ဂျပန် အမျိုးသားအားကစားကွင်း

ဂျပန်အမျိုးသားအားကစားကွင်း (အင်္ဂလိပ်: Japan National Stadium)သည် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ အမျိုးသားအားကစားကွင်းဖြစ်သည်။ ယခင်က အမျိုးသားအားကစားကွင်းအသစ်ဟု လူသိများသည်။၂၀၂၀ နွေရာသီအိုလံပစ်ပြိုင်ပွဲနှင့် နွေရာသီပါရာလမ်းပစ်ပြိုင်ပွဲတို့အတွက် အဓိက အားကစားကွင်းဖြစ်သည်။၁၉၆၄တိုကျိုအိုလံပစ်ကို လက်ခံကျင်းပခဲ့သည့် တိုကျိုအမျိုးသားအားကစားကွင်းကို ဖျက်သိမ်းခဲ့ကာ ယခုအားကစားကွင်းကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။၂၀၁၆ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ကာ ၂၀၁၉ခုနှစ်ကုန်ပိုင်းတွင် ပြီးစီးခဲ့သည်။

ဂျပန် အမျိုးသားအားကစားကွင်း
Japan National Stadium
国立競技場
ဂျပန် အမျိုးသားအားကစားကွင်း
၂၀၂၀ပြည့်နှစ်ကတွေ့ရစဉ်
တည်နေရာတိုကျိုမြို့ဂျပန်နိုင်ငံ
ပိုင်ဆိုင်သူဂျပန်အားကစားကောင်စီ
ဝင်ဆံ့ပမာဏ၆၈၀၀၀ (၈၀၀၀၀ - ယာယီ)
ကွင်းအရွယ်107 × 71 m
မျက်နှာပြင်မြက်
တည်ဆောက်ခြင်း
ပန္နက်ရိုက်၁၁ ဒီဇင်ဘာ ၂၀၁၆; ၇ နှစ် အကြာက (၂၀၁၆-၁၂-11)
တည်ဆောက်ဒီဇင်ဘာ ၂၀၁၆ - ၃၀ နိုဝင်ဘာ ၂၀၁၉
ဖွင့်လှစ်၂၁ ဒီဇင်ဘာ ၂၀၁၉; ၄ နှစ် အကြာက (၂၀၁၉-၁၂-21)
ကုန်ကျငွေUS$1.4 billion (¥157 billion)
ဗိသုကာKengo Kuma
ငှားရမ်းသူ
ဂျပန် အမျိုးသား ဘောလုံးအသင်း (၂၀၂၀ - လက်ရှိ)
ဂျပန်အမျိုးသား ရက်ဘီအသင်း(၂၀၂၀ - လက်ရှိ)

သမိုင်းကြောင်း

တိုကျိုအနေဖြင့် ၂၀၂၀အိုလံပစ်ကို လက်ခံကျင်းပခွင့် ရရှိပြီးနောက် ယခင်အမျိုးသားအားကစားကွင်းကို အဆင့်မြှင့်တင်ခြင်း (သို့မဟုတ်) ပြန်လည်တည်ဆောက်ခြင်း ပြုလုပ်ရန် ဆွေးနွေးခဲ့ကြသည်။၂၀၁၂ခုနှစ် ဖေဖော်ဝါရီလတွင် အားကစားကွင်းအဟောင်းကို ဖျက်သိမ်း၍ အသစ်ပြန်လည်တည်ဆောက်ရန် အတည်ပြုခဲ့သည်။ ဗိသုကာပညာရှင် Zaha Hadidမှ ဒီဇိုင်းရေးဆွဲခဲ့ကာ ကွင်းအဟောင်းကို ၂၀၁၅ခုနှစ်တွင် ဖျက်သိမ်းခဲ့သည်။ အားကစားကွင်းအသစ်ကို ၂၀၂၀ တိုကျိုအိုလံပစ်မစမီ ၁နှစ်ခန့်အလို ၂၀၁၉ခုနှစ် မတ်လတွင် ပြီးစီးရန် လျာထားခဲ့ကြသည်။သို့သော် ၂၀၁၅ခုနှစ် မေလတွင် ဘဏ္ဍာရေး အခြေအနေအရ ကွင်း၏ဒီဇိုင်းပိုင်းကို ပြောင်းလဲခဲ့ရသည်။ မူလဒီဇိုင်းတွင်ပါဝင်သော ဖွင့်နိုင်ပိတ်နိုင်သည့် အမိုးအရှင်ကို ပယ်ဖျက်ခြင်း၊ တချို့သော ထိုင်ခုံများကို ယာယီထိုင်ခုံအနေဖြင့် အစားထိုးခြင်း စသည်ဖြင့် ပြင်ဆင်ခဲ့ကြသည်။ ထို့အပြင် ​မြေနေရာ ၇၁ဧကကို ၅၂ဧကအထိ လျှော့ချခဲ့သည်။၂၀၁၅ခုနှစ် ဒီဇင်ဘာလတွင် Kuma and the Taisei Corporationကို ဒီဇိုင်းပိုင်းနှင့် ဆောက်လုပ်ရေးပိုင်းအတွက် ပြောင်းလဲဆောက်လုပ်စေခဲ့သည်။

