ဆုံးရှုံးမှုအများဆုံးမြန်မာ့သဘာဝဘေးအန္တရာယ်များ

၁၉၀၀ ပြည့်နှစ်မှ ၂၀၁၁ ခုနှစ် အတွင်း မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော သဘာဝဘေးအန္တရာယ်များ အနက် ဆုံးရှုံးမှုအများဆုံးဖြစ်ပွားခဲ့သော သဘာဝဘေးအန္တရာယ် ၁၀ ခုစာရင်း ဖြစ်သည်။ အဆိုပါ သဘာဝ ဘေးအန္တရာယ် ၁၀ ခုတွင် မုန်တိုင်းက ဖြစ်စဉ် ရှစ်ခုဖြင့် အများဆုံးဖြစ်ပြီး ငလျင်တစ်ကြိမ်နှင့် ရေကြီးမှုတစ်ကြိမ်စီ ပါဝင်သည်။

ဆုံးရှုံးမှုအများဆုံး သဘာဝဘေးဖြစ်စဉ် ၁၀ ခု

စဉ် အမျိုးအစား ဖြစ်ပွားသည့်ရက် သေဆုံးသူဦးရေ
မုန်တိုင်း ၂၀၀၈ မေ ၁၃၈၃၆၆
မုန်တိုင်း ၁၉၂၆ မေ ၂၇၀၀
မုန်တိုင်း ၁၉၆၈ မေ ၁၀၇၀
မုန်တိုင်း ၁၉၃၆ ဧပြီ ၁၀၀၀
မုန်တိုင်း ၁၉၀၂ မေ ၆၀၀
ငလျင် ၁၉၃၀ မေ ၅၀၀
မုန်တိုင်း ၂၀၀၄ မေ ၂၃၆
မုန်တိုင်း ၁၉၇၅ မေ ၂၀၀
မုန်တိုင်း ၁၉၆၇ အောက်တိုဘာ ၁၇၈
၁၀ ရေကြီးမှု ၂၀၁၁ အောက်တိုဘာ ၁၀၆

စာရင်းထုတ်ပြန်သူ

အဆိုပါစာရင်းကို အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ နိုင်ငံတစ်ခုချင်းစီအလိုက် သတင်းအချက်အလက် များကို ထုတ်ပြန်ပေးနေသည့် International Disaster Database (emdat.be) တွင် ထုတ်ပြန်ထားခြင်း ဖြစ်သည်။

အခြေပြုအချက်အလက်များ

ဖော်ပြထားသည့် အချက်အလက်များသည် သဘာဝဘေးကြောင့် လူ ၁၀ ဦးနှင့် အထက်သေဆုံးမှု၊ လူ ၁၀၀ နှင့်အထက် သက်ရောက်ခံစား ရမှု၊ နိုင်ငံတကာမှ အကူအညီများ လက်ခံရမှု၊ နိုင်ငံတွင်အရေးပေါ် အခြေအနေအဖြစ် ထုတ်ပြန်ရမှု စသည်တို့ အပေါ်တွင် အခြေခံထားခြင်းဖြစ် သည်ဟု သိရှိရသည်။

သဘာဝဘေးဖြစ်စဉ်များ၏အဓိကအကြောင်းရင်းများ

မြန်မာနိုင်ငံ၌ ကြုံတွေ့လာရသော သဘာဝ ဘေးအန္တရာယ်များ၌ ရေကြီးမှုဖြစ်စဉ်မှာ အများဆုံးကြုံတွေ့လာရကြောင်း၊ သစ်ပင်သစ်တောများ ပြုန်းတီးလာမှု၊ မြေဆီလွှာပြုန်းတီး လာမှုတို့သည် မိုးသည်းထန်စွာ ရွာသွန်းမှုဖြစ်ပေါ်ချိန်တိုင်း ရေကြီး ရေလျှံမှုများကို အလွယ်တကူဖြစ်ပေါ် စေလာကြောင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များက သုံးသပ်ကြသည်။

မြန်မာနိုင်ငံသည် ယခုနှစ်များ အတွင်း ရာသီဥတုပြောင်းလဲမှုများ ကို ရင်ဆိုင်လာရကာ ၂၀၀၆ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း ခြောက်နှစ်ဆက်တိုက် မုန်တိုင်းဝင်ရောက်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးမှုများ ကြုံတွေ့ လာရခြင်းတို့ ရှိလာခဲ့ကြောင်း Eleven Media Group မှ ဆိုထားသည်။

