ကွန်ပျူတာတက္ကသိုလ်ထားဝယ်

ကွန်ပျူတာတက္ကသိုလ်(ထားဝယ်)သည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ လေယဉ်ကွင်းလမ်း၊ ညောင်ရမ်းတောင်ရပ်တွင် တည်ရှိသည်။ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန လက်အောက်ရှိ နိုင်ငံပိုင်တက္ကသိုလ်တစ်ခု ဖြစ်သည်။

ကွန်ပျူတာတက္ကသိုလ်(ထားဝယ်)
Computer University, Dawei
မြန်မှန်တွက်ချက် တိုင်းပြည်တွက်


တည်ထောင်ခုနှစ် ၇ ဇန်နဝါရီ ၂၀၀၂
တည်နေရာ ညောင်ရမ်းတောင်ရပ်၊ ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး
အမျိုးအစား အများနှင့်သက်ဆိုင်သော

သမိုင်းကြောင်း

ကွန်ပျူတာတက္ကသိုလ် (ထားဝယ်) ကို ၂၀ဝ၂ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့မှစ၍ ရှမ္မလည်ဆွဲရပ်တွင် တည်ရှိသော ထားဝယ်ပညာရေးကောလိပ်ဝင်းအတွင်းတွင် ဖွင့်လှစ်ခဲ့သည်။ စတင်ဖွင့်လှစ်ချိန်တွင် ကွန်ပျူတာအသုံးချ ကျွမ်းကျင်မှုသင်တန်းနှင့် ပထမနှစ်သင်တန်းဟူ၍ ဖွင့်လှစ်ခဲ့ရာ ၂၀ဝ၂ ခုနှစ်အတွက် ပထမနှစ်ကျောင်းသူ(၃)ဦး နှင့် ကွန်ပျူတာအခြေခံ ကျွမ်းကျင်မှုသင်တန်းသား ကျောင်းသား၊ ကျောင်းသူ ဦးရေ (၄၄) ဦးဖြင့် စတင်သင်ကြားပို့ချခဲ့သည်။ ထို့နောက် ၂၀ဝ၄ ခုနှစ်မှစ၍ နှစ်စဉ် ကွန်ပျူတာကောလိပ်(ထားဝယ်)မှ ကွန်ပျူတာသိပ္ပံနှင့် နည်းပညာဘွဲ့ရများ မွေးထုတ်ပေးလျက်ရှိရာ ၂၀ဝ၇ ခုနှစ်၊ ဇန်နဝါရီလ (၂၀) ရက်နေ့တွင် ကောလိပ်အဆင့်မှ တက္ကသိုလ်အဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ခဲ့သည်။ ကွန်ပျူတာတက္ကသိုလ် (ထားဝယ်)မှ မဟာသုတသိပ္ပံဘွဲ့ရ ကျောင်းသား/ကျောင်းသူ (၂) ဦးကို ၂၀ဝ၈ ခုနှစ်မှ စတင်၍ မွေးထုတ်ပေးခဲ့သည်။ ၂၀ဝ၉ ခုနှစ်၊ ဇန်နဝါရီလ မှစ၍ ကွန်ပျူတာတက္ကသိုလ်(ထားဝယ်)ကို ယခုလက်ရှိ တည်နေရာဖြစ်သော လေယဉ်ကွင်းလမ်း၊ ညောင်ရမ်းတောင်ရပ်သို့ ပြောင်းရွေ့ဖွင့်လှစ်ခဲ့သည်။

သင်တန်းများ

ကွန်ပျူတာတက္ကသိုလ်(ထားဝယ်)မှ ဖွင့်လှစ်သင်ကြား ပို့ချလျက်ရှိသော သင်တန်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။

  • ပထမနှစ် ကွန်ပျူတာသိပ္ပံနှင့်နည်းပညာ
  • ဒုတိယနှစ် ကွန်ပျူတာသိပ္ပံ
  • ဒုတိယနှစ် ကွန်ပျူတာနည်းပညာ
  • တတိယနှစ် ကွန်ပျူတာသိပ္ပံ
  • တတိယနှစ် ကွန်ပျူတာနည်းပညာ
  • ဂုဏ်ထူးတန်း ကွန်ပျူတာသိပ္ပံ
  • ဂုဏ်ထူးတန်း ကွန်ပျူတာနည်းပညာ

ပေးအပ်ချီးမြှင့်သောဘွဲ့များ

ကွန်ပျူတာတက္ကသိုလ်(ထားဝယ်)မှ ပေးအပ်ချီးမြှင့်သော ဘွဲ့ဒီဂရီများနှင့် အသိအမှတ်ပြုလက်မှတ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

