စက္ကူညှပ်စစ်ဆင်ရေး

စက္ကူညှပ်စစ်ဆင်ရေး (အင်္ဂလိပ်: Operation paperclip) သည် တပ်မတော်စီအိုင်စီမှ အထူးအေးဂျင့်များက ပင်တိုင်ဆောင်ရွက်ခဲ့သည့် တွဲဘက်ထောက်လှမ်းရေးရည်မှန်းချက်များအေဂျင်စီ (JIOA) ၏ လျှို့ဝှက်လုပ်ငန်း တခုဖြစ်သည်။ ထိုစစ်ဆင်ရေးတွင် Wernher von Braun နှင့် သူ၏ V-2 rocket အဖွဲ့ကဲ့သို့ ဂျာမန်သိပ္ပံပညာရှင် ၊ အင်ဂျင်နီယာများ နှင့် နည်းပညာရှင်ပေါင်း ၁၆၀၀ ကျော်ကို ယူအက်စ်အစိုးရအလုပ်အကိုင်လုပ်ဆောင်ရန် ဂျာမဏီနိုင်ငံမှ အမေရိကန်နိုင်ငံသို့ ၁၉၄၅ ခုနှစ်မှ ၁၉၅၉ ခုနှစ်ကာလအတွင်း ခေါ်ဆောင်လာခဲ့သည်။ ထိုသူများစွာမှာ နာဇီပါတီ အဖွဲ့ဝင်ဟောင်းများ နှင့် အချို့မှာ ခေါင်းဆောင်ဟောင်းများ ဖြစ်ကြသည်။

စက္ကူညှပ်စစ်ဆင်ရေး
Kurt H. Debus, a former Nazi scientist turned NASA director, sitting between President of the United States John F. Kennedy (right) and Vice President Lyndon B. Johnson (third from right) during a briefing at Blockhouse 34, Cape Canaveral Missile Test Annex.

စက္ကူညှပ်စစ်ဆင်ရေး၏ ပင်မရည်ရွယ်ချက်မှာ ဆိုဗီယက်-အမေရိကန် စစ်အေးတိုက်ပွဲ နှင့် အာကာသ အပြေးပြိုင်ပွဲတွင် ယူအက်စ်စစ်တပ် အသာစီးရစေရန်ဖြစ်သည်။ ဆိုဗီယက်ပြည်ထောင်စုက ၁၉၄၆ ခုနှစ် အောက်တိုဘာလ ၂၂ ရက် ညတွင်းချင်း ဂျာမန်ပညာရှင် ၂၂၀၀ ကျော်နှင့် ၎င်းတို့၏မိသားစုဝင် စုစုပေါင်း ၆၀၀၀ ကျော်ကို Operation Osoaviakhim ဖြင့် အင်အားသုံးလူစုဆောင်းခဲ့သဖြင့် ပို၍အကြမ်းပတမ်းနိုင်သည်ဟု ဆိုရမည်။

တွဲဘက်အရာရှိချုပ်များ (JCS) က အော်ပရေးရှင်းအိုဗာကာ့စ်တ် ဟု အမည်တွင်သည့် ပထမဆုံးသော လျှို့ဝှက် အလုပ် ခန့်အပ်ရေးပရိုဂရမ်ကို ပထမပိုင်း၌ “ဂျပန်စစ်ပွဲကို ထိန်းချုပ်ကန့်သတ်ရာတွင် အထောက်အပံ့ပြုရန် နှင့် စစ်ပြီးကာလ စစ်ဘက်ဆိုင်ရာ သုတေသနကို အားဖြည့်ရန်” ၁၉၄၅ ခုနှစ် ဇူလိုင် ၂၀ တွင် စတင်တည်ထောင်ခဲ့သည်။ “အိုဗာကာ့စ်တ်” ဟူသည့် အမည်မှာ မူလက ဂျာမန်သိပ္ပံပညာရှင်များ၏ မိသားစုဝင်များက ဘာဗေးရီးယားရှိ ၎င်းတို့အား ထိန်းသိမ်းထားရာ အိမ်ရာစခန်းအား ပေးခဲ့သည့်အမည်ဖြစ်သည်။ ၁၉၄၅ နွေနှောင်းကာလတွင် JCS က ပူးတွဲထောက်လှမ်းရေးရပ်ဝန်း ကော်မတီခွဲ တခုဖြစ်သည့် JIOA ကို နောက်ပိုင်းတွင် အော်ပရေးရှင်း ပေပါကလစ်ပ်ဖြစ်လာမည့် အော်ပရေးရှင်းအိုဗာကာ့စ်တ်အား တိုက်ရိုက်ကြီးကြပ်ရန် တည်ထောင်ခဲ့သည်။ JIOA ကိုယ်စားလှယ်များတွင် စစ်ဘက်ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ၊ ရေတပ်ထောက်လှမ်းရေးအကြီးအကဲ ၊ လေတပ်ဝန်ထမ်း-၂ (လေတပ် ထောက်လှမ်းရေး) လက်ထောက်အကြီးအကဲ နှင့် ဖက်ဒရယ်အုပ်ချုပ်ရေးဌာနမှ အမှုဆောင်ကိုယ်စားလှယ် တဦးတို့ ပါဝင်သည်။ အမေရိကန်ပြည်ထောင်စု၌ အလုပ်ခန့်အပ်လိုသည့် ဒုံးပျံကျွမ်းကျင်သူများ၏ ဖိုလ်ဒါတွင် စက္ကူညှပ်ကလစ်များ တွဲခဲ့သော စစ်လက်နက်ပစ္စည်း တပ်ဖွဲ့ (အမေရိကန်ပြည်ထောင်စုတပ်မတော်) အရာရှိများက ၁၉၄၅ ခုနှစ် နိုဝင်ဘာလတွင် အော်ပရေးရှင်းအိုဗာကာ့စ်တ်ကို အော်ပရေးရှင်းပေပါကလစ်ပ်ဟု အမည်ပြောင်းလဲမှည့်ခေါ်ခဲ့သည်။

၁၉၄၆ စက်တင်ဘာ ၃ ရက်နေ့တွင် ဖြန့်ဝေသော လျှို့ဝှက်ညွှန်ကြားစာတစောင်၌ သမ္မတထရူးမန်းက အော်ပရေးရှင်း ပေပါကလစ်ပ်ကို အတည်ပြုခဲ့ပြီး ဂျာမန်သိပ္ပံပညာရှင် ၁၀၀၀ ကို “ယာယီ ကန့်သတ်စစ်ဘက်စောင့်ကြပ်မှု” အောက်မှ ထည့်သွင်းခဲ့သည်အထိ တိုးချဲ့ခဲ့လေသည်။

