ထိုးမြဲလက်မှတ်

လူတစ်ဦး တစ်ယောက်အဖို့ သူ၏ ထိုးမြဲလက်မှတ်သည် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးပါမကျန် တစ်သက်တာပတ်လုံး သူ၏ကိုယ်စားဖြစ်သည်သာမက တစ်ခါတစ်ရံ အဖွဲ့အစည်းတစ်ခုမှသည် လူမျိုးတစ်မျိုး တိုင်းပြည်တစ်ပြည်လုံးအတွက် ကိုယ်စားပြုရသည်အထိ တန်ဖိုးကြီးမားနိုင်သည်။ ကမ္ဘာပေါ်ရှိ ယဉ်ကျေးသောလူမျိုးတွင် စာပေဟူ၍ ဦးစွာပေါ်ပေါက်ခဲ့ပြီးနောက် မိမိ၏အမည်ကို ကမ္ပည်းရေးထိုးရာမှတစ်ဆင့် လက်မှတ်ရေးထိုးခြင်း အလေ့အထ ပေါ်ပေါက်လာခဲ့သည်။ အရေးပါအရာရောက်သော အကြောင်းတစ်ခု⁠ခုကို ခိုင်လုံတည်မြဲစေရန် ရေးမှတ်ကြရသည့်အခါ (စာမတတ်သူတို့အဖို့ လက်မနှိပ်ခြင်း၊ ကြက်ခြေခတ်ခြင်းများ ပြုကြသော်လည်း) စာတတ်သူအဖို့ ထိုးမြဲလက်မှတ်ကို သူ၏ ကိုယ်စားအဖြစ် ရေးထိုးကြသည်။

ထိုးမြဲလက်မှတ်
သီပေါမင်း၏ ထိုးမြဲလက်မှတ်

တန်ဖိုးအတက်အကျရှိသော ထိုးမြဲလက်မှတ်

လူတစ်ယောက်၏ အရည်အချင်း ငွေကြေးဥစ္စာ ရာထူးဌာန္တရမှ စ၍ တဖြေးဖြေး မြင့်တက်လာသည့်အခါ ထိုသူ၏ ထိုးမြဲလက်မှတ်တန်ဖိုးသည်လည်း မြင့်တက်လာရစမြဲ ဖြစ်သည်။ ဥပမာ - လူတစ်ယောက်သည် ဘဏ်တွင် ငွေသိန်းတစ်ထောင် အပ်နှံထားသည် ဆိုပါက သူ၏လက်မှတ်သည် ငွေသိန်းတစ်ထောင်တန်ပြီး အကယ်၍ ဘဏ်တွင် ငွေသန်းတစ်ထောင် အပ်နှံထားနိုင်သည်အထိ ကြွယ်ဝလာခဲ့လျှင် ထိုသူ၏ ထိုးမြဲလက်မှတ်သည်လည်း ငွေသန်းတစ်ထောင်တန်လာလေသည်။ လူမှုရေးနှင့် အခြားအရေးကိစ္စများတွင်လည်း ဤနည်းအတိုင်းပင် ဖြစ်သည်။ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ အနုပညာ၊ အတတ်ပညာ၊ အားကစားထင်ပေါ်ကျော်ကြားမှု၊ ကြည်ညိုလေးစားခံရမှု၊ ဩဇာအာဏာရှိမှု စသည်တို့ အပေါ်တွင် မူတည်၍လည်း ထိုပုဂ္ဂိုလ်၏ထိုးမြဲလက်မှတ်သည် တန်ဖိုးကြီးမားလာရပြန်သည်။

