ဆေးပညာမဟာသိပ္ပံဘွဲ့

ဆေးပညာမဟာသိပ္ပံဘွဲ့သည် ဆေးပညာဘွဲ့ရရှိပြီးသူများ အထူးကု အထူးပြုဘာသာရပ်များကို လေ့လာဆည်းပူးပြီးနောက် ကျွမ်းကျင်တတ်မြောက်သည့်အခါ ဆေးကျောင်းများမှ ပေးအပ်သော မဟာဘွဲ့ (Master's degree) အမျိုးအစားဖြစ်သည်။ မြန်မာနိုင်ငံတွင် အင်္ဂလိပ်ဘာသာဖြင့် Master of Medical Science (MMedSc) ဟု ခေါ်ကြသည်။ ဆေးပညာမဟာသိပ္ပံဘွဲ့ရရှိပြီးနောက် သက်ဆိုင်ရာအထူးကုဆရာဝန်ကြီးများ၏ ကြီးကြပ်မှုအောက်တွင် အနည်းဆုံး၂ နှစ်တာဝန်ထမ်းဆောင်ပြီးကြောင်း အထောက်အထားပြနိုင်သောဆရာဝန်များကို မြန်မာနိုင်ငံဆေးကောင်စီက အထူးဆေးကုသခွင့်လိုင်စင် ထုတ်ပေးသည်။

သမိုင်းကြောင်း

ဆေးတက္ကသိုလ် မန္တလေးတွင် ဇီဝကမ္မဗေဒ ဆေးပညာမဟာသိပ္ပံ ဘွဲ့လွန်သင်တန်းကို ၁၉၆၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ရာ မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ်များတွင် ပထမဆုံးဖွင့်လှစ်သော ဆေးပညာမဟာသိပ္ပံဘွဲ့လွန်သင်တန်းဖြစ်သည်။

ဆေးတက္ကသိုလ် (၁) ရန်ကုန်တွင် နှစ်အလိုက် စတင်ဖွင့်လှစ်ခဲ့သော ဆေးပညာမဟာသိပ္ပံသင်တန်းများ


ဆေးတက္ကသိုလ် (၂) ရန်ကုန်တွင် ၁၉၇၃ ခုနှစ်က ခန္ဓာဗေဒ နှင့် ဇီဝကမ္မဗေဒ ဆေးပညာမဟာသိပ္ပံဘွဲ့ သင်တန်းများကို စတင်ဖွင့်လှစ်ခဲ့သည်။


မြန်မာနိုင်ငံဆေးတက္ကသိုလ်များတွင် ဆေးပညာမဟာသိပ္ပံဘွဲ့ပေးသော အထူးပြုဘာသာရပ်များ

  1. ခန္ဓာဗေဒ
  2. ဇီဝကမ္မဗေဒ
  3. ဇီဝဓာတုဗေဒ
  4. ဆေးဝါးဗေဒ
  5. အဏုဇီဝဗေဒ
  6. ရောဂါဗေဒ
  7. ကာကွယ်ရေးနှင့် အပူပိုင်းဆေးပညာ
  8. ဥပဒေရေးရာဆေးပညာ
  9. နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ်ကုပညာ
  10. မေ့ဆေးပညာ
  11. ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးဆေးပညာ
  12. အရေပြားရောဂါပညာ
  13. မျက်စိရောဂါပညာ
  14. စိတ်ကျန်းမာပညာ
  15. အရေးပေါ်ကုသမှုဆေးပညာ
  16. ဆေးပညာ
  17. ခွဲစိတ်ကုပညာ
  18. သားဖွား မီးယပ်ပညာ
  19. ကလေးကျန်းမာပညာ
  20. ရင်ခေါင်းခွဲစိတ်ကုပညာ
  21. ကလေးခွဲစိတ်ကုပညာ
  22. ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုပညာ
  23. ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းခွဲစိတ်ကုပညာ
  24. နှလုံးနှင့်သွေးကြောခွဲစိတ်ကုပညာ
  25. အရိုးရောဂါပညာ
  26. ဓာတ်မှန်ပညာ
  27. ပြည်သူ့ကျန်းမာရေး
  28. ဆေးရုံအုပ်ချုပ်မှုနှင့် ကျန်းမာရေးစီမံခန့်ခွဲမှုပညာ
  29. ကင်ဆာရောဂါဆေးပညာ
  30. ဓာတ်ရောင်ခြည်ဆေးပညာ

