ဂန့်ဂေါခရိုင် (အင်္ဂလိပ်: Gangaw District) သည် မကွေးတိုင်းဒေသကြီးတွင် ပါဝင်သော ခရိုင်ဖြစ်သည်။ ခရိုင်ရုံးစိုက်ရာမြို့မှာ ဂန့်ဂေါမြို့ဖြစ်သည်။
ဂန့်ဂေါခရိုင် | |
---|---|
မကွေးတိုင်းအတွင်းရှိ ခရိုင် | |
မကွေးတိုင်းအတွင်းတည်နေရာ | |
မကွေးတိုင်းအတွင်းတည်နေရာ | |
ကိုဩဒိနိတ်: 21°48′N 94°11′E / 21.800°N 94.183°E 94°11′E / 21.800°N 94.183°E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | မကွေးတိုင်းဒေသကြီး |
မြို့နယ်ပေါင်း | ၃ |
မြို့တော် | ဂန့်ဂေါမြို့ |
လူဦးရေ (၂၀၁၄) | ၂၅၀,၈၅၈ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6:30) |
ဂန့်ဂေါခရိုင်တွင် ပါဝင်သည့် မြို့နယ်များနှင့် မြို့များမှာ အောက်ပါအတိုင်းဖြစ်သည်။
ဂန့်ဂေါခရိုင်သည် မကွေးတိုင်း အနောက်မြောက်ဘက်စွန်းတွင် တည်ရှိသည်။ ချင်းတောင်တန်းနှင့် ပုံတောင်-ပုံညာတောင်တန်း များကြားတွင် တောင် - မြောက်သွယ်တန်းလျက် ရှိသော မြစ်သာမြစ်ဝှမ်း လွင်ပြင်ဒေသ ဖြစ်သည်။ ဂန့်ဂေါခရိုင်သည် ယောနယ်ဟု လူသိများသော ဒေသဖြစ်၍ မူလက ပခုက္ကူခရိုင်တွင်ပါဝင်ခဲ့သည်။
ဂန့်ဂေါမြို့မှာ ခရိုင်ရုံးစိုက်ရာမြို့ ဖြစ်သည်။ ဂန့်ဂေါမြို့တွင် လေယာဉ်ကွင်းလည်း ရှိပြီး၊ ရထားလမ်း၊ ကားလမ်းများဖြင့်လည်း ဒေသအသီးသီးသို့ ဆက်သွယ် သွားလာနိုင်သဖြင့် အချက်အချာကျသည်။ ဂန့်ဂေါမြို့မှ တဆင့် ချင်းပြည်နယ် ဟားခါးမြို့သို့ လည်းကောင်း၊ မကွေးတိုင်း ပခုက္ကူမြို့သို့လည်းကောင်း၊ စစ်ကိုင်းတိုင်း ကလေးမြို့သို့လည်းကောင်း ဆက်သွယ် သွားလာနိုင်သည်။ ယခင်က ဆောမြို့တွင် ခရိုင်ရုံး စိုက်ခဲ့ပြီး ဆောခရိုင်ဟု ခေါ်ဝေါ်ခဲ့ဖူးသည်။
မြောက်ဘက်တွင် စစ်ကိုင်းတိုင်းမှ ကလေးခရိုင်၊ အရှေ့ဘက်တွင် ပခုက္ကူခရိုင်နှင့် စစ်ကိုင်းတိုင်းမှ ယင်းမာပင်ခရိုင်၊ တောင်ဘက်တွင် မင်းဘူးခရိုင်၊ အနောက်ဘက်တွင် ချင်းပြည်နယ်မှ ဟားခါးခရိုင်၊ မတူပီခရိုင်၊ မင်းတပ်ခရိုင်တို့ တည်ရှိသည်။
တောင်ကုန်းတောင်တန်းများ ထူထပ်ပေါများကာ သစ်တောများ ဖုံးလွှမ်းနေသည်။ မြေပြန့်လွင်ပြင် အနည်းငယ်ရှိသည်။ ပေ(၂၂၀၀)မြင့်သော ပုံတောင်၊ (၃၂၅၀)ပေမြင့်သော ပုံညာ၊ (၁၉၈၈)ပေမြင့်သာ ပေါင်မင်းတောင်၊ (၂၉၀၁)ပေမြင့်သော ဒညင်းတောင်၊ (၃၄၅၆)ပေမြင့်သော ဆေးကြီးတောင်၊ (၃၈၃၂)ပေမြင့်သော မောင်တော်တောင်၊ (၃၇၄၃)ပေမြင့်သော နှမတော်တောင်၊ (၃၄၁၈)ပေမြင့်သော ခွေးခေါ်တောင်၊ (၃၂၂၃)ပေမြင့်သော နွားမတောင်၊ (၃၁၇၂)ပေမြင့်သော တောင်တော်တောင်၊ (၂၇၈၉)ပေမြင့်သော ဆင်လဲတောင်တို့မှာ ထင်ရှားသည်။
