ယိုဟန်း စထရောက်

ယိုဟန်းစထရောက်သည် ဩစတြီးယန်းလူမျိုး ဂီတပညာသည်တစ်ဦး ဖြစ်သည်။ ဩစတြီးယားနိုင်ငံ၊ ဗီယင်းနားမြို့၌ ၁၈၂၅ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့တွင် ဖွားမြင်သည်။ ဖခင်ဖြစ်သူမှာ နာမည်ကျော် တီးဝိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သော်လည်း သားဖြစ်သူ ဟိုဟန်းစထရောက်အား သူကဲ့သို့ ဂီတဖြင့် အသက် မမွေးစေလို၍ ငယ်စဉ်ကပင် ဗီယင်းနားမြိုရှိ လက်မှုပညာ သင်ကျောင်းသို့ ပို့ပြီးလျှင် အရွယ်ရောက်သော အခါ၌လည်း ဘဏ်တိုက်စာရေးအလုပ်ကို လုပ်စေလေသည်။ သို့သော် စထရောက်သည် ဖခင်ကြီးကွယ်ရာ၌ တရောထိုးပညာကို တိတ်တဆိတ် သင်ယူ၍ ၁၈၄၄ ခုနှစ်တွင် တီးဝိုင်းတစ်ခုကို သူကိုယ်တိုင် ဦးစီးကာ တီးမှုတ်ခဲ့၏။ ထိုအခါမှ စ၍ စထရောက်သည် ဂီတပညာသည်ကြီးဖြစ်လာသည်။ ၁၈၄၉ ခုနှစ်၌ တီးဝိုင်းကို မိမိတီးဝိုင်းနှင့် ပူးပေါင်း၍ ဩစတြီးယား၊ ပိုလန်နှင့် ဂျာမနီနိုင်ငံများတွင် လှည့်လည်တီးမှုတ်ရာ လူကြိုက် အလွန်များခဲ့လေသည်။ ၁၈၆၂ ခုနှစ်တွင် အဆိုတော်အမျိုးသမီး တစ်ဦးနှင့် လက်ထပ်ပြီးလျှင် တီးဝိုင်းခေါင်းဆောင် အလုပ်ကို စွန့်လွှတ်လိုက်လေ၏။ ထိုနောက် စထရောက်သည် ကပွဲများ၌ သီဆိုရန် သီချင်းများကို ရေးသားယင်း သီချင်းရေးဆရာအဖြစ်ဖြင့် ကျော်ကြားလာပြန်သည်။ စထရောက်သည် ကပွဲသီချင်း ပုဒ်ပေါင်း ၄ဝဝ နီးပါးရေးသားခဲ့သည်သာမက ထိုသီချင်းများ ကဲ့သို့ပင် လူကြိုက်များသော အော်ပရာခေါ် တေးသံစုံဇာတ်များကိုလည်း ရေးသားခဲ့သည်။

ယိုဟန်း စထရောက်
ဂီတပညာရှင် ယိုဟန်းစထရောက်

၁၈၉၉ ခုနှစ် ဇွန်လ ၃ရက်နေ့တွင် ဂီတစာဆိုကြီး စထရောက်သည် မိမိချက်မြုပ်ဖြစ်သော ဗီယင်းနားမြို့၌ပင် ကွယ်လွန်လေသည်။

ကိုးကား

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

ပါရမီဆားဓာရဏပရိတ်မြန်မာ့သမိုင်းဆောက်လုပ်ရေး ဝန်ကြီးဌာနလိပ်ပြာ (ရုပ်သံဇာတ်လမ်းတွဲ)ရေနံတိုက်မြန်မာနိုင်ငံ၏ ပြည်သူ့စစ်မှုထမ်းဥပဒေမင်းယုဝေအဋ္ဌာရသ ၁၈ ရပ်ခုနစ်နေ့ဘုရားရှိခိုးပညာရေးဝန်ကြီးဌာနရေးမြို့ကိန်းခရမ်းရင့်ရောင်ဘရာဇီးနိုင်ငံမိုးကုတ်မြို့ဗဟိုစာမျက်နှာကိုကိုဦး (ဗိုလ်ချုပ်)သိန်းစိန် (နိုင်ငံတော်သမ္မတ)ခန္ဓသုတ်ကနေဒါနိုင်ငံဗြိတိသျှအင်ပါယာဆင်ဖြူမရှင်မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနယ်မြေဒေသများမြန်မာသဒ္ဒါပညာရေးတူရကီနိုင်ငံအောင်ချိမ့်မြန်မာအကဗျတ်ဝိ၊ ဗျတ္တစုဖုရားလတ်မွန်ပြည်နယ်ကြာသပတေးဂြိုဟ်ရတုပါရာဇိကပဋိစ္စသမုပ္ပါဒ်မြန်မာ့တပ်မတော် သမိုင်းကြောင်းကျုံးစကားပုံတန်ခူးလရန်ကုန်တိုင်းဒေသကြီးလက်ပံတောင်းတောင်အစီရင်ခံစာဒိုင်အာခီရှစ်ပါးသီလယူဂန်ဒါနိုင်ငံတင်အောင်စန်းယေရှု ခရစ်တော်ဗောဇ္ဈင်္ဂသုတ်နီဝရဏဒိုးလုံးဆာရာဝပ်ပြည်နယ်လစ်ဗျားနိုင်ငံပလောင်လူမျိုးကရင်လူမျိုးလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့အန်ကောဝပ်၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းမောင်မောင်အေးအမှတ်(၈)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လား (တိရစ္ဆာန်)မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝဘ်ဘရောက်ဆာဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်လှူခြင်းရွှေစာရံ စေတီတော် (မန္တလေး)ကုလသမဂ္ဂရုရှားသဒ္ဒါမိုင်းခရပ်ဖ်မယ်စကြဝဠာ မြစ်ကြီးနားငါး (တိရစ္ဆာန်)ခေါင်းကိုက်ခြင်းစမ်းချောင်းမြို့နယ်အီဂျစ်မှ ပိရမစ်များဦးနုအော်ကာ🡆 More