အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (International Committee of the Red Cross, ICRC) သည် ပုဂ္ဂလိက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး ဆွစ်ဇာလန်နိုင်ငံ ဂျာနီဗာတွင် အခြေစိုက်သည်။ ICRC အဖွဲ့သည် ဂျီနီဗာ ညီလာခံကို အခြေခံ၍ နိုင်ငံတကာဆိုင်ရာ ဥပဒေ ကဲ့သို့ပင် လူသားတို့၏ကျန်းမာရေးအား ကာကွယ်မှုပေးရန် ဖွဲ့စည်းထားသည်။ အထူးသဖြင့် ပြည်တွင်းစစ်ဒဏ်၊ ပြည်ပ စစ်ဒဏ်များ၊ စစ်ပွဲများကြောင့် ဒုက္ခရောက်ရသော စစ်ဘေးဒုက္ခသည်များအား အကူအညီပေးရန် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်သည်။ ထိုစစ်ဒဏ်ခံစားရသူများတွင် စစ်သုံ့ပန်းများ၊ ဒုက္ခသည်များ၊ အရပ်သားများနှင့် အခြား ကာကွယ်မဲ့ လူသားများဖြစ်ကြသည်။ သို့သော် အိုင်စီအာရ်စီသည် ပုဂ္ဂလိကအဖွဲ့အစည်း တစ်ခုဖြစ်သည်။ ထို့ကြောင့် ၎င်းအဖွဲ့အစည်းအား မည်သည့် အစိုးရ၊ မည်သည့် အစိုးရ၏ အဖွဲ့အစည်း သို့မဟုတ် မည်သည့် နိုင်ငံတကာဆိုင်ရာ အဖွဲ့အစည်းကမျှ ထိန်းချုပ်ထားခြင်း မရှိပေ။ ၎င်းအဖွဲ့သည် အလွန် ရှေးကျသော အဖွဲ့တစ်ခုဖြစ်ပြီး နိုင်ငံတကာဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအဖွဲ့၏ အဖွဲ့ခွဲတစ်ခုဖြစ်သည့်အပြင် ကမ္ဘာပေါ်တွင် အကျယ်ပြန့်ဆုံး အဖွဲ့တစ်ခု ဖြစ်သည်။ ထို့ပြင် ဂုဏ်ပြုခံရခြင်း အများဆုံး အဖွဲ့တစ်ခု ဖြစ်သည်။ အိုင်စီအာရ်စီ သည် ၁၉၁၇ ခုနှစ်၊ ၁၉၄၄ ခုနှစ်နှင့် ၁၉၆၃ ခုနှစ်တို့တွင် ချီးမြှင့်ခဲ့သော ငြိမ်းချမ်းရေး နိုဘယ်ဆု သုံးခုအား ပိုင်ဆိုင်ထားသည်။
International Committee of the Red Cross အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ သို့မဟုတ် နိုင်ငံတကာ ကြက်ခြေနီ ကော်မတီ | |
အဖွဲ့အစည်း အမျိုးအစား | နိုင်ငံတကာ လူသားချင်းစာနာမှု အဖွဲ့အစည်းကြီး |
ခေါင်းဆောင်များ | Jakob Kellenberger, President Angelo Gnaedinger, Director-General |
ဖွဲ့စည်းသည့်နေ့စွဲ | ၁၈၆၃ ခုနှစ် |
တည်နေရာ | ဂျီနီဗာ၊ ဆွစ်ဇာလန်နိုင်ငံ |
ရည်ရွယ်ချက် | စစ်ဒဏ်ခံရသော သူများ၊ သုံ့ပန်းများ၊ စစ်ဘေး ဒုက္ခသည်များအား အကူအညီပေးရန်နှင့် ကာကွယ်စောင့်ရှောက်မှုပေးရန် |
ငွေအင်အား | သန်းပေါင်း ၈၂၂.၈ ဒေါ်လာ
|
