂါ ဘီပိုး🡆 More