ကချင်ပြည်နယ်နေ့

၁၉၄၈ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော်သည် ဗြိတိသျှအစိုးရအုပ်ချုပ်ခဲ့သည့် လက်အောက်မှ လွတ်လပ်ရေးရရှိခဲ့ပြီး နောက်ထပ် ၆ ရက်အကြာ ဇန်နဝါရီလ (၁၀) ရက်နေ့ကို ကချင်ပြည်နယ်နေ့ သတ်မှတ်ပေးလိုက်သည်။

ထိုနေ့တွင် မြစ်ကြီးနားမြို့၊ စီတာပူမနောကွင်း၌ နံနက် ၈ နာရီတွင် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော သမ္မတကြီး စဝ်ရွှေသိုက်ကိုယ်တိုင်တက်ရောက်၍ မနော မဏ္ဍပ်ကြီးဖွင့်လှစ်ကာ ပထမဆုံးသော ကချင်ပြည်နယ်၏ ပြည်နယ်ကောင်စီကို စတင်ဖွဲ့စည်းခဲ့သည်။

အဆိုပါ ပြည်နယ်ကောင်စီ အစည်းအဝေး၌ ဦးဆမားဒူးဝါး ဆင်ဝါးနောင်အား ကချင်ပြည်နယ်၏ ပထမဆုံးသော ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်လျက် နိုင်ငံတော်သမ္မတ၏ ရှေ့မှောက်တွင်ပင် ကျမ်းသစ္စာ ကျိန်ဆိုစေခဲ့သည်။ ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေကျမ်းကို ကချင်ပြည်နယ်၏ ဥက္ကဋ္ဌသစ်ဖြစ်သော ဦးဆမားဒူဝါဆင်ဝါးနောင်၏ လက်သို့ နိုင်ငံတော် သမ္မတကြီးမှ အပ်နှံပေးခဲ့သည်။

ထို့ပြင် ကချင်ပြည်နယ် အစိုးရကိုလည်း ထိုနေ့တွင်ပင် ဖွဲ့စည်းလျက် ဇန်နဝါရီလ (၁၀) ရက်နေ့ကို “ကချင်ပြည်နယ်နေ့” ဟူ၍ သတ်မှတ် အတည်ပြုထားခဲ့ခြင်းဖြစ် သည်။ ထိုနေ့မှစ၍ နှစ်စဉ် ဇန်နဝါရီ (၁၀) ရက်နေ့ ရောက်တိုင်း ပြည်နယ်အစိုးရမှ ကြီးမှူး၍ မြစ်ကြီးနား၊ စီတာပူမနောကွင်းကြီးတွင် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ကချင်ရိုးရာ မနောပွဲတော်ကြီးကို ကျင်းပလေ့ရှိခဲ့ကြသည်။

ဤကဲ့သို့ ဖြစ်ပေါ်လာသော ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မနောပွဲတော်သည် ၁၉၆၂ ခုနှစ် တော်လှန်ရေးအစိုးရ တက်လာသည့်အချိန်မှ စပြီး၊ ခေတ်ကာလတစ်ခု မှေးမှိန်သွားခဲ့လေသည်။ ၁၉၉၃ ခုနှစ် ပြည်တွင်းငြိမ်းချမ်းရေးရခါစ တစ်ဖန် ကချင်ပြည်နယ်နေ့မနောပွဲတော်ကြီးအား ပြန်လည် ကျင်းပလာခဲ့ကြသည်။ သို့သော်အကြောင်းအမျိုးမျိုးကြောင့် နှစ်စဉ် ကျင်းပနိုင်ခွင့်မရှိခဲ့ပေ။ ၂၀၀၅ ခုနှစ်မှစ၍သာ ကချင်ပြည်နယ်နေ့ မနောပွဲတော်ကြီးအား နှစ်စဉ်ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။

ယခုနှစ်ကျရောက်မည့် ကချင်ပြည်နယ်နေ့သည့် ၆၃ ကြိမ်မြောက် ကချင်ပြည်နယ်နေ့ မနောပွဲတော် အထိမ်းအမှတ်နေ့ဖြစ်သည်။ မြန်မာစစ်အစိုးရ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တိုင်းမှူး ဗိုလ်မှူးချုပ် ဇေယျာအောင်မှ ဦးဆောင်ကာ မနောပွဲတော်အား ကျင်းပနေခြင်းဖြစ်သည်။

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

Bitlyမြင်းစီးခြင်းမဲဆောက်မြို့သမာဓိမြွေထိုင်းလူမျိုးသဇင်ပန်းဂျောင်ဂျောင်ကုရာသီဥတုကုန်းဘောင်မင်းဆက်မဂ္ဂသစ္စာတပ်မတော်အက်ဥပဒေများလောကဓံဗဒင်ရေးမြို့မြန်မာဝီကီပီးဒီးယားပဲခူးတိုင်းဒေသကြီးပထမ အင်္ဂလိပ် - မြန်မာစစ်ဝမ်လောင်ချယ်ရွာ၊ မိုင်းခတ်မြို့နယ်ယောက်ျား အင်္ဂါတံဓဇဂ္ဂသုတ်ဇုစ်နတ်မင်းကြီးမဟာဓမ္မရာဇာဓိပတိဘုရားပင့်နယ်သာလန်နိုင်ငံသနပ်ခါးသီဟိုဠ်သရက်ပင်ဘီတီအက်စ်အရှေ့တောင်အာရှနိုင်ငံများအသင်းမကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အောင်ခြင်း ၈ ပါးဝ လူမျိုးအသည်းရောင် အသားဝါ ရောဂါ စီပိုးဉာဏ်ရည်တုရွှေဝါရောင် တော်လှန်ရေးဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်စောမွန်လှတနင်္သာရီတိုင်းဒေသကြီးသွေးလွန်တုပ်ကွေးမြန်မာပြည် စာတိုက် သင်္ကေတများကြက်တိုက်ခြင်းရာသီအလိုက်ပွင့်သောပန်းများပုသိမ်မြို့မြန်မာနိုင်ငံ၏ သမ္မတလမ်းမတော်ဖိုးတုတ်ပညာရေးဝန်ကြီးဌာနနေတိုး (ရုပ်ရှင်သရုပ်ဆောင်)ကိုကိုးကျွန်းမျက်မှန်စုံသာြမိုင်ရွာ၊ ကလေးမြို့နယ်ကင်ဆာရောဂါအင်္ဂလန်နိုင်ငံမြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေများမင်းတုန်းမင်းလွှမ်းပိုင်ရှောက်ပင်မိုးကုတ်ဆရာတော်တနင်္ဂနွေအလောင်းမင်းတရားသီရိလင်္ကာနိုင်ငံအမေနေ့နှလုံးသွေးကြောကျဉ်းရောဂါပဲခူးမြို့ကဆုန်လပြည့် ဗုဒ္ဓနေ့မြန်မာပိတောက်မြန်မာ ကာတွန်းရုပ်ရှင်လောကမာရ်အောင်စေတီတာမွေမြို့နယ်မြန်မာကဗျာ ကာရန်ယူနည်းများမင်းကွန်းတိပိဋကဆရာတော်ပရိမိတ္တဇာလသုတ်စစ်ကိုင်းတိုင်းဒေသကြီးသရဏဂုံအလောင်းစည်သူအိချောပိုမန္တလေးမြို့မြန်မာနိုင်ငံရှိ မြို့များရခိုင်ရိုးမ🡆 More