နည်းပညာတက္ကသိုလ်-ပုသိမ် (အင်္ဂလိပ်: Technological University (Pathein)) သည် မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ အပင်နှစ်ဆယ်တွင် တည်ရှိပြီး ၁၉၉၉ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ လက်ရှိကျောင်းအုပ်ကြီးမှာ ဒေါက်တာကျော်သူရဖြစ်သည်။ ပညာရေးဝန်ကြီးဌာန (သိပ္ပံနှင့် နည်းပညာ)လက်အောက်ရှိ တက္ကသိုလ်တစ်ခုဖြစ်သည်။
ဆောင်ပုဒ် | Promote Technology towards Innovation |
---|---|
အမျိုးအစား | အများဆိုင် |
တည်ထောင် | ၂၇ ဒီဇင်ဘာ ၁၉၉၉ |
ကျောင်းအုပ်ကြီး | ဒေါက်တာကျော်သူရ |
တည်နေရာ | ကန်ကြီးထောင့်မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်မာနိုင်ငံ |
ဝဘ်ဆိုဒ် | patheintu.edu.mm |
အစိုးရ နည်းပညာ ကောလိပ်(ပုသိမ်)အား ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ်၊ အပင်နှစ်ဆယ်ကျေးရွာတွင် စတင် ဖွင့်လှစ်ခဲ့သည်။ ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရအဖွဲ့မှ တက္ကသိုလ်အဆင့်သို့ တိုးမြှင့်ခဲ့ပြီး နည်းပညာ တက္ကသိုလ်(ပုသိမ်)အဖြစ်သို့ ဖွင့်လှစ်ခဲ့သည်။ ယခုလက်ရှိကျောင်းအုပ်ကြီး သည်ဒေါက်တာကျော်သူရဖြစ်သည်။
ဘွဲ့သင်တန်း | ဘွဲ့ဒီဂရီ | သင်တန်းကာလ |
---|---|---|
မြို့ပြအင်ဂျင်နီယာဘွဲ့ | B.E. (Civil) | ၆ နှစ် |
အီလက်ထရွန်းနစ်အင်ဂျင်နီယာဘွဲ့ | B.E. (EC) | ၆ နှစ် |
လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဘွဲ့ | B.E. (EP) | ၆ နှစ် |
စက်မှုအင်ဂျင်နီယာဘွဲ့ | B.E. (ME) | ၆ နှစ် |
သတင်းအချက်အလက်နည်းပညာဘွဲ့ | B.E. (IT) | ၆ နှစ် |
ဤ မြန်မာနိုင်ငံရှိ တက္ကသိုလ်၊ ကောလိပ်အကြောင်း ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |
This article uses material from the Wikipedia မြန်မာဘာသာ article နည်းပညာတက္ကသိုလ်(ပုသိမ်), which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.