ဝန်ထမ်းအင်အား | လက်ရှိ ၁, ၃၃၀ခန့်(၂၀၀၄ ခုနှစ်)သည် ကွင်းဆင်းမှုပြုနေကြသည်။ |
Website | http://www.icrc.org/ |
၁၉ ရာစု အစောပိုင်းတွင် တိုက်ပွဲများ၌ ဒဏ်ရာရရှိသော စစ်သားများ၊ စစ်အတွင်း မတော်တဆ ဒဏ်ရာရရှိမှုများအား စောင့်ရှောက်ရန်အတွက် သူနာပြုဟူသော အဖွဲ့အစည်းဟူ၍ မည်သည့်အဖွဲ့အစည်းနှင့် နည်းလမ်းများ မျှ မရှိခဲ့ချေ။ သို့သော် ဆွစ်ဇာလန် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်သည့် ဟင်နရီ ဒူးနံ့သည် ဩစထရို-ဆာဒီနီယန်း စစ်ပွဲအတွင်း ဆော့ဖာရီနို တိုက်ပွဲအား တွေ့မြင်ခဲ့ရသည်။ တိုက်ပွဲအပြီး နောက်တနေ့တွင် စစ်မြေတလင်း၌ နှစ်ဖက်စစ်သား ၄၀,၀၀၀ ခန့် သေကြေ၊ ဒဏ်ရာရရှိကြလေသည်။ ထို့နောက် ဒူးနန့်သည် ထိခိုက်ဒဏ်ရာ ရရှိထားသော ထိုစစ်သားတို့အား ဆေးဝါးအကူအညီပေးရန်အတွက် ပြင်သစ် ဧကရာဇ် နပိုလီယံ တတိယနှင့် တွေ့ဆုံကာ ထိုစဉ်က ပြင်သစ်ကိုလိုနီနယ်ဖြစ်သည့် အယ်ဂျီးရီးယားတွင် စီးပွားရေးလုပ်ငန်း အခက်အခဲများကို ဆွေးနွေးရန် အစီအစဉ်ကို ဖျက်သိမ်းကာ ထိုဒုက္ခသည် စစ်သားများအတွက် အကူအညီ အစောင့်အရှောက်များ ပေးရင်း ရက်အတော်ကြာမျှ နေထိုင်ခဲ့သည်။ ထို့ပြင် သူသည် တွေ့မြင်ခဲ့ရသော ထိုစစ်ပွဲအကြောင်းအား စာအုပ်တစ်အုပ်အဖြစ် ရေးသားပြုစုခဲ့ပြီး ထိုစာအုပ်အား ဆော့ဖာရီနို အကြောင်း မှတ်မိသ၍ (A Memory Of Solferino) ဟူ၍ အမည်ပေးထားခဲ့သည်။ ထိုစာအုပ်အား ရေးသားပြီးစီးပြီးနောက် ၁၈၆၂ ခုနှစ်တွင် ၎င်း၏ ကိုယ်ပိုင်ငွေဖြင့် ထုတ်ဝေဖြန့်ချိခဲ့သည်။ ထိုစာအုပ်ကို ဥရောပတိုက်တစ်ခုလုံးရှိ နိုင်ငံရေးနှင့် စစ်ရေး ဆိုင်ရာ မျက်နှာကြီးပိုင်း ခေါင်းဆောင်များထံ ပို့ပေးခဲ့လေသည်။ ဤစာအုပ်သည် ဒူးနန့် မြင်တွေ့ခဲ့ရသည်များကိုသာ ဖော်ပြရန်မဟုတ် တိုက်ပွဲများတွင် ဒဏ်ရာရရှိထားသော စစ်သားများအား အကူအညီ၊ စောင့်ရှောက်မှုများ ပြုလုပ်ရန်အတွက် အဖွဲ့အစည်းများ ဖွဲ့စည်းရန်၊ တည်ထောင်ရန်အတွက် ပြောဆို ရေးသားထားသည်။ ဒူးနန့်သည် စစ်မြေပြင်တွင် ဒဏ်ရာရရှိသူများ ကာကွယ် ကုသပေးရေး၊ ဆေးရုံများတည်ဆောက်ရေးနှင့် ဘက်မလိုက်ရေးကို အာမခံပေးနိုင်မည့် နိုင်ငံတကာ ဆိုင်ရာ သဘောတူစာချုပ် ချူပ်ဆိုရန် ဆော်ဩခဲ့သည်။ လူထုအကျိုးပြု ဂျာနီဗာ လူထုအဖွဲ့အစည်းက ဒူးနန့်၏ အကြံအစည်ကို စဉ်းစားပြီး နိုင်ငံတကာဆိုင်ရာအဖွဲ့အစည်းများ ဖွဲ့စည်းရန် ကော်မတီတစ်ခုကို ပြုလုပ်ပေးခဲ့သည်။ ၅ ဦးကော်မတီကို ဖေဖော်ဝါရီလ ၉ ရက်၊ ၁၈၆၃ ခုနှစ်တွင် ထူထောင်ခဲ့သည်။
