မနောသဉ္စေတနာဟာရ

စေတနာဟူသော အာဟာရကို မနောသဉ္စေတနာဟာရဟု ခေါ်သည်။

မိမိဆိုင်ရာ အကျိုးများကို အခြားသော အကြောင်းတရားတို့ထက် လွန်လွန်ကဲကဲ ဆောင်တတ် ဖြစ်စေတတ်သော အာဟာရ တရား ၄-ပါးတို့တွင် စေတနာသည် မနောသဉ္စေတနာဟာရဟူသော အမည်ဖြင့် ပါဝင်သည် ။

စေတနာက ဘဝသုံးပါးကို ဖြစ်စေ

မနောသဉ္စေတနာဟာရခေါ် ယင်း စေတနာသည် ကာမပဋိသန္ဓေ ဝိညာဉ်ဟူသော ကာမဘဝ, ရူပပဋိသန္ဓေ ဝိညာဉ်ဟူသော ရူပဘဝ, အရူပပဋိသန္ဓေ ဝိညာဉ်ဟူသော အရူပဘဝအားဖြင့် ဘဝ ၃-ပါးတို့ကို ဖြစ်စေသည် ။

စေတနာ ကြောင့် ဝဋ်ဒုက္ခရ

မနောသဉ္စေတနာဟာရ၌ ကြောက်မက်ဖွယ်ရာ ဘေးကြီးတစ်ခုရှိသည်။ ယင်းကား အမျိုးမျိုးသော သံသရာ ဝဋ်ဒုက္ခကို ရရှိခံစားရမည့် ဘဝ ၃-ပါးကို ဖြစ်စေနိုင်သော ကုသိုလ်, အကုသိုလ်ကံကို ပြုလုပ် အားထုတ်မိခြင်းပင် ဖြစ်သည်၊ ယင်းသို့ ပြုလုပ်အားထုတ်မိခြင်းကြောင့် ဘဝ ၃-ပါးကို ရရှိကာ အမျိုးမျိုးသော သံသရာ ဝဋ်ဒုက္ခကို ရရှိ ခံစားကြရပေသည် ။

မီးကျီးတွင်းနှင့် တူသော စေတနာ

မနောသဉ္စေတနာဟာရကို မီးကျီးတွင်း ဥပမာဖြင့် နှိုင်းယှဉ် မှတ်သားသင့်သည်၊ အလျှံ, အခိုးမရှိ ရဲရဲညိသော မီးကျီးခဲတို့ဖြင့် ပြည့်နေသော မီးကျီးတွင်းသို့ အသက်ရှည်ကြာ အနာမဲ့လျက် ချမ်းသာစွာ နေလိုသော ယောက်ျားတစ်ယောက်ကို ခွန်အားဗလ ကြီး မားလှသည့် ယောက်ျား ၂-ယောက်တို့က ဆွဲငင် တွန်းချသကဲ့သို့ မနောသဉ္စေတနာဟာရခေါ် ကုသိုလ်, အကုသိုလ်စေတနာသည် ပြုလုပ်အားထုတ်သူ ဗာလပုထုဇဉ်တို့ကို ဘဝ ၃-ပါးသို့သာ ဆွဲငင် တွန်းချပေသည်၊ ဤ ဥပမာ၌ မီးကျီးတွင်းနှင့် ဘဝ ၃-ပါး, ချမ်းသာစွာနေလိုသော ယောက်ျားနှင့် ဝဋ်တရားကို လိုလားတောင့်တသူ ဗာလပုထုဇဉ် ဆွဲငင် တွန်းချသူ ယောက်ျား ၂-ယောက်နှင့် ကုသိုလ် အကုသိုလ်စေတနာ ဆွဲငင်ရာအခါ နှင့် ကုသိုလ်အကုသိုလ်စေတနာကို ပြုလုပ် အားထုတ်ရာအခါတို့ တူညီကြသည် ၊

မနောသဉ္စေတနာဟာရ တရားအားလုံး

ဤ၌ ထူးခြားသော အကြောင်းတရား ဖြစ်သည့် ဘဝ ၃-ပါးကို ဖြစ်စေနိုင်သော လောကီကုသိုလ် အကုသိုလ်စေတနာ ၂၉-ခုကိုသာ “မနောသဉ္စေတနာဟာရ”ဟု ဆိုရသော်လည်း သာမညအားဖြင့် ယှဉ်ဖက်စိတ် စေတသိက်နာမ်တရားနှင့် စိတ္တ, ပဋိသန္ဓေ ကမ္မဇရုပ်တရားတို့ကို ဖြစ်စေနိုင်သော ကုသိုလ်, အကုသိုလ်, ဝိပါက်, ကိရိယာစေတနာ အားလုံးကိုလည်း မနောသဉ္စေတနာဟာရဟုပင် ခေါ်ဆိုထိုက်သည် ။

