ဖန်စီဒိုင်း

ဖန်စီဒိုင်း (အင်္ဂလိပ်: Phencyclidine ) သည် ပတ်ဝန်းကျင်မှကင်းကွာစေသော စိတ်ကစင့်ကလျားဖြစ်စေသည့် ဆေးတမျိုးဖြစ်ပြီး စိတ်ကိုပြောင်းလဲစေသော ဆေးဝါးစာရင်းတွင် ပါသည်။ ဦးနှောက်ရှိ အာရုံကြောစနစ်ကို နှောင့်ယှက်ကာ ခံစားချက်၊ အမူအကျင့်နှင့် ပတ်ဝန်းကျင်အားဆက်ဆံပုံတို့ကို ပုံမမှန်ဖြစ်စေသည်။ ဦးနှောက်မှထုတ်သော ဓါတုပစ္စည်းအချို့ကိုလည်း ပိတ်ပင်ကြောင်း ပညာရှင်တို့က ယူဆသည်။ တရားမဝင်ဆေးဝါးတမျိုးဖြစ်ပြီး ကုန်ကြမ်းသည် အဖြူရောင်အဖြစ် လာသည်။ ယင်းကို ရေ သို့တည်းမဟုတ် အရက်တွင် ရောကာ သုံးစွဲကြသည်။ အမှုန့်ကို နှာခေါင်းဖြင့် ရှူသွင်း၍၎င်း၊ မီးရှို့ကာ အငွေ့ရှူ၍၎င်း၊ လျက်၍၎င်း သုံးစွဲသည့်နည်းတူ ရေဖြင့်ဖျော်ကာ သွေးကြောထဲ ထိုး၍ သုံးတတ်သေးသည်။ ဆေးခြောက် သို့ ဆေးရွက်ကြီးတွင်ထည့်ကာ သောက်သည်လည်း ရှိ၏။ နတ်ဆေးမှုန့်၊ ငြိမ်ဆေး၊ ဒုံးပျံ၊ ကျား စသည့် လမ်းဘေးအမည်များ ရှိသည်။

ဆိုးကျိုးများမှာ နှလုံးခုန်ရပ်ခြင်း၊ ကိုမာ (coma) ဝင်ခြင်း၊ ဆေးစွဲခြင်းတို့ ဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မည်ပြုသည်လည်း များ၏။  ဆေးဖြတ်ပါကလည်း နောက်ဆက်တွဲဆိုးကျိုးများ ခံစားရသေးသည်။ ဆေးဘက်ဆိုင်ရာများတွင် ထုံဆေး၊ စိတ်ငြိမ်ဆေးအဖြစ် အသုံးပြုတတ်သည်။

ဖန်စီဒိုင်းကို ၁၉၂၆ ခုတွင် စတင်ထုတ်လုပ်နိုင်ပြီး ၁၉၅၀ ကာလများတွင် ထုံဆေးအဖြစ် သုံးခဲ့သည်။ အမေရိကန်၌ ဘေးထွက်ဆိုးကျိုးများခြင်းကြောင့် လူနာတို့တွင် အသုံးပြုခြင်းကို ၁၉၆၅ ခုမှစ၍ ပိတ်ပင်သည်။ တိရစ္ဆာန်တို့၌ သုံးခြင်းကို ၁၉၇၈ ခုမှစ၍ ခွင့်မပြုတော့။ ထို့အပြင် ဘေးထွက်ဆိုးကျိုးနည်းသော ကတ္တမင်းကို တွေ့ရာ အစားထိုးစရာ ဖြစ်လာသည်။ ဖန်စီဒိုင်းမျိုးကွဲများကို အမေရိကန်၌ စိတ်ဖြေဆေးအတွက်၎င်း၊ ရောဂါအတွက်မဟုတ်သောဆေးအဖြစ်၎င်း ရောင်းချသုံးစွဲလျက် ရှိသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကာယအားသုံးရသော အလုပ်သမားများအနေဖြင့် တနေ့တာပင်ပန်းမှု ပပျောက်စေရန် ဤဆေးကို သုံးစွဲတတ်သည်။

