ဂိုဏ်းသင့်မည်စိုး

ဂိုဏ်းသင့်မည်စိုး ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ

မောင်ဉာဏ်ကျယ် စာချိုးမှားသည်ကို ပြဆိုသော သံချိုကဗျာ ဖြစ်သည်။

ဂိုဏ်းသင့်မည်စိုး

နန်းတည်ထောင် မန်းပြည် ကနက်တွင်မှ၊ စည်နှက်ခါ ပဟိုရ်သံနှင့် နတ်ရွာစံ ဓာတသမ္ဘာကြီးလှတဲ့၊ ရာထီးပိုင် ဧကရာဇ်ဩ၊ သွေးရင်နှစ်ရွှေလင်းခံ။

ရွှေယွန်းပေါင်ပြောင် စတန်းငယ်နှင့်၊ တောင်နန်းလျာမှန်းကာထားသူက၊ ရွှေနားတော်ဆင်ရန်ဘို့၊ သဘင်ဉာဏ် ပညာကောင်းလှတဲ့၊ ရွာမောင်းထောင် ကျွန်တယောက်ကဲ့ကို၊ ရွေးကောက်ခဲ့ပြန်။

ပထမကျော် စာတော်ပြန်သည့်၊ ရွှေနန်းဘုရာင်သမုနှင့်၊ ဆင်ဖြူရှင်မယ်တော်ကြီး၏၊ သ္မီးတော်မဟေသီမို့၊ ဒေဝီစုံရွှေညီခရ၊ ဇီဝနာမ်မကွယ်လို့သာပ၊ ဆံပယ်ကာ ရန်စွယ်ကင်းစေတော့၊ စလင်းသခင် ပိတ်ဖြူအုပ်ကယ်နှင့်၊ ဘိက္ခူလုပ်၍နေရှာပြန်၊ ဇာတာကံကုန်ညှိုး။

ကုလဝံသာဘိံနှင့်၊ ဇာတိမှန်ဆွေတော်ရင်းကိုမှ၊ စလင်းငယ်သူပုန်မငယ်လို့၊ ကြံရရှာ ဆိုကာချိုးဝံ့ပေ့၊ မဟာမျိုးနွယ်ဟူသမျှတို့၊ မူလအခြေကို မျှော်လိုကရင်၊ ရဝေပျော် ဆွေတော်မျိုးမဟာတို့၊ မျှော်ကိုးကာညှာမလင့်ပြီဘူ့၊ မင်းလိုလူစသင်းဆိုလိုချက် ဖွင့်ရက်ပေ့၊ နှိုင်းစာနာ တိုင်းထွာမချင့်သူမို့၊ ဂိုဏ်းသင့်မှာစိုး။

ခက်ဆစ်

၁။ မန်းပြည်ကနက် = အနက္ကဒဏ် ထီးဖြူ လွှင့်ထူထားသော မန္တလေး နေပြည်တော်။

၂။ ဓာတ်သမ္ဘာ = ပါရမီ အဆောက်အဦ ဖြစ်သော မူလဓာတ်ခံ။

၃။ ဘုရင်သမု = သမုတိဘုရင်။

၄။ ဇီဝနာမ် = အသက်နာမ်တရား။

၅။ ကုလဝံသာဘိ = လွန်ကဲမြင့်မြတ်သော အမျိုးအနွယ်။

မှတ်ချက်

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား

Tags:

ဂိုဏ်းသင့်မည်စိုး အကြောင်းအရာဂိုဏ်းသင့်မည်စိုး ဂိုဏ်းသင့်မည်စိုး ခက်ဆစ်ဂိုဏ်းသင့်မည်စိုး မှတ်ချက်ဂိုဏ်းသင့်မည်စိုး ကိုးကားဂိုဏ်းသင့်မည်စိုးကျော်လှ၊ ဦး(မောင်းထောင်)သံချို

🔥 Trending searches on Wiki မြန်မာဘာသာ:

ဗေဒင်စိတ်ချရသော လိင်ဆက်ဆံမှုအမှတ်(၂၂)ခြေမြန်တပ်မဌာနချုပ်ဓမ္မရံကြီးဘုရားအောင်လဖေ့စ်ဘွတ်ခ်ခင်ပွန်းကြီးဆယ်ပါးကန်တော်ကြီး(ရန်ကုန်)ရှစ်လေးလုံးအရေးအခင်းမြန်မာတိုင်းရင်းသားမျိုးနွယ်များအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နိဝရဏတရားငါးပါးသောတာပန်မြန်မာနိုင်ငံ၏ သမ္မတများ စာရင်းသျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီကုန်းဘောင်ခေတ်မြန်မာနိုင်ငံ၏ ပထဝီဝင်မြန်မာနိုင်ငံရှိ ပွဲတော်များမြန်မာနိုင်ငံရှိတက္ကသိုလ်ကောလိပ်များပြည်ထောင်စုနေ့ကိန်းပလေးတိုးဆူးပုပ်ကြီးကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ပြည်ထဲရေး ဝန်ကြီးဌာနစောမောင် (ဗိုလ်ချုပ်မှူးကြီး)လွှမ်းပိုင်မဟတ္တမ ဂန္ဒီဂျပန်နိုင်ငံအရှေ့တောင်အာရှ ကျွန်းဆွယ်ဒေသသဇင်ပန်းတရုတ်စံကားမဟာဘူတကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေးကောင်စီ)မော်လမြိုင်မြို့ပရိမိတ္တဇာလသုတ်အယ်လ်နီညိုဝါကျရေဘီလူးမုန့်လုံးရေပေါ်မြန်မာနိုင်ငံမာရဝိဇယဗုဒ္ဓရုပ်ပွားတော်မဲဆောက်မြို့ပထဝီဝင်စမူဆာလင်ခန်းမယားခန်း ပြတ်စဲခြင်းသျှင်မဟာ သီလဝံသကောသလမင်း အိပ်မက် (၁၆)ချက်ဖျားနာခြင်းဘကြီးတော်(စစ်ကိုင်းမင်း)ကိုကိုးကျွန်းဧဝရတ်တောင်ရွှေဘိုမြို့လယ်တွင်းသား စောချစ်မြန်မာနိုင်ငံ၏ အမည်များလွတ်လပ်ရေးကြေညာစာတမ်းမြန်မာနိုင်ငံ၏ ရပ်ကွက်များရွှေသိမ်တော်ဘုရား (ကျောက်ဆည်)လျှပ်စစ်ဓာတ်အားကိုလိုနီခေတ်အစ္စရေးနိုင်ငံပုဂံခေတ်အာဆီယံထိပ်သီးအစည်းအဝေးမြန်မာနိုင်ငံ၏ စီးပွားရေးကြာနီကန်ဆရာတော်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌမြန်မာ့စွယ်စုံကျမ်းဆီးချိုရောဂါအစ္စလာမ်ဘာသာပြေတီဦးဒေသကွပ်ကဲမှုစစ်ဌာနချုပ်ကမ္ဘာဂြိုဟ်ဝ လူမျိုးပအိုဝ်းလူမျိုး🡆 More