ထီးတန်ဆောင်ဘုရား

ထီးတန်ဆောင်ဘုရားသည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်း−ညောင်ဦးကားလမ်းမ၊ ညာဘက်တွင် တည်ရှိသည်။ ပုဂံပြည်မှအစ ယနေ့မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓဓမ္မဝိနယ မီးတိုင်ကြီးကို စတင်ထွန်းညှိပေးခဲ့သော ရှင်အရဟံ မထေရ်မြတ်၏ ဓာတ်တော်မွေတော်တို့အား ဌာပနာတည်ထားသည့် စေတီဖြစ်သည်။ စေတီမှာ ပုဂံခေတ်လက်ရာ ဖြစ်သည်။

ရှင်အရဟံသည် ၄၁၉-ခုနှစ်၊ သာသနာသက္ကရာဇ် ၁၆၀၁-ခု မတိုင်မီက ဦးစွာရောက်လာပြီးနောက် အရှင်ဉာဏ၊ အရှင်အာနန္ဒာ၊ အရှင်သီလဗုဒ္ဓိ စသော မထေရ်မြတ်တို့နှင့်အတူ သာသနာပြုခဲ့သူ ဖြစ်သည်။ အနော်ရထာစောလူးကျန်စစ်သားအလောင်းစည်သူမင်း (၄)ဆက် အထိ နှစ်ပေါင်း(၅၀)ကျော်မျှ သာသနာပြုခဲ့သော ရဟန္တာမြတ်ဖြစ်သည်။

အလောင်းစည်သူမင်းကြီး နန်းစံသက် နှစ်နှစ်မြောက်၊ ကောဇာ(၄၅၅၃)၊ သာသနာ(၁၆၃၇)ခု သက်တော် (၈၁)နှစ်တွင် ပရိနိဗ္ဗာန်ပြုသည်။ အရှင်မြတ်၏ အန္တိမဈာပနကို တုရင်တောင်ခြေ တောင်ပရွာ အနောက်မြောက်ဘက် ထီးတန်ဆောင် စေတီတည်ရာတွင် ပြုလုပ်ခဲ့သည်။ ထီးတန်ဆောင်ဘုရားအား ထီးတန်ဆောင်းဟူ၍လည်းကောင်း၊ ဘုရားထီးဆောင်း ဟူ၍လည်းကောင်း ခေါ်တွင်ကြသည်။

ရှင်အရဟံသည် ထေရဝါဒဗုဒ္ဓဘာသာဟူသော ထီးကြီးဖြင့် လေမိုးတို့ မစွတ်စိုရအောင် တစ်နိုင်ငံလုံးအား မိုးကာပေးခဲ့သော ပုဂ္ဂိုလ်မြတ်ဖြစ်သည့် ဗုဒ္ဓ၏ ဓမ္မဝိနယ မီးတိုင်ဖြင့် အမှောင်ကိုခွင်း၍ အလင်းကို ဆောင်ခဲ့သူ သာသနာ့ အာဇာနည်တစ်ပါးလည်း ဖြစ်သည်။ ထို့ကြောင့် စေတီတော်မြတ်အား ထီးတန်ဆောင်း ဖြစ်စေ၊ ထီးတန်ဆောင် ဘွဲ့တော် (၂)မျိုးစလုံး သင့်မြတ်ကြောင်း ပုဂံရှေးဟောင်းသုတေသန အရာရှိ ဦးဗိုကေ(ဗြဟ္ဗစာရီ မွန်ဗိုကေ)က ပြောသွားခဲ့ဖူးပေသည်။

ကိုးကား


Tags:

ကျောက်ပန်းတောင်းမြို့ညောင်ဦးမြို့ထေရဝါဒပုဂံခေတ်မန္တလေးတိုင်းဒေသကြီးမြန်မာနိုင်ငံရှင်အရဟံ

🔥 Trending searches on Wiki မြန်မာဘာသာ:

နတ်သျှင်နောင်နေပြည်တော်မြို့ကွန်မြူနစ်ဝါဒမြေထဲပင်လယ်ဂျပန်နိုင်ငံလင်းပိုင်ပဲခူးရိုးမတောင်အသံတောကြက်အီဖယ်လ် မျှော်စင်ရွှေဝါရောင် တော်လှန်ရေးသင်္ချာကရင်ပြည်နယ်ခန္ဓသုတ်ဆေးလိပ်မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနယ်မြေဒေသများနယ်သာလန်နိုင်ငံသံလွင်မြစ်ဒေါင်းအမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့မှူးဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းသိန္နီမြို့နယ်မိတ္ထီလာမြို့ဓာရဏပရိတ်နတ်ပြည် ၆ ထပ်၁၉၆၂ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းဘောဂဗေဒရက္ခိုင့်တပ်တော်မတ္တရာမြို့နယ်အယ်လ်နီညိုဟိန္ဒူဘာသာလျှပ်စစ်စွမ်းအား ဝန်ကြီးဌာနယူနိုက်တက်ကင်းဒမ်းနိုင်ငံအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ယောက်ျား အင်္ဂါတံအားသီဟိုဠ်သရက်ပင်မြန်မာသရုပ်ဆောင်များစာရင်းမြန်မာ့ မီးရထားနွား၃၂ ကောဋ္ဌာသသိမ်းငှက်စိတ်ဝိနည်းပိဋကတ်ဗမာလူမျိုးသနပ်ခါးဧရိယာအလိုက် နိုင်ငံနှင့် နယ်မြေဒေသများ စာရင်းပညတ်တော်ဆယ်ပါးပုပ္ပါးတောင်သီပေါနယ်တစ်ကိုယ်ရည်အာသာဖြေခြင်းဗိဿနိုးမြို့ဟောင်းမနုဿီဟကန့်ဘာသာတရားဧရာဝတီမြစ်ငြိမ်းချမ်းရေးကျောက်ကပ်ရောင်ရောဂါကိုယ်ဝန်ဆောင်ခြင်းငါးမျိုးစိတ်များ စာရင်းကျန်စစ်သားတရုတ်သမ္မတနိုင်ငံပလတ်စတစ်မဟာသမယသုတ်ငှက်ဖျားရောဂါနေမျိုးဇင်တပ်မတော် (ကြည်း)ဖေ့စ်ဘွတ်ခ်ဝန်ကြီးဌာန နှင့် အကြီးအကဲများ စာရင်းလိင်တူစုံမက်ခြင်းလျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနရှားစောင်းလက်ပတ်ပင်ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ကနေဒါနိုင်ငံမြန်မာ့အသံနှင့်ရုပ်မြင်သံကြားစွမ်းအင်သုံးခွမြို့နယ်🡆 More