မက်ထရို မနီလာ: ဖီလစ်ပိုင်နိုင်ငံ၏ ဒေသကြီး

မက်ထရိုပိုလစ်တန် မနီလာ (မက်ထရိုမနီလာ၊ မနီလာမြို့တော်၊ Metropolitan Manila) ()သည် အစိုးရအုပ်ချုပ်ရာ မြို့တော်ဒေသကြီးဖြစ်ကာ ဖိလစ်ပိုင်နိုင်ငံ၏ မက်ထရိုပိုလစ်တန် ၃ခုမှ တစ်ခုဖြစ်သည်။ နိုင်ငံတော်၏ မြို့တော်ဒေသ (National Capital Region) (NCR)အဖြစ် တရားဝင်သိကြပြီး မက်ထရိုမနီလာ (သို့) မနီလာဟု ခေါ်ကြသည်။ မက်ထရို မနီလာဒေသကြီးတွင် မြို့ပေါင်း ၁၆မြို့ပါဝင်သည်။

မက်ထရို မနီလာ
Kalakhang Maynilà
Kamaynilaan

မနီလာ မြို့ပြ
မြို့တော် နှင့် ဒေသကြီး
နိုင်ငံတော် မြို့တော်ဒေသ (NCR)
ဖိုင်:Metropolitan Manila Montage.png
မက်ထရို မနီလာဒေသကြီး၏ မြေပုံ
မက်ထရို မနီလာဒေသကြီး၏ မြေပုံ
နိုင်ငံဖိလစ်ပိုင်နိုင်ငံ
Managing entityမနီလာမြို့တော် တိုးတက်ရေး အာဏာပိုင်အဖွဲ့
တည်ထောင်ခြင်း၇ နိုဝင်ဘာ ၁၉၇၅
ဖွဲ့စည်းပုံ
အစိုးရ
 • ဥက္ကဋ္ဌဒနီလိုလင်းမ်
ဧရိယာ
 • မြို့တော် နှင့် ဒေသကြီး၆၁၉.၅၇ စတုရန်းကီလိုမီတာ (၂၃၉.၂၂ စတုရန်းမိုင်)
လူဦးရေ
 • မြို့တော် နှင့် ဒေသကြီး၁၂၈၇၇၂၅၃
 • သိပ်သည်းမှု၂၁၀၀၀/km (၅၄၀၀၀/sq mi)
 • မြို့ပြကြီး၂၄၁၀၀၀၀၀
အချိန်ဇုန်PST (UTC+8)
ISO 3166 ကုဒ်PH
GDP (2016)5.52 trillion
$108.36 billion[ပိုမိုကောင်းမွန်သော ရင်းမြစ် လိုအပ်သည်]
Growth RateIncrease (7.5%)[ပိုမိုကောင်းမွန်သော ရင်းမြစ် လိုအပ်သည်]
HDIIncrease 0.837 (Very high)
HDI rank2nd (2015)
ဝက်ဘ်ဆိုဒ်mmda.gov.ph

ဤဒေသကြီးမှာ ၆၁၉.၅၇ km2 (၂၃၉.၂၂ sq mi) ကျယ်ဝန်းပြီး ၂၀၁၅ခုနှစ်တွင် လူဦးရေ 12877253 ရှိသည်။ ဒုတိယမြောက် လူဦးရေအများဆုံးနှင့် ဖိလစ်ပိုင်၏ လူဦးရေ အသိပ်သည်းဆုံး ဒေသကြီးဖြစ်သည်။ အာရှတွင် သတ္တမမြောက် လူဦးရေအများဆုံး မက်ထရိုပိုလန်တစ်ဖြစ်သည်။

