ပိုးရယ်အောင်သိန်း

ပိုးရယ်အောင်သိန်း ( ၁၉၅၃ ဖွား) သည် ကယားလူမျိုး နိုင်ငံရေးသမားတစ်ဦး ဖြစ်သည်။ သူသည် အမျိုးသားလွှတ်တော်အမတ် လည်း ဖြစ်ခဲ့ပြီး လက်ရှိတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် အဖြစ် တာဝန် ထမ်းဆောင်နေသည်။

ပိုးရယ်အောင်သိန်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁ ဖေဖော်ဝါရီ ၂၀၂၃
သမ္မတဦးမြင့်ဆွေ (ယာယီ)
ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်
တာဝန်သက်တမ်း
၃၀ မတ် ၂၀၁၁ – ၃၀ မတ် ၂၀၁၆
ယခင်လူကိုယ်တိုင်
ဆက်ခံသူဒေါက်တာခင်မကြီး (NLD)
မဲဆန္ဒနယ်ကယားပြည်နယ်
မဲဆန္ဒနယ် အမှတ်(၈)
အနိုင်ရမဲ အရေအတွက်ကြိုတင်မဲ ၁၃၆၅
မဲစုစုပေါင်း ၁၃၈၇ မဲ
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၃ မေ ၁၉၅၃&#၁၆၀;(၁၉၅၃-၀၅-၀၃) (အသက် ၇၀)
ကယားပြည်နယ်လွိုင်ကော်မြို့နယ်
နိုင်ငံရေးပါတီပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
မိခင်ဒေါ်စိုးမြာ
ဖခင်ဦးစိုးရယ်

ငယ်ဘဝ

ဖခင်ဖြစ်သူ ဦးစိုးရယ် နှင့် မိခင်ဖြစ်သူ ဒေါ်စိုးမြာ တို့က ၁၉၅၃ ခုနှစ် မေလ ၃ ရက်တွင် ကယားပြည်နယ် လွိုင်ကော်မြို့နယ် ထေးသမရွာ တွင် သူ့အား မွေးဖွားသည်။ ပညာအရည်အချင်းမှာ ၁၀ တန်းအောင် ဖြစ်သည်။

နိုင်ငံရေးသမားဘဝ

သူသည် ၂၀၁၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုကာ ကယားပြည်နယ် အမှတ်(၈)မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အဖြစ် တင်မြှောက်ခဲ့ပြီးနောက် မြန်မာ့နိုင်ငံရေးထဲ စတင် ဝင်ရောက်လာသည်။ လွှတ်တော်အမတ်အဖြစ် ၅ နှစ်တာ ဖြတ်သန်းသည်။ အထွေထွေရွေးကောက်ပွဲ ၂၀၁၅ တွင် ပါဝင်ယှဉ်ပြိုင်ခြင်းမပြုဘဲ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၏ ဗဟိုအလုပ်အမှုဆောင် နှင့် ပြည်နယ်ပါတီဥက္ကဋ္ဌ စသည်ဖြင့် ပါတီလုပ်ငန်းများသာ ဆက်လက် လုပ်ဆောင်သည်။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ကယားပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၁၁) မှနေ၍ ဝင်ရောက် အရွေးခံသော်လည်း ပြိုင်ဘက်ပါတီ အား ရှုံးနိမ့်သည်။

ကောင်စီဝင်ဖြစ်လာပုံ

၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်း ခံရပြီးနောက်ပိုင်း သူသည် မိခင်ပါတီ၏ လုပ်ငန်းများတွင်သာ အချိန်ကုန်ဆုံးခဲ့သည်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အသစ်ပြန်လည် ဖွဲ့စည်းစဉ် သူသည် ကောင်စီအဖွဲ့ဝင် အဖြစ် ခန့်အပ်ခံရသည်။

