ပန်းချီ အေးတင်၊ ဦး

လွတ်လပ်ရေးမော်ကွန်းဝင် (ဒုတိယဆင့်)ရ နိုင်ငံကျော် ပန်းချီဆရာကြီး ဦးအေးတင်ကို ပုသိမ်မြို့တွင် အဖ ဦးကျော်လတ်၊ အမိဒေါ်ချိုတို့က ၁၉၂၆ ခုနှစ် ဇွန်လ ၂ဝ ရက်နေ့တွင် မွေးဖွားသည်။

အေးတင်၊ ဦး (ပန်းချီ) (ခရစ် ၁၉၂၆-၁၉၉၁)

ပုသိမ်မြို့ မြူနီစီပါယ်အထက်တန်းကျောင်းတွင် ၁ဝ တန်းအထိ ပညာသင်ကြားခဲ့သည်။ ၁၉၄၅ ခုနှစ်တွင် ကိုလှရွှေခေါင်းဆောင်သည့် ပုသိမ်ခရိုင် ပြည်သူ့အရေးတော်ပုံပါတီသို့ ဝင်ရောက်ကာ ဖက်ဆစ်တော်လှန်ရေးအတွက် စစ်ရေး၊ နိုင်ငံရေးတို့ကို ဆောင်ရွက်ခဲ့သည်။ ဦးအေးတင်သည် ပန်းချီပညာကို ငယ်ဆရာများ ဖြစ်သည့် ပုသိမ်ဦးထွန်းစိန်၊ ဦးအောင်စီနှင့် ဦးသိန်းညွန့်တို့ထံတွင် ဆည်းပူးခဲ့ပြီး ရန်ကုန်မြို့သို့ ရောက်သောအခါ ဆရာကြီး ဦးဘ(ပညာမင်းကြီးဟောင်း)၊ ပန်းချီဆရာကြီးများ ဖြစ်ကြသော ဦးစံဝင်း၊ ဦးဘကြည်၊ ဦးငွေကိုင်၊ ဦးအုန်းလွင်တို့ထံ၌ ပန်းချီ ပညာကို ဆက်လက်သင်ကြားဆည်းပူးခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် အထက်တန်းပြဆရာအဖြစ် (ပန်းချီ)ကိုအောင်မြင်ပြီး ပုသိမ်ဆရာအတတ်သင် မန္တလေးဆရာအတတ်သင်သိပ္ပံနှင့် ရန်ကုန် ဆရာအတတ်သင်သိပ္ပံတို့၌ လက်ထောက်ကထိက (ပန်းချီ) အဖြစ်ထမ်းဆောင်ခဲ့သည်။

၁၉၆၃ ခုနှစ်အလုပ်သမားနေ့၌ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်အလုပ်သမားသရုပ်ဖော် ပိုစတာကြီးများကိုလည်းကောင်း၊ ပညာရေးဌာနကျောင်းသုံး စာအုပ်ကော်မတီမှ ထုတ်ဝေသော သူငယ်တန်း၊ တတိယတန်း၊ စတုတ္ထတန်း မြန်မာဖတ်စာသစ်များ၊ ပထဝီဝင်ဖတ်စာများ၊ အင်္ဂလိပ်ဖတ်စာများတွင် သရုပ်ဖော်ပုံများကိုလည်းကောင်း ရေးဆွဲခဲ့သည်။ ကျောင်းသားပွဲတော်၊ ပညာရေးပြပွဲ၊ ပညာရေး တက္ကသိုလ်ပြပွဲများ၊ ပြည်ထောင်စုနေ့ပြခန်းကြီးများတွင် ပန်းချီကားများရေးဆွဲခဲ့သည့်အပြင် စာပေဗိမာန်မှထုတ်ဝေသော လူ့ဘောင်သမိုင်းရုပ်စုံ၊ မြန်မာနိုင်ငံသားရုပ်စုံစာအုပ်များ၊ ပညာတန်ဆောင်၊ ပညာလောကစာအုပ်များတွင်လည်း ပန်းချီများ ရေးဆွဲခဲ့ပြီး ကိုယ်ပိုင်ရုပ်ပြစာအုပ်များကိုလည်း ရေးသားထုတ်ဝေခဲ့သည်။