ဤဒေသမှာ ဖိလစ်ပိုင်နိုင်ငံ၏ ယဉ်ကျေးမှု၊ စီးပွားရေး၊ ပညာရေးနှင့် အုပ်ချုပ်ရေးတို့၏ ဗဟို အချက်အချာလည်းဖြစ်သည်။Global power city ဖြစ်သည့် ကမ္ဘာ့စီးပွားရေးကွန်ယက်၏ အစိတ်အပိုင်းတစ်ခုဖြစ်ကာ နိုင်ငံတော် မြို့တော်ဒေသ (NCR)သည် စီးပွားရေး၊ ဘဏ္ဍာရေး၊ မီဒီယာ၊ အနုပညာ၊ ဖက်ရှင်၊ သုတေသန၊ နညွးပညာ၊ ပညာရေးနှင့် ဖျော်ဖြေရေး ကဏ္ဍများတွင် ပြည်တွင်းနှင့် နိုင်ငံတကာမှာပါ သိသိသာသာ တိုးတက်လျက်ရှိသည်။ နိုင်ငံတကာ ကောင်စစ်ဝန်ရုံးများ၊ သံရုံးများ အားလုံး တည်ရှိသည်။ ထို့ကြောင့် နိုင်ငံတကာ သံတမန်ရေးရာ၏ ဗဟိုနေရာလည်းဖြစ်သည်။ဤနေရာမှ စီးပွားရေးစွမ်းအားများသည် ၎င်းကို နိုင်ငံ၏ ရောင်းဝယ်ဖောက်ကားခြင်းနှင့် ဘဏ္ဍာရေးအတွက် အကောင်းဆုံးနေရာဖြစ်လာစေသည်။

သမ္မတအိမ်တော်မှ ဒီဂရီ အမှတ် ၈၂၄ဖြင့် ၁၉၇၅ခုနှစ်တွင် တည်ထောင်ခဲ့သည်။ တိုးတက်လာသော လူဦးရေနှင့် အစိုးရအတွက် နေရာအသစ်နှင့် နိုင်ငံရေးအာဏာအတွက် ဗဟိုနေရာတစ်ခု ဖန်တီးရန်အတွက်ဖြစ်သည်။ယခင်က အုပ်ချုပ်မှုနယ်မြေတစ်ခုဖြစ်သည့် မနီလာပြည်နယ်မှာ ၁၈၉၈ စပိန်တော်လှန်တော်လှန်ရေးပြီးနောက် ဖွဲ့စည်းထားခဲ့သည့် မူလ ၈ပြည်နယ်တွင် ပါဝင်သည်။ မနီလာ၏ တော်လှန်ရေးတွင် ပါဝင်လှုပ်ရှားခဲ့မှုအတွက် ဖိလစ်ပိုင်နိုင်ငံအလံတွင်ပါဝင်သော နေမင်း၏ ရောင်ခြည်၈ခုတွင် တစ်ခုအဖြစ် မနီလာကိုယ်စားပြု ထည့်ထားသည်။

ပထဝီဝင် အနေအထား

မက်ထရို မနီလာ: ပထဝီဝင် အနေအထား, အုပ်ချုပ်ရေး, ပညာရေး 
ပါဆင်-မရီခီနာ မြစ်ရေဆင်း အခြေအနေပြပုံ

မက်ထရို မနီလာသည် လူဇုန်ကျွန်း၏ အနောက်တောင်ဘက် အပိုင်းတွင် တည်ရှိသည်။ မက်ထရို မနီလာ ဒေသကြီးကို အပိုင်းလေးပိုင်း ခွဲခြားနိုင်သည်။ ကမ်းရိုးတန်း အနားသတ်၊ဂူဒါလု ကုန်းပြင်မြင့်၊ မာရီကီနာ တောင်ကြားနှင့် လဂူနာ လွင်ပြင်တို့ဖြစ်သည်။ ကမ်းရိုးတန်းအနားသတ်မှာ မနီလာ ပင်လယ်အော်နှင့် မျက်နှာချင်းဆိုင် တည်ရှိပြီး ကမ်းလွန် ငါးဖမ်းလုပ်ငန်းဆိုင်ရာ နေရာဖြစ်သည်။ ဂါဒါလု ကုန်းပြင်မြင့်သည် ခိုင်မာသော ပထဝီဝင် အခြေအနေများကြောင့်သာမက လူဇုန်ကျွန်း၏ ကျန်ရှိနေသော ဒေသများနှင့် ဆက်သွယ်ရန် အခြေခံ အဆောက်အဦးများပါရှိ၍ မြို့ပြ လုပ်ငန်းဆိုင်ရာများ လုပ်ဆောင်ရန် အကောင်းဆုံးနေရာဖြစ်သည်။ မာရီကီနာ တောင်ကြားသည် မြေဩဇာကောင်းကာ မာရီကီနာမြစ်လည်း တည်ရှိ၍ စိုက်ပျိုးရေးအတွက် ကောင်းမွန်သည်။ လဂူနာလွင်ပြင်မှာ စိုက်ပျိုးရေးနှင့် ငါးသားဖောက်လုပ်ငန်းသာမက စက်မှုလုပ်ငန်းများ အတွက်ပါ အသုံးဝင်သည်။