အိုဇန်ဘာ့ဂ်စာရင်း

ဒုတိယကမ္ဘာစစ်နှောင်းပိုင်းတွင် နာဇီဂျာမဏီက ထောက်ပို့အခက်အခဲကြောင့် အော်ပရေးရှင်းဘာဘရိုဇာ (၁၉၄၁ ဇွန်လ မှ ဒီဇင်ဘာလ) ၊ လီနင်ဂရက်အားသိမ်းပိုက်ခြင်း (၁၉၄၁ စက်တင်ဘာ မှ ၁၉၄၄ ဇန်နဝါရီ)၊ အော်ပရေးရှင်း Nordlicht (“ဥတ္တရအလင်းတန်း” ၊ ၁၉၄၂ ဩဂုတ်လ မှ အောက်တိုဘာလ) နှင့် စတာလင် ဂရက်တိုက်ပွဲ (၁၉၄၂ ဇူလိုင်လ မှ ၁၉၄၃ ဖေဖော်ဝါရီ) တို့ဖြင့် ဆိုဗီယက်ပြည်ထောင်စုအား သိမ်းယူရန် မအောင်မမြင် ဖြစ်ခဲ့ရသည်။ ကျရှုံးမှုကြောင့် ဂျာမန်တို့၏ ရင်းမြစ်များ လျော့ပါးခန်းခြောက်လာပြီး စစ်တပ်နှင့် စစ်လက်နက်ထုတ်လုပ်ရေးကြားမဟာမိတ်ဖွဲ့ခြင်း (military-industrial complex) က Großdeutsches Reich (Greater German Reich) ကို တပ်နီတော်၏ အနောက်အရပ်ဦးတည် တန်ပြန်တိုက်ခိုက်မှုမှ ကာကွယ်ရန် ကြိုတင်ပြင်ဆင်နိုင်ခြင်းလည်းမရှိခဲ့ပေ။ ၁၉၄၃ နှစ်ဦးပိုင်းတွင် ဂျာမန်အစိုးရက သိပ္ပံပညာရှင်များ ၊ အင်ဂျင်နီယာများ နှင့် နည်းပညာရှင်များကို စစ်မြေပြင်မှ ပြန်လည်ခေါ်ယူခဲ့ပြီး ဆိုဗီယက်နှင့် ကာလကြာရှည်ဖြစ်ပွားနေသော စစ်ပွဲ၌ ဂျာမန်ကာကွယ်ရေး အားကောင်းစေရန်အတွက် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုတွင် ဝင်ရောက်လုပ်ကိုင်စေသည်။ ဒုံးပျံပညာရှင် ၄၀၀၀ ပါဝင်သော ရှေ့တန်းပြန်များသည် ဂျာမဏီနိုင်ငံ အရှေ့မြောက်ကမ်းရိုးတန်းရှိ Peenemünde သို့ ပြန်လာခဲ့ကြသည်။

ပါရဂူဘွဲ့ရများကို ညတွင်းချင်း KP တာဝန်မှ အနားပေးပြီး သိပ္ပံဘွဲ့လွန်များကို အကူတပ်ဖွဲ့မှ ပြန်လည်ခေါ်ယူခဲ့သည်။ သင်္ချာပညာရှင်များကို မုန့်ဖုတ်ရုံများမှ ခေါ်ထုတ်သွားခဲ့ပြီး precision mechanics များမှာလည်း ထရပ်ကားမောင်းသူဘဝ တခန်းရပ်ခဲ့သည်။

သိပ္ပံပညာရပ်ဆိုင်ရာလုပ်ငန်းများအတွက် ပြန်လည်အသုံးဝင်လာပြီဖြစ်သော ပညာတတ်များကို နာဇီအစိုးရက ပြန်လည်ခေါ်ယူရန်အတွက် ပထမဦးစွာ သိပ္ပံပညာရှင်များ ၊ အင်ဂျင်နီယာများနှင့် နည်းပညာရှင်များကို ရွေးထုတ် သတ်မှတ်နိုင်ရန်နှင့် ထို့နောက် နိုင်ငံရေးနှင့်အတွေးအခေါ်ဆိုင်ရာအားကိုးအားထားပြုနိုင်ဖွယ်ရာ ရှိမှုကို သေချာစေရန် လိုအပ်သည်။ Wehrforschungsgemeinschaft (ကာကွယ်ရေးသုတေသနအဖွဲ့) ခေါင်းဆောင် အင်ဂျင်နီယာ-သိပ္ပံ ပညာရှင် Werner Osenberg က နိုင်ငံရေးအရ စိတ်ချရသောသူများ၏ အမည်များကို သိပ္ပံပညာရပ်လုပ်ငန်းများတွင် ပြန်လည်လုပ်ကိုင်စေရန်အတွက် အိုဇန်ဘာ့ဂ်စာရင်းထဲ ထည့်သွင်းခဲ့သည်။

ပိုလန်နိုင်ငံသား ဓာတ်ခွဲခန်းပညာရှင်တဦးက ၁၉၄၅ မတ်လတွင် ဘွန်းတက္ကသိုလ်၌ အိမ်သာခန်းအတွင်း ထိုးထည့်ထားသော အိုဇန်ဘာ့ဂ်စာရင်းအပိုင်းအစများကို တွေ့ရှိခဲ့ပြီးသည့်နောက် ထိုစာရင်းမှာ MI6 သို့ ရောက်ရှိခဲ့ပြီး ထိုမှတဆင့် ယူအက်စ် ထောက်လှမ်းရေးသို့ ဖြန့်ဝေခဲ့သည်။ ယူအက်စ်တပ်မတော် တပ်ဖွဲ့ သုတေသနနှင့်ထောက်လှမ်းရေးဌာန၏ ဂျက်လေယာဉ် တွန်းကန်အား ဌာနခွဲ အကြီးအကဲ ယူအက်စ်စစ်တပ် ဗိုလ်မှူး ရောဘတ် ဘီ စတေဗာက အိုဇန်ဘာ့ဂ်စာရင်း ကို အသုံးချ၍ ဖမ်းဆီးစစ်မေးရမည့် ဂျာမန်သိပ္ပံပညာရှင်စာရင်းပြုစုခဲ့သည်။ ဂျာမဏီ ဒုံးပျံသိပ္ပံပညာရှင် အဓိပတိ Wernher von Braun က ဗိုလ်မှူးစတေဗာ၏ စာရင်းတွင် ဦးဆောင်ခဲ့သည်။

ရွေးထုတ်သတ်မှတ်ခြင်း

စက္ကူညှပ်စစ်ဆင်ရေး 
V-2 rocket launching, Peenemünde, on the north-east Baltic German coast. (1943)

အော်ပရေးရှင်းအိုဗာကာ့စ်တ်တွင် ဗိုလ်မှူးစတေဗာ၏ မူလကြံရွယ်ချက်မှာ သိပ္ပံပညာရှင်များအား တွေ့ဆုံမေးမြန်းရန် ဖြစ်သော်လည်း ၎င်းသိလိုက်ရသည်များကြောင့် အော်ပရေးရှင်း၏ရည်ရွယ်ချက်ပြောင်းသွားသည်။ ကာနယ် ဂျိုဝဲလ်ဟုမ်းစ်၏ "ပစိဖိတ်စစ်ပွဲအတွက် အလွန်အရေးကြီး” သည့်အတွက် ဂျာမန်သိပ္ပံပညာရှင်များနှင့် ထိုသူတို့ ၏ မိသားစုဝင်များကို ကယ်ထုတ်ရန် တိုက်တွန်းထားသည့် ကြေးနန်းတစောင်ကို ယူအက်စ် ပန်တဂွန် စစ်ဌာနချုပ်သို့ ၁၉၄၅ မေ ၂၂ တွင် သူက ပေးပို့ခဲ့သည်။ အိုဇန်ဘာ့ဂ်စာရင်းဝင် အင်ဂျင်နီယာအများစုမှာ ဘောလ်တစ်ကမ်းခြေ ဂျာမန်တပ်မတော်သုတေသနစင်တာ Peenemünde တွင် V-2 ဒုံးပျံထုတ်လုပ်ရေး လုပ်ကိုင်ခဲ့ကြသည်။ မဟာမိတ်တပ်များက ထိုသူတို့အား လက်ရဖမ်းမိပြီးနောက်တွင် ၎င်းတို့၏ မိသားစုဝင်များနှင့်အတူ ဂျာမဏီနိုင်ငံ တောင်ပိုင်း ဘာဗားရီးယား Landshut တွင် နေရာပေးထားသည်။

