ကား

ကား ထိုအချက်နှင့်ပတ်သက်၍ အငြင်းပွားကြသည်။ အချို့က ရိုမန်ကက်သလစ်မစ်ရှင်ဖြင့် တရုတ်ပြည်သို့သွားသော ဖာဒီနန် ဗာဘီရက်(Ferdinand Verbiest)က ပထမဆုံး ရေနွေးငွေ့ဖြင့် မောင်းနှင်သည့်ကားကို ၁၆၇၂ တွင် တရုတ်အင်ပိုင်ယာအတွက် ကစားစရာအဖြစ်တီထွင်ပေးခဲ့သည်ဟု ဆိုကြသည်။ ထိုယာဉ်မှာ အရွယ်အစားသေးငယ်ပြီး မောင်းနှင်သူ သို့မဟုတ် စီးနင်းသူကို မတင်ဆောင်နိုင်သော်လည်း ဖြစ်နိုင်ခြေအားဖြင့် ပထမဆုံး ရေနွေးငွေ့သုံး ယာဉ်ဖြစ်သည်။ ရစ်ချက်ထရီဗီသစ်မှ သူ၏ မီးခိုးထွက်နေသော မိစ္ဆာဟု အမည်ရသည့် ရေနွေးငွေ့အားဖြင့် မောင်းနှင်သည့် ပထမဆုံးယာဉ်ကို ၁၈၀၁ ခုနှစ်တွင် သရုပ်ပြခဲ့သည် ဆိုသည့် အချက်ကိုမူ မည်သူမျှ သံသယမရှိကြပေ။ သို့သော် ထိုယာဉ်မှာ လုံလောက်သော ရေနွေးငွေ့ဖိအားကို ကြာရှည်စွာ မထိန်းသိမ်းနိုင်သဖြင့် လက်တွေ့အသုံးပြုနိုင်ရန် အနည်းငယ်မျှသာ အသုံးဝင်သည်။

ကား (အင်္ဂလိပ်: Car)
ကား
ကားများနှင့် ထရပ်ကားများ မောင်းနှင်နေကြစဉ်
အမျိုးအစားခွဲခြားခြင်းယာဉ်
စက်မှုလုပ်ငန်းမျိုးစုံ
အသုံးချမှုသယ်ယူပို့ဆောင်ရေး
လောင်စာရင်းမြစ်ဓာတ်ဆီလျှပ်စစ်ဒီဇယ်သဘာဝဓာတ်ငွေ့ဟိုက်ဒရိုဂျင်နေရောင်ခြည်၊ ဟင်းသီးဟင်းရွက်ဆီ
စွမ်းအားပေးရမှုမှန်
ကိုယ်တိုင်-တွန်းကန်မှုမှန်
ဘီးများ၃–၄
ဝင်ရိုးများ
တီထွင်သူCarl Benz
တီထွင်သည့် ခုနှစ်၁၈၈၆
ကား
Karl Benz ၏ "Velo" မော်ဒယ်လ် (၁၈၉၄)
ကား
လူ ၁၀၀၀ လျှင်ရှိသော ကားပမာဏကိုပြသော ကမ္ဘာ့မြေပုံ

ရုရှားနိုင်ငံတွင်မူ ၁၇၈၀ခုနှစ်များတွင် အိုင်ဗင်ကူလီဗင်က ဖလိုင်းဝှီး၊ ဘရိတ်၊ ဂီယာဘောက်စ် နှင့် ဘယ်ရင် အစရှိသည့် ခေတ်သစ်နည်းပညာများပါဝင်သည့် လူ၏ခြေဖြင့်နင်းရသည့် သုံးဘီးယာဉ်ကို တီထွင်ခဲ့သည်။ သို့သော် ထိုယာဉ်ကို ဆက်လက်၍ တိုးတက်အောင် မလုပ်ဆောင်ခဲ့ပေ။

ဆွစ်ဇာလန်မှ တီထွင်သူ ဖရန်ဆွိုက် အိုင်ဆက်ဒီ ရီဗက်ဇ် (François Isaac de Rivaz) မှ ၁၈၀၆ ခုနှစ်တွင် ဟိုက်ဒရိုဂျင်နှင့် အောက်ဆီဂျင်အရောအနှောကို လောင်စာအဖြစ်အသုံးပြု၍ ပထမဆုံး အတွင်း၌ပေါက်ကွဲသော အင်ဂျင် (internal combustion engine) ကို ဒီဇိုင်းထုတ်ခဲ့ပြီး ထိုမှတဆင့် အခြေခံမျှသာဖြစ်သော်လည်း ကမ္ဘာပေါ်တွင် ပထမဆုံးဖြစ်သော မော်တော်ယာဉ်ကို ဆက်လက်တည်ဆောက်ခဲ့သည်။ ထိုဒီဇိုင်းမှာ အလွန်တရာ အောင်မြင်မှု မရခဲ့ပဲ ဆယ်မြူရယ် ဘရောင်း၊ ဆယ်မြူရယ်မိုရေး နှင့် ကြံ့ယာဉ် (hippomobile) ပြုလုပ်သော အီတီယန် လန်နွာ(Etienne Lenoir) တို့ ထုတ်လုပ်ခဲ့သော လှည်းနှင့်တွန်းလှည်းများကို အခြေခံ၍ ကိုးရိုးကားရား အတွင်း၌ပေါက်ကွဲသော အင်ဂျင် တပ်ဆင်ထားသော အခြားယာဉ်များမှာလည်း အလားတူပင်ဖြစ်သည်။

