ဧဘရာဟင် ရိုင်စီ

ဆေရပ် ဧဘရာဟင် ရေဆို့ ဆာဒတိ (ပါရှန်း: سید ابراهیم رئیس‌الساداتی‎‎ ၊ ၁၉၆၀ ဒီဇင်ဘာ ၁၄ ဖွား) သည် ဧဘရာဟင် ရိုင်စီ (ပါရှန်း: سید ابراهیم رئیس‌‎ အသံထွက် (ကူညီ·ချက်လက်)) ဟု လူသိများပြီး ဣရန်ရှေးရိုးစွဲနှင့်စာအုပ်ကြီးဝါဒီ နိုင်ငံရေးသမား ဖြစ်သည်။ (ဆေရပ်မှာ တမန်တော်မိုဟာမက်အနွယ်မှ ဆင်းသက်သူကို ဂုဏ်ပြုခေါ်ဝေါ်သောစကားဖြစ်သည်။ အမည်တွင် ပါသည်မဟုတ်။) မုဉ္ဇလင်ဂျူရီလူကြီးနှင့် သမ္မတရွေးကောက်ခံသူဖြစ်ပြီး ၂၀၂၁ ခု၊ အီရန်နိုင်ငံ သမ္မတရွေးကောက်ပွဲ၌ပါဝင်ကာ သမ္မတအဖြစ် အရွေးခံရသည်။

ဤစီသည် အီရန်၏ တရားရေးစနစ်တွင် နေရာစုံမှ တာဝန်ထမ်းဖူးသည်။ ၂၀၀၄-၂၀၁၄ ကာလ၌ လက်ထောက်တရားသူကြီးချုပ်၊ ၂၀၁၄-၁၆ တွင် ရှေ့နေချုပ်၊ ၂၀၁၉ မှသည် ရွေးကောက်ပွဲမဝင်မီအထိ တရားသူကြီးချုပ်အဖြစ် လုပ်ကိုင်ခြင်းတည်း။ ၁၉၈၀-၉၀ ကာလများ၌ လက်ထောက်အစိုးရရှေ့နေ၊ အစိုးရရှေ့နေရာထူးများဖြင့် တီဟီရန်တွင် တာဝန်ကျစဉ်က ထောင်ချီသော နိုင်ငံရေးလှုပ်ရှားသူတို့ကို ပြစ်ဒဏ်ကျအောင် စွမ်းဆောင်သည်။ အစ္စတန်ကွတ်ရဇဗီအမည်ရှိ မုဉ္ဇလင်အလှူငွေစီမံရေးအဖွဲ့၏ ဥက္ကဋ္ဌနှင့် အုပ်ထိန်းသူအဖြစ် ၂၀၁၆ မှ ၂၀၁၉ မတိုင်မီအထိ တာဝန်ယူသည်။ ၂၀၀၆ ခုတွင် စအရွေးခံရပြီး ခိုရဆန် (တောင်ပိုင်း) ပြည်နယ်၏ ကျွမ်းကျင်ပညာရှင်များအစည်းအဝေးမှ အဖွဲ့ဝင်ဖြစ်လာသည်။ အီမန်ရေဇာဗလီ မက်ရှဟတ်သောကြာနေ့ဆုတောင်းပွဲခေါင်းဆောင် မဟာအီမန်ရှင် အာမတ်အလ္လာမိုဟိုဒါ၏ မွေးစားသားလည်း ဖြစ်သည်။

