စစ်ကိုင်းပညာရေးတက္ကသိုလ်

စစ်ကိုင်းပညာရေးတက္ကသိုလ်သည် မြန်မာနိုင်ငံရှိ ပညာရေးတက္ကသိုလ်နှစ်ခုမှ တစ်ခုဖြစ်သည်။ စစ်ကိုင်းမြို့ ပတ္တမြားရပ်ကွက် စစ်ကိုင်းစက်မှုဇုန်အနီးတွင်တည်ရှိသည်။

စစ်ကိုင်းပညာရေးတက္ကသိုလ်
အမျိုးအစားအများဆိုင်
တည်ထောင်၂၀၀၀ ဇွန် ၂၇; ၂၃ နှစ် အကြာက (၂၇-၀၆-2000)
တည်နေရာစစ်ကိုင်းမြို့
စစ်ကိုင်းတိုင်းဒေသကြီး
ဝဘ်ဆိုဒ်suoe.moe.edu.mm

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် အဓိကအားဖြင့် ပညာရေးဘာသာများဖြစ်ကြသော ပညာရေးစိတ်ပညာ (Educational Psychology)၊ ပညာရေးသဘောတရား (Educational Theory) နှင့် သင်ပြနည်း(Methodology) ဟူသော ဘာသာရပ် ၃ မျိုးကို အဓိကထားပြီး သင်ကြားပို့ချသည်။ လာရောက်သင်ကြားသော ကျောင်းသား၊ ကျောင်းသူ ဆရာ၊ဆရာမလောင်းတို့ နေထိုင်ရန်အတွက် ကျောင်းဝင်းအတွင်း၌ အဆောင်များကို တည်ဆောက်ထားသည်။

သမိုင်းကြောင်း

၁၉၉၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် မန္တလေးပညာရေးတက္ကသိုလ်အဖြစ် မန္တလေးမြို့၌ စတင်ဖွင့်လှစ်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ် ဇွန်လ ၂၇ ရက်နေ့တွင် စစ်ကိုင်းပညာရေးတက္ကသိုလ်အဖြစ် စစ်ကိုင်းမြို့၊ ပတ္တမြားရပ်ကွက် သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။ ကွင်းအမှတ် ၇၈၄ အကျယ်အဝန်း၁၃၂.၇၁ ဧကကျယ်ဝန်းသည်။ စစ်ကိုင်းပညာရေးတက္ကသိုလ် (မန္တလေးဌာနခွဲ) ကို ၂၀၁၄ ခုနှစ်အထိ ထားရှိခဲ့သည်။ ၂၀၁၄ ခုနှစ် ဇွန်လတွင် စစ်ကိုင်းပညာရေးတက္ကသိုလ်၏ အင်္ဂလိပ်အမည်ကို Institute မှ University သို့ ပြောင်းလဲပြင်ဆင်ခဲ့သည်။ ၂၀၁၄ ခုနှစ် ဇွန်လတွင် ရွှေမင်းဝံအလယ်တန်းကျောင်းကို စစ်ကိုင်းပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်းအဖြစ် တွဲဖက်သတ်မှတ်ပေးခဲ့သည်။

ပေးအပ်သော ဘွဲ့များ

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် အောက်ပါဘွဲ့အမျိုးအစားများကို ပေးအပ်ချီးမြှင့်သည်။

စဉ် ဘွဲ့ စာသင်နှစ်
ပညာရေးဘွဲ့
B.Ed (Bachelor of Education)
၅ နှစ်
ပညာရေးဘွဲ့ - EC ပေါင်းကူး
B.Ed (Bachelor of Education)
၃ နှစ်
ပညာရေးဘွဲ့ (စာပေးစာယူ)
B.Ed (Bachelor of Education)
၂ နှစ်
မဟာပညာရေးဘွဲ့
M.Ed (Master of Education)
၂ နှစ်
မဟာဒဿနပညာရေးဘွဲ့
M.Phil (Master of Philosophy in Education)
၂ နှစ်
မာလ်တီမီဒီယာအတတ်ပညာ ဘွဲ့လွန်ဒီပလိုမာ
PGDMA (Postgraduate Diploma in Multimedia Arts)
၁၀ လ
ပါရဂူဘွဲ့
PhD (Doctor of Philosophy)
၅ နှစ်