သဘာဝဘေးအန္တရာယ်

မက်ထရို မနီလာဒေသသည် အမျိုးမျိုးသော သဘာဝဘေး အန္တရာယ်များနှင့် ရင်ဆိုင်နေရသည်။ဥပမာ- မြေငလျင်၊ ရေကြီးခြင်းနှင့် တိုင်ဖွန်းမုန်တိုင်း စသည်တို့ဖြစ်သည်။ ရေကြီးခြင်းသည် နှစ်စဉ်ဖြစ်ပေါ်နေသည်။ တိုင်ဖွန်းမုန်တိုင်း ၅ခုမှ ၇ခုခန့်သည် မက်ထရို မနီလာသို့ နှစ်စဉ် ဝင်ရောက်တိုက်ခိုက်လေ့ရှိသည်။

ရာသီဥတု

မက်ထရို မနီလာတွင် ရာသီဥတု ၂မျိုးရှိသည်။ ဒေသအများစုမှာ အပူပိုင်း ဆာဗာနာ ရာသီဥတုရှိပြီး အနောက်မြောက်ဘက်အပိုင်းမှာ ဆီရာ တောင်တန်း အခြေတွင် တည်ရှိ၍ အပူပိုင်း မုတ်သုန် ရာသီဥတုရှိသည်။ အခြား ဒေသများနည်းတူ မနီလာမှာလည်း အပူပိုင်းဒေသဖြစ်သည်။

တစ်ခါတစ်ရံတွင် စိုစွတ်မှုမှာ တစ်နှစ်ပတ်လုံး မြင့်မားတတ်သည်။ ဒီဇင်ဘာမှ မေလအထိမှာ ခြောက်သွေ့သော ရာသီဥတုရှိသည်။ ကျန်အချိန်များတွင် အပူချိန်လျော့ကာ စိုစွတ်တတ်သည်။ တိုင်ဖွန်းမုန်တိုင်းများသည် ဇွန်လမှ စက်တင်ဘာလအတွင်း ဝင်ရောက်တတ်သည်။

မြို့အနေအထား

ဖိုင်:Makati at sunset.jpg
ဖိုင်:BGC.jpg
အပေါ်မှ အောက်သို့: မာကတီ စီးပွားရေးခရိုင် (၂၀၁၃)၊ အော့တီဂတ်စ် စင်တာ (၂၀၁၆)၊ဘိုနီဖာစီယို ဂလိုဘယ်စီးတီး (၂၀၁၆)၊ မနီလာပင်လယ်အော်မှမြင်ရသော မနီလာမြို့ (၂၀၀၈)

ဥယျာဉ်များ

မက်ထရို မနီလာ: ပထဝီဝင် အနေအထား, အုပ်ချုပ်ရေး, ပညာရေး 
၁၁၉ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ကျောက်တိုင်


အမျိုးသား ဥယျာဉ်နှင့် ဖွံ့ဖြိုးရေး ကော်မတီ၏ လက်အောက်ရှိ အမျိုးသား ဥယျာဉ်၂ခုမှာ မက်ထရိုမနီလာရှိ မနီလာမြို့တွင် ရှိသည်။ ရီဇယ် ဥယျာဉ်မှာ အာရှ၏ အကြီးမားဆုံး မြို့ပြ ဥယျာဉ်ဖြစ်ပြီး ၁၄၀ဧက ကျယ်ဝန်းသည်။ ပါကို ဥယျာဉ်သည် စပိန်တော်လှန်ရေးအတွင်းက ဒိုမီနီကန်တို့အတွက် အုတ်ဂူများရှိသည်။

