ဂျွန် ဒေးဗီဆန် ရော့ကဖဲလား

ဂျွန်ဒေးဗီဆန် ရော့ကဖဲလား (အင်္ဂလိပ်: John Davison Rockefeller Sr.; ဇူလိုင် ၈၊ ၁၈၃၉ – မေ ၂၃၊ ၁၉၃၇)သည် သူ၏ခေတ်တွင် ကမ္ဘာပေါ်၌ အကြွယ်ဝဆုံး ပုဂ္ဂိုလ်တစ်ဦးအဖြစ် ထင်ရှားခဲ့သော အမေရိကန်လူမျိုး ဖြစ်သည်။ သူဦးစီးတည်ထောင်သော စတင်း ဒတ်ရေနံကုမ္ပဏီသည် အမေရိကန်နိုင်ငံတွင်းရှိ ရေနံလုပ်ငန်း ဟူသမျှလိုလိုကို ချုပ်ကိုင်ထားသည့် တစ်ဦးတည်း ရောင်းဝယ် ခွင့်ရသော လုပ်ငန်းကြီး ဖြစ်လေသည်။ ရော့ကဖဲလား၏ စီးပွားရေးလုပ်ငန်းသည် ကမ္ဘာအရပ်ရပ်သို့ပင် ကျယ်ပြန့်လာရာ၊ ပြိုင်ဘက်ကင်းသည့် ဓနရှင်အဖြစ် စီးပွားရေးနယ်တွင် ထင်ရှား ခဲ့သည်။ ရော့ကဖဲလားသည် စီးပွားရေးလုပ်ငန်းမှ အနားယူပြီး သည့်နောက် ကမ္ဘာပေါ်ရှိလူများ ကောင်းစားရေးအတွက် ထောက်ပံ့ရေးအဖွဲ့အစည်းများကို ဖွဲ့စည်းခဲ့သည်။ မိမိ၏စည်းစိမ် ဥစ္စာထဲမှ ဒေါ်လာငွေ အမြောက်အမြားကို ထိုအဖွဲ့အစည်းများ အတွက် ရက်ရောစွာလှူဒါန်းခဲ့သည်။ ရော့ကဖဲလားဖောင် ဒေးရှင်းအဖွဲ့၊ ရှီကားဂိုး တက္ကသိုလ်၊ ရော့ကဖဲလား ဆေးဘက် သုတေသနအသင်း၊ ပညာရေးအဖွဲ့ စသည်တို့မှာ ထင်ရှားသော အသင်းအဖွဲ့များ ဖြစ်သည်။

ဂျွန် ဒေးဗီဆန် ရော့ကဖဲလား
ဂျွန် ဒီ ရော့ကဖဲလား

ရော့ကဖဲလားသည် ၁၈၃၉ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့ တွင် နယူးယော့ပြည်နယ်၊ ရစ်ချဖို့မြို့၌ ဖွားမြင်၏။ ၁၄ နှစ် သား အရွယ်တွင် မိဘများနှင့်အတူ အိုဟိုင်းအိုပြည်နယ်၊ ကလိ ဗလန်မြို့သို့ ပြောင်းရွေ့နေထိုင်သည်။ ထိုမြို့ရှိ အထက်တန်း ကျောင်းတွင် ပညာသင်ကြားပြီးနောက်၊ အသက် ၁၉ နှစ် အရွယ်၌ ကလတ်နှင့် ရော့ကဖဲလား လက်ကားရောင်းဝယ်ရေး ပွဲရုံတွင် အစုစပ် ပါဝင်လေသည်။ ၁၈၅၉ ခုနှစ်တွင် ပင်ဆီလ ဗေးနီးယားပြည်နယ်၌ ရေနံကို စတင်တွေ့ရှိ၏။ ထိုကြောင့် ၁၈၆၂ ခုနှစ်တွင် ကလတ်နှင့် ရော့ကဖဲလားတို့သည် ရေနံချက် လုပ်ငန်း၌ ငွေရင်းမြှုပ်နှံ၍ လုပ်ကိုင်ကြသည်။ ကလတ်သည် အစုစပ်အဖြစ်မှ နုတ်ထွက်သွားသောအခါ ရော့ကဖဲလားသည် သူ၏ညီ ဝီလျံရော့ကဖဲလားနှင့်အတူ ရေနံလုပ်ငန်းကို ဆက် လက် လုပ်ကိုင်လေသည်။ ၁၈၇ဝ ပြည့်နှစ်တွင် အိုဟိုင်းအိုပြည် နယ် စတင်းဒတ်ရေနံကုမ္ပဏီဟူ၍ ဖွဲ့စည်းပြီးလျှင် ဂျွန်ရော့ ကဖဲလားသည်လည်း ထိုကုမ္ပဏီ၌ ဥက္ကဋ္ဌဖြစ်လာ၏။ ရော့ကဖဲလားသည် မီးရထားအာဏာပိုင်များနှင့် ပူးပေါင်း ၍ မိမိကုမ္ပဏီထွက် ရေနံကုန်တင်ခနှုန်းကို လျှော့ယူရန်၎င်း၊ အခြားရေနံကုမ္ပဏီများအတွက်မူ ကုန်တင်ခနှုန်းကို တိုးယူရန်၊ သို့မဟုတ် လုံးဝတင်ပို့ခြင်း မပြုရန်၎င်း စီစဉ်လေသည်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် ရော့ကဖဲလားသည် မိမိနှင့် စီးပွားရေး ပြိုင်ဘက်များကို ဖယ်ရှားနိုင်ပြီးလျှင် ၁ဝ နှစ်အတွင်း စတင်း ဒတ် ရေနံကုမ္ပဏီသည် အမေရိကန်နိုင်ငံတွင် ရေနံချက်လုပ်ငန်း နှင့် ရေနံဖြန့်ဖြူးသည့်လုပ်ငန်း ၉၅ ရာခိုင်နှုန်းကို ချုပ်ကိုင်မိ လေသည်။