၁၈၈၁ ခုနှစ် နိုဝင်ဘာလတွင် ပြင်သစ်တီထွင်သူ ဂူစတေ့ဗ် ထရောင်ဗီ (Gustave Trouvé) မှ ပထမဆုံး လျှပ်စစ်ဓာတ်အားသုံး၍ အလုပ်လုပ်သော သုံးဘီးမော်တော်ကားကို သရုပ်ပြခဲ့သည်။ ပဲရစ်တွင် ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာ လျှပ်စစ်ပြပွဲတွင် ဖြစ်သည်။ လျှပ်စစ်ကား

ဂိုတလီယပ် ဒိန်းမလား (Gottlieb Daimler)၊ ဝီလ်ဟမ်မေဘတ်ရှ် (Wilhelm Maybach) နှင့် ဆိရက်ဖရိုက် မားကတ်စ် (Siegfried Marcus) တို့အပါအဝင် အခြားဂျာမန်အင်ဂျင်နီယာများမှာ တစ်ချိန်တည်းမှာပင် ပြဿနာကို အဖြေရှာဆဲဖြစ်သော်လည်း ကားလ်ဘင့်ဇ် (Karl Benz)ကို ခေတ်သစ်မော်တော်ယာဉ်၏ တီထွင်သူအဖြစ် ယေဘူယျအားဖြင့် သဘောတူကြသည်။

ကိုးကား

Tags:

ကစားစရာတရုတ်ပြည်သူ့သမ္မတနိုင်ငံ

🔥 Trending searches on Wiki မြန်မာဘာသာ:

၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းရခိုင်ပြည်တပ်မတော်ယဉ်ကျေးမှုအာရက္ခတပ်တော်ကုန်းဘောင်မင်းဆက်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)ဦးပိန်တံတားမြန်မာနိုင်ငံ၏ အစိုးရဌာနဆိုင်ရာ ရာထူး အဆင့်များရုရှားနိုင်ငံလိင်မှတဆင့် ကူးစက်တတ်သော ရောဂါဗေဒင်တနင်္သာရီမြို့ပအိုဝ်းလူမျိုးကလေးမြို့မန်ဂျပ်ရှားသင်္ချာတောင်သူလယ်သမားနေ့လင်းနို့အိချောပိုကျောက်ကပ်ရောင်ရောဂါနတ်ပြည် ၆ ထပ်လွတ်လပ်ရေးကြေညာစာတမ်းအိန္ဒိယနိုင်ငံမုန့်လုံးရေပေါ်မြန်မာမုန့်များဂုဏ်ဆယ်ပါးရဲရင့်အောင်ဂေါတမဗုဒ္ဓခရမ်းလွန်ရောင်ခြည်မြန်မာပန်းချီသရေခေတ္တရာစံပယ်ပန်းမေတ္တာအစ္စလာမ်ဘာသာဒီမိုကရေစီလ (ကမ္ဘာရံဂြိုဟ်)ရခိုင်ပြည်နယ်ဖိလစ်ပိုင်နိုင်ငံယူကျူ့ဘ်သိပ္ပံပညာတွံတေးမြို့အင်းလေးကန်မလေးရှားနိုင်ငံပထဝီဝင်စကားကြီး ဆယ်မျိုးထိုင်းနိုင်ငံသင်္ကြန်သယ်ယူပို့ဆောင်ရေးမြင်းခွာပင်ဝ လူမျိုးစိုင်းစိုင်းခမ်းလှိုင်တပ်မတော် (ရေ)မော်လမြိုင်မြို့အင်္ဂလန်နိုင်ငံဂျပန်သမိုင်းသန်းရွှေ (ဗိုလ်ချုပ်မှူးကြီး)ချမ်းချမ်းမဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး(မန္တလေး)အဆိပ်မြိတ်မြို့အရှေ့တောင်အာရှ ကျွန်းဆွယ်ဒေသမွန်ပြည်နယ်ပြစ်မှုဆိုင်ရာဥပဒေရန်ကုန်မြို့နှလုံးသွေးကြောကျဉ်းရောဂါရာသီအလိုက်ပွင့်သောပန်းများဒုတိယ ကမ္ဘာစစ်ဘဒ္ဒကမ္ဘာမြန်မာနိုင်ငံ၏ ပြည်သူ့စစ်မှုထမ်းဥပဒေအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနငါးမျိုးစိတ်များ စာရင်းကြို့ထိုးခြင်းကထိန်မြွေဖား🡆 More