မနီလာ တိရစ္ဆာန်ဥယျာဉ် မှာ အာရှ၏ သက်တမ်း အရင့်ဆုံး တိရစ္ဆာန်ဥယျာဉ်ဖြစ်သည်။ မတူညီသော မျိုးကွဲပေါင်း ၉၀ကျော်နှင့် တိရစ္ဆာန် အကောင်ပေါင်း ၁၀၀၀၀ ခင်ကျင်းပြသထားသည်။ အပတ်စဉ် လာရောက်လည်ပတ်သူ ၄၀၀၀ရှိပြီး လစဉ် ခန့်မှန်ဦးရေ ၄၀၀၀၀ရှိသည်။

အုပ်ချုပ်ရေး

ဖိုင်:Malacañang Palace (Cropped).jpg
သမ္မတနေထိုင်ရာ အိမ်တော်ဖြစ်သည့်အပြင် သမ္မတရုံးစိုက်ရာ မလာကာနေးနန်းတော်

မက်ထရိုပိုလစ်တန် မနီလာ တိုးတက်ရေး အာဏာပိုင်အဖွဲ့ (MMDA) သည် မက်ထရို မနီလာအတွင်း ပြည်သူ့ရေးရာနှင့်ဆိုင်သော လုပ်ငန်းများ၏ သက်ဆိုင်ရာ အဖွဲ့ဖြစ်သည်။ ယခင်က မနီလာကို ဒေသတွင်း အုပ်ချုပ်ရေးအဖွဲ့အစည်းဖြစ်သော မက်ထရို မနီလာ ကော်မရှင်နှင့် အုပ်ချုပ်ရေးမှူးမှ အုပ်ချုပ်သည်။

၂၀၁၄ခုနှစ်တွင် အုပ်ချုပ်ရေးအသစ်ဖြစ်သော မက်ထရိုမနီလာ ဒေသတွင်း အုပ်ချုပ်ရေး (MMRA)ကို တင်သွင်းခဲ့သည်။ လက်ရှိ MMDAနှင့်မတူညီသည်မှာ MMDAသည် ညှိနှိုင်း အုပ်ချုပ်ရပြီး MMRAမှာ ရဲတပ်ဖွဲ့နှင့်ဘအခြား မြူနီစီပယ်ရေးရာမျာူကို ချုပ်ကိုင်နိုင်သည်။

နိုင်ငံတော်၏ မြို့တော်ဒေသဖြစ်သော မက်ထရိုမနီလာသည် နိုင်ငံတော်အစိုးရ၏ ရုံးစိုက်ရာဖြစ်သည်။ အုပ်ချုပ်ရေး ရုံးများအားလုံး မက်ထရိုမနီလာတွင် တည်ရှိသည်။ လယ်ယာမြေ ညှိနှိုင်းခွဲဝေရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး ဝန်ကြီးဌာန၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သယံဇာတ ဝန်ကြီးဌာန၊ အမျိုးသားအိမ်တော်ဌာန၊ ဖိလစ်ပိုင် အုန်းသီး အာဏာပိုင်အဖွဲ့ စသည်တို့သည် ကွီဇုန်မြို့တွင် ရုံးများထားရှိသည်။

မနီလာမြို့တွင် မလာကာနေးနန်းတော် တည်ရှိသည်။ မလာကာနေးနန်းတော်မှာ ဖိလစ်ပိုင် သမ္မတနိုင်ငံ၏ သမ္မတရုံးလည်းဖြစ်သကဲ့သို့ အိမ်တော်လည်းဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံ တရားရုံးချုပ်လည်းရှိသည်။ အခြားသော အရေးပါသည့် အဖွဲ့အစည်းများလည်း မနီလာတွင် ရုံးစိုက်သည်။ အယူခံ တရားရုံး၊ ဖိလစ်ပိုင်နိုင်ငံ ဗဟိုဘဏ်နှင့် ဝန်ကြီးဌာနများဖြစ်သော ဘတ်ဂျက်နှင့် စီမံရေး၊ ဘဏ္ဍာရေး၊ ကျန်းမာရေး၊ တရားရေးရာ၊ အလုပ်သမားနှင့် အလုပ်အကိုင်၊ ပြည်သူ့လုပ်ငန်းနှင့် အဝေးပြေးလမ်းမ စသည်တို့လည်းတည်ရှိသည်။ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနသည် တယ်ဂီတွင် ရုံးစိုက်ကာ ခရီးသွားလာရေး ဝန်ကြီးဌာနသည် မာကတီတွင် ရုံးစိုက်သည်။

