ပန်းချီ ဘကြည်: မြန်မာ့ ပန်းချီဆရာ

ပန်းချီဆရာကြီး ဦးဘကြည်ကို ၁၉၁၂ခု၊ ဇူလိုင်လ ၁၆ရက်နေ့တွင် ကျိုက်ထိုမြို့၌ မွေးဖွားသည်။ အဖ ဦးဘိုးအင်၊ အမိဒေါ်အေးမေဖြစ်သည်။ ငယ်စဉ်ကပင် ဝါသနာပါရာ ပန်းချီပညာကို လေ့လာဆည်းပူးခဲ့သည်။ ရန်ကုန်တက္ကသိုလ်တွင် အိုင်အက်စီတန်း အောင်မြင်ခဲ့သည်။ ဆရာဖြစ်သင်တန်းကိုလည်း တက်ရောက်အောင်မြင်ခဲ့သည်။ ၁၉၃၃ ခုနှစ်တွင် ဘိလပ်ပြန် ပန်းချီဆရာကြီး ဦးဘဉာဏ် (အာရ်၊စီ၊အေ၊လန်ဒန်) ထံတွင် ပန်းချီပညာဆည်းပူးခဲ့သည်။

ပန်းချီ ဘကြည်: ငယ်စဉ်ဘဝ, နိုင်ငံခြားပညာတော်သင်သွားခြင်း, မြန်မာ့ပန်းချီနှင့် ဗုဒ္ဓဘာသာသရုပ်ဖော်ပုံများ
ပန်းချီ ဦးဘကြည် (F.R.S.A. London)
ပန်းချီ ဘကြည်: ငယ်စဉ်ဘဝ, နိုင်ငံခြားပညာတော်သင်သွားခြင်း, မြန်မာ့ပန်းချီနှင့် ဗုဒ္ဓဘာသာသရုပ်ဖော်ပုံများ
ဆရာကြီး ပန်းချီဦးဘကြည်
ပန်းချီ ဘကြည်: ငယ်စဉ်ဘဝ, နိုင်ငံခြားပညာတော်သင်သွားခြင်း, မြန်မာ့ပန်းချီနှင့် ဗုဒ္ဓဘာသာသရုပ်ဖော်ပုံများ
ဆရာကြီး ဦးဘကြည် ပန်းချီဆွဲနေစဉ်

ငယ်စဉ်ဘဝ

နိုင်ငံခြားပညာတော်သင်သွားခြင်း

၁၉၄၉ ခုနှစ်တွင် ပြင်သစ်အစိုးရ ပညာသင်ဆုရကာ ပါရီအမျိုးသား အဆင့်မြင့်ပန်းချီသိပ္ပံတွင် တစ်နှစ်ပညာသင်ခွင့် ရသည်။ ထိုသို့ ပညာဆည်းပူးနေစဉ် ကမ္ဘာ့ပန်းချီပြပွဲကြီး "Le Sa Lon 49" တွင် ဝင်ရောက်ပြသနိုင်ပြီး လန်ဒန်၊ မွန်တီကာလိုမြို့များတွင် ကျင်းပသည့် ပန်းချီပြပွဲကြီးများတွင်လည်း ပါဝင်ပြသနိုင်ခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် အမေရိကန်အစိုးရ ပညာသင်ဆုရ၍ ဖီလာဒဲလ်ဖီးရား ပန်းချီအကယ်ဒမီတွင် တစ်နှစ် ပညာဆည်းပူးခွင့်ရခဲ့သည်။ ထိုနှစ်မှာပင် ပင်စီလ်ဗေးနီးယား တက္ကသိုလ်တွင် ပန်းချီမဟာဝိဇ္ဇာတန်း တက်ခွင့်ရခဲ့သည်။