ဘွဲ့ရပြီးသူ အရေအတွက်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတစ်ခုလုံးတွင် ၁၉၆၄ မှ ၂၀၁၉ အထိ ဆေးပညာမဟာသိပ္ပံဘွဲ့ရသူပေါင်း ၉၉၄၁ မွေးထုတ်ခဲ့သည်။ တပ်မတော်ဆေးတက္ကသိုလ်တွင် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပသော ၂၁ ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားအထိ ဆေးပညာမဟာသိပ္ပံဘွဲ့ရသူပေါင်း ၂၁၃၆ ဦး ရှိသည်။

ကိုးကား

Tags:

ဆေးပညာမဟာသိပ္ပံဘွဲ့ သမိုင်းကြောင်းဆေးပညာမဟာသိပ္ပံဘွဲ့ မြန်မာနိုင်ငံဆေးတက္ကသိုလ်များတွင် ပေးသော အထူးပြုဘာသာရပ်များဆေးပညာမဟာသိပ္ပံဘွဲ့ ဘွဲ့ရပြီးသူ အရေအတွက်ဆေးပညာမဟာသိပ္ပံဘွဲ့ ကိုးကားဆေးပညာမဟာသိပ္ပံဘွဲ့en:Master's degreeဆေးပညာဘွဲ့မြန်မာနိုင်ငံဆေးကောင်စီ

🔥 Trending searches on Wiki မြန်မာဘာသာ:

ကောင်းမှုတော်ဘုရားသက်ရှိကျောက်မဲမြို့နဂါးစိတ်ချရသော လိင်ဆက်ဆံမှုမဟော်သဓာသိပ္ပံပညာနိုင်ငံတော် သံဃမဟာနာယကအဖွဲ့အမေရိကန်ပြည်ထောင်စုဇော်ဂျီ (စာရေးဆရာ)မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနအိုင်ချင်းသင်္ဘောမြသလွန်ဘုရားမိန်းမ မျိုးပွားအင်္ဂါမွန်လူမျိုးပုဂံအမျိုးသားနေ့ပုညခင်တောင်ငူမြို့လောင်းကစားခြင်းဂျပန်ဘာသာစကားဒီမိုကရေစီမန်ကျည်းပန်းချီရဟန်းမိန်းမဝိနည်းများမြန်မာအဘိဓာန်ချေးပင်ပင်လယ်သေဇီဝဗေဒအပျိုမြှေးဦးနုဘူရိဒတ်လင်္ကာကြီးဘဒ္ဒကမ္ဘာမြန်မာနိုင်ငံရှိ နိုင်ငံခြား သံရုံးများကျွန်းနက်မြန်မာစာစတင်ဖြစ်ပေါ်လာပုံလေးချိုးပန်းဆယ်မျိုးရှင်သီဝလိဂါထာကြယ်တောက်တဲ့အင်းဝခေတ်သစ္စာလေးပါးမြန်မာပိတောက်ဓာရဏပရိတ်မော်လမြိုင်အင်္ဂုလိမာလသုတ်မင်္ဂလသုတ်သင်္ချာစီအက်စ်အမ်အေရန်ကုန်မြို့ရှိ ခရိုင်နှင့် မြို့နယ်များစာရင်းဘုန်းကြီးနှင့် ဘုန်းကြီးကျောင်းပင့်ကူမယ်နုအုတ်ကျောင်းအနတ္တလက္ခဏသုတ်ပါရာဇိကရခိုင်လူမျိုးမဟာသမယသုတ်အငဲပိတောက်ပန်း (ကဗျာ)သမုဒ္ဒရာလာအိုနိုင်ငံကိန်းဘီလီယံမင်းလူအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနလ (ကမ္ဘာရံဂြိုဟ်)စာရင်းအင်း ပညာဘောလုံးကစားခြင်းသိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနမြန်မာပြည် စာတိုက် သင်္ကေတများစစ်တွေမြို့ဂျပန်နိုင်ငံ🡆 More