ဝါးတားပိုလိုကစားခြင်း

ဝါးတားပိုလိုကစားခြင်းကို ကန်ရေပြင် ကျယ်များ၌လည်းကောင်း၊ ရေကူးကန်များ၌လည်းကောင်း ကစားနိုင်သည်။ ကစားကွင်းမှာ ၁၉ ကိုက်မှ ကိုက် ၃ဝ ခန့်အထိ ရှည်လျား၍ ကိုက် ၂ဝ ခန့်ကျယ်ဝန်း၏။ ကစားကွင်း အစွန်းနှစ်ဖက်တွင် ၁ဝ ပေခန့် ကျယ်၍ ရေပြင်ပေါ်တွင် သုံးပေခန့်မြင့်သော ဂိုးတိုင်များ စိုက်ထူထားကာ ပိုက်ဖြင့် ကာထားသည်။ ကစားသူအရေအတွက်မှာ တစ်ဖက်လျှင်ခုနစ်ယောက်ဖြစ်၏။ ရှေ့တန်းသုံးယောက်၊ အလယ်တန်းတစ်ယောက်၊ နောက်တန်းနှစ်ယောက်နှင့် ဂိုးစောင့်တစ်ယောက်ဖြစ်သည်။ ကစားချိန်မှာ တစ်ချိန်လျှင် ငါးမိနစ်မှ ခုနစ် မိနစ်အထိဖြစ်၍ ကြားတွင်ခေတ္တနားကာ နှစ်ချိန်ကစားရ၏။ ကစားပုံမှာ လေထိုးထားသော ဘောလုံးကို တစ်ဖက်မှတစ်ဖက်သို့ လက်တစ်ဖက်တည်း ဖြင့် ရေကူးရင်း ပစ်ပေးကာ ဂိုးသွင်းကစားရခြင်းဖြစ်၏။ ကစားသူများသည် ဦးထုပ်ကျပ်ကလေးများကို ဆောင်းထားရ၍ တစ်ဖက်နှင့်တစ်ဖက် ဦးထုပ် အရောင်ခွဲခြားထားလေသည်။ စ ကစားသောအခါ ဒိုင်လူကြီးက ဘောလုံး ကို ကစားကွင်းအလယ်သို့ မြေ|ာက်ပစ်လိုက်ရ၏။ ရရာဖက်မှနေ၍ ဂိုးသွင်း နိုင်သည်အထိ ကစားသွားကြရ၏။ ဘောလုံးကို လက်နှစ်ဖက်နှင့် စုံကိုင် ထားလျှင်လည်းကောင်း၊ တစ်ဖက်လူကို ကန်ကျောက်ခြင်း၊ ရေနှင့်ပက်ခြင်း ပြုလျှင်လည်းကောင်း၊ တစ်ဖက်လူက လုသည့်အခါ ရေအောက်တွင် ဘောလုံးကိုနှစ်ထားလျှင်လည်းကောင်း ဝါးတားပိုလိုကစားခြင်းနှင့်ဆိုင်သော စည်းကမ်းများကို ဖောက်ဖျက်သည်မည်၏။

Water Polo
ဝါးတားပိုလိုကစားခြင်း
Greece (white) vs. Hungary (blue) play a water polo match at the World Junior Championships 2004 in Naples, Italy
စီမံကြီးကြပ်သည့် အမြင့်ဆုံးအဖွဲ့အစည်းFINA
နာမည်ပြောင်များPolo, Wopo
CreatedLate 19th century
ဝိသေသလက္ခဏာများ
ထိတွေ့မှုYes
အသင်း အဖွဲ့ဝင်များ7 (6 field players and 1 goalkeeper)
ကဏ္ဍIndoor or outdoor, aquatic
ကိရိယာWater polo ball, water polo goals, water polo caps
ကျင်းပကွင်းWater polo pool
အိုလံပစ်1900

