မရိုးပင်

ပုံသဏ္ဌာန် : အပင် -ချုံယောင် ပင်ငယ်မျိုး ဖြစ်၍ အမြင့်ပေ ၁၀-၁၅ ပေထိ မြင့် ၏ ။ ပင်စည် ရိုးတံဖြောင့် ၍ အစေးဖြူ များ ရှိ၏ ။ အရွက် -ရွက်လွှဲ ထွက်သည်။ အရွက် အလယ်ပိုင်း ကျယ်ပြန့် ၍ အဖျားသို့ ရှူးသွားသည်။ ရွက်ရင်း နှလုံးပုံ ရှိသည်။ အပေါ် မျက်နှာပြင် ပြောင်ချော၍ အောက်မျက်နှာပြင် သည် ငွေရောင် အမွေးနု များဖြင့် ဖုံးအုပ် နေသည်။ အပွင့် - ဆွတ်ဆွတ် ဖြူ သို့မဟုတ် ပန်းရောင် ဖျော့ဖြစ် ပြီး အဆုပ် လိုက် ပွင့် ၏ ။ ပွင့်ကိုင်း ရှည်သည်။ ပွင့်ဖတ် အုံ ထောင် မတ် သည်။ နတ်တော် ၊ ပြာသို တွင် ပွင့် သည်။ အသီး - အလျား ၃-၄ လက်မ အထိ ရှိ၍ ကောက်နေသည်။ အစေ့ ကျောက်ကပ်ပုံ ဖြစ်သည်။ ပြာသို တပို့တွဲ တွင် သီးသည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အမြစ် ၊ အပွင့် ၊ အစေး ၊ အကိုင်း ၊ အရွက် ။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာ နိုင်ငံ အနှံ့အပြား တွင် ပေါက်ရောက်သည်။ အထူး သဖြင့် မြစ်ချောင်း ကမ်းပါး သောင်ပြင် များ တွင်တွေ့ နိုင်သည်။ သဘာ၀ အလျောက် ပေါက်ရောက် သည်။ အသုံးဝင်ပုံ : အာနိသင် - မြန်မာ ဆေးကျမ်း များ အလိုအရ မရိုးပင် သည် ချို၍ အနည်းငယ် ခါးသော အရသာ ရှိ၏ ။ အစေးသည် အနည်းငယ် ငန်၍ ခါး၏ ၊ ပူ၏ ၊ မရိုးပွင့်သည် သုက်ကို ပွားစေ၏ ၊ ကြေပျက် လွယ်၏ ၊ ဝမ်းမီး ကို တောက်စေ၏၊ ဝမ်းသက် စေ၏ ၊ အန်စေ တတ်၏ ၊ ခါး ၏၊ သက်၏ ၊ ချုပ်၏ ၊ ပူ၏ ၊ အားကို ဖြစ်စေ ၍ အသက် ကို ရှည်စေ၏ ။

Vincetoxicum hirundinaria
မရိုးပင်
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Asterids
မျိုးစဉ်: Gentianales
မျိုးရင်း: Apocynaceae
မျိုးဇာတ်: Asclepiadeae
မျိုးစု: Vincetoxicum
မျိုးစိတ်:
V. hirundinaria
ဒွိနာမ
Vincetoxicum hirundinaria
Medik.
Synonyms
  • Asclepias vincetoxicum L.
  • Cynanchum vincetoxicum (L.) Pers.

