စိုင်းခမ်းသီ

စိုင်းခမ်းသီသည် မြန်မာနိုင်ငံသား၊ ရှမ်းလူမျိုး တေးရေးဆရာ၊ အဆိုတော်တစ်ယောက်ဖြစ်သည်။ တေးပြုစာဆိုဒေါက်တာစိုင်းခမ်းလိတ်၏ညီငယ်ဖြစ်သည်။ သဘာဝရဲ့ရင်သွေးငယ်များ (The Wild Ones)၏ အစောဆုံးအဖွဲ့ဝင်တစ်ဦးဖြစ်သည်။ တီးဝိုင်း၏အစောပိုင်းခုနှစ်များတွင် ဒရမ်တီးခတ်သည်။ ၁၉၇၆ ခုနှစ်ခန့်တွင်ထွက်ရှိလာခဲ့သော စိုင်းထီးဆိုင်၏ နန်းခမ်းနွဲ့အတွက်သီချင်းတစ်ပုဒ် တေးစီးရီးတွင် စိုင်းခမ်းလိတ်ရေးစပ်သော အပြာရောင်မျက်ရည် သီချင်းဖြင့်ဂီတလောကတွင်နေရာတစ်ခုရယူနိုင်ခဲ့ပြီး စိုင်းခမ်းသီ(အပြာရောင်မျက်ရည်) ဟုပင်နာမည်ကြီးခဲ့သည်။ ကြားလူဖျက်လို့ပျက်မှာစိုး၊ မင်းဝမ်းသာတော့ ဟူသောတေးစီးရီးများကိုလည်းထုတ်လုပ်ခဲ့သည်။ စိုင်းထီးဆိုင်၏အစောပိုင်း တေးစုများတွင်လည်း စောသိမ်းဝင်း(the wild ones) နှင့်အတူ ပါဝင်သီဆိုအားဖြည့်လေ့ရှိသည်။

ကျောင်းဆရာအလုပ်ကိုလည်းလုပ်ကိုင်ခဲ့သည်။

စိုင်းခမ်းသီ သည် စောဂျက်ဆင် (ခ) ဂျက်ဆင်သန်းဖေ  (The Wild Ones) နှင့်အတူ မန္တလေးတက္ကသိုလ်တွင် စိုက်ပျိုးရေးမေဂျာ ကိုသင်ယူခဲ့သည်။ စာပေကိုပုံမှန်ထူးချွန်သူတစ်ဦးဖြစ်သော်လည်း ဂီတဘက်သို့အလေးပေးလွန်းသဖြင့် ပထမနှစ်ကျခဲ့သည်။

စိုင်းခမ်းသီသည် စောဂျက်ဆင်၊ စောဂျော်နီ၊ သူငယ်ချင်းတစ်စုနှင့်အတူ ၁၉၇၂ ခုနှစ်တွင် Highlenders တီးဝိုင်းကို ဖွဲ့စည်းခဲ့သည်။ စော်ဂျော်နီက ဘေ့စ်ဂီတာ၊ စောဂျက်ဆင်က လိဒ်ဂစ်တာ၊ ခမ်းသီက ဒရမ် တီးခတ်ခဲ့သည်။ ၁၉၇၃ ခုနှစ်တွင် စိုင်းခမ်းလိတ်၊ စိုင်းထီးဆိုင်၊ စောသိမ်းဝင်း၊ ခွန်မျိုးလွင် တို့သူငယ်ချင်းတစ်စု၏ The Outsiders တီးဝိုင်းနှင့် The Highlanders တီးဝိုင်း ပေါင်းဖွဲ့ကာ The Wild Ones ၊ သဘာဝရဲ့ရင်သွေးငယ်များ တီးဝိုင်းကို ဖွဲ့စည်းခဲ့သည်။ တီးဝိုင်းအမည်ကို စိုင်းခမ်းလိတ်မှပေးထားခြင်းဖြစ်ပြီး အနက်မှာ "သဘာဝလောကထဲ၌ ရောင့်ရဲတင်းတိမ်မှုကိုရယူလိုကြသော လူငယ်များ" ဖြစ်သည်။

စိုင်းခမ်းသီသည် The Wild Ones တေးဂီတအဖွဲ့အား နိုင်ငံကျော်တီးဝိုင်းအဖြစ်သို့ တွန်းပို့ပေးခဲ့သည့် ပျောက်ဆုံးသောနိဗ္ဗာန်ဘုံ (သို့) မန္တလေးရောက်ရှမ်းတစ်ယာက် တေးစီးရီးတွင်ပါဝင်သီဆိုခြင်းမှအစပြု၍ နိုင်ငံကျော်အဆိုတော်အဖြစ်သို့ရောက်ရှိခဲ့သည်။