ထိုပုဂ္ဂိုလ်များမှာ-
များမကြာမီ အချိန်တွင် ၅ ဦးအဖွဲ့အစည်းအား နိုင်ငံတကာ ထိခိုက်ဒဏ်ရာရရှိသူများအား ကူညီကယ်ဆယ်ရေးအဖွဲ့ ဟူ၍ အမည်ပြောင်းလဲခဲ့ကြသည်။ ၁၈၆၃ ခုနှစ် အောက်တိုဘာလတွင် ဂျာနီဗာက စစ်တလင်းသို့ ဆေးဝါးသယ်ယူပို့ဆောင်ရေးအတွက် တာဝန်ထမ်းဆောင်မှုများပြုလုပ်ရန် နိုင်ငံတကာ ညှိနှိုင်းဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့သည်။ ထို့နောက် လူပေါင်း ၃၁ ယောက်က ထိုအဖွဲ့အစည်းကို ဆက်သွယ်ပြီး ယင်းတို့အနက် ၁၈ ဦးမှာ နိုင်ငံတော် အစိုးရများ၏ ကိုယ်စားလှယ်များ ဖြစ်ကြသည်။ ၆ ယောက်မှာ အခြား အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များဖြစ်ကြပြီး ၇ ယောက်မှာ အရာရှိ အရာခံမဟုတ်သည့် နိုင်ငံခြားသား ကိုယ်စားလှယ်များဖြစ်ကြသည်။ အစိုးရ ကိုယ်စားလှယ်များ စေလွှတ်ခဲ့သည့် နိုင်ငံများမှာ
ယင်းဆွေးနွေးပွဲ၏ နောက်ဆုံး ဆုံးဖြတ်ချက်များတွင် ရေးသွင်းခဲ့သည့် အဆိုပြုချက်များမှာ
ထို့နောက်ပိုင်း တစ်နှစ်အကြာတွင် ဆွစ်ဇာလန်အစိုးရသည် ဥရောပတိုက်ရှိ နိုင်ငံအားလုံးမှ အစိုးရ အရာရှိများ အပါအဝင် မက္ကဆီကို၊ ဘရာဇီးနှင့် အမေရိကန်ပြည်ထောင်စု စသည့် နိုင်ငံများကိုလည်း ဖိတ်ခေါ်ခဲ့ပြီး တရားဝင် သံခင်းတမံခင်း ဆွေးနွေးပွဲများကို တက်ရောက်စေခဲ့သည်။ ၁၆ နိုင်ငံမှ ကိုယ်စားလှယ် ၂၆ ဦးအား ဂျာနီဗာ အစည်းအဝေးသို့ စေလွှတ်ခဲ့သည်။ ၁၈၆၄ ခုနှစ် ဩဂုတ်လ ၂၂ ရက်နေ့တွင် စစ်မြေပြင်မှ ဒဏ်ရာရ စစ်တပ်များအတွက် ပိုမိုကောင်းမွန်စေရန်ဟုဆိုကာ ပထမ ဦးဆုံးသော ဂျာနီဗာ သဘောတူညီချက်ကို မွေးထုတ်ပေးလိုက်လေသည်။ ဗဒင်၊ ဘယ်ဂျီယန်၊ ဒိန်းမတ်ခ်၊ ပြင်သစ်၊ ဟက်ဇီ၊ အီတလီ၊ နယ်သာလန်၊ ပေါ်တူဂီ၊ ပရူးစီ၊ ဆွစ်ဇာလန်၊ စပိန်နှင့် ဝါတာဘန်း တို့မှ ကိုယ်စားလှယ်ကြီးများက ထိုသဘောတူညီချက်ကို လက်မှတ် ရေးထိုးပေးခဲ့ကြသည်။
ဤ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |
This article uses material from the Wikipedia မြန်မာဘာသာ article အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.