မြစ်သာမြစ်သည် ခရိုင်အတွင်း တောင်မှမြောက်သို့ စီးဆင်းနေသည်။ ယောချောင်း၊ ဆောချောင်း၊ စလင်းချောင်း စသည်တို့သည် ချင်းတောင်တန်းများမှ စီးဆင်းလာပြီး ဧရာဝတီမြစ်အတွင်း စီးဝင်ကြသည်။
၂၀၁၄သန်းခေါင်စာရင်းအရ ဂန့်ဂေါခရိုင်၏ လူဦးရေသည် ၂၅၀,၈၅၈ဦးဖြစ်ကာ အမျိုးသား ၁၁၈,၈၂၅ဦး၊ အမျိုးသမီး ၁၃၂,၀၃၃ဦးဖြစ်သည်။ မကွေးတိုင်းအတွင်းရှိ ခရိုင်(၅)ခုတွင် လူဦးရေအနည်းဆုံးခရိုင်ဖြစ်သည်။ မြို့ပြတွင်နေထိုင်သူ ၂၇,၉၃၄ဦးဖြစ်ကာ မြို့ပြနေရာခိုင်နှုန်းမှာ ၁၁.၁ရာခိုင်နှုန်းဖြစ်သည်။ဗမာလူမျိုးများအများဆုံးနေထိုင်ကြကာ ချင်းလူမျိုးများ ဒုတိယအများဆုံး နေထိုင်ကြသည်။ ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကြကာ ခရစ်ယာန်ဘာသာကို ဒုတိယအများဆုံး ကိုးကွယ်ကြသည်။
ဂန့်ဂေါခရိုင်သည် မကွေးတိုင်းအတွင်းရှိ စီးပွားရေးဖွံ့ဖြိုးမှု နှေးကွေးသောဒေသဖြစ်သည်။ ခရိုင်နေပြည်သူများသည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြသည်။ ဆန်စပါး၊ ပဲအမျိုးမျိုး၊ မြေပဲ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ နှမ်း၊ သစ်မာတို့မှာ အဓိကထွက်ကုန်များဖြစ်သည်။
ဂန့်ဂေါခရိုင်သည် ကုန်းလမ်းဖြင့်သာ ဆက်သွယ်သွားလာနိုင်သည်။ ပခုက္ကူ-မင်းတပ်လမ်း၊ ဆိပ်ဖြူ-ဆော-မင်းတပ်လမ်းတို့မှာ ခရိုင်အတွင်း အဓိကလမ်းမကြီးများဖြစ်သည်။ ကရင်ပြည်နယ် မြဝတီမြို့မှ စစ်ကိုင်းတိုင်း တမူးမြို့အထိ ဆက်သွယ်သော အမှတ် (၁)အာရှအဝေးပြေးလမ်းမကြီး၏ မြန်မာနိုင်ငံအပိုင်းသည် ဂန့်ဂေါနှင့် ကျောမြို့များကို ဖြတ်သန်းသွားသည်။ ခရိုင်အတွင်း ဂန့်ဂေါ၊ ထီးလင်း၊ ကျောက်ထုမြို့များတွင် လေယာဉ်ကွင်းများရှိသော်လည်း ခရီးစဉ် ပြေးဆွဲခြင်း မရှိပေ။
၂၀၁၄သန်းခေါင်စာရင်းအရ အသက်(၁၅)နှစ်နှင့်အထက် လူဦးရေ၏ စာတတ်မြောက်နှုန်းမှာ ၉၅.၈ရာခိုင်နှုန်းဖြစ်သည်။ ဂန့်ဂေါမြို့တွင် အစိုးရစက်မှုလက်မှုသိပ္ပံတည်ရှိသည်။
ထီးလင်းမြို့နယ်တွင် (၂၅)ကုတင်ဆံ့ မြို့နယ်ဆေးရုံ၊ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၃)ရုံ ၊ ကုတင်(၁၀၀)ဆံ့ ခရိုင်ပြည်သူ့ဆေးရုံ၊ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၅)ရုံ၊ ဆောမြို့နယ်တွင် (၂၅)ကုတင်ဆံ့ မြို့နယ်ဆေးရုံ၊ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၂)ရုံတို့ တည်ရှိသည်။
This article uses material from the Wikipedia မြန်မာဘာသာ article ဂန့်ဂေါခရိုင်, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.