၁၉၅၈ ခုနှစ်တွင် လန်ဒန်တော်ဝင်ပန်းချီအသင်းကြီးမှ ရာသက်ပန်အဖွဲဝင်အဖြစ် "F.R.S.A." ဘွဲ့ချီးမြှင့်ခဲ့သည်။ ဆရာကြီး ဦးဘကြည်သည် မြန်မာပန်းချီလောက၏ ဖခင်ကြီးတစ်ဦးဖြစ်ပြီး မြန်မာရိုးရာပျော်ရွှင်မှုဆိုင်ရာ အကအခုန် သရုပ်ဖော်လက်ရာများ၊ ရိုးရာယဉ်ကျေးမှုဆိုင်ရာ ဆယ့်နှစ်ရာသီပွဲလမ်းသဘင် သရုပ်ဖော်လက်ရာများ၊ ဇာတ်၊ နိပါတ်ဆိုင်ရာ ဗုဒ္ဓဝင်ပန်းချီကားများ၊ အောင်ခြင်းရှစ်ပါး သရုပ်ဖော်ပန်းချီကားများရေးဆွဲခဲ့သည်။ ခေတ်အမြင် ခေတ်အတေး ခေတ်အရေးဆိုင်ရာ ခေတ်သစ်ပန်းချီလက်ရာများကိုလည်း စိတ်ကူးကောင်းကောင်းဖြင့် ရေးဆွဲလေ့ရှိသည့် စွယ်စုံပန်းချီကျော်ကြီးဖြစ်သည်။

မြန်မာ့ပန်းချီနှင့် ဗုဒ္ဓဘာသာသရုပ်ဖော်ပုံများ

၁၉၅၂ မှစ၍ ရှေးရိုးမြန်မာပန်းချီရေးနည်းကို သုတေသနပြုကာ ဖော်ထုတ်ရေးဆွဲနိုင်ခဲ့သည်။ ထိုသို့ သုတေသနပြုရေးဆွဲနေဆဲ ပြင်သစ်နိုင်ငံတွင် ပန်းချီပညာဆည်းပူးပြီး ပြန်ရောက်လာသည်။ ၁၉၅၀ ပြည့်နှစ်တွင် ဝိုင်အမ်ဘီအေအသင်းကြီးမှ တာဝန်ပေးချက်အရ အဂ္ဂမဟာပဏ္ဍိတ အရှင်ဇနကာဘိဝံသ ဆရာတော်ကြီး ရေးသားတော်မူသည့် ဗုဒ္ဓဝင်ကို ပုံတော်များ ရေးဆွဲသရုပ်ဖော်ခဲ့သည်။ ၎င်းဗုဒ္ဓဝင်စာအုပ်ကြီးမှာ ယခုအခါ စတုတ္ထအကြိမ်မြောက် ထုတ်ဝေခဲ့ပြီးဖြစ်သည်။ ၎င်းဗုဒ္ဓဝင်စာအုပ်ကြီးကို သရုပ်ဖော်ရေးဆွဲရန် ဆရာတော်ကြီးများထံ ချဉ်းကပ်ခြင်း၊ တရားထိုင်ခြင်း၊ ပုတီးစိပ်ခြင်း စသောကောင်းမှုကုသိုလ်ပြု၍ အထူး စိတ်ကူးစိတ်သန်းကောင်းများဖြင့် ရေးဆွဲခဲ့ရာ ဗုဒ္ဓမြတ်စွာဘုရား၏ မေတ္တာတရားတော်များကို ထင်ရှားပေါ်လွင်အောင် သရုပ်ဖော်နိုင်ခဲ့သည်။

တာဝန်ထမ်းဆောင်ခဲ့သော ဌာနများ

၁၉၃၉ တွင် ဖွင့်လှစ်သော စစ်ကြိုခေတ် ပန်းချီပန်းပုကျောင်းတွင် နည်းပြဆရာ အဖြစ်လည်းကောင်၊ ၁၉၄၁ တွင် ဖွင့်လှစ်သည့် ပန်းချီအကယ်ဒမီတွင် ကထိက အဖြစ်လည်းကောင်း၊ ပညာရေးတက္ကသိုလ်တွင် ပန်းချီကထိက အဖြစ်လည်ကောင်း တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၇၄ ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။