မရိုးပင်
မရိုးပင်

အသုံးပြုပုံ

အမြစ်

  1. မရိုး မြစ်ခေါက်ကို ရေနှင့် ကြိတ်၍ သွားကိုက်သော နေရာတွင်သိပ်ပေးသော် သွားကိုက် ပျောက်၏ ။
  2. မရိုးမြစ် နှင့် ဝါဂွမ်း မြစ်ကို ဆတူ ကြိတ်၍ အနည်းငယ် မျှ သောက်သော် မြွေဆိပ်များ ကျဆင်း စေ၏ ။
  3. ကင်းကိုက်သော ဒဏ်ရာပေါ် တွင် မရိုးစေ့ သို့မဟုတ် မရိုးမြစ် ကို ရေနှင့် သွေးလိမ်း လျှင် ကင်းဆိပ် ပျောက်၏ ။
  4. မရိုးမြစ် ကို ဆင်ခြေ ထောက် ရောဂါ ၊ ထိခိုက် မိ၍ ရောင်ရမ်း သော ဒဏ်ရာတို့ အတွက် ဆေးဖော် စပ် သုံး ၏ ။
  5. မရိုးမြစ် ကို ကြိတ်၍ မီးဖြင့် နွေးအောင် ပြုပြီး ပေါင် ၊ခြေ သလုံးသား တောင့်တင်း ကိုက်ခဲသော နေရာပေါ် တွင် လိမ်းက ပျောက်၏ ။
  6. မရိုးမြစ် မှုန့်နှင့် ပျားရည် ရောသောက်က အရေပြား ရောဂါနှင့် အနာကြီး ရောဂါ ပျောက်၏ ။
  7. မရိုးမြစ် နှင့် မရိုးစေး ကို မျက်စိ ကွင်းဆေး ၊ မျက်စိနာ ပျောက်ဆေး များ အဖြစ် ဖော်စပ် အသုံး ပြု၏ ။
  8. မရိုးမြစ် ကို ဝက်ရူးနာ ရှူဆေး အဖြစ် အသုံးပြု၏ ။ အပွင့် ကို ဝက်ရူး နာသောက် ဆေး အဖြစ် ဖော်စပ် သုံး၏။

အပွင့်

  1. မရိုးပွင့် အစိုကို ကြိတ်၍ နွားနို့ နှင့် နေ့စဉ် သောက်သော် ကျောက် တည်ရောဂါ ပျောက်၏ ။
  2. အပွင့်ကို နှမ်းဆီနှင့် ကြော်စားလျှင် သွေးလုံးပျောက်၏ ။
  3. မရိုးပွင့် ကို ကာလ ဝမ်းရောဂါ ပျောက်ဆေး အဖြစ် လည်း ဖော်စပ် သုံး၏ ။

အစေး

  1. ဒူးခေါင်း ကိုက်ခဲခြင်း ၊ ကွေးဆန့်၍ မရခြင်း အတွက် မရိုးဆေး နှင့် လိမ်းနယ်ပေး ရ၏ ။
  2. မရိုးဆေး နှင့် ဆူးဖြူ အခေါက် မှုန့်တို့ကို ရောကြိတ်ပြီး ချက်ဘေး ပတ်လည် နှင့် ဆီးအိမ် ကို လူးပေးပါက ဆီးချုပ်ခြင်း ပျောက်၏ ။
  3. မရိုးစေးကို နနွင်းနှင့် သွေးလိမ်း က မျက်နှာ ရှိ တင်းတိပ် များပျောက်၏ ။
  4. မရိုးစေး နှင့် သနပ်ထော် စေး ခပ်ပျစ်ပျစ် သွေးလိမ်းက ကျပ်ဖူးနှင့် အခြား အဖုအပိမ့် များ ပိန်၍ ပျောက်၏ ။
  5. မရိုးစေး နှင့် ရှိန်းခို သွေး၍ စုတ်ဖြင့် ထိုးပေးက မခံ မရပ် နိုင်အောင် ကိုက်ခဲ နာကျင်ခြင်း ပျောက်၏ ။

အကိုင်း

  1. မရိုးကိုင်း ကို အတွင်း လိပ်ခေါင်း ပျောက်ဆေး အဖြစ် အသုံးပြု ၏ ။
  2. မရိုးကိုင်း ခြောက် ကို မီးရှို့၍ အခိုးကို နှာခေါင်း ဖြင့် ရှူပေးပါက ခေါင်းကိုက် ၊ အကြော တက်ရောဂါ ပျောက်၏ ။

