ပိုက်သာဂိုးရပ်စ်: ဂရိတွေးခေါ်ပညာရှင်

ပိုက်သဂိုးရ (ဘီစီ ၅၈၂-၅၀၀ ခန့်)

ပိုက်သာဂိုးရပ်စ်: ဂရိတွေးခေါ်ပညာရှင်
ရောမ ကပ်ပီတိုလင်း ပြတိုက်မှ ပိုက်သာဂိုရ ၏ ကိုယ်ပိုင်း ရုပ်တု

ပိုက်သဂိုးရပ်သည် ထင်ရှားသောဂရိလူမျိုး သိပ္ပံပညာနှင့် ယထာဘူတပညာရှင်ကြီးဖြစ်သည်။ ဆေးဆော့ကျွန်းတွင် ဖွားမြင်ခဲ့၍ မြေထဲပင်လယ် ကမ်းရိုးတန်းရှိ နိုင်ငံများတွင် နှစ်ပေါင်းသုံးဆယ်ခန့် လှည့်လည်နေထိုင်ခဲ့ပြီးနောက်၊ အသက်ငါးဆယ်ကျော်အရွယ်တွင် ဣတလီပြည်တောင်ပိုင်းရှိ ကရိုတိုနာမြို့တွင် အတည်တကျနေထိုင်လေသည်။

ကရိုတိုနာမြို ့၌ နေထိုင်စဉ် ပိုက်သဂိုးရပ်သည် ဂိုဏ်းတစ်ဂိုဏ်းထောင်ကာ၊ ယင်း၏ယထာဘူတ သဘောတရားများကို ဟောပြောလေသည်။ ပိုက်သဂိုးရပ်၏ယုံကြည်ချက်မှာ လူသေပြီးနောက်၊ လူ့ဝိညာဉ်သည် အခြားသက်ရှိ တစ်ခုအတွင်းသို့ဝင်သည်။ လူနှင့် တိရစ္ဆာန်သည် ဆက်သွယ်လျက်ရှိသဖြင့်၊ လူကွယ်လွန်သော် နောက်ဘဝတွင် တိရစ္ဆာန်လည်းဖြစ်နိုင်သည်။ လူသည် အပြစ်ကင်းစင်စွာနေထိုင်ပါမှ၊ နောက်ဘဝတွင် တိရစ္ဆာန်ဖြစ်မည့် ဒုက္ခမှကင်းလွတ်နိုင်မည်။ ထိုကြောင့် ပိုက်သဂိုးရပ်ဂိုဏ်းဝင်များသည် တည်ကြည်စွာနေထိုင်၍ ခြိုးခြံစွာ ကျင့်ကြံကြရသည်။ မကြာမီ ယင်းဂိုဏ်းဝင်များ ပြန့်ပွားလာသော်လည်း၊ နိုင်ငံရေးအငွေ့အသက်များ ဝင်ဘာသောအခါ၌မူ၊ အစိုးရ၏နှိပ်ကွပ်ခြင်းခံရသဖြင့်၊ တစ်ဂိုဏ်းလုံး ဖရိုဖရဲဖြစ်သွားရလေသည်။

ပိုက်သဂိုးရပ်နှင့် သူ့ဂိုဏ်းသားများ၏ ကြံဆချက်များသည် သင်္ချာနှင့် နက္ခတ္တဗေဒပညာရပ်များကို ပိုမိုကျယ်ပြန့်လာစေသည်။ သူနှင့် သူ့ဂိုဏ်းဝင်တို့က "ထောင့်မှန်တြိဂံတစ်ခုတွင် ထောင့်မှန်ခံအနားရှိ စတုရန်းသည် ကျန်အနားနှစ်ခုရှိ စတုရန်းများပေါင်းကိန်းနှင့် တူသည်" ဟူ၍ သက်သေထုတ်ပြချက်ကို ပိုက်သာဂိုရ သီအိုရမ်ဟု ပင်ခေါ်ကြသည်။ ပိုက်သဂိုးရပ်နှင့် တပည့်များ၏ နက္ခတ္တဗေဒနှင့် စပ်လျဉ်းသော ထုတ်ဖော်ချက်တစ်ရပ်ကား "ကမ္ဘာမြေကြီးသည် အလုံးဖြစ်၍ အခြားဂြိုဟ်များနှင့်အတူ နေကို လှည့်ပတ်လျက် သွားနေကြသည်" ဟူသောအချက်ဖြစ်သည်။ ယင်းအချက်မှ ကော့ပါးနီကပ်၏ အဆိုမှ ပေါ်ပေါက်လာရသည်ဟု ဆိုရန်ရှိသည်။ ယထာဘူတပညာရှင်ကြီး ပလေးတို၏ အတွေးအခေါ်အယူအဆများသည် ပိုက်သဂိုးရပ်၏ အယူအဆမှား၏ ကျေးဇူးမကင်းလှချေ။