၁၉၄၅ ဇူလိုင် ၁၉ မှ အစပြု၍ ယူအကစ် JCS က အော်ပရေးရှင်းအိုဗာကာ့စ်တ်အနေဖြင့် ARC ဒုံးပျံပညာရှင်များကို လက်ရဖမ်းနိုင်ခဲ့သည်။ သို့သော် သိပ္ပံပညာရှင်များ၏အိမ်ရာအမည် “အိုဗာကာ့စ်စခန်း” ကို နယ်မြေခံဒေသအတွင်း လူသိများလာသောအခါ ထိုပရိုဂရမ်ကို အော်ပရေးရှင်းပေပါကလစ်ပ်ဟူ၍ ၁၉၄၅ နိုဝင်ဘာတွင် ပြောင်းလဲမှည့်ခေါ်ခဲ့သည်။ လျှို့ဝှက်ထားသော်လည်း ထိုနှစ်နှောင်းပိုင်းတွင် သတင်းဌာနများက သိပ္ပံပညာရှင်အတော်များများအား တွေ့ဆုံမေးမြန်းနိုင်ခဲ့သည်။

ဖမ်းဆီးခြင်းနှင့်ထိန်းသိမ်းထားခြင်း

စက္ကူညှပ်စစ်ဆင်ရေး 
The Allied zones of occupation in post-war Germany, highlighting the Soviet zone (red), the inner German border (heavy black line) and the zone from which British and American troops withdrew in July 1945 (purple). The provincial boundaries are those of Nazi Germany, before the present Länder (federal states) were established.

ကနဦးကတည်းကပင် အထွေထွေထောက်လှမ်းရေးရည်မှန်းချက်များကော်မတီခွဲ (CIOS) ကို အမေရိကန် ပြည်ထောင်စုက ဖန်တီးခဲ့သည်။ သိပ္ပံ ၊ စစ်ဘက်နှင့် စက်မှုလုပ်ငန်းအဆောက်အအုံများ (နှင့် ဝန်ထမ်းများ) ကို ၎င်းတို့၏ အသိပညာ အတတ်ပညာရယူရန် ပစ်မှတ်ထား ဝင်ရောက်ခဲ့သည့် T-Forces အတွက် ပစ်မှတ်များ၏သတင်းအချက်အလက်များကို ပံ့ပိုးပေးနိုင်ခဲ့သည်။ ဂျပန်နှင့်တိုက်ပွဲတွင် အသုံးပြုနိုင်မည့် ဓာတ်ရောင်ခြည် infrared ကဲ့သို့ အဆင့်မြင့်နည်းပညာများ နှင့် ဂျပန်နိုင်ငံသို့ မည်သည့်နည်းပညာများ လွှဲပေးပြီးဖြစ်သည်ကို ဖော်ထုတ်ရန် နှင့် နောက်ဆုံးတွင် သုတေသနကို ရပ်တန့်ပစ်ရန်မှာ ပထမဦးစားပေးဖြစ်ခဲ့သည်။

သုတေသနကို ရပ်တန့်ပစ်ရန် စီမံချက်ကို “ဘေးကင်းရာအရပ်” ဟု အမည်ဝှက်ပေးထားပြီး မူလက ဆိုဗီယက်ပြည်ထောင်စုအား ပစ်မှတ်ထားရန်အတွက် မဟုတ်ခဲ့ချေ။ ကနဦးစိုးရိမ်မကင်းမှုမှာ ဂျာမန်သိပ္ပံပညာရှင်များ အနေဖြင့် နာဇီဂျာမဏီအပေါ် ဂရုဏာထားကြသော စပိန် ၊ အာဂျင်တီးနား သို့မဟုတ် အီဂျစ်ကဲ့သို့ နိုင်ငံများသို့ ကူးပြောင်းပြီး သုတေသနများကို ဆက်လက်ဆောင်ရွက်နေကြမည်ကို ဖြစ်သည်။ ဂျာမန်သိပ္ပံပညာရှင်များ ပြည်ဝင်ခွင့် နှင့် ဆက်နွယ်သည့်အရှုပ်အရှင်းများအား ရှောင်လွှဲနိုင်ရေးအတွက် ယူအက်စ်ပြင်ပ နိုင်ငံများရှိ နည်းပညာ တိုးတက်မှုများအား ဖယ်ရှားပစ်သည့်အနေဖြင့် အထင်ကရပုဂ္ဂိုလ်တဦးချင်းအား စုံစမ်းထောက်လှမ်းခြင်းနှင့် ပြန်ပေးဆွဲခြင်းတို့အတွက် CIOS တွင် တာဝန်ရှိသည်။

၁၉၄၅ ဇူလိုင် ၁ တွင် ဆိုဗီယက်အသိမ်းပိုက်ခံဇုန်၏ အစိတ်အပိုင်းဖြစ်လာသော Saxony နှင့် Thuringia တို့အပေါ် ယူအက်စ်က အာရုံထားကြိုးပမ်းခဲ့သည်။ ဂျာမဏီသုတေသနခန်းများနှင့် ဝန်ထမ်းများစွာကို ဘာလင်နယ်မြေမှ အဆိုပါပြည်နယ်များသို့ ကယ်ထုတ်သွားခဲ့သည်။ ဆိုဗီယက်တို့၏ အသာစီးရယူမှုကြောင့် ဂျာမန်သိပ္ပံနှင့်နည်းပညာ ကျွမ်းကျင်သူများအပေါ် ယူအက်စ်က အမြတ်ထုတ်နိုင်စွမ်းအား အကန့်အသတ်ဖြစ်စေမည်ကို စိုးရိမ်သောကြောင့် လည်းကောင်း ထိုကဲ့သို့ ကျွမ်းကျင်မှုများမှ ဆိုဗီယက်တို့ အကျိုးကျေးဇူးခံစားရမည်ကို မလိုလားသောကြောင့် လည်းကောင်း အမေရိကန်ပြည်ထောင်စု အောက်ပါအမိန့်စာထုတ်၍ Saxony နှင့် Thuringia မှ သိပ္ပံနယ်ပယ်ဆိုင်ရာ ဝန်ထမ်းများအား “ကယ်ထုတ်ရေးအော်ပရေးရှင်း” ကို ဆောင်ရွက်ခဲ့သည် -


စစ်အစိုးရ၏ အမိန့်ဖြင့် မနက်ဖြန်နေ့လယ် ၁၃း၀၀ နာရီ (၁၉၄၅ ဇွန်လ ၂၂ ၊ သောကြာနေ့) တွင် သင့်မိသားစုနှင့်အတူ ပစ္စည်းပစ္စယများ နိုင်သမျှသယ်ဆောင်၍ Bitterfeld ရှိ မြို့တော်ရင်ပြင်သို့ လာရောက်သတင်းပို့ကြရန် ဖြစ်သည်။ ဆောင်းတွင်းဝတ်အထည်များ ယူဆောင်လာရန် မလိုပေ။ မိသားစုစာရွက်စာတမ်းများ ၊ လက်ဝတ်ရတနာနှင့် အလားတူပစ္စည်းများကဲ့သို့ သယ်ဆောင်ရန်လွယ်ကူသည့် ပိုင်ဆိုင်ပစ္စည်းများကို တပါတည်း သယ်ယူခဲ့ရန် ဖြစ်သည်။ အနီးဆုံးရထားဘူတာရုံသို့ မော်တော်ကားဖြင့် သင့်အား ပို့ဆောင်ပေးပါလိမ့်မည်။ ထိုမှတဆင့် အနောက်အရပ်သို့ ခရီးထွက်ခွါရပါမည်။ ဤစာယူဆောင်လာသူထံ သင့်မိသားစုဝင်အရေအတွက်အား အသိပေးပါ။

