၁၉၇၃–၂၀၀၁ ကမ္ဘာ့ကုန်သွယ်ရေး ဗဟိုဌာန

မူလ ကမ္ဘာ့ကုန်သွယ်ရေး ဗဟိုဌာန (အင်္ဂလိပ်: World Trade Center) သည် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ မဟတ္တန်အောက်ပိုင်း (နယူးယောက် မြို့လယ်ခေါင်) ဖိုင်နန်ရှယ်အရပ်တွင်တည်ရှိ၍ အဆောက်အဦး ခုနှစ်ခုပါဝင်သော ကြီးမားသည့် တွဲဆက် အဆောက်အအုံတစ်ခုဖြစ်သည်။ ၁၉၇၃ ဧပြီ ၄ တွင် ဖွင့်လှစ်ခဲ့၍ စက်တင်ဘာ ၁၁ တိုက်ခိုက်မှုအတွင်း ပျက်ဆီးခဲ့သည်။ အဆောက်အဦးများပြီးစီးခဲ့သောအခါ အမွှာမျှော်စဉ်ဟုခေါ်သော 'ကမ္ဘာ့ ကုန်သွယ်ရေး ဗဟိုဌာန ၁'သည် ၁၃၆၈ ပေ မြင့်မား၍ 'ကမ္ဘာ့ ကုန်သွယ်ရေး ဗဟိုဌာန ၂' သည် ၁၃၆၂ ပေမြင့်မားကာ ယင်းကာလက ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦးများဖြစ်ခဲ့သည်။ ဤတွဲဆက်အဆောက်အအုံရှိ အခြားသော အဆောက်အဦးများမှာ မဲရီယတ် ကမ္ဘာ့ ကုန်သွယ်ရေး ဗဟိုဌာန ၃ (Marriott 3 WTC)၊ ကမ္ဘာ့ ကုန်သွယ်ရေး ဗဟိုဌာန ၄ (4 WTC) ၊ ကမ္ဘာ့ ကုန်သွယ်ရေး ဗဟိုဌာန ၅ (5 WTC) ၊ ကမ္ဘာ့ ကုန်သွယ်ရေး ဗဟိုဌာန ၆ (6 WTC) နှင့် ကမ္ဘာ့ ကုန်သွယ်ရေး ဗဟိုဌာန ၇ (7 WTC) တို့ဖြစ်ကြသည်။ တွဲဆက်အဆောက်အအုံကြီးတွင် စုစုပေါင်း ရုံးကနားနေရာ အကျယ် ၁၃,၄၀၀,၀၀၀ စတုရန်းပေ ပါဝင်သည်။