၁၉၁၁ ခုနှစ်တွင် ရော့ကဖဲလားသည် စတင်းဒတ်ရေနံ ကုမ္ပဏီ ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်ပြီးနောက် သားဖြစ်သူ ဂျွန်ရော့ကဖဲလား(အငယ်)အား လုပ်ငန်းတာဝန်ကို လွှဲအပ်ခဲ့ သည်။ ထိုနောက် လူအများအကျိုးကို ရှေးရှု၍ ငွေအမြောက် အမြား လှူဒါန်းခဲ့သည်။ ရော့ကဖဲလားသည် ၁၉၃၇ ခုနှစ် မေလ ၂၃ ရက်နေ့ အသက် ၉၇ နှစ်တွင် ဖလော်ရီဒါနယ်၌ ကွယ်လွန်လေသည်။ သားဖြစ်သူ ဂျွန်ဒေးဗီဆန် ရော့ကဖဲလား (အငယ်) (ခရစ် ၁၈၇၄)သည်လည်း ဖခင်၏ လက်ငုတ်ဖြစ်သော ရေနံလုပ်ငန်း ကို ဆက်လက်၍ ဦးစီးလုပ်ကိုင်သည်။ အလှူပေးကမ်းခြင်း၌ ဖခင်ကဲ့သို့ပင် ရက်ရောသည်။ ၁၉၄၆ ခုနှစ်တွင် နယူးယော့ မြို့ရှိ ပေါင်နှစ်သန်းတန် မိမိပိုင်မြေကို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ ကြီးသို့ လှူဒါန်းခဲ့လေသည်။

ကိုးကား

Tags:

အင်္ဂလိပ်ဘာသာစကား

🔥 Trending searches on Wiki မြန်မာဘာသာ:

မြန်မာနိုင်ငံရှိ မြို့များဂျပန်ဘာသာစကားမြသန်းတင့်သင်္ကန်းမကွေးတိုင်းဒေသကြီးပြင်သစ်နိုင်ငံပန်ထွာဘုရင်မအမျိုးသမီးဖောင်တော်ဦးဘုရား (အင်းလေး)ဘောလုံးကစားခြင်းကော်ဒိတ်ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်ပိတောက်ပန်း (ကဗျာ)သတိုးမင်းဖျားအင်္ဂါဂြိုဟ်မင်းတုန်းမင်းတွံတေးသိန်းတန်မိန်းမ မျိုးပွားအင်္ဂါမြွေပအိုဝ်းလူမျိုးပညာရေးစိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)မဟာဗန္ဓုလအမေရိကန်ပြည်ထောင်စု၏ အလံတော်စက်တင်ဘာ ၁၈၈၃မြန်မာနိုင်ငံ သစ်တောများမဏိစန္ဒာအလောင်းမင်းတရားပုပ္ပါးတောင်ကျောက်တန်းရေလယ်ဘုရားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနငရဲမဟာဘုတ်ပိုင်ဖြိုးသုသင်္ကြန်မိုးခေါင်းကိုက်ခြင်းကသိုဏ်းမိကျောင်းတောင်ပေါ်ခွေးဂေါတမဗုဒ္ဓကုန်းဘောင်မင်းဆက်အာဖရိကကုလသမဂ္ဂ ကြေညာစာတမ်းသိန်းစိန် (နိုင်ငံတော်သမ္မတ)ဘန်ကောက်မြို့ဆိုရိုးစကားဝိသာခါတာလပေါဟင်းမင်းအောင်လှိုင်မြန်မာ့သမိုင်းသဘာဝပတ်ဝန်းကျင်သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်အင်္ဂလိပ်ဘာသာစကားမြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ဒွန်နီယင်းရဟန်းမိန်းမဝိနည်းများမင်္ဂလာပါမွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနအသည်းရောင် အသားဝါ ရောဂါ စီပိုးမြင့်မြတ် (ရုပ်ရှင်သရုပ်ဆောင်)ကမ္ဘောဒီးယားနိုင်ငံဟန်နီနွေဦးစီးပွားရေးသစ္စာငါးပါးသီလပြင်ဦးလွင်မြို့ကမင်းလူတားရော့ပညာမြန်မာနိုင်ငံ၏ အမည်များတြိဂံမေတ္တေယျဘုရားအေသင်မြို့🡆 More