ဝီကီပီးဒီးယား လမ်းညွှန် မိတ်ဆက်/၃

မိတ်ဆက်ဝီကီပီးဒီးယား လမ်းညွှန်

အမည်ညွှန်းများစာမျက်နှာ အမျိုးအစားများ

စာမျက်နှာများ ရှာဖွေခြင်းသင်လိုတာကို ရှာဖွေနိုင်ဖို့

အသုံးဝင်သော လင့်ခ်များတည်းဖြတ်သူများအတွက် အသုံးဝင် စာမျက်နှာများ

အကျဉ်းချုပ်သင်ဘာတွေ တတ်ကျွမ်းသွားသလဲ ကြည့်ရအောင်

ဝီကီပီးဒီးယား လမ်းညွှန် မိတ်ဆက်/၃

ရှာဖွေရန် အကွက်သည် အပေါ်ညာဖက်တွင် ရှိပါသည်။ စတင်ရိုက်ထည့်လိုက်ပါက ယင်းသည် သင်ရှာဖွေနေသည်နှင့် တူညီသည်များကို ပြသပေးမည်ဖြစ်ပြီး — ရှာဖွေရလဒ်တစ်ခုအပေါ်တွင် ကလစ်နှိပ်ကာ ထိုစာမျက်နှာသို့ သွားရောက်နိုင်သည်။ အခြားနည်းလမ်းမှာ စာမျက်နှာ ခေါင်းစဉ်ကို ရိုက်ထည့်ကာ ↵ Enter နှိပ်လိုက်ပါက ထိုစာမျက်နှာသို့ တိုက်ရိုက် ရောက်ရှိသွားမည် ဖြစ်သည်။

ဆောင်းပါးခေါင်းစဉ်တွင် မပါဝင်သည့် စာလုံး သို့မဟုတ် စကားစုတစ်ခုအား ရိုက်ထည့်ပြီး ↵ Enter နှိပ်ခြင်းဖြင့် ရှာဖွေမှု ရလဒ် အပြည့်ပါဝင်သည့် စာမျက်နှာသို့ ရောက်ရှိမည်ဖြစ်ပြီး ယင်းစာမျက်နှာတွင် သင်ရှာဖွေနေသော စာလုံး/စကားစုပါဝင်သည့် ဆောင်းပါးများကို ပြသပေးမည် ဖြစ်သည်။ ရှာဖွေရန် အကွက်တွင် တစ်ခုခုရိုက်ထည့်ပြီး အောက်တွင်ပေါ်လာသည့် "containing..." လင့်ခ်ကို နှိပ်ပြီး ရှာဖွေမှု ရလဒ်အပြည့်ကိုလည်း ကြည့်နိုင်သည်။ နမူနာဆိုရသော် မြင်း ဆောင်းပါးသို့ တိုက်ရိုက်ရောက်ရှိသည်ထက် ဝီကီပီးဒီးယားတွင် "မြင်း" စာလုံးပါသော ဆောင်းပါးများအား ရှာဖွေလိုပါက ဖော်ပြထားသည့် နည်းလမ်းအတိုင်း ပြုလုပ်နိုင်သည်။

ဝီကီပီးဒီးယား လမ်းညွှန် မိတ်ဆက်/၃

ရှာဖွေမှု စာမျက်နှာတွင် ကွဲပြားသော အမည်ညွှန်းများကိုလည်း ရွေးချယ်ရှာဖွေနိုင်သည်။ (မာတိကာ စာမျက်နှာများ၊ မာလတီမီဒီယာ၊ အားလုံး) သို့မဟုတ် အဆင့်မြင့် ရှာဖွေခြင်းများတွင် အလိုရှိရာ အမည်ညွှန်းကို ရွေးချယ် ရှာဖွေနိုင်ပါသည်။

ကဏ္ဍများ

ရိုးရှင်းသော ကဏ္ဍတစ်ခု ပုံစံ
သက်ရှိများ
/
တိရစ္ဆာန်များ
\ 
အပင်များ 
/
ခွေးများ
\ 
ကြောင်များ