၂၀၁၇ ခုတွင် အစ္စလာမ္မစ်တော်လှန်ရေးအင်အားစုများ၏လူထုမျက်နှာစာ အမည်ရှိ ရှေးရိုးစွဲပါတီမှနေ၍ သမ္မတအရွေးခံသည်။ သဘောထားပျော့ပျောင်းသော ဟာဆန်ရဟူနီကို ၅၇% - ၃၈.၃% ဖြင့် ရှုံးသည်။ ၁၉၈၈ ခု၌ ထောင်ဂဏန်းမျှရှိသော နိုင်ငံရေးအကျဉ်းသားများကို စီရင်ချက်ပေးသည့် ပြစ်ဒဏ်ချမှတ်ရေး လေးဦးကော်မတီ၌ ပါဝင်ခဲ့သည်။ သေမိန့်ချသည်က များသဖြင့် တောင်ပိုင်းမီဒီယာများနှင့် အစိုးရအတိုက်အခံတို့က သေမိန့်ကော်မတီဟု အမည်တပ်ကြသည်။ အမေရိကန်၏ နိုင်ငံရပ်ခြားစည်းစိမ်ထိန်းချုပ်ရေးရုံးမှ အမိန့်စာအမှတ် ၁၃၈၇၆ ဖြင့် ဤစီကို စီးပွားရေးပိတ်ဆို့မှု လုပ်ထားသည်။ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့များနှင့် ကုလသမဂ္ဂအထူးကိုယ်စားလှယ်တို့က သူ့ကို လူ့အခွင့်အရေးချိုးဖေါက်သူအဖြစ် စွပ်စွဲကြသည်။ ဒုတိယအကြိမ်ဝင်ပြိုင်သည့် ၂၀၂၁ ရွေးကောက်ပွဲတွင် မဲ ၆၁.၉% ရကာ သမ္မတသက် စေ့ပြီဖြစ်သော ဟာဆန်ရဟူနီနေရာကို ဆက်ခံသည်။

Tags:

Fa-ir-raisi (1).oggပါရှန်းဘာသာစကားဖိုင်:Fa-ir-raisi (1).oggဝီကီပီးဒီးယား:Media helpဤအသံ အကြောင်း

🔥 Trending searches on Wiki မြန်မာဘာသာ:

စက်မှုတော်လှန်ရေးငွေနပိုလီယန်ကြွက်နို့ဘဏ်ပန်းတက္ကသိုလ်ဘုန်းနိုင်သမိုင်းချောင်းသာကမ်းခြေရှမ်းပြည်တပ်မတော်-တောင်ပိုင်းအောင်ဆန်းစုကြည်မြန်မာ့သနပ်ခါးလေဖြတ်ခြင်းပဋ္ဌာန်းမဇ္ဈိမ သတင်းဌာနလီယွန်နယ် မက်ဆီဝိပတ္တိတရားလေးပါးခွေးရူးပြန်ရောဂါဝေလမင်းသမီး ဒိုင်ယာနာဗောဇ္ဈင်္ဂသုတ်ဆော်ဒီအာရေဗျနိုင်ငံမြန်မာ ရုပ်ရှင်ဇာတ်ကားများ စာရင်းအမ်မီနမ်ဒန့်သလွန်ရခိုင်ပြည်နယ်ကြာသပတေးဂြိုဟ်ကနောင်မင်းသားထားဝယ်မြို့နယ်ချစ်ပို၊ မ၊ သူရမိုးဟေကိုအင်းဝမြို့ဆိုရိုးစကားမင်္ဂလာတရား ၃၈-ပါးမြန်မာနိုင်ငံရှိ ပွဲတော်များစစ်မှုထမ်းခြင်းမွန်လူမျိုးဝန်ကြီးဌာန နှင့် အကြီးအကဲများ စာရင်းနိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီကိုရီးယားနိုင်ငံကရင်လူမျိုးလုံချည်သီတဂူဆရာတော်မြန်မာနိုင်ငံ၏ နိုင်ငံရေးအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ရာသီဥတုတက်စမေးနီးယားကျွန်းမထိုးသွင်းသော လိင်ဆက်ဆံခြင်းမေတ္တသုတ်ပရိက္ခရာ ၈-ပါးကြွက်တက်ခြင်းမြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမြန်မာသဒ္ဒါချင်းလူမျိုးရှင်ပြုခြင်းယောက်ျား အင်္ဂါတံညစ်ညမ်းခြင်းများဇော်ဂျီ (စာရေးဆရာ)စပိန်နိုင်ငံသောမတ် အက်ဒီဆင်အင်းလေးကန်ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ဥသျှစ်ပင်ဟာဝိုင်ယီပြည်နယ်ငွေတာရီစကားထာပုဂံဟံသာဝတီမဟာဘုတ်အောက်ဆီဂျင်လက်ပံပင်ဂျိန်ဖော့လူမျိုးပန်းဆယ်မျိုးမဲခေါင်မြစ်ဇန်နဝါရီဘန်နီဖြိုး🡆 More