ရှားပါးသော ထိုးမြဲလက်မှတ်ကို ဝယ်ယူခြင်း

ကမ္ဘာလောကတွင် စားသောက်ဖွယ်ဖြစ်စေ၊ အထည်အလိပ်ဖြစ်စေ၊ လူသုံးပစ္စည်းဖြစ်စေ ရှားပါးလာလျှင် တန်ဖိုးကြီးမားလာသည်မှာ ဓမ္မတာပင်ဖြစ်သည်။ ယခုအခါ ကမ္ဘာအရပ်ရပ်မှ ရှေးဟောင်းရှားပါးပစ္စည်း စုဆောင်းသူများသည် လက်ရာမြောက်ပစ္စည်းများ၊ အမှတ်တရ ပစ္စည်းများ၊ သမိုင်းဝင်ပစ္စည်းများသာမက အော်တိုများနှင့် ရှားပါးသော ထိုးမြဲလက်မှတ်များကိုပါ ဝယ်ယူစုဆောင်း နေကြသည်။ ထင်ပေါ်ကျော်ကြားသော ပုဂ္ဂိုလ်တို့၏ ရှားပါးသော ထိုးမြဲလက်မှတ်များသည် တန်ဖိုးကြီးမားသည်သာမက အချိန်ကြာမြင့်သည်နှင့်အမျှ ငွေကြေးများစွာပေးမှ ဝယ်ယူရရှိနိုင်မည့် အကြောင်းကို လမ်းညွှန် ပြသသွားသူများအနက် ထင်ရှားသူတစ်ယောက်မှာ နာမည်ကျော် ဂျိမ်းစ်ဘွန်းရုပ်ရှင်ဝတ္ထုများကို ရေးသားခဲ့သော စာရေးဆရာကြီး အိုင်ယင်ဖလင်းမင်း ပင်ဖြစ်သည်။


အိုင်ယင်ဖလင်းမင်းသည် ဆိုဗီယက်ခေါင်းဆောင်ကြီး စတာလင်၏ လက်မှတ်၊ အီတလီအာဏာရှင် မူဆိုလိုနီ၏ လက်မှတ်၊ ပန်းချီကျော် ပီကာဆို၏ လက်မှတ်၊ သိပ္ပံပညာရှင်ကြီး အိုင်စတိုင်း၏လက်မှတ်၊ ဗြိတိသျှ ဝန်ကြီးချုပ် ဝင်စတန်ချာချီ၏ လက်မှတ် စသည်တို့ကို ခဲခဲယဉ်းယဉ်းရယူ စုဆောင်းခဲ့လေသည်။ ထိုပုဂ္ဂိုလ်များ ကွယ်လွန်သွားပြီးနောက် သူတို့၏ထိုးမြဲလက်မှတ်များသည် တန်ဖိုးအဆမတန် ကြီးမားလာခဲ့သည်။

ယခုအခါ ကမ္ဘာပေါ်တွင် ထင်ရှားသောပုဂ္ဂိုလ်များ ကိုယ်တိုင်ရေးထားသော အတွေးအခေါ် စာတိုပေစကလေးများနှင့် ထိုးမြဲလက်မှတ်ပါဝင်သည့် စာရွက်စာတမ်းများသည် အမှတ်တရ စုဆောင်းလိုသူများအတွက် တန်ဖိုးကြီး⁠ကြီးပေး၍ ဝယ်ယူမှရနိုင်သော ပစ္စည်းများဖြစ်လာလေသည်။ အမေရိကန်ပြည်ထောင်စု၏ ပထမဆုံး သမ္မတကြီး ဂျော့ဝါရှင်တန်၊ သမ္မတ အီဗာရာဟင်လင်ကွန်း၊ သမ္မတ သောမတ်ဂျက်ဖာဆန်၊ ရုပ်ရှင်သရုပ်ဆောင် ဂျိမ်းဒင်း၊ စာရေးဆရာကြီး မတ်တွိုင်း၊ ဂျာမန်စစ်ဗိုလ်ချုပ် အာဝင်ရွမ်းမဲလ်၊ သမ္မတ ဂျွန်အက်ဖ် ကနေဒီတို့၏ ထိုးမြဲလက်မှတ်ပါသော စာရွက်စာတမ်းများကို ယခုအခါ တန်ဖိုးများ⁠များပေး၍ ဝယ်ယူနေကြသည်။ ၁၉⁠၉၄-ခုနှစ်၊ ဧပြီလအတွင်းက သမ္မတ ဂျော့ဝါရှင်တန်၏ လက်မှတ်ထိုးထားသော စာရွက်ဟူသမျှကို အနည်းဆုံး ဒေါ်လာ ၆၅၀၀ ပေး၍ ဝယ်ယူနေကြသလို သမ္မတလင်ကွန်း၏ ထိုးမြဲလက်မှတ်တစ်ခုသည် ဒေါ်လာ ၄၅၀၀ ပေါက်ဈေးရှိသည်။

