ကွန်ပျူတာတက္ကသိုလ်ဗန်းမော်

ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)သည် ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ စီအင်ကျေးရွာအနီးတွင် တည်ရှိသည်။ ဗန်းမော်မြို့မှ (၅) မိုင်အကွာ၊ စီအင်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(OSS)၊ ဦးပိုင်အမှတ်(၆၁)တွင် တည်ရှိသည်။ တက္ကသိုလ်၏ အကျယ်အဝန်းမှာ (၅၃.၇၄) ဧကနှင့် ရေကန် (၁.၇၉) ဧက စုစုပေါင်း (၅၅.၅၃) ဧက ကျယ်ဝန်းသည်။ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန လက်အောက်ရှိ နိုင်ငံပိုင်တက္ကသိုလ်တစ်ခုဖြစ်သည်။

ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)
Computer University, Banmaw
မြန်မှန်တွက်ချက် တိုင်းပြည်တွက်


တည်ထောင်ခုနှစ် ၂၅ ဖေဖော်ဝါရီ ၂၀၀၂
တည်နေရာ စီအင်ကျေးရွာအနီး၊ ဗန်းမော်မြို့၊ ကချင်ပြည်နယ်
အမျိုးအစား အများနှင့်သက်ဆိုင်သော
အကျယ်အဝန်း ၅၅.၅၃ ဧက

သမိုင်းကြောင်း

၂၀၀၂ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် အစိုးရကွန်ပျူတာကောလိပ်(ဗန်းမော်) အား ဗန်းမော်မြို့မှ(၃)မိုင်ကွာ ရွှေပြည်သာကျေးရွာတွင် စတင်ဖွင့်လှစ်ခဲ့သည်။ ၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)အဖြစ် တက္ကသိုလ် အဆင့်သို့တိုးမြှင့်ခဲ့သည်။ ၂၀၁၀ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် စီအင် ကျေးရွာအနီး ပင်မသုံးထပ်ကျောင်းဆောင်သစ်သို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့သည်။

ပေးအပ်ချီးမြှင့်သောဘွဲ့များ

ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)မှ ပေးအပ်ချီးမြှင့်သော ဘွဲ့ဒီဂရီများနှင့် အသိအမှတ်ပြုလက်မှတ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

  • ကွန်ပျူတာသိပ္ပံဘွဲ့ (B.C.Sc.)
  • ကွန်ပျူတာနည်းပညာဘွဲ့ (B.C.Tech.)
  • ကွန်ပျူတာနည်းပညာဘွဲ့ (B.C.Sc. (Hons.))
  • ကွန်ပျူတာနည်းပညာ(ဂုဏ်ထူး)ဘွဲ့ (B.C.Tech. (Hons.))

ကိုးကား

Tags:

ကချင်ပြည်နယ်ဗန်းမော်မြို့သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနအဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန

🔥 Trending searches on Wiki မြန်မာဘာသာ:

ကောသလမင်း အိပ်မက် (၁၆)ချက်လယ်တွင်းသား စောချစ်ရာသီဥတုပြောင်းလဲမှုမြန်မာပြဇာတ်ရာဟုမန်ကျည်းအင်ဒိုနီးရှားနိုင်ငံအိချောပိုအလင်္ကာသံချပ်ကာယန္တရားတပ်ဖွဲ့သွေးအုပ်စုထားဝယ်မြို့တနင်္သာရီမြို့ဒုတိယ ကမ္ဘာစစ်ဇော်ဂျီဂျူးဘာသာသိဒ္ဓတ္ထမင်းသားရွှေပြည်သာမြို့နယ်ဘရူနိုင်းနိုင်ငံမြန်မာကျပ်ငွေကသထုံမြို့အမှတ်(၃၃)ခြေမြန်တပ်မဌာနချုပ်ခင်ကြည်အပြင် ၃၇ မင်းဝက်ခြံဆီးချိုရောဂါလက္ခဏာများသာယာဝတီမင်းမဲဆောက်မြို့အပူပုပ္ပါးတောင်ရေးမြို့ငါးမျိုးစိတ်များ စာရင်းအင်္ဂလန်နိုင်ငံတပ်မတော်ဒုံးတပ်ဖွဲ့မင်္ဂလာတရား ၃၈-ပါးအောင်ဆန်းပရိမိတ္တဇာလသုတ်နဂါးတောက်တဲ့ဘာဂျာမှုတ်ခြင်းပလေးတိုးလိင်မှတဆင့် ကူးစက်တတ်သော ရောဂါကဆုန်လပြည့် ဗုဒ္ဓနေ့မြန်မာ သက္ကရာဇ်ကျန်စစ်သားမှန်နန်း ရာဇဝင်စရိုက်ဝန်ကြီးဌာန နှင့် အကြီးအကဲများ စာရင်းနေအဖွဲ့အစည်းမိတ္ထီလာမြို့မဟာဗန္ဓုလရှမ်းဘာသာစကားယေရှု ခရစ်တော်အရက်ကုန်းဘောင်ခေတ် နာမည်တွက်နည်းစီးပွားရေးတပ်ရင်း (၇)ဗဒလင်းဂူမြန်မာမုန့်များယူနိုက်တက်ကင်းဒမ်းနိုင်ငံမြဝတီမြို့အမေရိကန်ပြည်ထောင်စုပင်ဂွင်းကိုရီးယားနိုင်ငံအာဆင်နယ်ဗေဒင်ရွှေတိဂုံစေတီတော်စံပယ်ပန်းကျန်းမာရေး ဝန်ကြီးဌာနလောကနီတိအပင်လောကဗီယက်နမ်စစ်ပွဲဥဩချောင်းသာကမ်းခြေရွှေသိမ်တော်ဘုရား (ကျောက်ဆည်)ငါး (တိရစ္ဆာန်)🡆 More