အိမ်ရှေ့မင်းထန်းတော

အိမ်ရှေ့မင်းထန်းတောသည် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင်တည်ရှိသော သမိုင်းဝင်နေရာတစ်ခုဖြစ်သည်။ မန္တလေးမြို့၏မြောက်ဘက် မနီးမဝေးတွင်ရှိကာ သခင်မတောင်ခြေရင်းတွင် တည်ရှိသည်။မြန်မာနိုင်ငံအနှံ့ ထန်းတောများ အများအပြားရှိသည့်အနက် အိမ်ရှေ့မင်းထန်းတောကဲ့သို့ စနစ်တကျ သမိုင်းဝင်စိုက်ပျိုးထား​သော ထန်း​တောမှာ ရှားပါးသည်။

အိမ်ရှေ့မင်းထန်းတော
အိမ်​ရှေ့မင်းထန်း​တောမှ ထန်းပင်များ

တည်နေရာ

မန္တလေးမြို့၏အရှေ့မြောက်ဘက် ပုသိမ်ကြီးမြို့နယ်တွင် တည်ရှိသည်။ မန္တလေး-မတ္တရာလမ်းမှ အရှေ့ဘက်သို့ ၂မိုင်ခန့် ကွာဝေးသည်။ အိမ်ရှေ့မင်းထန်းတော တည်ရှိသော ရွာမှာ ထန်းဥယျာဉ်ကျေးရွာဖြစ်ပြီး အရှေ့ဘက်တွင် ဇီးတောရွာ၊ မင်းဂံရွာ၊ ဘုတ်ရွာနှင့်​ တောစုရွာ၊ တောင်ဘက်တွင် အင်ကျယ်ရွာ၊ မြောက်ဘက်တွင် ဂန္ဓမာရွာ၊ ဒဟက်တောရွာ၊ ရှေ့မြောက်ယွန်းယွန်းတွင် ကန်ပြင်ရွာ၊ ရုံးပင်ရွာ၊ ကံကြီးရွာ နှင့် မန္တလေးကွန်ပျူတာတက္ကသိုလ်တို့တည်ရှိပြီး အနောက်ဘက်တွင် ကြာနီကန်ရွာ​ တို့ရှိသည်။

အိမ်ရှေ့မင်းထန်းတော 
ထန်း​တောများသို့အဝင်ဝ

သမိုင်း​ကြောင်း

လက်ရှိအိမ်ရှေ့မင်းထန်းတောနေရာသည် ကုန်းဘောင်ခေတ်က အိမ်ရှေ့စံမင်းသား ကနောင်မင်းသားကြီး တောကစားထွက်ရာနေရာ ဖြစ်ခဲ့သည်။ ဤဒေသရှိ ထန်းပင်များသည် အိမ်ရှေ့စံကနောင်မင်းသားကြီးကိုယ်တိုင် စိုက်ပျိုးစေခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ထိုနေရာသည် ပုဂံခေတ်က ရွှေဖျင်းကြီး၊ ရွှေဖျင်းငယ်ညီနောင်တို့နှင့် မရွှေဥ တို့၏ သမိုင်းကြောင်းများနှင့်လည်း ဆက်စပ်နေသည်။ ထန်းပင်များအပြင် သရဖီပန်းပင်များလည်း ပေါက်ရောက်နေသည်။ ထန်းတော၏အရှေ့ဘက်တွင် မန္တလေးတူးမြောင်းမကြီးရှိနေသည်။

အိမ်ရှေ့မင်းထန်းတော 
အိမ်​ရှေ့မင်းထန်း​တောနှင့် သခင်မ​တောင်

ယနေ့ခေတ်အခြေအနေ

နှစ်ပေါင်း (၁၇၀)ကျော်လာပြီဖြစ်သော ဤထန်းတောကြီးသည် မူလက အပင်ပေါင်း (၆,၀၀၀)ခန့်ရှိခဲ့သော်လည်း ယခုတွင်မူ နည်းပါးလာပြီဖြစ်သည်။ ထန်းပင်များမှ ထန်းသီးများ၏ အရည်အသွေးသည် ကောင်းမွန်ပြီး သကြားပါဝင်နှုန်း ၁၀ - ၁၃ အထိရှိသဖြင့် ထန်းထွက်ပစ္စည်းများပြုလုပ်ရန် ကောင်းမွန်သည်။ ထန်းပင်များနှင့်စပ်လျဉ်း၍ ပညာပေးမှုများ၊ ထွက်ကုန်များအတွက် သင်တန်းများ ပေးလျက်ရှိသည်။ ထို့အပြင် အိမ်ရှေ့မင်းထန်းတောမှ ထန်းပင်များ၊ သခင်မတောင်၊ သရဖီပန်းပင်များပါဝင်သော ဤဒေသကို ယူနက်စကိုယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်နိုင်ရန်အတွက်လည်း ကြိုးပမ်းနေကြသည်။ ယူနက်စကိုဥက္ကဋ္ဌ၏အဆိုအရ ထန်းပင်များကို အိမ်ရှေ့မင်းသားက ဤကဲ့သို့ စနစ်တကျစိုက်ပျိုးခဲ့ပုံမျိုးမှာ အာဆီယံနိုင်ငံများတွင် မရှိသေးဘဲ ထင်ရှားသောအမွေအနှစ်တစ်ခုဟု မှတ်ချက်ပြုခဲ့သည်။