ရွှေသွေးဂျာနယ်၊ တေဇရုပ်စုံ၊ ရန်ကုန်နေ့စဉ်သတင်းစာတို့၌လည်း ပန်းချီသရုပ်ဖော်ပညာပေး ဇာတ်လမ်းများ ရေးဆွဲခဲ့သည်။ ၁၉၇၇-၇၈ ခုနှစ်တွင် ကျန်းမာရေး မကောင်းမွန်သောကြောင့် မြန်မာနိုင်ငံပညာရေး သုတေသန ဗျူရိုသုတေသန လက်ထောက်(ပန်းချီ) အဖြစ်မှ အငြိမ်းစားယူခဲ့ရသည်။ ၁၉၉ဝ ပြည့်နှစ်တွင် ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်၊ ပြည်ထောင်စုအေးရိပ်ငြိမ်ပြခန်း၌ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး အတွက် ပြည်တွင်း ပြည်ပရန်ဟူသမျှကို တိုင်းရင်းသားသွေးချင်းသားအားလုံးက စည်းစည်းလုံးလုံး စုပေါင်းညီညာစွာ အတူတကွ ကာကွယ်စောင့်ရှောက်နေပုံကို ဖော်ညွှန်းထားသည့် ဆီဆေးနံရံပန်းချီကားကြီးကို ရေးဆွဲခဲ့သည်။

ပန်းချီဆရာကြီး ဦးအေးတင်သည် ၁၉၉၁ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။

ကိုးကား

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

ဆိုရှယ်လစ်ဝါဒအချစ်ဒူဘိုင်းမြို့ဗုဒ္ဓဘာသာဗင်းဆင့် ဗန်ဂိုးသင်္ဂဇာဆရာတော်ရေးမြို့မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမဏိစန္ဒာကရင်ပြည်နယ်အောင်ဆန်းနဂါး၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းကားသက္ကရာဇ်မြန်မာအကဗလာဒီမီယာ ပူတင်တီဘီရောဂါမင်္ဂလာတရား ၃၈-ပါးအင်းဝခေတ်ပြင်ဦးလွင်မြို့ပီမိုးနင်းဘန်နီဖြိုးကလေးမြို့သမ္ဘူလလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနကမ္ဘာ့အထိမ်းအမှတ်နေ့သက်ရှိမန္တလေး နန်းတော်ကြက်ငှက်တုပ်ကွေးရောဂါနို့ဥဩတရုတ်စံကားဝီကီပီးဒီးယားစုန်းကဝေအတတ်မြန်မာပြည် စာတိုက် သင်္ကေတများကျောက်မျက် ရတနာဝန်ကြီးပဒေသရာဇာဆိုင်းဝိုင်းဒန့်သလွန်လူ့အခွင့်အရေးကြေငြာစာတမ်းပါအချက်များမြောင်လူမျိုးဆီလီကွန်ကျောက်မီးသွေးဝန်ကြီးဌာန နှင့် အကြီးအကဲများ စာရင်းငွေ (သတ္တု)ဘီလူးရတနသုတ်ခြင်းလုံးဗုဒ္ဓမိတ္ထီလာကန်ခင်မောင်တိုးဆီးချိုရောဂါနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအာဖဂန်နစ္စတန်နိုင်ငံလူထုဦးလှဗောဇ္ဈင်္ဂသုတ်စိတ်စကားကြီး ဆယ်မျိုးအမေဇုန် မိုးသစ်တောမြန်မာမုန့်များမြန်မာပြဇာတ်လယ်တီဆရာတော်နီပေါနိုင်ငံကုန်းဘောင်မင်းဆက်၂၀၂၁ဝေသာလီမြို့လီယွန်နယ် မက်ဆီတရုတ်သမ္မတနိုင်ငံဂျူး (စာရေးဆရာမ)လက်ဖက်ရွှေဥဒေါင်းဒေါပုံမြို့နယ်ဉာဏ်ရည်တုတန်စတင်သားအိမ်နိုင်ငံတော် သံဃမဟာနာယကအဖွဲ့🡆 More