ကျောင်းသားအမျိုးအစားများ

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ကျောင်းသားအမျိုးစား ၅ မျိုး တက်ရောက်ပညာသင်ယူနေပါသည်။

  1. တက္ကသိုလ်ဝင်တန်းအောင် ၍တိုက်ရိုက်တက်ရောက်သောကျောင်းသား
  2. ပညာရေးကောလိပ်များမှ အဆင့်မီ၍တက်ရောက်ခွင့်ရသောကျောင်းသား
  3. မဟာပညာရေးဘွဲ့ကျောင်းသားနှင့်
  4. pgdma ကျောင်းသားများ
  5. PHD ‌ကျောင်းသား၊ ကျောင်းသူများ ဖြစ်သည်။

ကိုးကား


Tags:

စစ်ကိုင်းပညာရေးတက္ကသိုလ် သမိုင်းကြောင်းစစ်ကိုင်းပညာရေးတက္ကသိုလ် ပေးအပ်သော ဘွဲ့များစစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသားအမျိုးအစားများစစ်ကိုင်းပညာရေးတက္ကသိုလ် ကိုးကားစစ်ကိုင်းပညာရေးတက္ကသိုလ်စစ်ကိုင်းမြို့

🔥 Trending searches on Wiki မြန်မာဘာသာ:

တစ်သောင်းကျပ်တန် ငွေစက္ကူငါးမျိုးစိတ်များ စာရင်းမြန်မာနိုင်ငံအားထွေးလေးနေပြည်တော်တိုင်းစစ်ဌာနချုပ်မြစေတီကျောက်စာသွေးတိုးရောဂါထူးအိမ်သင်စုန်းကဝေအတတ်ဆွစ်ဇာလန်နိုင်ငံထိုင်းဘာသာစကားကချင်ပြည်နယ်တောင်တွင်းကြီးမြို့ဗုဒ္ဓဟူးဂြိုဟ်ရန်ကုန်မြို့ရှိ ခရိုင်နှင့် မြို့နယ်များစာရင်းမြန်မာစာပေလင်ခန်းမယားခန်း ပြတ်စဲခြင်းအမှတ်(၃၃)ခြေမြန်တပ်မဌာနချုပ်အိချောပိုမြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဘရူနိုင်းနိုင်ငံအရှေ့တောင်အာရှနိုင်ငံများအသင်းမြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များပျူမြို့ပြနိုင်ငံများနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီစစ်ကိုင်းမြို့ကုန်းဘောင်မင်းဆက်ရခိုင်လူမျိုးကွန်မြူနစ်ဝါဒတောင်ကိုရီးယားနိုင်ငံဖွတ်အမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့မှူးတပ်မတော် စစ်ဘက်ဆိုင်ရာအကြီးအကဲများအလောင်းစည်သူမြပါရမီအေ (အက္ခရာ)လိင်ဆက်ဆံခြင်းမြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ပရိမိတ္တဇာလသုတ်ခွန်ဆာရာပြည့်စိုးဝင်း၊ ဗိုလ်ချုပ်ကြီးမြစ်ကြီးနားမြို့နယ်ဘုန်းကြီးကျောင်းအမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်ဝတ်မှုန်ရွှေရည်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကြာနီကန်ဆရာတော်အိန္ဒြာကျော်ဇင်ပန်ထွာဘုရင်မလွတ်လပ်ပြီးခေတ်မြန်မာနိုင်ငံသန်လျင်မြို့မအင်္ဂါ အစေ့လေးဖြူကုန်းဘောင်ခေတ် နာမည်တွက်နည်းမော်လမြိုင်မြို့ကာလာမသုတ်တောင်ကြီးမြို့ကမ္ဘောဇသာဒီရွှေနန်းတော်ပြည်သူ့ကာကွယ်ရေးတပ်မတော်သိပ္ပံပညာဦးပိန်တံတားငှက်စစ်တက္ကသိုလ် (ပြင်ဦးလွင်)မင်းတုန်းမင်းအိန္ဒိယနိုင်ငံ၂၄ ပစ္စည်းရန်ကုန်မြို့ဂေါတမမြတ်ဗုဒ္ဓ၏ဗုဒ္ဓဝင်ကာ၃၂ ကောဋ္ဌာသဧရာဝတီမြစ်ရာဟုရန်ကုန်တိုင်းဒေသကြီး🡆 More