ကမ္ဘာ့ကုန်သွယ်ရေး ဗဟိုဌာန
၁၉၇၃–၂၀၀၁ ကမ္ဘာ့ကုန်သွယ်ရေး ဗဟိုဌာန
မူလတွဲဆက်အဆောက်အဦး (၂၀၀၁ မတ်) ဘယ်ဘက်တွင် ဧရိယာတိုင်အချွန်းဖြင့် 1 WTC ၊ ညာဘက်၌ 2 WTC ။ အဆောက်အဦးခုနှစ်ခုလုံးကို တစ်စိတ်တစ်ပိုင်းမြင်တွေ့ရသည်။ ဘယ်ဘက်က ကြေးနီရောင်သမ်းသည့် တိုက်မှာ 7 WTC ဖြစ်သည်။ ပုံတွင်ပါသောမြစ်ကို အရှေ့မြစ် (East River) ဟုခေါ်သည်။
စံချိန်တင် အမြင့်
Tallest in the world from ၁၉၇၀ to ၁၉၇၃[I]
ယခင်အင်ပိုင်ယာစတိတ် အဆောက်အဦး
ဆက်ခံဝစ်လစ် မိုးမျှော်တိုက်
အထွေထွေ အချက်အလက်များ
အခြေအနေဖျက်ဆီးခံရခြင်း
ဗိသုကာစတိုင်Structural expressionism
တည်နေရာနယူးယောက်မြို့၊ မဟတ္တန်အောက်ပိုင်း
ကိုဩဒိနိတ်40°42′42″N 74°00′45″W / 40.71167°N 74.01250°W / 40.71167; -74.01250 74°00′45″W / 40.71167°N 74.01250°W / 40.71167; -74.01250
ပန္နက်ရိုက်August ၅, ၁၉၆၆; ၅၇ နှစ် အကြာက (August ၅, ၁၉၆၆)
တည်ဆောက်မှု စတင်
  • 1 WTC: ၁၉၆၈ ဩဂုတ် ၆
  • 2 WTC: ၁၉၆၉ ဇန်နဝါရီ
  • 3 WTC: ၁၉၇၉ မတ်
  • 4, 5, and 6 WTC: ၁၉၇၀
  • 7 WTC: ၁၉၈၄ အောက်တိုဘာ ၂
Topped-out
  • 1 WTC: ၁၉၇၀ ဒီဇင်ဘာ ၂၃
  • 2 WTC: ၁၉၇၁ ဇူလိုင် ၁၉
ပြီးစီး
  • 1 WTC: ၁၉၇၂
  • 2 WTC: ၁၉၇၃
  • 3 WTC: ၁၉၈၁ ဧပြီ ၁
  • 4 WTC: ၁၉၇၅
  • 5 WTC: ၁၉၇၂
  • 6 WTC: ၁၉၇၃
  • 7 WTC: ၁၉၈၇
ဖွင့်လှစ်
  • 1 WTC: ၁၉၇၀ ဒီဇင်ဘာ ၁၅
  • 2 WTC: ၁၉၇၁ စက်တင်ဘာ
  • 3 WTC: ၁၉၈၁ ဇူလိုင် ၁
  • 4 WTC: ၁၉၇၇ ဇန်နဝါရီ
  • 5 WTC: ၁၉၇၂ မတ်
  • 6 WTC: ၁၉၇၄ ဇန်နဝါရီ
  • 7 WTC: ၁၉၈၇ မေ
ဖွင့်ပွဲApril ၄, ၁၉၇၃; ၅၁ နှစ် အကြာက (April ၄, ၁၉၇၃)
ပျက်စီးစက်တင်ဘာ ၁၁၊ ၂၀၀၁; ၂၂ နှစ် အကြာက (၂၀၀၁-၀၉-11)
ပိုင်ဆိုင်သူနယူးယောက်နှင့် နယူးဂျာစီ ဆိပ်ကမ်း အာဏာပိုင်
အခြား အချက်အလက်
အမြင့်
ကောင်းကင်တိုင် ခေါင်ချွန်း1 WTC: ၁,၇၂၈ ပေ (၅၂၆.၇ မီတာ)
အမိုး
  • 1 WTC: ၁,၃၆၈ ပေ (၄၁၇.၀ မီတာ)
  • 2 WTC: ၁,၃၆၂ ပေ (၄၁၅.၁ မီတာ)
  • 3 WTC: ၂၅၀ ပေ (၇၆.၂ မီတာ)
  • 4 and 5 WTC: ၁၂၀ ပေ (၃၆.၆ မီတာ)
  • 6 WTC: ၁၁၀ ပေ (၃၃.၅ မီတာ)
  • 7 WTC: ၆၁၀ ပေ (၁၈၅.၉ မီတာ)
အပေါ်ဆုံးအထပ်
  • 1 WTC: ၁,၃၅၅ ပေ (၄၁၃ မီတာ)
  • 2 WTC: ၁,၃၄၈ ft (၄၁၁ m)
အသေးစိတ် အချက်အလက်များ
အထပ် အရေအတွက်
  • 1 and 2 WTC: 110 floors
  • 3 WTC: 22 floors
  • 4 and 5 WTC: 9 floors
  • 6 WTC: 8 floors
  • 7 WTC: 47 floors
ကြမ်းခင်း ဧရိယာ
  • 1 and 2 WTC: ၄,၃၀၀,၀၀၀ sq ft (၄၀၀,၀၀၀ m2) each
  • 4, 5, and 6 WTC: ၅၀၀,၀၀၀ sq ft (၅၀,၀၀၀ m2) each
  • 7 WTC: ၁,၈၆၈,၀၀၀ sq ft (၁၇၀,၀၀၀ m2)
ဓာတ်လှေကား1 and 2 WTC: 99 each
ဒီဇိုင်းနှင့် တည်ဆောက်မှု
ဗိသုကာပညာရှင်
  • Minoru Yamasaki
  • Emery Roth & Sons
ဖွံ့ဖြိုးအောင် ဆောင်ရွက်သူနယူးယောက်နှင့် နယူးဂျာစီ ဆိပ်ကမ်း အာဏာပိုင်
အင်ဂျင်နီယာWorthington, Skilling, Helle & Jackson, Leslie E. Robertson Associates
အဓိက ကန်ထရိုက်တာTishman Realty & Construction Company
ရည်ညွှန်း
I. ^ World Trade Center at Emporis