နေရာတိုင်းမှာ၊ ချစ်ကေ့စ်(ဆရာမ)၊ ညှာတာပါဆောင်း၊ အညာနွေ၊ အပြာရောင်မျက်ရည်၊ နမ်းခမ်းနွဲ့အတွက်သီချင်းတစ်ပုဒ်၊ သန်းခေါင်ထက်နက်တဲ့ည၊ ချစ်သူလမ်းကြား၊ ကြားလူဖျက်လို့ပျက်မှာစိုး စသည့် ထင်ရှားသောသီချင်းများစွာကို‌‌ သီဆိုခဲ့သည်။ မောင့်အရိုင်းပန်း၊ သွန်းမျက်ရည်မိုး၊ အစားထိုးမရတဲ့ဆုံးရှုံးမှု၊ ဥတ္တရလေ စသည်ဖြင့်နာမည်ကြီးသီချင်းပေါင်းများစွာကိုရေးစပ်ခဲ့သူဖြစ်သည်။

၁၉၈၄ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံ၌ ကွယ်လွန်သည်။ ကွယ်လွန်ပြီးနောက်ပိုင်းတွင် သူရေးစပ်ခဲ့သောသီချင်းများ၊ သူ၏နာမည်ကျော်သီချင်းများကို စုစည်း၌ သူငယ်ချင်းဖြစ်သူ စိုင်းထီးဆိုင်မှ မောင့်အရိုင်းပန်း အမည်ရှိ စိုင်းခမ်းသီအမှတ်တရတေးစုကို ထုတ်လွှင့်ခဲ့သည်။

ကိုးကား

Tags:

စိုင်းခမ်းလိတ်စိုင်းထီးဆိုင်ရှမ်းလူမျိုး

🔥 Trending searches on Wiki မြန်မာဘာသာ:

အိမ်စောင့်အစိုးရ (၂၀၂၁)အင်းဝခေတ်စိတ်ပညာငါးမျိုးစိတ်များ စာရင်းဝိဘတ်အင်းလေးကန်ရေမွန်စိုးလွင်လွင်မြင်းခြံမြို့နန္ဒမာလာဘိဝံသပျူမြို့ပြနိုင်ငံများမိုးကုတ်ဆရာတော်မြို့မငြိမ်းမြန်မာသင်ပုန်းကြီးကြာသမ္ဗုဒ္ဓေမြန်မာစာစတင်ဖြစ်ပေါ်လာပုံဆဒ္ဒန်ဆင်မင်းဝန်မင်္ဂလသုတ်နပိုလီယန်ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများစတုမဟာရာဇ်နတ်မင်းကြီးလေးပါးအင်္ဂလိပ်ဘာသာစကားချင်းလူမျိုးရုရှားနိုင်ငံနီပေါနိုင်ငံသက္ကာယဒိဋ္ဌိပဲခူးမြို့အီဂျစ်နိုင်ငံကုမာရာဘိဝံသ (ဗန်းမော်ဆရာတော်)ရန်ကုန်တိုင်းဒေသကြီးပြင်သစ်နိုင်ငံတရုတ်သမိုင်းနတ် (ဝိညာဉ်)ခုနစ်နေ့ဘုရားရှိခိုးစကားပုံမြန်မာဝီကီပီးဒီးယားဒိဋ္ဌိဗိဿနိုးနတ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရတုပုညခင်ရေနံရာဝဏကင်ဆာရောဂါပြင်ဦးလွင်မြို့ကရေသည်ပြဇာတ်အရက်စက္ကူပန်းသင်္ဂဟ၊ ဘွဲ့၊ တံဆိပ်၊ဘုရား (ဗုဒ္ဓဘာသာ)ဘဒ္ဒကမ္ဘာပလူတိုနန်းလုံးကြိုင်နွေရာသီမဟာရဋ္ဌသာရ၊ သျှင်သိပ္ပံပညာသာမဏေကြေးမုံ သတင်းစာမြန်မာနိုင်ငံရှိ သဘာဝ ထိန်းသိမ်းရေး နယ်မြေများဂျူးဘာသာထန်းလျက်ဖားမြန်မာနိုင်ငံ သစ်တောများမိုးဟေကိုဧရာဝတီမြစ်ဂျပန်ဘာသာစကားမြန်မာနိုင်ငံရှိ မြို့များဗုဒ္ဓဟူးဂြိုဟ်မန်ကျည်းရွှေဥဒေါင်းသမ္မာကျမ်းစာတက္ကသိုလ်ဘုန်းနိုင်ရန်ကုန်ခေတ်သစ် မီဒီယာ🡆 More