ပါစီတွင် လွှတ်တော်ရှိသည်။၂၀၁၀မှ ၂၀၁၆အထိ အုန်းသီးနန်းတော်မှာ ဒုသမ္မတ၏ ရုံးဖြစ်ခဲ့သည်။ ယခုအခါတွင် ကွီဇုန်မြို့ ဧည့်ခန်းမဆောင်တွင် ရုံးစိုက်လျက်ရှိသည်။

မက်ထရို မနီလာ အုပ်ချုပ်ရေး

နိုင်ငံတော် မြို့တော်ဒေသ၏ ပိုင်နက်တွင် မြို့ပေါင်း ၁၆မြို့ ပါဝင်သည်။

မက်ထရို မနီလာ: ပထဝီဝင် အနေအထား, အုပ်ချုပ်ရေး, ပညာရေး 
မက်ထရို မနီလာ အုပ်ချုပ်ရေးမြေပုံ
မြို့ လူဦးရေ (၂၀၁၅) ဧရိယာ
မနီလာမြို့ ၁၇၈၀၁၄၈ ၄၂.၈၈
ကလူကန် ၁၅၈၃၉၇၈ ၅၃.၃၃
လတ်စ်ပေးနတ် ၅၈၈၈၉၄ ၃၂.၀၂
မာကတီ ၅၈၂၆၀၂ ၂၇.၃၆
မလာဘွန် ၃၆၅၅၂၅ ၁၅.၉၆
မန်ဒလူယောင် ၃၈၆၂၇၆ ၁၁.၀၆
မရီကီနာ ၄၅၀၇၄၁ ၂၂.၆၄
မွန်တင်လူပါ ၅၀၄၅၀၉ ၄၁.၆၇
နဗိုတပ် ၂၄၉၄၆၃ ၁၁.၅၁
ပရာနပ် ၆၆၄၈၂၂ ၄၇.၂၈
ပါစီ ၄၁၆၅၂၂ ၁၈.၃၁
ပါစစ် ၇၅၅၃၀၀ ၃၁.၄၆
ပထိုဝပ် ၆၃၈၄၀ ၁.၇၆
ကွီဇုန် ၂၉၃၆၁၁၆ ၁၆၅.၃၃
ဆန်ဂျူအန် ၁၂၂၁၈၀ ၅.၈၇
တယ်ဂီ ၈၀၄၉၁၅ ၄၅.၁၈
ဗလင်ဇွဲလား ၆၂၀၄၄၂ ၄၅.၇၅

ခရိုင်များ

အခြားဒေသများကဲ့သို့ မက်ထရို မနီလာကို ပြည်နယ်များဖြင့် မဖွဲ့စည်းထားပေ။ ထိုအစား မက်ထရို မနီလာကို ခရိုင်လေးခု ခွဲခြားထားသည်။ မနီလာ (မြို့တော်ခရိုင်)၊ ကွီဇုန် (အရှေ့မနီလာ)၊ ကလူကန် (မြောက်ပိုင်း မနီလာ)၊ ပါစီ (တောင်ပိုင်း မနီလာ) တို့ဖြစ်သည်။