တွဲဆက် အဆောက်အအုံ၏ ဗဟိုနေရာကို ၁၉၆၆ နှင့် ၁၉၇၅ ကြားတွင် တည်ဆောက်ခဲ့ကာ အမေရိကန်ဒေါ်လာ သန်း ၄၀၀ (၂၀၁၈ ငွေကြေးဈေးနှုန်းအရ ဒေါ်လာ သန်း ၂,၂၇၀ ) ကုန်ကြခဲ့သည်။ ယင်းအဆောက်အဦးကြီးများ တည်ရှိခဲ့စဉ်က အဓိက အဖြစ်အပျက်အချို့ကို ကြုံတွေ့ဖူးကာ ၁၉၇၅ ဖေဖော်ဝါရီ ၁၃ မီးလောင်မှု၊ ၁၉၉၃ ဖေဖော်ဝါရီ ၂၆ တွင် ဗုံးကွဲမှု နှင့် ၁၉၉၈ ဇန်နဝါရီ ၁၄ တွင် ဘဏ်ဓားပြတိုက်မှုများလည်းကြုံတွေ့ခဲ့ရသည်။ ၁၉၈၈ တွင် နယူးယောက်နှင့် နယူးဂျာစီ အာဏာပိုင်များက အဆောက်အဦးများကို စီမံကိုင်တွယ်ရန် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုသို့ ငှားရမ်း၍ ပုဂ္ဂလိကပိုင်ပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။ ၂၀၀၁ ဇူလိုင်တွင် ငှားရမ်းမှုကို ဆေးလ်ဗားစတင်း အိမ်ခြံမြေလုပ်ငန်းသို့ ချထားပေးခဲ့၏။

၂၀၀၁ စက်တင်ဘာ ၁၁ နံနက်ခင်းတွင် အယ်လ်ကိုင်းဒါး (သို့) အယ်လ်ကားယီးဒါးဆက်စပ်အဖွဲ့မှ ပြန်ပေးသမားများက ဘိုးဝင်း ၇၆၇ နှစ်စီးကို မြောက်နှင့် တောင်မျှော်စဉ်အဆောက်အဦးများဆီသို့ တစ်စီးနှင့် တစ်စီး မိနစ်ပိုင်းအခြား အနေအထားဖြင့် ဦးတည်ပျံသန်းလာခဲ့သည်။ နှစ်နာရီအကြာတွင် ယင်းမျှော်စဉ်အဆောက်အဦးနှစ်ခုစလုံး ပြိုကျပျက်စီးခဲ့သည်။ အဆောက်အဦးနှစ်ခုအတွင်းနှင့် အနားတွင် ရှိသော လူပေါင်း (၂,၆၀၆) ဦးနှင့် လေယာဉ်နှစ်စင်းပေါ်ရှိ လူ (၁၅၇) ဦး သေဆုံးခဲ့သည်။ အဆောက်အဦးများပေါ်မှ အကျိုးအပဲ့များကျလာကာ ယင်းအကျိုးအပဲ့များကြောင့် ဘေးပတ်ဝန်းကျင်ရှိ အဆောက်အဦးများ မီးစတင်လောင်ကျွမ်းခဲ့ပြီး ဤတွဲဆက်အဆောက်အအုံကြီးထဲရှိ အဆောက်အဦးအားလုံး တစ်ပိုင်းတစ်စသော်လည်းကောင်း အလုံးစုံသော်လည်းကောင်း ပျက်စီးခဲ့ရသည်။ ပတ်ဝန်းကျင်ရှိ အခြားသော ကြီးမားသည့် အဆောက်အဦးဆယ်ခုကိုလည်း အကြီးအကျယ် ထိခိုက်စေခဲ့သည်။