၁၉၄၇ ခုနှစ်အရောက်တွင် ဤကယ်ထုတ်ရေးအော်ပရေးရှင်းက ခန့်မှန်းခြေ နည်းပညာရှင်နှင့် သိပ္ပံပညာရှင်ပေါင်း ၁၈၀၀ ကို ၎င်းတို့၏ မိသားစုဝင် ၃၇၀၀ နှင့်အတူ ကွန်ချက်တွင်မိပြီးဖြစ်သည်။ အထူးကျွမ်းကျင်မှု သို့မဟုတ် အသိပညာရှိသူများအား ထိန်းသိမ်းပြီး စစ်မေးရန်အတွက် အမှိုက်ပုံးဟု အမည်ဝှက်ပေးထားသော စခန်းကဲ့သို့ ထိန်းသိမ်းစစ်ကြောရေးစခန်းများသို့ ခေါ်ဆောင်သွားခဲ့ရာ အချို့အမှုများမှာ လပေါင်းများစွာကြာမြင့်ခဲ့သည်။

သိပ္ပံပညာရှင်အနည်းငယ်ကို အော်ပရေးရှင်းအိုဗာကာ့စ်တ်သို့ လူစုခေါ်ဆောင်ခဲ့သော်လည်း အများစုမှာ သုတေသနခန်းများသော်လည်းကောင်း လုပ်ငန်းသော်လည်းကောင်းမရှိသည့် ကျေးလက်ဒေသရှိ ကျေးရွာများသို့ ပို့ဆောင်ခံရပြီး ထောက်ပံ့ကြေးပေးထားကာ ထိုနေရာမှထွက်ခွါမသွားကြစေရန် ရဲဌာနချုပ်သို့ ၂ ပတ်တကြိမ် သတင်းပို့ကြရန် အကျပ်ကိုင်ခံရသည်။ ပူးတွဲဝန်ထမ်းရေးရာအကြီးအကဲများ၏ သုတေသနနှင့်သင်ကြားရေး ညွှန်ကြားစာတွင် “စိတ်ပါဝင်စားသည့်အေဂျင်စီများအနေဖြင့် အလိုရှိသမျှထောက်လှမ်းရေးသတင်းအချက်အလက်များ ကို စိတ်ကျေနပ်သည်အထိ ရယူပြီးသည့်နောက်တွင်မှ” နည်းပညာရှင်များနှင့် သိပ္ပံပညာရှင်များကို လွှတ်ပေးသင့်ကြောင်းပါရှိသည်။

သိမ်းပိုက်ခံအနောက်ဂျာမဏီနိုင်ငံတွင် တရားစီရင်ပိုင်ခွင့်ရှိသော အမေရိကန်ပြည်ထောင်စုစစ်အစိုးရရုံး (OMGUS) က ကယ်ထုတ်ခံထားရသူများ၏ အခြေအနေကို သုံးသပ်ရန် ၁၉၄၇ နိုဝင်ဘာလ ၅ ရက်နေ့တွင် ညီလာခံ တခု ကျင်းပခဲ့ရာ ကယ်ထုတ်ထားသူများက အမေရိကန်ပြည်ထောင်စုအား အမှုစွဲဆိုထားကြောင်းနှင့် “စစ်ဥပဒေများ သို့မဟုတ် မြေပြင်တိုက်ပွဲစည်းကမ်းများအား ယူအက်စ်က ချိုးဖောက်ထားဖယ်ရာရှိကြောင်း” ဘဏ္ဍာရေးဘက်မှ တင်ပြသည်။ ကယ်ထုတ်ထားသူများကို တတိယကမ္ဘာနိုင်ငံများတွင်အခြေချပေးမည့် ပရိုဂရမ်တခုကို OMGUS ထောက်လှမ်းရေးညွှန်ကြားရေးမှူး R. L. Walsh က စတင်ခဲ့ပြီး ထိုပရိုဂရမ်ကို ဂျာမန်များက Urwald-Programm" (တောကြီးမျက်မည်းပရိုဂရမ်) ဟု ခိုင်းနှိုင်းညွှန်းဆိုကြသည်။ သို့သော် ဤပရိုဂရမ်မှာ မဖြစ်မြောက်ခဲ့ပေ။ ကယ်ထုတ်ထားသူများမှာ ၁၉၄၈ တွင် ဂျာမန်သုံးငွေကြေး Reichsmarks ၆၉.၅ သန်းကို ညှိနှိုင်းကြေးအဖြစ် ယူအက်စ်ထံမှ ရကြသည်။ အနောက်ဂျာမဏီ၏ တရားဝင်ငွေကြေးအဖြစ် Deutsche Mark ကို မိတ်ဆက်ပြီး ငွေကြေးအသွင်ကူးပြောင်းမှုပြုလုပ်ခဲ့သည်အတွက် အဆိုပါညှိနှိုင်းကြေး၏ ငွေကြေးတန်ဖိုးမှာ အလွန်တရာနိမ့်ဆင်းသွားခဲ့သည်။

အမေရိကန်ပြည်ထောင်စုအနေဖြင့် ဂျာမဏီ၏ အထက်မြက်ဆုံးသူအချို့ကို ၃ နှစ်တိုင်တိုင် လက်ဝယ်ထားနိုင်ခဲ့ရာ ထိုသူတို့၏ ကျွမ်းကျင်မှုဖြင့် ဂျာမဏီနိုင်ငံ ပြန်လည်နာလန်ထလာနိုင်စွမ်းကို ပယ်ရှားလိုက်သလိုဖြစ်ခဲ့သည်ဟု ဂျွန်ဂင်းမ်ဘဲလ်က ကောက်ချက်ချသည်။

ရောက်ရှိလာမှုများ

စက္ကူညှပ်စစ်ဆင်ရေး 
A group of 104 rocket scientists (aerospace engineers) at Fort Bliss, Texas

၁၉၄၅ မေလတွင် ယူအက်စ် ရေတပ်က Hs 293 ဒုံးကျည်လက်နက်တီထွင်သူ Herbert A. Wagner ကို “အစောင့်အကြပ်ဖြင့် လက်ခံခဲ့သည်။” သူက ပထမပိုင်းတွင် Castle Gould နှင့် Hempstead House ရှိ အထူးလက်နက်များ စင်တာတွင် ၂ နှစ်တိုင် လုပ်ကိုင်ခဲ့ပြီး ၁၉၄၇ ခုနှစ်တွင် နျူးယော့ခ် လောင်းအိုင်လန်ရှိ Mugu လေကြောင်းအခြေစိုက်စခန်းသို့ ပြောင်းရွှေ့ခဲ့သည်။

ယူအက်စ်တပ်မတော် စစ်လက်နက်ပစ္စည်းတပ်ဖွဲ့ သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေးဌာန ဒုံးပျံဌာနခွဲ အကြီးအကဲ ကာနယ် Holger Toftoy က ၁၉၄၅ ဩဂုတ်လတွင် ဒုံးပျံသိပ္ပံပညာရှင်များအား ၁ နှစ် စာချုပ်ချုပ်ရန် ကမ်းလှမ်းခဲ့ရာ ၁၂၇ ဦး တို့က လက်ခံခဲ့သည်။ ပထမအသုတ်ဖြစ်သော ဒုံးပျံသိပ္ပံပညာရှင် ၇ ဦး (ဒုံးပျံ အင်ဂျင်နီယာများ) ၁၉၄၅ စက်တင်ဘာတွင် ဘော်စတွန်ဆိပ်ကမ်းရှိ လောင်းအိုင်လန်တွင်ရှိသော Fort Strong သို့ ဆိုက်ရောက်လာကြရာ ထိုသူတို့မှာ Wernher von Braun ၊ Erich W. Neubert ၊ Theodor A. Poppel ၊ August Schulze ၊ Eberhard Rees, Wilhelm Junger နှင့် Walter Schwidetzky တို့ဖြစ်ကြသည်။ ဒုံးပျံသိပ္ပံပညာရှင် အုပ်စု ၃ စု မှာ တက္ကဆက်ပြည်နယ် Fort Bliss နှင့် နျူးမက္ကဆီကို White Sands Proving Grounds တွင် “စစ်ဘက်ရေးရာဌာနအထူးဝန်ထမ်းများ” အဖြစ် တာဝန်ထမ်းရန် အမေရိကန်ပြည်ထောင်စုသို့ ၁၉၄၅ ခုနှစ် နှောင်းပိုင်းမှစ၍ ရောက်ရှိလာကြသည်။