၂၀၁၆ခုနှစ် ဒီဇင်ဘာလတွင် စတင်ဆောက်လုပ်ခဲ့ကြပြီး ၂၀၁၉ခုနှစ် နိုဝင်ဘာလတွင် နောက်ဆုံးထား ဆောက်လုပ်ရမည်ဖြစ်သည်။၂၀၁၉ခုနှစ် နိုဝင်ဘာလ ၃၀ရက်နေ့တွင် ပြီးစီးခဲ့ကာ ၂၀၁၉ခုနှစ် ဒီဇင်ဘာ ၂၁ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။

ကိုးကား

Tags:

ဂျပန်နိုင်ငံတိုကျို အမျိုးသားအားကစားကွင်းတိုကျိုမြို့အင်္ဂလိပ်ဘာသာစကား၂၀၂၀ နွေရာသီ အိုလံပစ်ပြိုင်ပွဲ

🔥 Trending searches on Wiki မြန်မာဘာသာ:

အင်္ဂလိပ်ဘာသာစကားအောင်လအန်ဆန်းမြန်မာနိုင်ငံ ရဲတပ်ဖွဲ့အဖြူဆင်းခြင်းဝေဿန္တရာဇာတ်တော်ရန်ကုန်-မန္တလေး အမြန်လမ်းပြည်တွင်းသောင်းကျန်းမှုသမိုင်း၊ အပိုင်း-၂ကျိုက်ထိုမြို့ကလီဂျူလာဘုရင်ပြည်တွင်းသောင်းကျန်းမှုသမိုင်းနေပြည်တော်မြို့ကရင် အမျိုးသား အစည်းအရုံးဘာသာတရားဆိုရိုးစကားလောက (ဗုဒ္ဓဘာသာ)မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနကသိုဏ်းဒိဋ္ဌိမြန်မာသဒ္ဒါဗမာပြည် ကွန်မြူနစ်ပါတီအစ္စရေးနိုင်ငံအာရှစစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့တီဘီရောဂါမြန်မာနိုင်ငံ၏ နိုင်ငံကူးလက်မှတ်ကာတာနိုင်ငံမြန်မာတို့၏ကျင့်ဝတ်များအန်ကောဝပ်မြန်မာနိုင်ငံရှိ သန်းခေါင်စာရင်းမြန်မာ့ထီးခြင်းလုံး ကစားခြင်းအဲလ်ဘတ် အိုင်းစတိုင်းစက်တင်ဘာ ၁၈၈၃ဘီလူးဘားအံမြို့နယူးဒေလီမြို့မြန်မာ့ မီးရထားပထဝီဝင်မြန်မာ့စွယ်စုံကျမ်းစောမောင် (ဗိုလ်ချုပ်မှူးကြီး)နှလုံးသွေးကြောကျဉ်းရောဂါဟန်နီနွေဦးဒန့်သလွန်စတုမဟာရာဇ်နတ်မင်းကြီးလေးပါးဗဟိုစာမျက်နှာပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနနယူတန်ပုပ္ပါးတောင်ကောလင်း ပေါင်ဝဲလ်မြိတ်ကျွန်းစုမယ်နုအုတ်ကျောင်းစကြဝဠာမုံရွာမြို့ကယန်းလူမျိုးချားလ်စ်မန်ဆန်ပြင်ဦးလွင်မြို့နယ်ပညာရေးမာ့ခ် ဇက်ကာဘာ့ဂ်တပ်မတော်ထိုင်းဘာသာစကားပန်းပီမိုးနင်းဧရာဝတီမြစ်အင်းတော်ကြီးကန်အင်တာနက်မြန်မာကိန်းဂဏန်းများမထိုးသွင်းသော လိင်ဆက်ဆံခြင်းကရင်နွယ်ဘာသာစကားများဂေဟစနစ်တိုင်တန်းနစ်သင်္ဘောအချစ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမြန်မာ ရုပ်ရှင်ဇာတ်ကားများ စာရင်းယာဘဘင်္ဂလားဒေ့ရှ်နိုင်ငံတနင်္သာရီတိုင်းဒေသကြီးအဋ္ဌာရသ ၁၈ ရပ်🡆 More