အာဟာရပစ္စည်း

မနောသဉ္စေတနာဟာရသည် ဘဝ ၃-ပါးကို ဖြစ်စေ၏ဟု ဆိုရာ၌ သုတ္တန်နည်းအားဖြင့်သာ ဆိုခြင်းဖြစ်သည်၊ အဘိဓမ္မာ ပဋ္ဌာန်းပါဠိတော်၌ကား တပြိုင်နက် အတူတကွဖြစ်ကြသည့် စိတ်, စေတသိက်နာမ်တရား နှင့် စိတ္တဇ ပဋိသန္ဓေကမ္မဇရုပ်တရားတို့ကို ဖြစ်စေနိုင်သည့် သဟဇာတ စေတနာသည်သာ “အာဟာရပစ္စည်း” အဖြစ်ဖြင့်လာရှိ၍ အတူတကွမဖြစ်ပဲ နောင်မှဖြစ်ပေါ်လာမည့် အကျိုး တရားတို့ကို ဖြစ်စေနိုင်သည့် နာနာက္ခဏိက စေတနာသည် “အာဟာရပစ္စည်း” အဖြစ်ဖြင့် မလာရှိပေ ။

ကိုးကား

Tags:

မနောသဉ္စေတနာဟာရ စေတနာက ဘဝသုံးပါးကို ဖြစ်စေမနောသဉ္စေတနာဟာရ စေတနာ ကြောင့် ဝဋ်ဒုက္ခရမနောသဉ္စေတနာဟာရ မီးကျီးတွင်းနှင့် တူသော စေတနာမနောသဉ္စေတနာဟာရ တရားအားလုံးမနောသဉ္စေတနာဟာရ အာဟာရပစ္စည်းမနောသဉ္စေတနာဟာရစေတနာ

🔥 Trending searches on Wiki မြန်မာဘာသာ:

အာဇာနည်နေ့ကဗျာလင်္ကာမြန်မာနိုင်ငံ၏ နိုင်ငံကူးလက်မှတ်အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်မြန်မာနိုင်ငံ၏ ပြည်သူ့စစ်မှုထမ်းဥပဒေမုန်းစွဲ (ရုပ်ရှင်)မြန်မာပိတောက်ကွန်ဂိုမြစ်ကုန်သည်လေ၁၉၈၁လက်ပံပင်ဗောဇ္ဈင်္ဂသုတ်ကင်းမွန်ဖရဲပင်ဇာမဏီဘာဂျာမှုတ်ခြင်းနန်းမတော်မယ်နုပန်းချီနှလုံးသွေးကြောကျဉ်းရောဂါဗုဒ္ဓဘာသာကာဗွန်ဒိုင်အောက်ဆိုက်မြန်မာအက္ခရာတယ်လီဖုန်း ကုတ်နံပါတ်ပအိုဝ်းလူမျိုးလစ်ဘာတီ ရုပ်တုမြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်နိုင်ငံရေးမဂ္ဂင် ၈ ပါးကောင်းမှုတော်ဘုရားလူသားမြန်မာ့ဝတ်စားဆင်ယင်မှုကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်နတ်သျှင်နောင်အောက်ဆီဂျင်ငွေ (သတ္တု)အမျိုးသားရေးဝါဒပြေတီဦးမြန်မာနိုင်ငံတော်ဗဟိုဘဏ်ဆက်သွယ်ရေးတပ်ဖွဲ့တပ်မတော်ဇေယျာသော်ရှမ်းလူမျိုးသောတာပန်ယူဂန်ဒါနိုင်ငံကုန်းဘောင်မင်းဆက်ခုနစ်နေ့ဘုရားရှိခိုးမင်းတုန်းမင်း၏ မိဖုရားများနှင့် သားတော်၊ သမီးတော်များ စာရင်းဓာရဏပရိတ်ဆားမြန်မာ့ရိုးရာ ကစားနည်းဩကာသ ဘုရားရှိခိုးဟင်္သာမွန်ဂိုမော်စီတုန်းဖားအသောကမင်းတပ်မတော် စစ်ဘက်ဆိုင်ရာအကြီးအကဲများလိမ်လည်မှုမဟာမုနိ (ရခိုင်ပြည်)ဆွစ်ဇာလန်နိုင်ငံအစ္စလာမ်ဘာသာဟိန္ဒူဘာသာမဟာသမယသုတ်ပေပင်လာအိုနိုင်ငံသွေးလွန်တုပ်ကွေးဗေဒင်စောင်းကောက်မြွေဗိုလ်ချုပ်မှူးကြီးကျောက်စိမ်းအမေရိကန်ပြည်ထောင်စုကုန်းဘောင်ခေတ် ကာမစပ်ယှက်နည်းများ🡆 More