၁၉၄၆ ခုနှစ်တွင် လူဝီဇီယားနား ၊ မစ်ဇူရီရှိ Fischer-Tropsch ဓာတုစက်ရုံတွင် လူလုပ်လောင်စာတု (synthetic fuel) ဆိုင်ရာ ဂျာမန်သိပ္ပံပညာရှင် ၇ ဦးကို အမေရိကန်ပြည်ထောင်စု သတ္တုတွင်းဗျူရိုက အလုပ်ခန့်အပ်ခဲ့သည်။

၁၉၄၉ ဇွန် ၁ ရက်တွင် အမေရိကန်ပြည်ထောင်စု တပ်မတော် စစ်လက်နက်ပစ္စည်း အကြီးအကဲက အယ်လ်ဘားမား ပြည်နယ် ၊ ဟန့်ဇ်ဗီးလ်ရှိ ရတ်ဒ်စတုန်းလက်နက်တိုက်ကို ဒုံးပျံသုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေးပြုလုပ်ရန် စစ်လက်နက် ပစ္စည်း ဒုံးပျံ စင်တာ အဖြစ် ရွေးချယ်သတ်မှတ်လိုက်သည်။ ၁၉၅၀ ဧပြီ ၁ ရက်တွင် von Braun နှင့် ပေပါကလစ်ပ် အဖွဲ့ဝင် ၁၃၀ ပါ အဖွဲ့ဖြစ်သည့် ဒုံးကျည်လက်နက်ထုတ်လုပ်ရေးအော်ပရေးရှင်းကို ရတ်ဒ်စတုန်း လက်နက်တိုက်သို့ ပြောင်းရွှေ့လိုက်သည်။ ၁၉၅၀ အစောပိုင်းတွင် ပရောဂျက်ပေပါကလစ်ပ် ကျွမ်းကျင်သူအချို့အတွက် ဥပဒေနှင့်အညီအမေရိကန်နိုင်ငံတွင်း နေထိုင်ခွင့်ကို မက္ကဆီကိုနိုင်ငံ ချီဟွားဟွာ ရှိ ယူအက်စ် စစ်သံရုံးမှတဆင့် အသက်သွင်းခဲ့သည်။ ထို့ကြောင့် ဂျာမန်သိပ္ပံပညာရှင်များမှာ လက်တင်အမေရိကမှတဆင့် အမေရိကန်ပြည်ထောင်စုအတွင်း တရားဥပဒေနှင့်အညီ ဝင်ရောက်နိုင်ခဲ့ကြသည်။ ၁၉၄၅ နှင့် ၁၉၅၂ အကြားတွင် အမေရိကန်ပြည်ထောင်စုလေတပ်က သိပ္ပံပညာရှင် အမျိုးသား ၂၆၀ ကို စပွန်ဆာ ပေးခဲ့ရာ အရေအတွက်အများဆုံးဖြစ်သည်။ ၎င်းတို့အနက်မှ ၃၆ ဦးမှာ ဂျာမဏီသို့ ပြန်သွားကာ ၁ ဦး (Walter Schreiber) မှာ အာဂျင်တီးနားသို့ တဖန်နိုင်ငံပြောင်းရွှေ့နေထိုင်သည်။

လေကြောင်းအင်ဂျင်နီယာ ၈၆ ဦးကို အော်ပရေးရှင်းလပ်စတီ (Luftwaffe Secret Technology) အောက်မှ လေယာဉ်နှင့် တန်ဆာပလာများအား သိမ်းမိသည့်နေရာဖြစ်သော အိုဟိုင်းယိုးပြည်နယ် ရိုက်တ်ဖီးလ်ဒ်သို့ ပြောင်းရွှေ့ခဲ့သည်။

အမေရိကန်ပြည်ထောင်စု အချက်ပြဆက်သွယ်ရေးတပ်ဖွဲ့များတွင် ရူပဗေဒပညာရှင်များဖြစ်ကြသည့် Georg Goubau, Gunter Guttwein, Georg Hass, Horst Kedesdy နှင့် Kurt Lehovec ၊ physical ဓာတုပညာရှင်များဖြစ်ကြသော Rudolf Brill, Ernst Baars နှင့် Eberhard Both ၊ ဘူမိရူပဗေဒပညာရှင် Helmut Weickmann ၊ အမြင်အာရုံ optician Gerhard Schwesinger ၊ အင်ဂျင်နီယာများဖြစ်ကြသော Eduard Gerber, Richard Guenther, and Hans Ziegler တို့ ပါဝင်သည့် ပညာရှင် ၂၄ ဦးကို ခန့်အပ်ခဲ့သည်။

၁၉၅၉ ခုနှစ်တွင် Friedwardt Winterberg နှင့် Friedrich Wigand တို့ပါဝင်သော စက္ကူညှပ်စစ်ဆင်ရေး အဖွဲ့ဝင် ၉၄ ဦးတို့ အမေရိကန်ပြည်ထောင်စုသို့ သွားရောက်ခဲ့ကြသည်။ ၁၉၉၀ ခုနှစ်အထိ ပြုလုပ်ခဲ့သော အော်ပရေးရှင်းများမှတဆင့် အော်ပရေးရှင်းပေပါကလစ်ပ်က လူပေါင်း ၁၆၀၀ ကို မူပိုင်ခွင့်များနှင့် စက်မှုထုတ်လုပ်မှုလုပ်ငန်းစဉ်များမှ ဒေါ်လာ ၁၀ ကုဋေတန်ကြေးရှိ ယူအက်စ်နှင့် ယူကေသို့တင်ရှိသော ဉာဏနစ်နာကြေး အဖြစ် (intellectual reparations) ခေါ်သွင်းခဲ့သည်။

(အမေရိကန်ပြည်ထောင်စုအတွင်းရှိ) အထင်ကရ ဆုတံဆိပ်များ

နာဆာ ထူးချွန်ပြောင်မြောက်စွာ အမှုထမ်းဆုတံဆိပ် မှာ အမျိုးသားလေကြောင်းနှင့်အာကာသအုပ်ချုပ်ရေး (NASA) က ချီးမြှင့်သည့် တန်ဖိုးအကြီးဆုံးဆုတံဆိပ်ဖြစ်သည်။ NASA တွင် ဆယ်စုနှစ် ၂ ခုကျော် ခေါင်းဆောင်မှုပြု အမှုထမ်းပြီး နောက် အော်ပရေးရှင်းပေပါကလစ်ပ် အဖွဲ့ဝင် ၄ ဦးမှာ နာဆာ ထူးချွန်ပြောင်မြောက်စွာ အမှုထမ်းဆုတံဆိပ် ကို ၁၉၆၉ ခုနှစ်တွင် ဆွတ်ခူးခဲ့ရာ Kurt Debus, Eberhard Rees, Arthur Rudolph နှင့် Wernher von Braun တို့ဖြစ်သည်။ Ernst Geissler မှာ ၁၉၇၃ ခုနှစ်တွင် အဆိုပါဆု ချီးမြှင့်ခံရသည်။