နာမည်ကြီး ဆိုးသွမ်းသူတို့၏ လက်မှတ်များ

သမိုင်းဝင် ထင်ရှားသော ပုဂ္ဂိုလ်များသာမဟုတ် နာမည်ကြီး ဆိုးသွမ်းသူများ၏ စာနှင့် သူတို့၏ထိုးမြဲလက်မှတ်များကိုလည်း ယခုအခါ ဈေးကြီး⁠ကြီးပေး၍ ဝယ်ယူစုဆောင်းနေကြသည်။ သမ္မတလင်ကွန်းကို လုပ်ကြံသော တရားခံ ဂျွန်ဝီလ်စီဘုသ်၏ စာနှင့် လက်မှတ်ကို ဒေါ်လာ ၂၀⁠၀၀ ဖြင့်၎င်း၊ နာမည်ကျော် ဝရမ်းပြေး လူဆိုးကြီးဂျက်ဆီဂျိမ်းစ်၏ လူသိများသော ၎င်းလက်မှတ်ထိုးထားသည့် စာနှစ်စောင်ကို ဒေါ်လာ ၅၀⁠၀၀ နှင့် ဒေါ်လာ ၁၀⁠၀၀၀ အသီးသီးပေး၍ လေလံတင်ယူခဲ့ကြသည်။

ကိုးကား

Tags:

ထိုးမြဲလက်မှတ် တန်ဖိုးအတက်အကျရှိသော ထိုးမြဲလက်မှတ် ရှားပါးသော ကို ဝယ်ယူခြင်းထိုးမြဲလက်မှတ် နာမည်ကြီး ဆိုးသွမ်းသူတို့၏ လက်မှတ်များထိုးမြဲလက်မှတ် ကိုးကားထိုးမြဲလက်မှတ်

🔥 Trending searches on Wiki မြန်မာဘာသာ:

သံတွဲမြို့မြန်မာနိုင်ငံ၏ နိုင်ငံကူးလက်မှတ်ဝတ်မှုန်ရွှေရည်သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနသက္ကရာဇ်မူးယစ်ဆေးဝါးသုဂတော သုဂတဓာနံငုရွှေဝါပင်အသံဘိုးမင်းခေါင်ပဋ္ဌာန်းနှင်းဆီဂါထာခြောက်ဆယ်ပျို့ဟိန္ဒူဘာသာသီတဂူဆရာတော်ဂျာနယ်ကျော် မမလေးကိုယ်ဝန်ဖျက်ချခြင်းနီနီခင်ဇော်စစ်ရေးဗမာ့ထွက်ရပ်ဂိုဏ်းပရိတ်ကြီး ၁၁ သုတ်ချောင်းမြန်မာသရုပ်ဆောင်များစာရင်းမြန်မာ့ရိုးရာ အတိုင်းအတာယူနစ်များရေးမြို့ပိုးကြာဖြူခင်ဟင်္သာတမြို့နတ် (ဝိညာဉ်)တနင်္သာရီတိုင်းဒေသကြီးမိုးကုတ်မြို့နို့အိပ်မက်သန်လျင် မင်းကျောင်းဆရာတော်အပျိုမြှေးမူဆယ်မြို့ဓာတ်ပုံနယ်စပ်ရေးရာ ဝန်ကြီးဌာနမာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေများဇော်ဂျီ (စာရေးဆရာ)ဖားကန့်မြို့နယ်တောင်ငူမြို့ကာကွယ်ရေးဝန်ကြီးဌာနဆယ်ဇင်းရွာ၊ ဖားကန့်မြို့နယ်ကုန်းဘောင်မင်းဆက်ကျိုက်ထိုမြို့တပ်မတော် (ရေ)ပန်းကြည့်ပွဲတော်တန်ခူးလရေမွန်ထင်းရှူးမိမိကိုယ်ကို သတ်သေခြင်းတပင်ရွှေထီးမဟာဗန္ဓုလတောင်ကုတ်မြို့စတီဖင် ချောင်အင်္ဂုလိမာလသုတ်ဗောဇ္ဈင်ခုနစ်ပါးမြန်မာ-အင်္ဂလိပ် အဘိဓာန်ရန်ကုန်မြို့မော်စကိုမြို့စွယ်တော်ပင်အလောင်းမင်းတရားတာချီလိတ်မြို့စစ်တက္ကသိုလ် (ပြင်ဦးလွင်)ကျန်းမာရေး ဝန်ကြီးဌာနနပိုလီယန်သန်လျင်မြို့ကင်းခြေများရခိုင်လူမျိုးရွှေစာရံ စေတီတော် (မန္တလေး)မြောက်ဥက္ကလာပမြို့နယ်ဧရာဝတီမြစ်တရားနန်းမတော်မယ်နုသံဃာဒိသေသ်အာပတ်🡆 More