စာမျက်နှာရှာဖွေရှာတွင် အသုံးဝင်သည့် အခြားနည်းလမ်းတစ်ခုမှာ ဆက်စပ်မှုရှိသော စာမျက်နှာများကို အုပ်စုဖွဲ့ထားသည့် ကဏ္ဍများမှ ရှာဖွေခြင်း ဖြစ်သည်။ ကဏ္ဍများကို စာမျက်နှာတစ်ခု၏ အောက်ဆုံးတွင် စာရင်းထည့်ထားသည်ကို တွေ့နိုင်သည်။ ယင်းတို့သည် ယေဘုယျခေါင်းစဉ်မှသည် သီးခြားခေါင်းစဉ်ဆီသို့ အဆင့်ဆင့် ဖွဲ့စည်းထားသည်။ သို့အတွက် စာမျက်နှာတစ်ခုကို ပိုမိုတိကျသော ကဏ္ဍတစ်ခုတွင်းတွင် တွေ့ရှိနိုင်သည်။ ယေဘုယျအားဖြင့် [[Category:မြန်မာ ဂီတပညာရှင်များ]]တွင် ပါဝင်နေသော ဆောင်းပါးတစ်ခုအား ထပ်မံ၍ [[Category:ဂီတပညာရှင်များ]] ကဏ္ဍကို မထည့်သွင်းသင့်ပါ။


Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

ကသိုဏ်း၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းဗောဇ္ဈင်္ဂသုတ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနရောဘတ် ကွက်မင်းတုန်းမင်းကျောက်ပန်းတောင်းမြို့နယ်လမ်းမတော်ဖိုးတုတ်မြန်မာနိုင်ငံ၏ ရွာများလာလီဆာမြန်မာသဒ္ဒါဝေဿန္တရာဇာတ်တော်သောမတ် အက်ဒီဆင်အင်းတော်ကြီးသမိုင်းဘိုးမင်းခေါင်ဂျာနယ်ကျော် မမလေးပန်းချီပုဂံခေတ်မြန်မာဘာသာစကားငွေတာရီမြန်မာအဘိဓာန်အိတ်ချ်အိုင်ဗွီ ရောဂါပိုးမြန်မာ့တော်လှန်ရေးသာသနာ့ အလံဘာသာစကားတပ်မတော် စစ်ဘက်ဆိုင်ရာအကြီးအကဲများလိပ်ပြာနှင့် ပိုးဖလံများရဲဘော်သုံးကျိပ်လွှမ်းမိုးမြစ်ကြီးနားမြို့စစ်ကိုင်းမြို့၂၄ ပစ္စည်းပညာဘားအံမြို့ဒွန်နီယင်းမထိုးသွင်းသော လိင်ဆက်ဆံခြင်းအင်ဒိုနီးရှားနိုင်ငံပဋ္ဌာန်းဘုရားဂုဏ်တော်အေသင်မြို့ဆဒ္ဒန်ဆင်မင်းဝန်ငရဲတောင်ပေါ်ခွေးကောသလမင်း အိပ်မက် (၁၆)ချက်အောင်လအန်ဆန်းမာသာ ထရီဆာဗုဒ္ဓဘာသာအကြောင်းအကျဉ်းချုပ်တားရော့ပညာမြန်မာနိုင်ငံတော်ဗဟိုဘဏ်မြန်မာ့ မီးရထားဖြူးမြို့ပြည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက်ထိုင်းဘာသာစကားညောင်ရမ်းခေတ်မိန်းမ မျိုးပွားအင်္ဂါဆခွဲကိန်းမြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ညစ်ညမ်းခြင်းများကျုံးသိပ္ပံပညာသိန်း၊ ဆရာ (မော်ပီ)စစ်ကိုင်းတိုင်းဒေသကြီးစိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)သရဏဂုံအာရှပီမိုးနင်းနို့တိုက်သတ္တဝါကျွန်းပင်ဒူဘိုင်းမြို့ရွှေတိဂုံ၏ အံ့ဖွယ် (၉)ပါးမိုးမခပင်ပျူလူမျိုးဝက်ဝံမြန်မာနိုင်ငံ သစ်တောများမာရ်ငါးပါးစစ်တွေမြို့တာလပေါဟင်း🡆 More