ကာကွယ်ရေးဌာနဆိုင်ရာ ထူးချွန်ပြောင်မြောက်သော အရပ်ဘက်အမှုထမ်းဆုမှာ အမေရိကန်ပြည်ထောင်စု ကာကွယ်ရေး ဌာနက ချီးမြှင့်သော အရပ်ဘက်ဆိုင်ရာအမြင့်ဆုံးဆုတံဆိပ်ဖြစ်သည်။ အော်ပရေးရှင်းပေပါကလစ်ပ် အဖွဲ့ဝင် Siegfried Knemeyer သည် ဆယ်စုနှစ် ၂ ခုကြာ အမှုထမ်းပြီးသည့်နောက်တွင် ကာကွယ်ရေးဌာနဆိုင်ရာ ထူးချွန်ပြောင်မြောက်သော အရပ်ဘက်အမှုထမ်းဆုကို ၁၉၆၆ ခုနှစ်၌ ရရှိခဲ့သည်။

Goddard Astronautics Award မှာ ဂုဏ်ပြုလောက်သောအောင်မြင်မှုများအတွက် လေကြောင်း၊အာကာသနှင့်ဒုံးပျံပညာရပ်နယ်ပယ်အတွက် လေယာဉ်ပညာ နှင့် နက္ခတ္တပညာရပ်ဆိုင်ရာ အမေရိကန်အင်စတီကျု (AIAA)က ချီးမြှင့်သော အမြင့်ဆုံးဆုတံဆိပ် ဖြစ်သည်။ အော်ပရေးရှင်းပေပါကလစ်ပ်အဖွဲ့ဝင်များဖြစ်ကြသော Wernher von Braun (၁၉၆၁) ၊ Hans von Ohain (၁၉၆၇) နှင့် Krafft Arnold Ehricke (၁၉၈၄) တို့မှာ ၎င်းတို့၏ စွမ်းဆောင်မှုအတွက် Goddard Astronautics Award ဆုချီးမြှင့်ခံရသည်။

အယ်လ်ဘားမားပြည်နယ် ဟန့်ဇ်ဗီးလ်ရှိ ယူအက်စ် အာကာသနှင့် ဒုံးပျံစင်တာက ယူအက်စ်အာကာသစခန်းကို ပိုင်ဆိုင်ပြီး လည်ပတ်ဆောင်ရွက်သည်။ အော်ပရေးရှင်းပေပါကလစ်အဖွဲ့ဝင်များဖြစ်ကြသည့် Wernher von Braun (၂၀၀၇) ၊ Georg von Tiesenhausen (၂၀၀၇) နှင့် Oscar Holderer (၂၀၀၈) တို့မှာ (၂၀၀၇ တွင် စတင်ခဲ့သော) အာကာသစခန်း ကျော်ကြားသူများခန်းဆောင်၏ အဖွဲ့ဝင်များဖြစ်ကြသည်။

နျူးမက္ကဆီကို အာကာသသမိုင်းပြတိုက်တွင် နိုင်ငံတကာအာကာသကျော်ကြားသူများခန်းဆောင်ပါဝင်သည်။ ပေပါကလစ်ပ် အဖွဲ့သား Wernher von Braun (၁၉၇၆) နှင့် Ernst Steinhoff (၁၉၇၉) တို့မှာ နိုင်ငံတကာ အာကာသ ကျော်ကြားသူများခန်းဆောင်၏ အဖွဲ့ဝင်များဖြစ်ကြသည်။ Hubertus Strughold ကို ၁၉၇၈ တွင် ထည့်သွင်းခဲ့သော်လည်း ၂၀၀၆ ခုနှစ်တွင် ဖြုတ်ချခဲ့သည်။ အခြားနီးစပ်သူအဖွဲ့ဝင်များတွင် ဂျာမန်-အမေရိကန် သိပ္ပံစာရေးသူ Willy Ley (၁၉၇၆) နှင့် အမေရိကန်နိုင်ငံရှိ von Braun ၏ ဒုံးပျံအဖွဲ့အား ၁၉၅၅ မှ ၁၉၅၈ တိုင်အောင် အကြံဉာဏ်ပေးခဲ့သော ဂျာမန်သိပ္ပံပညာရှင် Hermann Oberth (၁၉၇၆) တို့ဖြစ်ကြသည်။ လကမ္ဘာပေါ်ရှိ craters ၂ ခုကို ပေပါကလစ်ပ်သိပ္ပံပညာရှင်များဖြစ်ကြသော နာဆာ၏ ကနေဒီအာကာသစင်တာ၏ ပထမဆုံး ဒါရိုက်တာ Kurt Debus နှင့် von Braun တို့အား အစွဲပြုမှည့်ခေါ်ခဲ့သည်။

သိပ္ပံပညာရပ်ဆိုင်ရာ အောင်မြင်ဖြစ်ထွန်းမှုများ

လကမ္ဘာပေါ် လူသားစေလွှတ်ရာတွင် သော့ချက်ကျသည့် ကိရိယာဖြစ်သော စေတန် အမှတ် ၅ launch vehicle ၏ ဗိသုကာချုပ်မှာ Wernher von Braun ဖြစ်သည်။ Adolf Busemann မှာ လေယာဉ် အရှိန်မြင့်လာသည့်အခါ စွမ်းဆောင်ရည်တိုးတက်စေသည့် swept wing ၏ နောက်ကွယ်မှ ဉာဏ်ကြီးရှင်ဖြစ်သည်။

အငြင်းပွားဖွယ်ရာများ နှင့် စုံစမ်းစစ်ဆေးမှုများ

ပရိုဂရမ်အား တရားဝင်အတည်မပြုမီ သမ္မတထရူးမန်းမှာ ၁၆ လကြာသည့်တိုင် အဆုံးအဖြတ်မပြုနိုင်အောင် ဖြစ်ခဲ့ သည်။ နှစ်များစွာကြာပြီးနောက် ၁၉၆၃ ခုနှစ်တွင် ထရူးမန်းက ရုရှားတို့နှင့် ဆက်ဆံရေးများကြောင့် ပေပါကလစ်ပ်ကို အတည်ပြုရန် စိုးစဉ်းမျှနောက်မတွန့်ခဲ့ကြောင်း နှင့် “လုပ်ကိုလုပ်ရမဲ့ဟာကို လုပ်ခဲ့တာပဲ” ပြန်ပြောင်းပြောပြခဲ့သည်။

စစ်ပွဲကာလအတွင်း နာဇီပါတီနှင့် ဆက်နွယ်မှုများကြောင့် ပေပါကလစ်ပ် သိပ္ပံပညာရှင်များမှာ နောက်ပိုင်းတွင် စစ်မေးခံ ရသည်။ ပေပါကလစ်ပ်သိပ္ပံပညာရှင် ဂီရော့ရစ်ခ်ဟေး ၁ ဦးတည်းသာ ရာဇဝတ်မှုအတွက် လုပ်ထုံးလုပ်နည်းနှင့် အညီ တရားရုံးတင်ခံရပြီး အခြားပေပါကလစ်ပ်သိပ္ပံပညာရှင် တဦးမျှ အမေရိကန်နိုင်ငံတွင်သော်လည်းကောင်း ဂျာမဏီနိုင်ငံ တွင်သော်လည်းကောင်း ရာဇဝတ်မှုအတွက် အပြစ်ရှိကြောင်း မတွေ့ရှိရပေ။ ရစ်ခ်ဟေးမှာ ၁၉၄၇ တွင် ဂျာမဏီသို့ ပြန်သွားပြီး ဒိုရာတရားခွင်၌ တက်ရောက်ရင်ဆိုင်ရသော်လည်း ကွင်းလုံးကျွတ်လွတ်သည်။