ဆရာကြီး ဦးဘကြည်သည် မြန်မာနိုင်ငံ ပန်းချီပန်းပု အစည်းအရုံးများတွင် ဥက္ကဋ္ဌအဖြစ် ၁၀ ကြိမ်၊ စာပေလုပ်သား ဖြစ်မြောက်ရေး ကော်မတီဝင်၊ စွယ်စုံကျမ်း ပြုစုရေးအဖွဲ့ဝင်၊ ရုပ်ရှင်အကယ်ဒမီ ရွေးချယ်ရေးအဖွဲ့ဝင်၊ ယဉ်ကျေးမှုဌာန ပန်းချီအကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံ ရိုးရာပန်းချီပညာရှင်များ အစည်းအရုံး(ဗဟို) နာယက အဖြစ်ဆောင်ရွက်ခဲ့သည်။

ထင်ရှားသော ပန်းချီလက်ရာများ

ဆရာကြီး၏ထင်ရှားသော ပန်းချီလက်ရာများကို ရန်ကုန်ရှိ အမျိုးသားပြတိုက်၊ တာရှ်ကင့်ပြတိုက်၊ ပီးကင်းအမျိုးသားပြတိုက်၊ ဟော်လန်နိုင်ငံ အမ်စတာဒန်မြို့ရှိ ပန်းချီပြတိုက်၊ ဗုဒ္ဓဂယာတို့တွင် ချိတ်ဆွဲပြသထားကြသည်။ မင်္ဂလာဒုံလေဆိပ်တွင် စတုရန်းပေ ၃၀၀၀ ရှိ နံရံပန်းချီကားကြီးမှာ ဆရာ့အား ကမ္ဘာကျော်စေသည့် မြန်မာမှုသရုပ်ဖော် လက်ရာမွန် ပန်းချီကားကြီးဖြစ်သည်။ ဗိုလ်တထောင်ဘုရားရွှေတိဂုံစေတီတော်တို့တွင်လည်း သမိုင်းဝင် ဆီဆေးပန်းချီလက်ရာများ ရေးဆွဲခဲ့သည်။ မိတ္ထီလာဝန်ဇင်းဟိုတယ်၊ ကမ်းနားလမ်းဟိုတယ်၊ ပညာရေးတက္ကသိုလ်တို့တွင် နံရံပန်းချီလက်ရာများ ရေးဆွဲခဲ့သည်။ ထိုခေတ် ထိုအခါက ရွှေသွေးဂျာနယ်၊ တေဇရုပ်စုံ စသည့် အပတ်စဉ် နှင့် လစဉ်ထုတ် အစိုးရ စာစောင်များတွင် ပန်းချီဦးဘကြည်၏ လက်ရာနှင့် သရုပ်ဖော်တင်ဆက်ပုံများမှာ အထင်ကရ ဖြစ်ခဲ့သည်။ ၂၁ ရာစု မြန်မာနိုင်ငံရှိ အရွယ်ရောက် လူကြီးပိုင်း အများစုမှာ ပန်းချီဦးဘကြည် လက်ရာများ ဖြင့် ကြီးပြင်းခဲ့ရသူများ ဖြစ်သည်အထိ ဆရာကြီး၏ လွှမ်းမိုးမှုကြီးမားခဲ့ပါသည်။

ဘဝနိဂုံး

ဆရာကြီးဦးဘကြည်သည် ၁၅ရက်၊ဧပြီလ၊၂၀၀၀ ခုနှစ်၊ ညနေ ၆နာရီ ၅၅မိနစ်တွင် ကွယ်လွန် အနိစ္စရောက်ခဲ့သည်။ ဇနီး ဒေါ်တင်မေ (ပညာရေးတက္ကသိုလ် ငြိမ်း) နှင့် သား ၂ဦး၊ သမီး ၁ဦး၊ မြေး ၆ဦးတို့ ကျန်ရစ်ပါသည်။