မက်ထရို မနီလာ: ပထဝီဝင် အနေအထား, အုပ်ချုပ်ရေး, ပညာရေး 
မက်ထရို မနီလာ၏ ခရိုင်များ
မက်ထရို မနီလာ၏ ခရိုင်များ
ခရိုင် မြို့ လူဦးရေ (၂၀၁၅) ဧရိယာ
မြို့တော်ခရိုင်
(ပထမ ခရိုင်)
မနီလာ ၁၇၈၀၁၄၈ ၄၂.၈၈ km2
(၁၆.၅၆ sq mi)
အရှေ့ပိုင်း မနီလာခရိုင်
(ဒုတိယ ခရိုင်)
  • မန်ဒလူရောင်
  • မရီကီနာ၊ ပါစစ်၊ ဆန်ဂျူအန်
၄၆၅၀၆၁၃ ၂၃၆.၃၆ km2
(၉၁.၂၆ sq mi)
မြောက်ပိုင်း မနီလာခရိုင်
(တတိယ ခရိုင်)
  • ကလူကန်
  • မလာဘွန်၊နဗိုတပ်၊ ဗလင်ဇွဲယား
၂၈၁၉၃၈၈ ၁၂၆.၄၂ km2
(၄၈.၈၁ sq mi)
တောင်ပိုင်း မနီလာခရိုင်
(စတုတ္ထ ခရိုင်)
  • လတ်စ်ပေးနတ်၊ မာကတီ၊ မွန်တင်လူပါ၊ ပရာနပ်၊ ပါစီ၊ ပထိုဝပ်၊ တယ်ဂီ
၃၆၂၆၁၀၄ ၂၀၈.၂၈ km2
(၈၀.၄၂ sq mi)
မက်ထရို မနီလာ ၁၂၈၇၆၂၅၃ ၆၁၉.၅၇ km2
(၂၃၉.၂၂ sq mi)
Sources:
  • Population
  • Land area
  • Pateros area

ပညာရေး

မက်ထရို မနီလာ: ပထဝီဝင် အနေအထား, အုပ်ချုပ်ရေး, ပညာရေး 
ဖိလစ်ပိုင် တက္ကသိုလ်
မက်ထရို မနီလာ: ပထဝီဝင် အနေအထား, အုပ်ချုပ်ရေး, ပညာရေး 

စပိန် ကိုလိုနီကာလကပင် မနီလာမှာ ပညာရေး၏ အချက်အချာ ဖြစ်ခဲ့သည်။ဆန်တိုတိုမတ်တက္ကသိုလ်(၁၆၁၁)၊

Colegio de San Juan de Letran (၁၆၂၀) နှင့် မနီလာ တက္ကသိုလ် (၁၈၅၉)တို့မှာ ကိုလိုနီခေတ်ကပင် တည်ထောင်ခဲ့သော ပညာရေး တက္ကသိုလ်များဖြစ်သည်။  

ထင်ရှားသော အထက်တန်းကျောင်းများမှာ ဖိလစ်ပိုင် သိပ္ပံ အထက်တန်းကျောင်းအမျိုးသား သိပ္ပံကျောင်း၊ မနီလာ သိပ္ပံအထက်တန်းကျောင်းတို့ဖြစ်သည်။ မနီလာကျောင်းမှာ တစ်နိုင်ငံလုံးရှိ သိပ္ပံကျောင်းများ၏ ရှေ့ပြေးဖြစ်သည်။ အခြေခံကျောင်းများကို နိုင်ငံတော် မြို့တော်ဒေသ-ပညာရေးဌာန မှ အုပ်ချုပ်ကာ ကျန်ရှိသော အဆင့်မြင့် ကျောင်းများကို အဆင့်မြင့်ပညာ ကော်မရှင်မှ အုပ်ချုပ်သည်။

ကျန်းမာရေး

မက်ထရိုမနီလာရှိ ကျန်းမာရေး အစောင့်အရှောက်များမှာ များသောအားဖြင့် ပုဂ္ဂလိက ကော်ပိုရေးရှင်းဖြစ်သည်။ မက်ထရိုမနီလာ၏ ၇၂%သော ဆေးရုံများမှာ ပုဂ္ဂလိကပိုင်ဖြစ်သည်။ ကွီဇုန်တွင် ဆေးရုံအများဆုံးရှိသည်။ ဗလင်ဇွဲယားနှင့် ပထိုဝပ်တို့တွင် မရှိပေ။၂၀၀၈ခုနှစ်တွင် အစိုးရကျန်းမာရေးဝန်ထမ်းများအဖြစ် ဆရာဝန် ၅၉၀၊ သွားဆရာဝန် ၄၉၈၊ သူနာပြု ၄၅၇၆၊ ဝမ်းဆွဲ ၁၇၄၃၇ရှိသည်။ မက်ထရို မနီလာတွင် ခုတင် ၂၇၇၇၉ရှိကာ လူ၁၀၀၀တွင် ၂.၄၇ ခုတင်ဖြစ်သည်။ နိုင်ငံတော် မြို့တော်ဒေသမှာ ကျန်ဒေသများနှင့်စာလျှင် အဟာရချို့တဲ့မှု အများဆုံးဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ အနောက်ပစိဖိတ်ရုံးချုပ်မှာ မက်ထရိုမနီလာတွင်ရှိသည်။ ကျန်းမာရေးဝန်ကြီးဌာနသည်လည်း မက်ထရို မနီလာတွင်ရှိသည်။