ထန်းသီးများ၊ ထုတ်ကုန်များနှင့်ပက်သက်၍ အလုပ်ရုံဆွေးနွေးပွဲများ၊ ပြည်ပသို့တင်ပို့နိုင်ရေး ဆွေးနွေးမှုများလည်း ပြုလုပ်နေကာ ယူနက်စကိုအမွေအနှစ်အဖြစ်သာ သတ်မှတ်ခံရပါက ခရီးသွားကဏ္ဍအပြင် ဒေသတွင်း ဖွံ့ဖြိုးလာနိုင်မည့်အနေအထညးတွင်ရှိနေသည်။ လက်ရှိတွင် အိမ်ရှေ့မင်းထန်းတောသည် မန္တလေးမြို့၏ မြို့ပြနေထိုင်မှုမှလွတ်ကင်းပြီး ကျေးလက်သဘာဝကို ခံစားနေနိုင်သည့် နေရာတစ်ခုအဖြစ် တည်ရှိနေသည်။

ကိုးကား

Tags:

အိမ်ရှေ့မင်းထန်းတော တည်နေရာအိမ်ရှေ့မင်းထန်းတော သမိုင်း​ကြောင်းအိမ်ရှေ့မင်းထန်းတော ယနေ့ခေတ်အခြေအနေအိမ်ရှေ့မင်းထန်းတော ကိုးကားအိမ်ရှေ့မင်းထန်းတောပုသိမ်ကြီးမြို့နယ်မန္တလေးတိုင်းဒေသကြီးမန္တလေးမြို့အောင်မြေသာစံခရိုင်

🔥 Trending searches on Wiki မြန်မာဘာသာ:

တပ်မတော် (ကြည်း)လိင်တံရေလိင်မှတဆင့် ကူးစက်တတ်သော ရောဂါသွေးအုပ်စုစောင်းကောက်မရမ်းကုန်းမြို့နယ်ကားလိုး ကော်လိုဒီကမ္ဘာ့လေထုအချိန်၊ မြန်မာ့ရိုးရာမြန်မာလများဗမာလူမျိုးကျင့်ဝတ်မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး(မန္တလေး)မန္တလေး နန်းတော်ငှက်အမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့မှူးမဂ္ဂင် ၈ ပါးမဟာ ဘယ်ရီယာ သန္တာကျောက်တန်းကြီးသက္ကရာဇ်သင်္ဂါယနာဆားမေတ္တေယျဘုရားမြင့်မြတ်သော ရောမအင်ပါယာရတနာသုံးပါးသဇင်ပန်းဇာတ်ကြီးဆယ်ဘွဲ့သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ခရူးဆိတ် စစ်ပွဲများမံစီမြို့ပီမိုးနင်းမုတ်သုန်ဒီမိုကရေစီချင်းပြည်နယ်မင်္ဂလာပါမျောက်တနင်္သာရီတိုင်းဒေသကြီးယောလူမျိုးမင်းယုဝေမြန်မာစာပေဆယ်ပါးသီလအစ္စရေးနိုင်ငံကရင်ပြည်နယ်ကယားလူမျိုးရခိုင်လူမျိုးဆီးချိုရောဂါလက္ခဏာများဖွေးဖွေးကြို့ထိုးခြင်းနိဗ္ဗာန်မြန်မာအက္ခရာရေးမြို့ပုဂံအလက်ဇန္ဒား ဟာမီတန်သရဏဂုံမြစောမွန်လှအာဋာနာဋိယသုတ်ဟစ်တလာချိုခါးဆိမ့်သက် အချစ်တစ်ခွက်ဩစတြေးလျတိုက်ဆေးခြောက်မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ပျားပခုက္ကူမြို့အင်းဝမြို့ဖေသိန်း (ကာတွန်း)ပအိုဝ်းလူမျိုးဝက်သက်ရောဂါအင်္ဂလန်နိုင်ငံစိန်ဆင်ဖြူကျွန်းမြို့ထန်းပင်လစ်ဗျားနိုင်ငံ🡆 More