ဆက်စပ်ကြည့်ရှုရန်

ကိုးကား

Tags:

ဆုံးရှုံးမှုအများဆုံးမြန်မာ့သဘာဝဘေးအန္တရာယ်များ ဆုံးရှုံးမှုအများဆုံး သဘာဝဘေးဖြစ်စဉ် ၁၀ ခုဆုံးရှုံးမှုအများဆုံးမြန်မာ့သဘာဝဘေးအန္တရာယ်များ စာရင်းထုတ်ပြန်သူဆုံးရှုံးမှုအများဆုံးမြန်မာ့သဘာဝဘေးအန္တရာယ်များ အခြေပြုအချက်အလက်များဆုံးရှုံးမှုအများဆုံးမြန်မာ့သဘာဝဘေးအန္တရာယ်များ သဘာဝဘေးဖြစ်စဉ်များ၏အဓိကအကြောင်းရင်းများဆုံးရှုံးမှုအများဆုံးမြန်မာ့သဘာဝဘေးအန္တရာယ်များ ဆက်စပ်ကြည့်ရှုရန်ဆုံးရှုံးမှုအများဆုံးမြန်မာ့သဘာဝဘေးအန္တရာယ်များ ကိုးကားဆုံးရှုံးမှုအများဆုံးမြန်မာ့သဘာဝဘေးအန္တရာယ်များ

🔥 Trending searches on Wiki မြန်မာဘာသာ:

ယောက်ျား အင်္ဂါတံစွမ်းအင် ဝန်ကြီးဌာနမြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေများဖက်ဒရယ်ပြည်ထောင်စုစနစ်ဗုဒ္ဓဘာသာအောင်လံမြို့သောတာပန်တြိဂံဒေသတိုင်းစစ်ဌာနချုပ်စစ်ပွဲဝိနည်းပဲခူးတိုင်းဒေသကြီးနို့မြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များကလာပ်စည်းမြန်မာနိုင်ငံ၏ အစိုးရဌာနဆိုင်ရာ ရာထူး အဆင့်များရိုဟင်ဂျာမင်္ဂလသုတ်မြန်မာနိုင်ငံ၏ သမ္မတဆားပုလင်းနှင်းမောင်အသုံးလုံးကမ္ဘာ့ကုလသမဂ္ဂနေ့ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်ဒူးရင်းသီးကော့ဘိန်းရွာ၊ ကော့ကရိတ်မြို့နယ်မျောက်၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းနှလုံးသွေးကြောကျဉ်းရောဂါအောင်ဆန်းမြန်မာနိုင်ငံ၏ အမည်များသင်္ကြန်မိုးထိုင်းနိုင်ငံရာသီအလိုက်ပွင့်သောပန်းများမြစ်ကြီးနားမြို့ဂျပန်သမိုင်းနေဝင်း (ဗိုလ်ချုပ်ကြီး)မြစ်ကြီးနားမြို့နယ်လိပ်ပရိတ်ကြီး ၁၁ သုတ်လိင်ဆက်ဆံခြင်းမြန်မာနိုင်ငံရှိ မြို့နယ်များမင်းတုန်းမင်းခန္ဓသုတ်တတိယ အင်္ဂလိပ် - မြန်မာစစ်သခွတ်ပင်နက္ခတ် ၂၇ လုံးအားအပူချိန်လမ်းမတော်ဖိုးတုတ်ဝန်သဇင်ပန်းကြွက်နို့ပိုပေါ့စကောကရင်ဘာသာစကားဩစတြေးလျတိုက်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အနေကဇာတင်ခြင်းသာယာဝတီမင်းမြန်မာနိုင်ငံတော်ဗဟိုဘဏ်မြန်မာစာစတင်ဖြစ်ပေါ်လာပုံဆင်ဖြူရှင်မင်းကဗျာလင်္ကာရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မဂ္ဂင် ၈ ပါးကာဇက်စတန်နိုင်ငံဗေဒင်လာအိုနိုင်ငံတိုကျိုမြို့မြင့်မြတ်မြန်မာနိုင်ငံ၏ အလံတော်ဆီးချိုရောဂါလက္ခဏာများမဲဆောက်မြို့အသံ🡆 More