ပို့ဆောင်ဆက်သွယ်ရေး

လေကြောင်း

အာကွီနိုလေဆိပ်
အာကွီနိုလေဆိပ်

နနွိုင်း အာကွီနို လေဆိပ် (NAIA) သည် မက်ထရိုမနီလာ၏ အဆင့်မြင့်ဝင်ပေါက် ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံ၏ အလုပ်အရှုပ်ဆုံး လေဆိပ်လည်းဖြစ်သည်။ထိုလေဆိပ်တွင် လေဆိပ်အဆောက်အဦး ၄ခုရှိသည်။

ရထားစနစ်

မက်ထရို မနီလာ: ပထဝီဝင် အနေအထား, အုပ်ချုပ်ရေး, ပညာရေး 

မက်ထရိုမနီလာတွင် အမြန်သယ်ယူပို့ဆောင်ရေးလိုင်း ၃ခုရှိသည်။အယ်အာတီ သည် လိုင်းအမှတ် (၁) (အစိမ်းရောင်)၊ လိုင်းအမှတ်(၂) (အပြာရောင်) တို့ကို ကိုင်တွယ်ကာ မနီလာ မက်ထရို ရထားပို့ဆောင်ရေးစနစ် က လိုင်းအမှတ်(၃) (အဝါရောင်)ကို ကိုင်တွယ်သည်။

လိုင်းအမှတ် (၁)သည် အပတ်စဉ် ခရီးသည် ၅၆၀၀၀၀ရှိသည်။ လိုင်းအမှတ် (၂)သည် အပတ်စဉ် ၂၀၀၀၀၀ရှိသည်။ လိုင်းအမှတ် (၃)သည် အကြမ်းအားဖြင့် ခရီးသည် ၆၅၀၀၀၀ အပတ်စဉ် အသုံးပြုလျက်ရှိသည်။ ၂၀၁၄ ဖေဖော်ဝါရီတွင် လိုင်းအမှတ် (၁)၌ ခရီးသည် ၁၄.၀၆ သန်း၊ လိုင်းအမှတ် (၂)၌ ခရီးသည် ၆.၁၃သန်း အဩံးပြုခဲ့သည်။

ဘတ်စ်ကားများ

မက်ထရို မနီလာ၏ ဘတ်စ်ကားစနစ်ကို Land Transportation Franchising and Regulatory Boardက ကိုင်တွယ်သည်။

လူဦးရေ

သမိုင်းတစ်လျှောက် လူဦးရေများ
ခုနှစ်လူဦးရေ±%
၁၉၈၀၅၉၂၅၈၈၄—    
၁၉၉၀၇၉၄၈၃၉၂+34.1%
၁၉၉၅၉၄၅၄၀၄၀+18.9%
၂၀၀၀၉၉၃၂၅၆၀+5.1%
၂၀၀၇၁၁၅၅၃၄၂၇+16.3%
၂၀၁၀၁၁၈၅၅၉၇၅+2.6%
၂၀၁၅၁၂၈၇၇၂၅၃+8.6%
Source: Philippine Statistics Authority