ယင်းဖြစ်ပွားရာနေရာတွင် ရှင်းလင်းရေးများဆောင်ရွက်မှုသည် အချိန် ရှစ်လတာမျှကြာမြင့်ခဲ့ပြီး ထိုစဉ်အတွင်းတွင်လည်း အခြားသော အဆောက်အဦးများ၏ အကြွင်းအကျန်များကို ဖြိုဖျက်ခဲ့ကြသည်။ လက်ရှိ ကမ္ဘာ့ ကုန်သွယ်ရေး ဗဟိုဌာန အသစ်ကို မိုးမျှော်တိုက် ခြောက်လုံးနှင့် အခြားအဆောက်အဦးအနည်းငယ်ပါဝင်စေ၍ တည်ဆောက်ခဲ့ကြ၏။ တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူများကိုရည်ရွယ်၍ အထိမ်းအမှတ် ပြတိုက်တစ်ခု၊ ဘူတာရုံသစ်တစ်ခု (rapid transit hub) နှင့် မိုးမျှော်ဥယျာဉ် (ဌာနအဆောက်အဦး၏ အပေါ်ဆုံးတွင်တည်ရှိ) တစ်ခုကို ဖွင့်လှစ်ပေးခဲ့သည်။ ကမ္ဘာ့ ကုန်သွယ်ရေး ဗဟိုဌာန တစ် (One World Trade Center) သည် အနောက်ကမ္ဘာခြမ်းတွင် အမြင့်ဆုံးအဆောက်အဦးဖြစ်၍ ၁၇၇၆ ပေမြင့်မားကာ ၂၀၁၄ နိုဝင်ဘာတွင် ပြီးစီးခဲ့သည်။

ကိုးကား

Tags:

စက်တင်ဘာ ၁၁ တိုက်ခိုက်မှုနယူးယောက်မြို့အင်္ဂလိပ်ဘာသာစကားအမေရိကန်ပြည်ထောင်စု

🔥 Trending searches on Wiki မြန်မာဘာသာ:

ယူကရိန်းနိုင်ငံမင်္ဂလာပါသထုံမြို့အမှတ်(၅၅)ခြေမြန်တပ်မဌာနချုပ်မျက်စိနာခြင်းမြန်မာပိတောက်ကျင့်ဝတ်မုတ်သုန်ပန်းချီကBig Bagနီဝရဏပန်းပဲမြသန်းတင့်မုန့်လုံးရေပေါ်မြန်မာနိုင်ငံ၏ ပထဝီဝင်မြန်မာနိုင်ငံရှိ မြို့များအမှတ်(၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ဟိန္ဒူဘာသာမနောပွဲမြန်မာနိုင်ငံ၏ နိုင်ငံရေးမီရှဲလ် အိုဘားမားခရေပင်လွတ်လပ်ရေး ကြိုးပမ်းမှုကာလ (၁၉၄၁–၁၉၄၇)မဂ္ဂင် ၈ ပါးတပ်မတော် စစ်ဘက်ဆိုင်ရာအကြီးအကဲများအဲရစ် (ဂြိုဟ်သိမ်ဂြိုဟ်မွှား)ကော့သောင်းမြို့သဇင်ပန်းကျောက်ကပ်မော်လမြိုင်မြို့မဲခေါင်မြစ်သက္ကရာဇ်ဆီးချိုရောဂါနပိုလီယန်မြန်မာ့အလင်း သတင်းစာရန်ကုန်တိုင်းဒေသကြီးပလောင်းနိုင်ငံနိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ဂျိန်းဘာသာပရိတ်ကြီး ၁၁ သုတ်အာဋာနာဋိယသုတ်ဇီဝအမှတ်အသား နိုင်ငံကူးလက်မှတ်အငဲထိုင်းနိုင်ငံပစိဖိတ် သမုဒ္ဒရာမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တစ်တော့ဆေးခြောက်ပင်အင်္ဂါဂြိုဟ်ဧပရယ်လ်ဖူးလ်နေ့စမ်းချောင်းမြို့နယ်သုဇာတာကီလိုမီတာရန်ကုန်မြို့ရှိ ခရိုင်နှင့် မြို့နယ်များစာရင်းသာလွန်မင်းလက်ထက် အမိန့်ပြန်တမ်းများလစ်ဗျားနိုင်ငံစစ်တက္ကသိုလ် (ပြင်ဦးလွင်)တရုတ်ပြည်သူ့သမ္မတနိုင်ငံအင်းဝမင်းဆက်ဗုဒ္ဓဘာသာရက္ခိုင့်တပ်တော်အဖြူဆင်းခြင်းလေဖြတ်ခြင်းမွန်ဂိုဥသျှစ်ပင်နွေရာသီယောလူမျိုးတပေါင်းလပြည့်နေ့မြန်မာနိုင်ငံရှိ မြို့နယ်များမြန်မာနိုင်ငံ၏ ရပ်ကွက်များအင်္ဂလန်နိုင်ငံမြန်မာနိုင်ငံ၏ သမ္မတများ စာရင်းကိုယ်ဝန်ဖျက်ချခြင်း🡆 More