ဒေါက်တာခင်မောင်ဝင်း (၂၃ အောက်တိုဘာ ၁၉၄၀–၃ ဩဂုတ် ၂၀၂၁)သည် ဦးခင်မောင်လတ်နှင့် ဒေါ်ခင်မျိုးချစ်တို့၏ တစ်ဦးတည်းသော သား ဖြစ်သည်။ ၁၉၄ဝ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားသည်။
ဒေါက်တာခင်မောင်ဝင်း | |
---|---|
မွေးဖွား | ခင်မောင်ဝင်း အောက်တိုဘာ ၂၃၊ ၁၉၄၀ ရန်ကုန်မြို့ |
ကွယ်လွန် | ဩဂုတ် ၃၊ ၂၀၂၁ | (အသက် ၈၀)
နိုင်ငံလူမျိုး | မြန်မာနိုင်ငံ |
ပညာရေး | မဟာဝိဇ္ဖာ (သင်္ချာ) (ရန်ကုန်တက္ကသိုလ်)၊ ပါရဂူဘွဲ့ (ကွန်းတက္ကသိုလ်) ပြင်သစ်နိုင်ငံ |
အလုပ်အကိုင် | သင်္ချာ ပါမောက္ခ၊ ရန်ကုန်တက္ကသိုလ် |
ကျော်ကြားမှုအရင်းခံ | စာရေးဆရာ |
အိမ်ထောင်ဖက်(များ) | တက္ကသိုလ်ရွှေရီဝင်း |
သားသမီး | အမွှာမောင်နှမ မောင်ရစ်နှင့် ဂျူနီယာဝင်း |
မိဘ(များ) | ဦးခင်မောင်လတ် + ဒေါ်ခင်မျိုးချစ် |
၁၉၅၆ ခုနှစ်တွင် ကမာရွတ်မြို့နယ်၊ ဝဂ္ဂီကျောင်းတွင် ဆယ်တန်းအောင်သည်။ ၁၉၆ဝ ခုနှစ်တွင် သင်္ချာအထွေထွေဂုဏ်ထူး BA (Gen.Hons) ဘွဲ့ကို ရရှိခဲ့သည်။ ၁၉၆၆ တွင် ရန်ကုန်တက္ကသိုလ်မှ မဟာဝိဇ္ဖာ (သင်္ချာ) MA (Maths) ဘွဲ့ကို ရရှိခဲ့သည်။ ၁၉၇ဝ တွင် ပြင်သစ်နိုင်ငံ Caen (ကွန်း) တက္ကသိုလ်မှ ပါရဂူဘွဲ့ Phd ရရှိခဲ့သည်။
၁၉၆၇ ခုနှစ်တွင် တက္ကသိုလ်ရွှေရီဝင်းနှင့် အိမ်ထောင်ကျပြီး သားနှင့်သမီး အမွှာမောင်နှမ မောင်ရစ်နှင့် ဂျူနီယာဝင်း တို့ရရှိခဲ့သည်။
၁၉၈၇-၈၈ ခုနှစ်တွင် Working people Daily သတင်းစာတွင် အင်္ဂလိပ်လို ဆောင်းပါးများကို တစ်ပတ်ကို ၂ ကြိမ်ခန့် ရေးသားခဲ့သည်။ ၁၉၉ဝ နောက်ပိုင်းတွင် အတွေးအမြင်တွင် ဆောင်းပါးများ ရေးသားခဲ့သည်။ နောက်ပိုင်းတွင် စတိုင်သစ်၊ ပိတောက်ပွင့်သစ်၊ ချယ်ရီ မဂ္ဂဇင်းများတွင် ဆောင်းပါးများ အလျင်းသင့်သလို ရေးသားခဲ့သည်။
ရန်ကုန်တက္ကသိုလ် သင်္ချာဌာနတွင် ၁၉၆၁ မှစတင်၍ အမူထမ်းခဲ့သည်။ ၎င်းနောက် စီးပွားရေးတက္ကသိုလ်၊ ရန်ကုန် (၁၉၆၆-၁၉၇၄)၊ ပုသိမ်ဒီဂရီကောလိပ် (၁၉၇၄-၇၆)၊ တက္ကသိုလ်စာပေးစာယူသင်တန်းဌာန (အဝေးသင်တက္ကသိုလ်) ရန်ကုန် (၁၉၇၇-၁၉၉၁) တို့တွင် အမှုထမ်းခဲ့သည်။ တက္ကသိုလ် စာပေးစာယူ သင်တန်းတွင် အမှုထမ်းနေစဉ် အတွင်း ၁၉၈ဝ ခုနှစ်တွင် အင်္ဂလန်နိုင်ငံရှိ Open University တွင် စာပေးစာယူသင်တန်း တက်ရောက်ခဲ့သည်။ ၁၉၉၁ တွင် ရန်ကုန်တက္ကသိုလ် သင်္ချာဌာနတွင် အမှုထမ်းခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် ၃ လသာ ရန်ကုန်တက္ကသိုလ် သင်္ချာပါမောက္ခရာထူး ဆက်ခံခဲ့ပြီး အနားယူခဲ့သည်။
၂၀၂၁ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။
The Light Of English တွင် အင်္ဂလိပ်စာဆောင်းပါးများ၊ English For All တွင် တက္ကသိုလ်ရွှေရီဝင်းနှင့် တွဲ၍ ဒေါ်ခင်မျိုးချစ် ရေးသားခဲ့သော Wonderland Of Burmese Legends ဘာသာပြန်ဆောင်းပါးများ လစဉ်ရေးသားသည်။
This article uses material from the Wikipedia မြန်မာဘာသာ article ခင်မောင်ဝင်း (သင်္ချာ), which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.