၂၀၁၅ခုနှစ် သန်းခေါင်စာရင်းအရ မက်ထရို မနီလာတွင် လူဦးရေ ၁၂၈၇၇၂၅၃ ရှိသည်။ ဖိလစ်ပိုင်နိုင်ငံ၏ လူဦးရေအများဆုံးနှင့် လူသိပ်သည်းမှု အများဆုံးဒေသဖြစ်သည်။ အာရှ၏ သတ္တမမြောက် လူဦးရေအများဆုံးဆုံး မက်ထရိုပိုလန်တစ်ဖြစ်သည်။

မက်ထရိုမနီလာ၏ လူဦးရေအများဆုံးမြို့မှာ ကွီဇုန်မြို့ဖြစ်ကာ ၂၉၃၆၁၁၆ရှိသည်။ ထို့နောက် မြို့တော်မနီလာက ၁၇၈၀၁၄၁ဖြင့် ဒုတိယမြောက် အများဆုံးဖြစ်သည်။

ကိုးကား

Tags:

မက်ထရို မနီလာ ပထဝီဝင် အနေအထားမက်ထရို မနီလာ အုပ်ချုပ်ရေးမက်ထရို မနီလာ ပညာရေးမက်ထရို မနီလာ ကျန်းမာရေးမက်ထရို မနီလာ ပို့ဆောင်ဆက်သွယ်ရေးမက်ထရို မနီလာ လူဦးရေမက်ထရို မနီလာ ကိုးကားမက်ထရို မနီလာ

🔥 Trending searches on Wiki မြန်မာဘာသာ:

အာခါလူမျိုးမြန်မာ သက္ကရာဇ်ပုပ္ပါးတောင်ကလပ်မြဝတီမြို့ပါတော်မူခြင်းအောင်လံမြို့မြန်မာ့ မီးရထားရာပြည့်ကံအလောင်းစည်သူကြက်တောင်ရိုက်ခြင်းအင်းဝမြို့ဖွားတော်ကြီးအာဂျင်တီးနားနိုင်ငံကိလေသာကိုလိုနီခေတ်သီတဂူဆရာတော်ပုလွေမှုတ်ခြင်းခုနစ်နေ့ဘုရားရှိခိုးတနင်္သာရီတိုင်းဒေသကြီးမြန်မာသရုပ်ဆောင်များစာရင်းပဲခူးမြို့ဘာသာစကားခရစ်ယာန်ဘာသာပြဒါးသင်္ဃန်းကျွန်းမြို့နယ်မြန်မာနိုင်ငံ၏ အမည်များဂဠုန်တစ်လင်တစ်မယားစနစ်အာနန္ဒာဘုရားယာဘပြည်သူ့ခုခံတော်လှန်စစ်ကွန်ပျူတာရှားစောင်းလက်ပတ်ပင်မြင်းခြံမြို့ပြည်ထဲရေး ဝန်ကြီးဌာနကျောက်ကပ်ရောင်ရောဂါမြန်မာ့သနပ်ခါးအာကာသရခိုင်လူမျိုးဟန်လင်းမြို့ဟောင်းဖိုးစိန်၊ ဦး (ဂရိတ်)ဘုန်းကြီးနှင့် ဘုန်းကြီးကျောင်းမိမိကိုယ်ကို သတ်သေခြင်းဆွစ်ဇာလန်နိုင်ငံအပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းရခိုင်ရိုးမမူးယစ်ဆေးဝါးသီပေါမင်းမဟာဘုတ်အာဖရိကဘရူနိုင်းနိုင်ငံလီဆာမြန်မာအမျိုးသား လေကြောင်းလိုင်းတရားသာသနာ သက္ကရာဇ်ဧရာဝတီတိုင်းဒေသကြီးချမ်းမြေ့မောင်ချိုသင်္ခါရပထဝီဝင်ဗမာပြည် ကွန်မြူနစ်ပါတီဝိပဿနာပါဠိမြန်မာနိုင်ငံ၏ နိုင်ငံရေးစစ်ပွဲခန္ဓာငါးပါးတပ်မတော်ကြာသပတေးဂြိုဟ်နေပြည်တော် ပြည်ထောင်စုနယ်မြေဆိပ်ကြီးခနောင်တိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်ဂျန် အောဓမ္မစကြာသုတ္တန်သမုဒယသစ္စာမြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များလေဖြတ်ခြင်း🡆 More