ဂျပန်ကိုလိုနီခေတ်

ဂျပန် ကိုလိုနီခေတ်ဆိုသည်မှာ ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်တို့ မြန်မာနိုင်ငံအား အုပ်စိုးခဲ့သည့် ၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ် ကြားကာလဖြစ်သည်။ မြန်မာနိုင်ငံအား ကိုလိုနီနယ်အဖြစ် အုပ်စိုးနေသည့် ဗြိတိသျှတို့အား မောင်းထုတ်ကာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရနိုင်ရန် မျှော်လင့်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်တို့သည် စစ်သင်တန်းတက်ရောက်ရန် ဂျပန်သို့ သွားရောက်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်ဗိုလ်မှူးကြီး ဆူဇူကီး၏ ဦးဆောင်မှုဖြင့် ဗမာ့လွတ်မြောက်ရေးတပ်မတော်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ (ထိုအချိန်တွင် ထိုင်းနိုင်ငံမှာ ဂျပန်သိမ်းပိုက်မှု အောက်တွင် ရှိသည်) တွင် ထူထောင်ခဲ့သည်။

ဒုတိယ ကမ္ဘာစစ်အတွင်း ၁၉၄၂ ခုနှစ် မတ်လတွင် ဂျပန်တို့သည် မြန်မာနိုင်ငံအား ဝင်ရောက် သိမ်းပိုက်ခဲ့ပြီး ၁၉၄၃ ခုနှစ် ဩဂုတ် ၁ ရက်တွင် ဂျပန်တို့က မြန်မာနိုင်ငံအား လွတ်လပ်ရေးကြေညာပေးခဲ့သည်။ ဂျပန်တို့က ဒေါက်တာဘမော် ဦးဆောင်သည့် ရုပ်သေးအစိုးရကို စင်တင်ပေးခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းအား စစ်ဝန်ကြီးအဖြစ် ခန့်အပ်ကာ ဗမာ့ လွတ်မြောက်ရေး တပ်မတော်ကိုလည်း ဗမာ့အမျိုးသားတပ်မတော် (ဘီအင်အေ) ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။

ဂျပန်တပ်များ မဝင်ရောက်မီကပင် ဖက်ဆစ်တို့၏ အန္တရာယ်ကို ကြိုတင်သတိပေးခဲ့သည့် ကွန်မြူနစ်ခေါင်းဆောင်များဖြစ်သော သခင်သန်းထွန်းနှင့် သခင်စိုးတို့၏ အကူအညီဖြင့် ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်များအား တိုက်ထုတ်ရန် အိန္ဒိယပြည်ရှိ ဗြိတိသျှအာဏာပိုင်များနှင့် တိတ်တဆိတ် ဆက်သွယ်ခဲ့ပြီး လျှို့ဝှက်အစီအစဉ်များကို ရေးဆွဲခဲ့သည်။ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဘီအင်အေတပ်ကို ဦးဆောင်၍ မဟာမိတ်တို့နှင့် ပူးပေါင်းကာ ဂျပန်ကျူးကျော်သူများအား တိုက်ထုတ်ခဲ့လေသည်။ နောက်အကျိုးဆက် အနေဖြင့် ဗြိတိသျှနှင့် မြန်မာအကြား လွတ်လပ်ရေးအတွက် ဆွေးနွေးမှုများ စတင်ခဲ့သည်။


ဆက်စပ်ဖတ်ရှုရန်

ကိုးကား

Tags:

ထိုင်းနိုင်ငံဒုတိယ ကမ္ဘာစစ်ဘန်ကောက်မြို့ရဲဘော်သုံးကျိပ်အောင်ဆန်း

🔥 Trending searches on Wiki မြန်မာဘာသာ:

ဘိက္ခုနီ၁၉၆၂ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းရန်ကုန်တိုင်းစစ်ဌာနချုပ်ပျူလူမျိုးလိင်ဆက်ဆံခြင်းကယန်းလူမျိုးဗုဒ္ဓဘာသာရဟန်းများသင်ကြားလေ့ကျင့်ရသောသိက္ခာပုဒ်များမြန်မာနိုင်ငံ၏ အမည်များပုသိမ်မြို့မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ပြစ်မှုဆိုင်ရာဥပဒေဆိုရှယ်လစ်ဝါဒပင်လယ်သေမြန်မာစာရေးဆရာများ စာရင်းကချင်လွတ်မြောက်ရေးတပ်မတော်ကျောက်ပန်းတောင်းမြို့နယ်မြန်မာ့အလင်း သတင်းစာဆိုင်းဝိုင်းကဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်လှူခြင်းအီဂျစ်နိုင်ငံသိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနဆေးခြောက်လူ၏ အရိုးဖွဲ့စည်းပုံအစ္စရေးနိုင်ငံဒြပ်စင်လိင်စိတ်ဆွခြင်းမြန်မာနိုင်ငံ၏ နိုင်ငံရေးပါတီများ စာရင်းအဋ္ဌာရသ ၁၈ ရပ်လာအိုနိုင်ငံကြည့်မြင်တိုင်မြို့နယ်သဇင်ပန်းဝိနည်းအာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံဥဩပင်းတယဂူကျိုက်ထိုမြို့စကြဝဠာဘင်္ဂလားဒေ့ရှ်နိုင်ငံနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌလက်ဖက်နက္ခတ် ၂၇ လုံးနက်ပကျွန်းဂြိုဟ်မြန်မာ လက်ထပ် ထိမ်းမြားခြင်းကင်ဆာရောဂါပါရီမြို့မြန်မာနိုင်ငံ၏ နိုင်ငံရေးမျိုးကြီးဖိုးကျား၊ ဦးသိပ္ပံပညာနေပြည်တော် ပြည်ထောင်စုနယ်မြေဦးပိန်တံတားနှစ်ကျိပ်ရှစ်ဆူမန္တလေး နန်းတော်သင်္ကြန်စစ်ကိုင်းတိုင်းဒေသကြီးစောင်းကောက်သမ္မာကျမ်းစာတပ်မတော်နေ့ဥပ္ပါတသန္တိ စေတီတော်စပါးရခိုင်လူမျိုးပြည်မြို့လီယိုနာဒိုဒါဗင်ချီအင်္ဂါဂြိုဟ်နေ့နံသဿမေဓခွန်မြန်မာမိဖုရားများ စာရင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်မော်လမြိုင်အလောင်းစည်သူရုရှားနိုင်ငံမိုးဟေကိုအမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့မှူးမြန်မာနိုင်ငံ၏ အလံတော်🡆 More