ပိုက်သဂိုးရပ်သည် ဘီစီ ၅၀၀ ခန့်တွင် မက်တာပွန်တန်မြို့၌ ကွယ်လွန်သည်။

ကျမ်းကိုး

မြန်မာ့စွယ်စုံကျမ်း၊ အတွဲ ၆၊ ၁၉၆၁ခုနှစ်။

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

အင်းဝခေတ်ရှင်စောပုလူ၏ အရိုးဖွဲ့စည်းပုံတရုတ်ပြည်မှ မဟာရံတံတိုင်းကြီးမဟာသတိပဋ္ဌာနသုတ်ဗဒလင်းဂူမဟာသမယသုတ်နိုင်ငံတကာ စာတတ်မြောက်ရေးနေ့အင်းဝမင်းဆက်ပြင်ဦးလွင်မြို့မြသန်းတင့်အသည်းရောင် အသားဝါ ရောဂါ ဘီပိုးကျော်ဟိန်း၁ ဧပြီတင်မိုးကမ္ဘာ့အလုပ်သမားနေ့သခင်ကိုယ်တော်မှိုင်းနိကာယ် ငါးရပ်ဒူးရင်းသီးအာဇာနည် ခေါင်းဆောင်ကြီးများအာနန္ဒာဘုရားပြည်သူ့ကာကွယ်ရေးတပ်မတော်အာဖဂန်နစ္စတန်နိုင်ငံရေနေအဖွဲ့အစည်းဆူခွိုင်း ၃၀ဘန်ကောက်မြို့တွံတေးသိန်းတန်ရမည်းသင်းမြို့ရန်ကုန်တိုင်းစစ်ဌာနချုပ်နို့ပင်လယ်သေခင်ညွန့် (ဗိုလ်ချုပ်ကြီး)စကားဝှက်မင်းကျင့်တရားရာသီခွင်စက္ကူပန်းငပလီကမ်းခြေသမ္မတကြီးထံ ပေးစာ (ရုပ်ရှင်)စိန်ပြောင်းမြန်မာနိုင်ငံ၏ ပညာရေးထက်ထက်မိုးဦးလျှပ်စစ်စွမ်းအား ဝန်ကြီးဌာနရှင်ပြုခြင်းအမှတ်(၅၅)ခြေမြန်တပ်မဌာနချုပ်ရွှေဘိုမြို့အနေကဇာတင်ခြင်းကော့သောင်းမြို့ပဲခူးမြို့နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီကျွန်းနက်အမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့မှူးပန်းဆယ်မျိုးဂေါတမဗုဒ္ဓဝတ်မှုန်ရွှေရည်ဘုရားသုံးဆူမြို့သမ္မာကျမ်းစာမြန်မာစာရေးဆရာများ စာရင်းအာဆီယံထိပ်သီးအစည်းအဝေးကန်တော်ကြီး(ရန်ကုန်)အရှေ့တောင်အာရှနိုင်ငံများအသင်းအိန္ဒြာကျော်ဇင်လိင်ဆက်ဆံခြင်းသိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနဓူဝံကြယ်သဘာဝပတ်ဝန်းကျင်ကင်းလိပ်ချောမြန်မာနိုင်ငံ၏ ရွာများအမျိုးသမီးများ၏ အခွင့်အရေးစိတ်ပညာမြန်မာနိုင်ငံတော်ဗဟိုဘဏ်အပျိုမြှေးမေတ္တာခါကာဘိုရာဇီညှင်းကရင်ရိုးရာပွဲတော်များမိုးကုတ်တရား🡆 More