အရွက်

  1. မရိုးရွက် ရင့်ကို ထောပတ် နှင့် သုတ်၍ မီးကင် ပြီး အရည်ညှစ်ကာ နားတွင် ထည့်သော် နားနာ ၊ နားကိုက် ပျောက်၏။
  2. မရိုးရွက် ကြိတ်ညှစ် ရည်ကို ဆား အနည်းငယ် ထည့်သောက်သော် သလိပ်နာ ၊ ပန်းနာ ၊ ဝမ်းဗိုက်နာ ၊ ဝမ်းရောင်နာ များ ပျောက်၏ ။
  3. မရိုးရွက် ကို သူငယ်နာ အဆုတ် ရောင်ရောဂါ ၊ ဝမ်းရောဂါ ၊ ဝမ်းရောင် ၊ ဝမ်းကြောတင်းခြင်း ရောဂါ များ အတွက် ဆေးဖော်စပ် သုံး၏။
  4. သွက်ချာ ပါဒ လေငန်း ၊ အဆစ် ရောင် ရောဂါ လိမ်းဆေး တွင် မရိုးရွက် ကို ထည့်သွင်း ဖော်စပ် သုံး၏။

ကိုးကား

Tags:

မရိုးပင် အသုံးပြုပုံမရိုးပင် ကိုးကားမရိုးပင်

🔥 Trending searches on Wiki မြန်မာဘာသာ:

၂၄ ပစ္စည်းအသည်းရောင် အသားဝါ ရောဂါ စီပိုးမန္တလေးတိုင်းဒေသကြီးမြန်မာနိုင်ငံ၏ ပြည်သူ့စစ်မှုထမ်းဥပဒေစံကားဝါဗမာ့ထွက်ရပ်ဂိုဏ်းမဟာဂီရိနတ်ဦးနုမြန်မာနိုင်ငံ၏ ရွာများရာသီဥတုပြောင်းလဲမှုဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော်ဥသျှစ်ပင်အမေရိကန်ပြည်ထောင်စုမြဝတီမြို့နယ်ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်မဟာရဋ္ဌသာရ၊ သျှင်အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်သန်လျင်မြို့ရှမ်းပြည် တပ်မတော်ငါး (တိရစ္ဆာန်)ထိုင်တော်မူ ဂေါတမဗုဒ္ဓ ရုပ်ပွားတော်ဘုရားကြီးကန်တော်ကြီး အမျိုးသား ရုက္ခဗေဒ ဥယျာဉ်အင်တာနက်သနပ်ခါးမြန်မာ့ ရုပ်ရှင် ထူးချွန်ဆုမြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေများအဆိပ်ဧရာဝတီတိုင်းဒေသကြီးမင်္ဂလသုတ်ကွန်ဖြူးရှပ်လွတ်လပ်ပြီးခေတ်မြန်မာနိုင်ငံစက္ကူပန်းအက်တမ်ဝိပဿနာမဟော်သဓာဝိနည်းဆရာအင်းဝမြို့ပထမ အင်္ဂလိပ် - မြန်မာစစ်မျိုးပွားခြင်းပါတော်မူခြင်းဓမ္မစကြာသုတ္တန်ပစ္စည်း (သဒ္ဒါ)ခွေးရူးပြန်ရောဂါအလောင်းမင်းတရားMinecraftပြင်သစ်နိုင်ငံနေတိုး (ရုပ်ရှင်သရုပ်ဆောင်)သမ္မာကျမ်းစာရေဘဝဲပင်းယခေတ်လိင်စိတ်ဆွခြင်းရေးမြို့နယ်ရွှေတိဂုံ၏ အံ့ဖွယ် (၉)ပါးတိုင်းစစ်ဌာနချုပ်ကာကွယ်ရေးဝန်ကြီးဌာနအပျိုမြှေးဖက်ဒရယ်ပြည်ထောင်စုစနစ်ရွှေစည်းခုံ စေတီတော် (ပုဂံ)လွှမ်းပိုင်ခရေပင်သွေးအုပ်စုဇာတ်ကြီးဆယ်ဘွဲ့မဂ္ဂင် ၈ ပါးတပ်မတော် (လေ)တပ်မတော် (ရေ)နယ်ခြားစောင့်တပ်ဖွဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရာထူးအဆင့်များနှင့် အဆောင်အယောင်တံဆိပ်များမင်းသုဝဏ်ဇာတာကယားလူမျိုးခန္ဓသုတ်ပဲခူးမြို့အောင်ဆန်းစုကြည်ဆေးခြောက်🡆 More