မီဒီယာများတွင် ပါဝင်မှု

၁၉၉၁ ခုတွင် ဖြန့်သည့် မှားနေလား တိတ်ခွေစီးရီးတွင် စောဘွဲ့မှူးရေးသော သွားတော့ဖန်စီဒိုင်း ဟူသည့် သီချင်းမှာ လူသိများခဲ့သည်။ အိုင်းရွန်းခရော့အဖွဲ့သားများဖြစ်သည့် ခရစ္စတိုဖာ၊ လေးဖြူဖြူဖြူကျော်သိန်းတို့ ထိုသီချင်းကို ပြန်ဆိုဖူးသည်။

မှတ်ချက်

ဖန်စီဒိုင်းဟူသော ဝေါဟာရကို အင်္ဂလိပ်ဝေါဟာရမှ ယူသည်မဟုတ်။ ဈေးကွက်တွင် တွေ့ရလေ့ရှိသော ချောင်းဆိုးပျောက်ဆေး အမည်ခံတံဆိပ် ဖန်စီဒိုင်း (Phensedyl) မှ ယူခြင်းဖြစ်သည်။

ကိုးကား

Tags:

အင်္ဂလိပ်ဘာသာစကား

🔥 Trending searches on Wiki မြန်မာဘာသာ:

ဘီတီအက်စ်မော်လမြိုင် တက္ကသိုလ်ဆယ့်နှစ်လရာသီပွဲတော်များတောင်ကိုရီးယားနိုင်ငံစားပွဲတင်တင်းနစ်မြန်မာစာရေးဆရာများ စာရင်းတောင်ဥက္ကလာပမြို့နယ်ခင်မောင်တိုးရခိုင်ဘာသာစကားအနတ္တလက္ခဏသုတ်ခင်ဝင့်ဝါအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမြန်မာနိုင်ငံရှိ သန်းခေါင်စာရင်းဆိုရှယ်လစ်ဝါဒကိုကိုးခရေပင်မလေးရှားနိုင်ငံလွတ်လပ်ရေးကြေညာစာတမ်းဇွဲကပင်တောင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနဉာဏ်ရည်တုအင်္ဂလိပ်ဘာသာစကားကိုယ်ဝန်ဖျက်ချခြင်းမြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကြက်သွန်ဖြူဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနန္ဒမာလာဘိဝံသမျိုးကြီးရှောက်ပင်မျိုးစာပေလမ်းမတော်ဖိုးတုတ်ချောင်းသာကမ်းခြေကားတောင်ငူခေတ်ဩစတြေးလျနိုင်ငံသရဏဂုံသာသနာ သက္ကရာဇ်ဖိုးစိန်၊ ဦး (ဂရိတ်)အာနန္ဒာဘုရားတပ်မတော်အက်ဥပဒေများမြင်းစီးခြင်းကျောက်ဆည်မြို့ကိုယ်ဝန်ဆောင်ခြင်းခင်နှင်းယုအဆိပ်မိတ္ထီလာမြို့နတ်ပြည် ၆ ထပ်စံပယ်ပန်းရှမ်းပြည်နယ်ကနေဒါနိုင်ငံပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမုန့်ဟင်းခါးဘွဲ့ဝတ်စုံငြိမ်းချမ်းရေးလူ့အခွင့်အရေးအမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတို့ဗမာ သီချင်းအေးကို (နိုင်ငံတော်သမ္မတ)ပါဠိဝိဘတ်ပရိတ်ကြီး ၁၁ သုတ်ရခိုင်ပြည်နယ်ငွေဆောင်ကမ်းခြေအောင်ဆန်းသဗ္ဗညုဘုရား(ပုဂံ)ကျိုက်ထိုမြို့သမ္ဗုဒ္ဓေပဲခူးမြို့အဋ္ဌာရသ ၁၈ ရပ်ကန့်ရွှေဇွန်း (ကိုရီးယားရုပ်သံဇာတ်လမ်းတွဲ)သီလသာသနာတော်ပြန်ကြားရေးဝန်ကြီးဌာနပဋိစ္စသမုပ္ပါဒဒီပနီ🡆 More