ဝါးတားပိုလို ကစားခြင်းမှာ များစွာစိတ်ဝင်စားဖွယ်ကောင်း၍ အထူးသတိဝီရိယရှိစွာဖြင့် အားစိုက်၍ကစားရသော ကစားနည်းမျိုးဖြစ်သည်။ ကစားသူများအား ကျန်းမာရေးနှင့် ပြည့်စုံစေသည့်အပြင် ရေကူးပိုမိုကျင် လျင်စေ၍ ခွန်အားဗလ တိုးတက်စေနိုင်သောကြောင့် ဝါးတားပိုလိုကစား နည်းမှာ တစ်နေ့တခြား ခေတ်စားလာသည်။ ယင်းကစားနည်းကို အဂ‡လန် ပြည်တွင် ၁၈၇ဝ ပြည့်နှစ်က စတင်ကစားခဲ့၍ အမေရိကန်ပြည်ထောင်စုသို့ ၁၈၉ဝ ပြည့်နှစ်လောက်မှ ရောက်သွားလေသည်။

ကိုးကား

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

ကိုကိုဦး (ဗိုလ်ချုပ်)လန်ဒန်မြို့ငွေ (သတ္တု)လက်ဖက်သုပ်မြန်မာအကမြန်မာ-အင်္ဂလိပ် အဘိဓာန်လစ်ဘာတီ ရုပ်တုအင်္ဂလန်နိုင်ငံမြန်မာနိုင်ငံ ရဲတပ်ဖွဲ့သိန်းစိန် (နိုင်ငံတော်သမ္မတ)မြန်မာ့အလင်း သတင်းစာမြန်မာနိုင်ငံရှိ မြို့များကျေးရွာအုပ်စုအရှေ့တောင်တိုင်းစစ်ဌာနချုပ်ပေပင်ဇေယျ (စာရေးဆရာ)ကင်ဆာရောဂါမော်စီတုန်းမဂ္ဂသစ္စာတနင်္သာရီတိုင်းဒေသကြီးဆောက်လုပ်ရေး ဝန်ကြီးဌာနဂန္ထဝင်မျက်စိနာခြင်းပြည်ထဲရေး ဝန်ကြီးဌာနဧပရယ်လ်ဖူးလ်နေ့ဒိုင်အာခီ၂၀၂၄အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အမှတ်(၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လီဆူလူမျိုးတပ်မတော်အက်ဥပဒေများမြန်မာစာပေစိုင်းစိုင်းခမ်းလှိုင်ဆေးခြောက်ခရူးဆိတ် စစ်ပွဲများငပလီမြို့သီလမြင့်မြတ်သော ရောမအင်ပါယာပြင်းထန်အသက်ရှုလမ်းကြောင်းရောဂါ ကိုရိုနာဗိုင်းရပ်စ် ၂မင်းတုန်းမင်းမေတ္တသုတ်လိင်စိတ် နိုးထခြင်းအီဂျစ်မှ ပိရမစ်များမျိုးကြီးအမှတ်(၁၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နဂါးအိုမန်နိုင်ငံအားလိင်တံတရုတ်ပြည်သူ့သမ္မတနိုင်ငံနာဇီဂျာမနီညောင်ရမ်းမင်းတရားကြီးမက္ခရာမင်းသားကြီးဂင်္ဂါမြစ်ကွန်ဒုံးအလောင်းမင်းတရားယူနိုက်တက်ကင်းဒမ်းနိုင်ငံပလောင်လူမျိုးအမှတ်(၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နီဝရဏသန်လျင်မြို့အန်ကောဝပ်ပုပ္ပါးတောင်နတ်ပင့်ဂါထာဟက်စတင်းစ်တိုက်ပွဲမိုင်းခရပ်ဖ်မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)သားအိမ်ဝါကျမြန်မာ့သမိုင်းလေးဖြူအောင်ဆန်းရှင်ပြုခြင်းနာဂလူမျိုးကချင်လူမျိုးဘုရားဂုဏ်တော်ကိုးပါးသီလအိမ်🡆 More