Walter Schreiber မှာ ၁၉၅၁ ခုနှစ်၌ ယူအက်စ်သို့ ရောက်ရှိလာပြီး သီတင်းပတ်ပေါင်းများစွာ ကြာပြီးနောက် Ravensbrück တွင် Kurt Blome ပြုလုပ်သော လူသားစမ်းသပ်မှုများနှင့် ဆက်နွယ်မှုရှိကြောင်း Boston Globe သတင်းစာ၏ ဖော်ထုတ်မှုကြောင့် ယူအက်စ်စစ်တပ်အကူဖြင့် အာဂျင်တီးနားသို့ ပြောင်းရွှေ့အခြေချခဲ့သည်။

အာသာရူးဒေါ့ဖ်မှာ V-2 ဒုံးကျည်လက်နက်ထုတ်လုပ်ရေး ညွှန်ကြားမှူးအနေဖြင့် Mittelbau-Dora မှ အတင်းအဓမ္မ စေခိုင်းခံရသော လုပ်သားများအား Mittelwerk ၌ အသုံးပြုခဲ့ရာတွင် ပါဝင်ခဲ့ခြင်း နှင့် စပ်လျဉ်း၍ တရားစွဲဆိုမှု ခံရဖွယ်ရှိသည်ဟု ယူဆရသည့် ခြိမ်းခြောက်မှုကြောင့် ၁၉၈၄ ခုနှစ်တွင် ယူအက်စ်နိုင်ငံသားအဖြစ်မှ စွန့်လွှတ်ပြီး နိုင်ငံသားဖြစ်ခွင့်ရရှိရာ အနောက်ဂျာမဏီသို့ ပြောင်းရွှေ့ခဲ့သည်။

အာကာသဝတ်စုံနှင့် အာကာသတွင်းအသက်ဆက်နိုင်ရေးအထောက်အကူပြုစနစ်များ (space life support systems) ကဲ့သို့ ဆန်းသစ်တီထွင်မှုများအား ဖန်တီးရာတွင် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သူ အာကာသဆေးပညာရပ် ဆိုင်ရာ ဖခင်ကြီး Hubertus Strughold ကို အစွဲပြုမှည့်ခေါ်ခဲ့သော Strughold ဆုတံဆိပ်မှာ ၁၉၆၃ မှ ၂၀၁၃ ထိ အနှစ် ၅၀ ကြာသည့်တိုင်အောင် လေကြောင်းအာကာသဆေးပညာအဖွဲ့၏ အဖွဲ့ဝင် အာကာသဆေးပညာအဖွဲ့၏ ဂုဏ်ကျက်သရေအမြင့်ဆုံးဆုဖြစ်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ကာလအတွင်း လူသားစမ်းသပ်မှုများ၌ ၎င်းပါဝင်ဆက်နွယ်မှု ကို ဖော်ပြခဲ့သော ၂၀၁၂ ဒီဇင်ဘာ ၁ တွင် ဖြန့်ချိသည့် ဝေါစထရိဂျာနယ် သတင်းဆောင်းပါးကြောင့် အာကာသ ဆေးပညာအဖွဲ့ အမှုဆောင်ကော်မတီက ၂၀၁၃ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့တွင် အာကာသဆေးပညာအဖွဲ့ Strughold ဆု ကို အနားပေးလိုက်ပြီဖြစ်ကြောင်း ကြေညာသည်။

အဓိက အလုပ်ခန့်အပ်ခံရသူများ

    Advisors brought into the United States
    Hermann Oberth
    Aeronautics and rocketry
    Hans Amtmann, Herbert Axster, Anton Flettner, Erich Ball, Oscar Bauschinger, Hermann Beduerftig, Rudi Beichel, Anton Beier, Herbert Bergeler, Magnus von Braun, Wernher von Braun, Theodor Buchhold, Walter Burose, Adolf Busemann, GN Constan, Werner Dahm, Konrad Dannenberg, Kurt H. Debus, Gerd De Beek, Walter Dornberger, Gerhard Drawe, Friedrich Duerr, Ernst R. G. Eckert, Otto Eisenhardt, Krafft Arnold Ehricke, Alfred Finzel, Edward Fischel, Karl Fleischer, Anselm Franz, Herbert Fuhrmann, Ernst Geissler, Werner Gengelbach, Dieter Grau, Hans Gruene, Herbert Guendel, Fritz Haber, Heinz Haber, Karl Hager, Guenther Haukohl, Karl Heimburg, Emil Hellebrand, Gerhard Heller, Bruno Helm, Rudolf Hermann, Bruno Heusinger, Hans Heuter, Guenther Hintze, Sighard F. Hoerner, Kurt Hohenemser, Oscar Holderer, Hans Henning Hosenthien, Dieter Huzel, Walter Jacobi, Erich Kaschig, Ernst Klaus, Theodore Knacke, Siegfried Knemeyer, Heinz-Hermann Koelle, Gustav Kroll, Werner Kuers, Hermann Kurzweg, Hermann Lange, Hans Lindenberg, Hans Lindenmayer, Alexander Martin Lippisch, Robert Lusser, Hans Maus, Helmut Merk, Joseph Michel, Hans Milde, Heinz Millinger, Rudolf Minning, Willi Mrazek, Hans Multhopp, Erich Neubert, Gerhard Neumann, Hans von Ohain (designer of German jet engines), Robert Paetz, Hans Palaoro, Kurt Patt, Hans Paul, Arnold Peter, Theodor Poppel, Werner Rosinski, Heinrich Rothe, Ludwig Roth, Arthur Rudolph, Friedrich von Saurma, Edgar Schaeffer, Martin Schilling, Helmut Schlitt, Albert Schuler, August Schulze, Walter Schwidetzky, Ernst Steinhoff, Wolfgang Steurer, Ernst Stuhlinger, Kurt Tank, Bernhard Tessmann, Adolf Thiel, Georg von Tiesenhausen, Werner Tiller, JG Tschinkel, Arthur Urbanski, Fritz Vandersee, Richard Vogt, Woldemar Voigt (designer of Messerschmitt P.1101), Werner Voss, Theodor Vowe, Herbert A. Wagner, Hermann Weidner, Günter Wendt and Walter Fritz Wiesemann.

(see List of German rocket scientists in the US).

