ဖလမ်းခရိုင် (အင်္ဂလိပ်: Falam District) သည် ချင်းပြည်နယ်တွင် ပါဝင်သောခရိုင်ဖြစ်သည်။ ခရိုင်ရုံးစိုက်ရာမြို့မှာ ဖလမ်းမြို့ဖြစ်သည်။
ဖလမ်းခရိုင် | |
---|---|
ချင်းပြည်နယ်အတွင်းရှိ ခရိုင် | |
ချင်းပြည်နယ်အတွင်းတည်နေရာ | |
ချင်းပြည်နယ်အတွင်းတည်နေရာ | |
ကိုဩဒိနိတ်: 22°55′00″N 93°41′00″E / 22.91667°N 93.68333°E 93°41′00″E / 22.91667°N 93.68333°E | |
နိုင်ငံ | မြန်မာ |
ပြည်နယ် | ချင်းပြည်နယ် |
မြို့နယ်ပေါင်း | ၁ |
မြို့တော် | ဖလမ်းမြို့ |
လူဦးရေ (၂၀၁၄) | ၁၆၇,၈၀၆ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6:30) |
ဖလမ်းခရိုင်တွင် ပါဝင်သည့် မြို့နယ်များနှင့် မြို့များမှာ အောက်ပါအတိုင်းဖြစ်သည်။
ယခင်က ဟားခါးမြို့နယ်နှင့် ထန်တလန်မြို့နယ်တို့မှာ ဖလမ်းခရိုင်တွင် ပါဝင်ခဲ့သော်လည်း ၂၀၁၂ ခုနှစ် ဇွန် ၁ ရက်နေ့တွင် ပြုလုပ်သည့် ချင်းပြည်နယ်လွှတ်တော် အစည်းအဝေးမှ ယင်းနှစ်မြို့နယ်ကို ဟားခါးခရိုင် အဖြစ် အသစ် ဖွဲ့စည်းခဲ့သည်။ ၂၀၂၂ခုနှစ်တွင် တီးတိန်နှင့် တွန်းဇံမြို့နယ်များကို ခွဲထုတ်၍ တီးတိန်ခရိုင်ဟု ဖွဲ့စည်းခဲ့ရာ ဖလမ်းခရိုင်တွင် ဖလမ်းမြို့နယ်သာ ကျန်ရှိတော့သည်။
မြောက်ဘက်တွင် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်၊ အရှေ့ဘက်တွင် စစ်ကိုင်းတိုင်းရှိ တမူးခရိုင်နှင့် ကလေးခရိုင်၊ တောင်ဘက်တွင် ဟားခါးခရိုင်၊ အနောက်ဘက်တွင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တို့ တည်ရှိသည်။
ဖလမ်းခရိုင်တွင် ပေ(၃၀၀၀)မှ ပေ(၈၀၀၀)ကျော်မြင့်သော တောင်ကုန်းတောင်စွယ်များ တည်ရှိကာ ၎င်းတို့အကြားတွင် ဗွီ(V) ပုံသဏ္ဌာန် ချိုင့်ဝှမ်းများတည်ရှိသည်။ တီးတိန်နယ်ရှိ သီရိဥတ္တမတောင်မှာ ပေပေါင်း(၈၈၇၁)ပေ မြင့်သည်။ တွန်းဇံနယ်အရှေ့ပိုင်းရှိ နတ်မြောင်းကြိုးဝိုင်းတွင် မြေပြန့်အနည်းငယ်ရှိသည်။
တောင်ကုန်း၊ တောင်တန်းများအကြားတွင် မြစ်၊ချောင်းများ စီးဆင်းနေလေ့ရှိသည်။ တီးတိန်နယ်အတွင်း မဏိပူရ်မြစ်သည် မြောက်မှတောင်သို့ စီးဆင်းနေသည်။
