ဝမ်ဂါရီ မူတာ မတ်ထိုင်း (အင်္ဂလိပ်: Wangari Muta Maathai) သည် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို ၂၀၀၄ ခုနှစ်တွင် ရရှိခဲ့သော ပထမဆုံး အာဖရိကအမျိုးသမီးဖြစ်ပြီး သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် Green Belt လှုပ်ရှားမှုများကို အဓိက ဦးဆောင်ခဲ့သူဖြစ်သည်။ ၎င်းသည် အခြေခံလူတန်းစားတစ်ယောက် ဘဝကတည်းကပင် ကင်ညာရှိ ကျေးလက်အမျိုးသမီးများကို သစ်ပင်စိုက်ပျိုး၍ သစ်တောပြုန်းတီးမှုကို ကာကွယ်ရန် အားပေးလှုံ့ဆော်ခဲ့သည်။ သစ်တောများကို ကာကွယ်ရမည့်တာဝန်သည် ကင်ညာအမျိုးသမီးများ၏ နိုင်ငံသားနှင့် သက်ဆိုင်သော တာဝန်ဖြစ်ကြောင်းကို Green Belt အလှုပ်ရှားမှုများက နှိုးဆော်နိုင်ခဲ့သည်။ လှုပ်ရှားမှုများအတွက် သုံးစွဲရသော ကုန်ကျစရိတ်များ ကြီးမြင့်ခြင်း၊ အကျဉ်းကျခံရခြင်းနှင့် ရိုက်နှက်ခံရခြင်းတို့က ဝမ်ဂါရီကို ငြီးငွေ့စေသော်လည်း စိုပြည်စိမ်းလန်းသော သဘာဝတရား၏အကျိုးအာနိသင်များအကြောင်း ပြောဟောခြင်းဖြင့်သာ အချိန်ကို ကုန်လွန်စေခဲ့သူ ဝမ်ဂါရီမတ်ထိုင်းသည် အသက် ၇၁ နှစ်အရွယ် စက်တင်ဘာလ ၂၅ ရက်တွင် ကွယ်လွန်သည်။
ဝမ်ဂါရီမတ်ထိုင်း | |
---|---|
လူ့အခွင့်အရေးဆိုင်ရာ ကင်ညာအမျိုးသားကော်မရှင်က ပေးအပ်သော ဆုကို ကိုင်ဆောင်ထားသည့် ဝမ်ဂါရီ မတ်ထိုင်း | |
မွေးဖွား | Wangari Muta ၁ ဧပြီ၊ ၁၉၄၀ Ihithe village, Tetu division, Nyeri District, Kenya |
ကွယ်လွန် | ၂၅ စက်တင်ဘာ၊ ၂၀၁၁ Nairobi, Kenya | (အသက် ၇၁)
လူမျိုး | Kikuyu |
နိုင်ငံသား | Kenyan |
ပညာရေး | B.Sc: biology M.Sc: biological sciences Ph.D: veterinary anatomy |
မိခင်ကျောင်း | Benedictine College University of Pittsburgh University College of Nairobi |
အလုပ်အကိုင် | Environmentalist, political activist, writer |
ကျော်ကြားမှုအရင်းခံ | Green Belt Movement |
ရရှိသည့်ဆုများ | ငြိမ်းချမ်းရေး နိုဘယ်ဆု Indira Gandhi Peace Prize 2006 |
This article uses material from the Wikipedia မြန်မာဘာသာ article ဝမ်ဂါရီ မတ်ထိုင်း, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.