တီမော အသံနှင့်ရုပ်မြင်သံကြား (Radio-Televisão Timor Leste ၊ အင်္ဂလိပ် : Radio Television East Timor ၊ အတိုကောက်: RTTL) သည် အရှေ့တီမောနိုင်ငံ ၏ ဒေသတွင်း ရေဒီယို နှင့် ရုပ်မြင်သံကြား ထုတ်လွှင့်သော နိုင်ငံပိုင် ရုပ်သံလွှင့်အဖွဲ့အစည်း ဖြစ်သည်။
Radio-Televisão Timor Leste | |
---|---|
ဒီလီမြို့ ရှိ ရုံး အဆောက်အဦး | |
စတင်ခြင်း | ၁ ၊ ဇွန်လ ၊ ၂၀၀၂ |
ပိုင်ဆိုင်သူ | အရှေ့တီမော အစိုးရ |
ဆောင်ပုဒ် | ROMAN FOTI RAIN (Portuguese: A LUZ DO PROGRESSO) |
နိုင်ငံ | အရှေ့တီမော အရှေ့တီမော |
ထုတ်လွှင့်သည့် ဧရိယာ | အခမဲ့/ဂြိုဟ်တုစလောင်း |
ဌာနချုပ်များ | ဒီလီမြို့ ၊ အရှေ့တီမော |
ညီအစ်မရုပ်သံလိုင်း(များ) | RTP Internacional, Rede Globo, |
ဝက်ဘ်ဆိုဒ် | [၁] |
ရေဒီယို တီမော (အင်္ဂလိပ်: Radio Timor Leste အတိုကောက် : RTL) သည် RTTL ၏ လက်အောက် ရှိ အင်ဒိုနီးရှားဘာသာစကား(Tetun) နှင့် ပေါ်တူဂီ ဘာသာစကား (Portuguese) ဖြင့် ထုတ်လွှင့်နေသော ရေဒီယို လိုင်း တစ်ခုဖြစ်သည်။ ရေဒီယို တီမော သည် အစီအစဉ် (၃၄) ခုအား ဝန်ထမ်းအင်အား ၆၃ယောက် ဖြင့် တစ်နေ့လျှင် ၁၆ နာရီ ထုတ်လွှင့်နေသည်။
အရှေ့တီမော ရုပ်မြင်သံကြား(Televisão de Timor Lesteသို့မဟုတ် Televizaun Timor Lorosae (East Timor Television)၊အတိုကောက်: TVTL )သည် တီမော အသံနှင့် ရုပ်မြင်သံကြား လက်အောက်ရှိ ရုပ်မြင်သံကြား ဌာနခွဲ တစ်ခုဖြစ်သည်။ TVTL သည်ပထမဆုံး ရုပ်မြင်သံကြား ထုတ်လွှင့်မှု အဖြစ် ၁၉၇၈ခုနှစ် တွင် TVRI ၏ အရှေ့တီမော အသံလွှင့်ဌာနတစ်ခု အနေဖြင့် စတင်ခဲ့သည်။နောက်ပိုင်းတွင် TV UNTAET ဟူသော အမည်သို့ ပြောင်းလဲ သုံးစွဲခဲ့ပြီး ၂၀၀၂ခုနှစ် မေလ ၂၀ရက်နေ့တွင် ယခုလက်ရှိ အမည်ဖြစ်သော TVTL သို့ ပြောင်းလဲ ခဲ့သည်။
This article uses material from the Wikipedia မြန်မာဘာသာ article တီမော အသံနှင့်ရုပ်မြင်သံကြား, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.