အရေးယူပိတ်ဆို့ခံရခြင်း

သူ့ကို ကောင်စီ အဖွဲ့ဝင် အဖြစ်ပါဝင်ခဲ့မှု ဖြင့် အမေရိကန်၊ဥရောပသမဂ္ဂ နှင့် ဆွတ်ဇာလန် အစရှိသည့် နိုင်ငံတို့က ၂၀၂၃ ခုနှစ်ထဲ တွင် ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ကြသည်။

ကိုးကား

Tags:

ပိုးရယ်အောင်သိန်း ငယ်ဘဝပိုးရယ်အောင်သိန်း နိုင်ငံရေးသမားဘဝပိုးရယ်အောင်သိန်း ကောင်စီဝင်ဖြစ်လာပုံပိုးရယ်အောင်သိန်း အရေးယူပိတ်ဆို့ခံရခြင်းပိုးရယ်အောင်သိန်း ကိုးကားပိုးရယ်အောင်သိန်းကယားလူမျိုးနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမျိုးသားလွှတ်တော်

🔥 Trending searches on Wiki မြန်မာဘာသာ:

ရတနသုတ်မြန်မာနိုင်ငံ၏ ဘာသာစကားများပြည်ထောင်စု တိုင်းရင်းသား လူမျိုးများအလောင်းစည်သူတွင်းနက်သင်္ချာလက္ခဏာဗေဒကြာHTTP cookieနဝရတ် ကိုးပါးဟိန္ဒူဘာသာနက္ခတ် ၂၇ လုံးကနေဒါနိုင်ငံမောရသုတ်နန္ဒမာလာဘိဝံသရှစ်လေးလုံးအရေးအခင်းရိုဟင်ဂျာစိုးလွင်လွင်ဘင်္ဂလားဒေ့ရှ်နိုင်ငံညောင်ရမ်းမင်းဆက်အိချောပိုရန်ကုန်မြို့ဂျူးဘာသာမောင်ချောနွယ်ကြက်တိုက်ခြင်းခင်ခင်ထူးစကားပြောအတတ်ဘာဂျာမှုတ်ခြင်းကချင်လူမျိုးဆိုင်ယာနိုက်သူနာပြုအတတ်ခန္ဓသုတ်မြန်မာနိုင်ငံ၏အလယ်ဗဟိုချက်မပိဋကတ် သုံးပုံပြေတီဦးနာဇီဂျာမနီနတ်စားပွဲတော်မြန်မာမိဖုရားများ စာရင်းကားလိုး ကော်လိုဒီမေတ္တသုတ်သီရိလင်္ကာနိုင်ငံအတွင်း ၃၇ မင်းမြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနယ်မြေဒေသများနက်ရှိုင်းသော အစုံလိုက်သုံးပက်ကက် စစ်ဆေးခြင်းမြန်မာသဒ္ဒါဟင်္သာတမြို့သံလွင်မြစ်စီးပွားရေးနို့အဖြူဆင်းခြင်းပညာမြန်မာ ကာတွန်းရုပ်ရှင်မြန်မာနိုင်ငံတော်ဗဟိုဘဏ်သုံးခွမြို့နယ်မြန်မာ့ အစားအစာဝိနည်းမြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေများနတ်သျှင်နောင်နွားသုဝဏ္ဏသာမဇာတ်တော်ဘားအံမြို့မိတ်လိုက်ခြင်းကမ္မဋ္ဌာန်းမြန်မာနိုင်ငံနှင့် ဒုတိယကမ္ဘာစစ်အမွေလွှမ်းမိုးမဟာဗန္ဓုလကိုယ် နှုတ် စိတ် ယဉ်ကျေးခြင်းနော်ဝေနိုင်ငံအေးကို (နိုင်ငံတော်သမ္မတ)ဖင်လန်နိုင်ငံတရားရှုမှတ်ခြင်းရခိုင်ပြည်နယ်ပိန္နဲပင်မြေထဲပင်လယ်နတ်ပြည် ၆ ထပ်🡆 More