    Architecture
    Heinz Hilten and Hannes Luehrsen.
    Electronics - including guidance systems, radar and satellites
    Wilhelm Angele, Ernst Baars, Josef Boehm, Hans Fichtner, Hans Friedrich, Eduard Gerber, Georg Goubau, Walter Haeussermann, Otto Heinrich Hirschler, Otto Hoberg, Rudolf Hoelker, Hans Hollmann, Helmut Hölzer, Horst Kedesdy, Kurt Lehovec, Kurt Lindner, JW Muehlner, Fritz Mueller, Johannes Plendl, Fritz Karl Preikschat, Eberhard Rees, Gerhard Reisig, Harry Ruppe, Heinz Schlicke, Werner Sieber, Othmar Stuetzer, Albin Wittmann, Hugo Woerdemann, Albert Zeiler, and Hans K. Ziegler.
    Material Science (high temperature)
    Claus Scheufelen and Rudolf Schlidt.
    Medicine – including biological weapons, chemical weapons, and space medicine
    Theodor Benzinger, Rudolf Brill, Konrad Johannes Karl Büttner, Richard Lindenberg, Walter Schreiber, Hubertus Strughold, Hans Georg Clamann, and Erich Traub.
    Physics
    Gunter Guttein, Gerhard Schwesinger, Gottfried Wehner, Helmut Weickmann, and Friedwardt Winterberg.
    Chemistry and Chemical engineering
    Helmut Pichler, Leonard Alberts; Ernst Donath, Hans Schappert, Max Josenhaus, Kurt Bretschneider, Erich Frese


အလားတူအော်ပရေးရှင်းများ

  • APPLEPIE: Project to capture and interrogate key Wehrmacht, RSHA AMT VI, and General Staff officers knowledgeable of the industry and economy of the USSR.
  • DUSTBIN (counterpart of ASHCAN): An Anglo-American military intelligence operation established first in Paris, then in Kransberg Castle, at Frankfurt.:314
  • ECLIPSE (1944): An unimplemented Air Disarmament Wing plan for post-war operations in Europe for destroying V-1 and V-2 missiles.:44
    • Safehaven: US project within ECLIPSE meant to prevent the escape of Nazi scientists from Allied-occupied Germany.
  • Field Information Agency; Technical (FIAT): US Army agency for securing the "major, and perhaps only, material reward of victory, namely, the advancement of science and the improvement of production and standards of living in the United Nations, by proper exploitation of German methods in these fields"; FIAT ended in 1947, when Operation Paperclip began functioning.:316
  • On April 26, 1946, the Joint Chiefs of Staff issued JCS Directive 1067/14 to General Eisenhower instructing that he "preserve from destruction and take under your control records, plans, books, documents, papers, files and scientific, industrial and other information and data belonging to ... German organizations engaged in military research";:185 and that, excepting war-criminals, German scientists be detained for intelligence purposes as required.
  • National Interest/Project 63: Job placement assistance for Nazi engineers at Lockheed, Martin Marietta, North American Aviation, and other aeroplane companies, whilst American aerospace engineers were being laid off work.
  • Operation Alsos, Operation Big, Operation Epsilon, Russian Alsos: Soviet, American and British efforts to capture German nuclear secrets, equipment, and personnel.
  • Operation Backfire: A British effort at recovering rocket and aerospace technology, followed by assembling and testing rockets at Cuxhaven.
  • Fedden Mission: British mission to gain technical intelligence concerning advanced German aircraft and their propulsion systems.
  • Operation Lusty: US efforts to capture German aeronautical equipment, technology, and personnel.
  • Operation Osoaviakhim (sometimes transliterated as "Operation Ossavakim"), a Soviet counterpart of Operation Paperclip, involving German technicians, managers, skilled workers and their respective families who were relocated to the USSR in October 1946.
  • Operation Surgeon: British operation for denying German aeronautical expertise to the USSR, and for exploiting German scientists in furthering British research.
  • Special Mission V-2: April–May 1945 US operation, by Maj. William Bromley, that recovered parts and equipment for 100 V-2 missiles from a Mittelwerk underground factory in Kohnstein within the Soviet zone. Major James P. Hamill co-ordinated the transport of the equipment on 341 railroad cars with the 144th Motor Vehicle Assembly Company, from Nordhausen to Erfurt, just before the Soviets arrived. (See also Operation Blossom, Broomstick Scientists, Hermes project, Operations Sandy and Pushover)
  • Target Intelligence Committee: US project to exploit German cryptographers.


ကိုးကား

Tags:

စက္ကူညှပ်စစ်ဆင်ရေး အိုဇန်ဘာ့ဂ်စာရင်းစက္ကူညှပ်စစ်ဆင်ရေး ရွေးထုတ်သတ်မှတ်ခြင်းစက္ကူညှပ်စစ်ဆင်ရေး ဖမ်းဆီးခြင်းနှင့်ထိန်းသိမ်းထားခြင်းစက္ကူညှပ်စစ်ဆင်ရေး ရောက်ရှိလာမှုများစက္ကူညှပ်စစ်ဆင်ရေး (အမေရိကန်ပြည်ထောင်စုအတွင်းရှိ) အထင်ကရ ဆုတံဆိပ်များစက္ကူညှပ်စစ်ဆင်ရေး သိပ္ပံပညာရပ်ဆိုင်ရာ အောင်မြင်ဖြစ်ထွန်းမှုများစက္ကူညှပ်စစ်ဆင်ရေး အငြင်းပွားဖွယ်ရာများ နှင့် စုံစမ်းစစ်ဆေးမှုများစက္ကူညှပ်စစ်ဆင်ရေး အဓိက အလုပ်ခန့်အပ်ခံရသူများစက္ကူညှပ်စစ်ဆင်ရေး အလားတူအော်ပရေးရှင်းများစက္ကူညှပ်စစ်ဆင်ရေး ကိုးကားစက္ကူညှပ်စစ်ဆင်ရေးအင်္ဂလိပ်ဘာသာစကား

🔥 Trending searches on Wiki မြန်မာဘာသာ:

နိဝရဏတရားငါးပါးစကားပုံဂုဏ်တော်တောင်ငူခေတ်ဗိဿနိုးမြို့ဟောင်းမြန်မာနိုင်ငံ၏ သမ္မတများ စာရင်းငှက်သိုက်ဖားကြက်တူရွေးခုနစ်စဉ်ကြယ်တောင်ဖီလာဆရာတော်ဝ လူမျိုးကျင့်ဝတ်ကမ္ဘာမကျေနွယ်အေးဗလီခုနစ်နေ့ဘုရားရှိခိုးမြန်မာ သက္ကရာဇ်ဗဟိုစာမျက်နှာကြို့ထိုးခြင်းနက္ခတ် ၂၇ လုံးကရင်ပြည်နယ်ဓမ္မစေတီခေါင်းလောင်းကြီးဒွေးပြင်သစ်နိုင်ငံဆီးချိုရောဂါယွန်းယွန်းညောင်ရေသွန်းပွဲသိဒ္ဓတ္ထမင်းသားစက်စဲကမ်းခြေမြန်မာနိုင်ငံ၏ အလံများ စာရင်းကုန်းဘောင်မင်းဆက်ဝါဆိုလပြည့်နေ့ဥရောပအပူချိန်ကာကွယ်ရေးဦးစီးချုပ်(ရေ)မြန်မာ စံတော်ချိန်စိတ်ပညာရွှေမော်ဓောဘုရား(ပဲခူး)ရာသီဥတုမြိတ်မြို့သရရန်ကုန်-မန္တလေး အမြန်လမ်းလွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)အပျိုမြှေးကျန်စစ်သားပုပ္ပါးတောင်ရသဖာပွန်မြို့မြန်မာအက္ခရာအာရှ၃၂ ကောဋ္ဌာသညှဉ်းပန်းနှိပ်စက်ခြင်းညစ်ညမ်းခြင်းများကလောမြို့မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကွန်ဒုံးအမေရိကန်ပြည်ထောင်စုနယ်ခြားစောင့်တပ်ဖွဲ့ကာကွယ်ရေးဦးစီးချုပ်(ကြည်း)မြန်မာလများအကုသလကမ္မပထဆယ်ပါးသမုဒယသစ္စာလက္ခဏာဗေဒသစ္စာလေးပါးအာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်မြန်မာနိုင်ငံချောင်းသာကမ်းခြေမိုင်တဲလ် မြန်မာဘာသာစကားကချင်လူမျိုးနေပြည်တော် ပြည်ထောင်စုနယ်မြေကန်စွန်းခန္ဓာငါးပါးထိုင်းလူမျိုးရန်ကုန်တိုင်းစစ်ဌာနချုပ်ဆီးချိုရောဂါလက္ခဏာများ🡆 More