အသွင်ယောင် ပကတိ

အသွင်ယောင် ပကတိ(အင်္ဂလိပ်: virtual reality) (ဗာတျူအယ် ရီအယ်လ်လီတီ) သို့မဟုတ် ဗွီအာရ် (အင်္ဂလိပ်: VR) ဆိုသည်မှာ ကွန်ပျူတာဖြင့် ဖန်တီးထားသည့် အတုအယောင် လောကတွင် ကွန်ပျူတာ ဖန်ဆင်းမှုကြောင့် တွေ့မြင်ခံစားရသော အတွေ့အကြုံ ကို ခေါ်ဆိုခြင်းဖြစ်သည်။

အသွင်ယောင် ပကတိ
ဒမ်းရှတက်ဒ်၊ ဂျာမနီ ရှိ ဥရောပအာကာသအေဂျင်စီ မှ သုတေသီများက HTC Vive ဗွီအာရ် ခေါင်းစွပ်မျက်မှန် နှင့် ရွေ့ရှားမှုထိန်း ကရိယာ တို့ကို အသုံးပြု၍ အနာဂါတ် တွင် လကမ္ဘာ၌ အခြေစိုက် နေထိုင်မည့် အာကာသယာဉ်မှူး များကို မီးငြိမ်းသတ်နည်း သင်ကြားပေးရာတွင် အသွင်ယောင် ပကတိ သုံးရန် အလားအလာ ရှိပုံကို သရုပ်ပြနေစဉ်။

အသွင်ယောင် ပကတိ ကို ကွန်ပျူတာဖြင့် ဖန်ဆင်းရာတွင် အမြင်နှင့် အကြားအာရုံကို အဓိကထား၍ ဖန်တီးမှုပြုလေ့ ရှိသော်လည်း ဖန်တီးမှုတွင် အခြားအာရုံများပါ ပါဝင်နိုင်သည်။

လူသား၏အာရုံကို လွှမ်းခြုံစိုးမိုးနိုင်သော အသွင်ယောင်ပကတိ လောကတွင် ပကတိ နှင့် အသွင်တူ ကမ္ဘာလောကကို ဖန်ဆင်းနိုင်သလို စိတ်ကူးယဉ် ကမ္ဘာလောကကိုလည်း ဖန်တီးနိုင်သည်။

လက်ရှိ ဗွီအာရ် နည်းပညာ နှင့် ဖန်တီး မှုတွင် အသွင်ယောင် ပကတိ ခေါင်းစွပ် မျက်မှန် သို့မဟုတ် ရုပ်ပုံဖော်ပြစက်များ အသုံးပြုလေ့ရှိသည်။ အသုံးပြုသူ ၏ အမြင်၊ အကြား၊ ထိတွေ့မှု နှင့် အခြား အာရုံများကို တီထွင်ဖန် ဆင်းရာတွင် အထူးပြုလုပ်ထားသော အခန်း သို့မဟုတ် ရုပ်ပုံများ ကို အသုံးပြု၍ အရိပ် အယောင် လောက တွင် တကယ်ရောက်ရှိ နေသကဲ့သို့ ထင်မှတ်ရအောင် ဖန်တီးသည်။


စကားလုံးရင်းမြစ်

ဗာတျူအယ် (အင်္ဂလိပ်: virtual) (မြန်မာဘာသာပြန် - အသွင်ယောင်) ကို "အနှစ် သာရအားဖြင့် အလားတူဖြစ် သော်လည်း အမှန် တကယ် မဖြစ်၊ မရှိ" ဟူသော အဓိပ္ပါယ်ဖြင့် အင်္ဂလိပ်စာတွင် တစ်ဆယ့်လေး ရာစုနှစ် နှစ်ကတဲကစတင် အသုံးပြုခဲ့သည်။ ဤ ဝေါဟာရကို ၁၉၅၉ ခုနှစ် ကတဲက စတင်၍ ကွန်ပျူတာလောက တွင် "ရုပ်ဝတ္ထုအား ဖြင့် အမှန်တကယ် မရှိ သော်လည်း ဆော့ဖ်ဝဲရ် ဖြင့် ဖန်တီးထားသောအရာ" ဟူသော ဟူသော အဓိပ္ပါယ်ဖြင့် အသုံးပြုခဲ့သည်။

အသွင်ယောင် ပကတိ 
၂၀၁၀ ခုနှစ်က အမေရိကန် ပြည်ထောင်စုရှိ အိုင်ဒါဟို အမျိုးသား ဓာတ်ခွဲခန်း၏ အဆင့်မြင့် စွမ်းအင်သုတေသန ဗဟိုဌာနမှ CAVE အသွင်ယောင် ပကတိ အခန်း

ကျမ်းကိုး

Tags:

en:Virtual realityအင်္ဂလိပ်ဘာသာစကား

🔥 Trending searches on Wiki မြန်မာဘာသာ:

ကျိုင်းတုံမြို့ပုပ္ပားမယ်တော်ခင်ဝင့်ဝါဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်လှူခြင်းအပါယ်လေးဘုံခွေးရူးပြန်ရောဂါမြန်မာဝီကီပီးဒီးယားလိမ်လည်မှုဇီဝဇိုးငှက်တဏှာကမ္ဘာ့အမွေအနှစ်နေရာခရေပင်မနီလာမြို့ဂေါတမဗုဒ္ဓအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ထားဝယ်လူမျိုးအချိန်၊ မြန်မာ့ရိုးရာပင်လုံစာချုပ်ရွှေစာရံ စေတီတော် (သထုံ)ကိုရီးယားနိုင်ငံအီရန်နိုင်ငံနေတိုး (သံတူကြောင်းကွဲ)ပျားအမှတ်(၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နတ်ပင့်ဂါထာစင်ကာပူနိုင်ငံနို့တိုက်သတ္တဝါတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကံ ကံ၏အကျိုးကလောမြို့သိပ္ပံပညာဗီယက်နမ်နိုင်ငံဝါကျပြေတီဦးစပိန်နိုင်ငံပြင်းထန်အသက်ရှုလမ်းကြောင်းရောဂါ ကိုရိုနာဗိုင်းရပ်စ် ၂Canal+ Myanmarခင်မောင်တိုးအောက်ဆီဂျင်စောင်းကောက်အင်းဝမင်းဆက်လက်ပံတောင်းတောင်သပိတ် အရေးအခင်းရှမ်းပြည်တပ်မတော်-တောင်ပိုင်းမဟာမုနိ (ရခိုင်ပြည်)ဂျပ်စတင် ဘီဘာဘန်ကောက်မြို့သောမတ် အက်ဒီဆင်မိုင်းခရပ်ဖ်မွန်ပြည်နယ်မြန်မာ ရုပ်ရှင်ဇာတ်ကားများ စာရင်းအသံ၃၁-ဘုံပခုက္ကူမြို့သေမင်းတမန် ရထားလမ်းအောင်သင်းရှင်သီဝလိဂါထာယူကျူ့ဘ်အမှတ်(၂၂)ခြေမြန်တပ်မဌာနချုပ်လစ်ဘရယ်ဝါဒကြွက်တက်ခြင်းလစ်ဗျားနိုင်ငံအန်ကောဝပ်ဦးနုကွန်ဂိုမြစ်မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ဗြိတိသျှအင်ပါယာမြန်မာနိုင်ငံရှိ မြို့နယ်များဝ လူမျိုးလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနကုန်းဘောင်ခေတ် ကာမစပ်ယှက်နည်းများစက္ကူပန်းအိမ်🡆 More