  • ကွန်ပျူတာသိပ္ပံဘွဲ့ B.C.Sc
  • ကွန်ပျူတာနည်းပညာဘွဲ့ B.C.Tech
  • ကွန်ပျူတာသိပ္ပံဂုဏ်ထူးဘွဲ့ B.C.Sc(Hons:)
  • ကွန်ပျူတာနည်းပညာဂုဏ်ထူးဘွဲ့ B.C.Tech(Hons:)
  • ကွန်ပျူတာကျွမ်းကျင်မှုလက်မှတ်/ ကွန်ပျူတာသုံး စာစီစာရိုက်နှင့် ရုံးသုံးကွန်ပျူတာအသုံးချ သင်တန်းဆင်းလက်မှတ်

ကိုးကား

Tags:

ကွန်ပျူတာတက္ကသိုလ်ထားဝယ် သမိုင်းကြောင်းကွန်ပျူတာတက္ကသိုလ်ထားဝယ် သင်တန်းများကွန်ပျူတာတက္ကသိုလ်ထားဝယ် ပေးအပ်ချီးမြှင့်သောဘွဲ့များကွန်ပျူတာတက္ကသိုလ်ထားဝယ် ကိုးကားကွန်ပျူတာတက္ကသိုလ်ထားဝယ်တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနအဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန

🔥 Trending searches on Wiki မြန်မာဘာသာ:

သရက်သီးအရှေ့တောင်တိုင်းစစ်ဌာနချုပ်ကလောမြို့ကြိတ်မှန်ပင်ရွှေတိဂုံစေတီတော်သစ္စာလေးပါးချင်းမိုင်မြို့ဖြူဖြူကျော်သိန်းမြိတ်မြို့သိကြားမင်းရန်ကုန် စီးပွားရေး တက္ကသိုလ်ပါရာဇိကသရဲဒွေးမြဝတီမြို့တပ်မတော် (ရေ)သိပ္ပံမောင်ဝတပ်မတော် (လေ)မြန်မာနိုင်ငံရေးသမိုင်းခရစ်ယာန်ဘာသာပီမိုးနင်း၃၈ ဖြာ မင်္ဂလာအာဆီယံထိပ်သီးအစည်းအဝေးထွန်းမြတ်နိုင်ဇော်ဂျီ (စာရေးဆရာ)အောင်လဝ လူမျိုးဗမာ့ထွက်ရပ်ဂိုဏ်းမူးယစ်ဆေးဝါးသွေးတိုးရောဂါမဟာဘုတ်ပျူမြို့ပြနိုင်ငံများတောင်ငူခေတ်အလောင်းစည်သူပုလွေမှုတ်ခြင်း၃၁-ဘုံမဟာဗောဓိစေတီမေတ္တသုတ်ရွှေကြာ (ရုပ်ရှင်)စိုးလွင်လွင်မြန်မာနိုင်ငံ၏ ပြည်သူ့စစ်မှုထမ်းဥပဒေပွေး(တိရစ္ဆာန်)သန်လျင် မင်းကျောင်းဆရာတော်စင်ကာပူနိုင်ငံကစားခုန်စားခြင်းလိင်စိတ် နိုးထခြင်းသိပ္ပံပညာမိမိကိုယ်ကို သတ်သေခြင်းအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ပြစ်မှုဆိုင်ရာဥပဒေသဗ္ဗညုဘုရား(ပုဂံ)နှစ်ကျိပ်ရှစ်ဆူဆဒ္ဒန်ဂူဂါထာခြောက်ဆယ်ပျို့မြန်မာ ကာတွန်းရုပ်ရှင်ဝန်ဆောင်မှုဆရာဂျူး (စာရေးဆရာမ)သဘာဝပတ်ဝန်းကျင်မုံရွာမြို့မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနယ်မြေဒေသများလိင်မှတဆင့် ကူးစက်တတ်သော ရောဂါခန္ဓာဗေဒဘဲနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌပိတောက်ပန်း (ကဗျာ)သဲအင်းဂူဆရာတော်ပဲခူးရိုးမတောင်အီကွေတာဆေးခြောက်ပင်နတ် (ဝိညာဉ်)ဇီဝဇိုးငှက်တိုကျိုမြို့မြန်မာ-အင်္ဂလိပ် အဘိဓာန်ဓမ္မရံကြီးဘုရား🡆 More