ကိုးကား

Tags:

ပန်းချီ ဘကြည် ငယ်စဉ်ဘဝပန်းချီ ဘကြည် နိုင်ငံခြားပညာတော်သင်သွားခြင်းပန်းချီ ဘကြည် မြန်မာ့ပန်းချီနှင့် ဗုဒ္ဓဘာသာသရုပ်ဖော်ပုံများပန်းချီ ဘကြည် တာဝန်ထမ်းဆောင်ခဲ့သော ဌာနများပန်းချီ ဘကြည် ထင်ရှားသော ပန်းချီလက်ရာများပန်းချီ ဘကြည် ဘဝနိဂုံးပန်းချီ ဘကြည် ကိုးကားပန်းချီ ဘကြည်ကျိုက်ထိုမြို့ရန်ကုန်တက္ကသိုလ်၁၉၃၃

🔥 Trending searches on Wiki မြန်မာဘာသာ:

ကလေးမြို့ဆေးလိပ်သစ္စာလေးပါးဗြိတိသျှအင်ပါယာငါး (တိရစ္ဆာန်)ကျွန်မက မဟေသီ (ရုပ်သံဇာတ်လမ်းတွဲ)ချဉ်ပေါင်ထမနဲပွဲတပ်မတော်လွတ်လပ်ရေးကြေညာစာတမ်းနေအစ္စရေးနိုင်ငံဓဇဂ္ဂသုတ်နွေရာသီစိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနလက်ဖက်လျှပ်စစ်ဓာတ်အားသေနတ်မြန်မာနိုင်ငံရှိ ခရိုင်များကိုးပါးသီလမြန်မာကျပ်ငွေအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကျောက်ကပ်မိုင်းခရပ်ဖ်ခင်ပွန်းကြီးဆယ်ပါးမြန်မာ့ရိုးရာ အတိုင်းအတာယူနစ်များရန်ကုန်မြို့ရှိ ခရိုင်နှင့် မြို့နယ်များစာရင်းဗမာပြည် ကွန်မြူနစ်ပါတီစေတသိက်ကမ္ဘောဇသာဒီရွှေနန်းတော်နာဂလူမျိုးဘိုးမင်းခေါင်စိန်ပြောင်းဥရောပသွေးတိုးရောဂါကထိန်အဆိပ်တပင်ရွှေထီးအာရုံခြောက်ပါးအာဋာနာဋိယသုတ်နို့ဗုဒ္ဓဘာသာဒဏ္ဍာရီအမှတ်(၃၃)ခြေမြန်တပ်မဌာနချုပ်ယူနိုက်တက်ကင်းဒမ်းနိုင်ငံလွတ်လပ်ပြီးခေတ်မြန်မာနိုင်ငံမဟော်သဓာဇာတ်တော်ကားစကားကြီး ဆယ်မျိုးတိုင်းစစ်ဌာနချုပ်ရန်ကုန်ပြည်သူ့ဆေးရုံကြီးခေါင်းပေါင်းသန်းရွှေ (ဗိုလ်ချုပ်မှူးကြီး)ကီလိုမီတာကြို့ထိုးခြင်းလူသားရှင်စောပုတိုက်ပေကျင်းမြို့မြန်မာ့စီးပွားရေးလုပ်ငန်းများမြန်မာပြည် စာတိုက် သင်္ကေတများမြန်မာနိုင်ငံ၏ ရပ်ကွက်များတင်အောင်စန်းမိန်းမ မျိုးပွားအင်္ဂါကန်တော်ကြီး(ရန်ကုန်)ဇာတိပ္ဖိုလ်ဂေါတမဗုဒ္ဓမဟာဘူတမြန်မာနိုင်ငံ၏ ပြည်သူ့စစ်မှုထမ်းဥပဒေပြစ်မှုဆိုင်ရာဥပဒေဘင်္ဂလားဒေ့ရှ်နိုင်ငံသက်ရှိစရိုက်စောဘဦးကြီးမြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)🡆 More