၂၀၁၄သန်းခေါင်စာရင်းအရ ဖလမ်းခရိုင်၏ လူဦးရေမှာ ၁၆၇,၅၇၈ ဖြစ်ကာ ကျား ၈၁,၂၄၂ နှင့် မ ၈၆၃၃၆ ဖြစ်သည်။ ဖလမ်းခရိုင်တွင် တီးတိန်မြို့နယ်မှာ လူနေအထူထပ်ဆုံးဖြစ်သည်။ မြို့ပြတွင် ၃၁,၃၇၅ဦးနေထိုင်ကာကျေးလက်တွင် ၁၃၆,၂၀၃ဦး နေထိုင်ကြသည်။ မြို့ပြနေရာခိုင်နှုန်းမှာ ၁၈.၇ရာခိုင်နှုန်းဖြစ်သည်။
ဖလမ်းခရိုင်သည် ချင်းပြည်နယ်အတွင်းရှိ စီးပွားရေးအသင့်အတင့်ကောင်းမွန်သော ခရိုင်ဖြစ်သည်။ ခရိုင်အတွင်းနေပြည်သူများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ကြသည်။ ပန်းသီး၊ လိမ္မော်၊ ကော်ဖီများ စိုက်ပျိုးကြပြီး ကလေးမြို့သို့ တင်ပို့ကြသည်။ တွန်းဇံမြို့နယ်ရှိ ရိဒ်ခေါဒါရ်တွင် အိန္ဒိယနှင့် ကုန်သွယ်လမ်းကြောင်းရှိသည်။
ချင်းပြည်နယ်သည် လမ်းပန်းဆက်သွယ်ရေးအရ ခက်ခဲခဲ့သော ပြည်နယ်ဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် လမ်းပန်းဆက်သွယ်ရေးများ အတော်အသင့်ကောင်းမွန်လာပြီဖြစ်သော်လည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေဆဲဖြစ်သည်။ ချင်းပြည်နယ်၏ ပထမဆုံးလေဆိပ်ဖြစ်သည့် ဆူရ်ဘုန်လေဆိပ်မှာ ဖလမ်းမြို့တွင် ၂၀၂၀ပြည့်နှစ်အတွင်းက တည်ဆောက်ပြီးစီးပြီဖြစ်သည်။ခရိုင်အတွင်း ရဟတ်ယာဉ်ကွင်းများလည်း တည်ရှိသည်။ ကလေးမြို့သို့ အဝေးပြေးယာဉ်များ ပုံမှန်ပြေးစွဲလျက်ရှိကာ ထိုမှနေ၍ ကျန်သောပြည်နယ်၊တိုင်းများသို့ သွားလာနိုင်သည်။ ခရိုင်အတွင်းရှိ မြို့များသို့ မော်တော်ကားလမ်းဖြင့် ဆက်သွယ်သွားလာနိုင်သည်။
၂၀၁၄သန်းခေါင်စာရင်းအရ ဖလမ်းခရိုင်တွင် အသက်(၁၅)နှစ်နှင့်အထက် အိမ်ထောင်စုများတွင် စာတတ်မြောက်သူရာခိုင်နှုန်း ၈၇.၄%ရှိသည်။
ဖလမ်းမြို့နယ်တွင် ကုတင် (၂၀၀)ဆံ့ ခရိုင်ဆေးရုံ၊ (၁၆)ခုတင်ဆံ့ တိုက်နယ်ဆေးရုံ (၃)ရုံ၊ တီးတိန်မြို့နယ်တွင် ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံ၊ (၁၆)ခုတင်ဆံ့ တိုက်နယ်ဆေးရုံ (၃)ရုံ၊ တွန်းဇံမြို့နယ်တွင် (၂၅)ကုတင်ဆံ့ မြို့နယ်ဆေးရုံနှင့် (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံတို့ တည်ရှိကြသည်။ ထို့အပြင် ကျေးရွာများတွင် ကျေးလက်ကျန်းမာရေးဌာနခွဲများရှိသည်။
This article uses material from the Wikipedia မြန်မာဘာသာ article ဖလမ်းခရိုင်, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.