နဟ်ဂျွလ်ဗလာဂဟ်

နဟ်ဂျွလ်ဗလာဂဟ်ကျမ်း (အင်္ဂလိပ်: Nahj al-Balagha; အာရပ်: نهج البلاغة‎ Nahj-ul Balāgha(h), အာရပ် အသံထွက်: ; The Peak of Eloquence) သည် ဟဇရသ်အေမာမ်အလီ(အ.စ)၏ ဟောကြားချက်များ၊ ပေးစာများနှင့် ‎ဩဝါဒတော်များကို ဟစ်ဂျရီခုနှစ် ရာစု(၄)တွင် ကြော်ကြားခဲ့သော သုခမိန်သာသနာ့ပညာရှင်ကြီး ဆရဒ်ရဇီမှ ‎စုစည်းပြုစုခဲ့သော ကျမ်းကြီးဖြစ်သည်။ ဤစာအုပ်၏ ထူးခြားချက်များကြောင့် ဘာသာစကားမျိုးစုံဖြင့် ‎ဘာသာပြန်ဆိုခဲ့ကြသည်။.

စာအုပ်ဖွဲ့စည်းထားပုံ

ဤစာအုပ်ကို အခန်းကဏ္ဍ(၃)ပိုင်းခွဲ၍ ပြုစုထားလေသည်။

  • ပထမအခန်းကဏ္ဍတွင် ဟောကြားချက်များနှင့် မိန့်ရပ်များ
  • ဒုတိယအခန်းကဏ္ဍတွင် ပေးစာများ
  • တတိယအခန်းကဏ္ဍတွင် ဩဝါဒတော်များ ဟူ၍ဖြစ်သည်။

တစ်ခြားဘာသာစကားများသို့ပြန်ဆိုထားခြင်း

ပါရှန်းဘာသာစကား

ပါရှန်းဘာသာစကားသို့ ဘာသာပြန်ပေါင်းမြောက်မြားစွာကို ပြန်ဆိုထားကြသည်။ ‎တချို့ကိုဖော်ပြရမည်ဆိုလျှင် ဆရဒ်ဂျာအ်ဖရ်ရှဟီဒီ၊ အလီနကီဖိုင်ဇွလ်အစ္စလာမ်၊ ဂျဝါးဒ်ဖာဇီလ်၊ ‎မိုဟမ္မဒ်သကီ ဂျာအ်ဖရီ၊ ဆရဒ်မိုဟမ္မဒ်မဲဟ်ဒီဂျာအ်ဖရီ၊ ဟိုစိုင်န်အလီမွန်သဇေရီ၊ ဟိုစိုင်န်အန်ဆွာရီယာန်၊ ‎မိုဟမ္မဒ်ဒက်ရှ်သီ၊ မွတ်ဆွသွဖာဇမာနီ၊ အလီအက်္စဂရ်ဖကီဟီး တို့ဖြစ်ကြသည်။ ဟောကြားချက်များနှင့် ‎မိန့်ရပ်တို့ကိုလည်း ကဗျာအဖြစ် အလီသဝကိုလီဂေနာဘာဒီမှလည်း ဘာသာပြန်ဆိုထားလေသည်။

ရုရှားဘာသာစကား

Abdulkarim Taras Cherniyenko မှလည်း ရုရှားဘာသာစကားသို့ ပြန်ဆိုထားလေသည်။

ဂျော်ဂျီယန်ဘာသာစကား

ဂျော်ဂျီယန်ဘာသာစကားတွင်လည်း ပထမဆုံးအကြိမ်အဖြစ် အေမာမ်ကိုလီပါသိုဝါနီမှလည်း ‎ဘာသာပြန်ဆိုထားလေသည်။ သူသည် စာရေးဆရာတစ်ဦးလည်းဖြစ်ရာ ကျမ်းတော်မြတ်ကုရ်အာန်ကိုလည်း ‎ဘာသာပြန်ခဲ့လေသည်။ .

ဋီကာကျမ်းများ

အလာမာအမီနီသည် မိမိရေးသားပြုစုခဲ့သည့် အလ်ဂဒီးရ်ကျမ်း အတွဲ(၄)တွင် နဟ်ဂျွလ်ဗလာဂဟ်ကျမ်းကို ‎ဋီကာဖွင့်ဆိုထားသော ကျမ်းပေါင်း (၈၁)ကျမ်းရှိသည်ဟု ဆိုထားလေသည်။. ထိုအထဲမှ ‎အကြော်ကြားဆုံးဋီကာကျမ်းမှာ အိဗ်နေအဗီလ်ဟဒီးဒ်မိုအ်သဇေလီဘဂ်ဒါဒီ ပြုစုခဲ့သည့်ကျမ်းဖြစ်ပင်ဖြစ်သည်။ ‎အိဗ်နေမိုင်စမ်ဘဟ်ရာနီသည်လည်း ဋီကာဖွင့်ဆိုထားခဲ့လေသည်။ မျက်မောက်ခေတ်ကာတွင်လည်း ‎အာယာသွလ္လာခူအီမှလည်း ဋီကာဖွင့်ဆိုထားလေသည်။ ရှုက်ခ်မိုဟမ္မဒ်သကီဂျာအ်ဖရီ ‎သည်လည်းဘာသာပြန်ဆို၍ အကျမ်းတဝင့်ဋီကာဖွင့်ဆိုထားသည်။ ရှုက်ခ်မိုဟမ္မဒ်သကီရွှရှ်သရီသည်လည်း ‎ဋီကာဖွင့်ဆိုထားလေသည်။

ကျမ်းကိုးကားများနှင့် အထောက်အထားစာတမ်းများ

ဩဝါဒတော်များအား ပထမဆုံး စုစည်းထည့်သွင်း ဖော်ပြပေးခဲ့သူမှာ ‎အဘူအွစ်မာန်အမ်ရ်အိဗ်နေဘဟ်ရ်ဂျာဟီဇ်ဆွာဟိဗ် (ကွယ်လွန် ၂၅၅ ဟစ်ဂျရီ) ဖြစ်သည်။ ၎င်းသည် ‎အေမာမ်အလီ(အ.စ)၏ ဩဝါဒတော်အတို (၁၀၀)ကို စုစည်းပေးခဲ့လေသည်။ နဟ်ဂျွလ်ဗလာဂဟ်ကျမ်းရှိ ‎ဩဝါဒတော်များအား ပထမပိုင်းတွင် ‎مطلوب کل طالب من کلام امیرالمؤمنین علی بن ابی طالب‎ ‎လိုလားသူတိုင်းအတွက် သင့်လျှော်သော အမီးရိရ်မိုအ်မေနီးန်၏ ဩဝါဒတော်များဟု ခေါ်ဝေါ်ခဲ့လေသည်။

သမိုင်းကျမ်းပြုစုသူများနှင့် ဟဒီးစ်ပြုစုသူများသည် အေမာမ်အလီ(အ.စ)၏ ဟောကြားချက်များ၊ ‎မိန့်ရပ်များ၊ ဩဝါဒတော်များကို ဆင့်ပြန်ထားခဲ့ကြသည်။ ကိုဇာအီဟု ကြော်ကြားသော ‎ကာဇီမိုဟမ္မဒ်ဗင်န်စလာမာ(ဟစ်ဂျရီခုနှစ် (၄၀၅) တွင်ကွယ်လွန်) သည် အေမာမ်အလီ(အ.စ)၏ ‎မိန့်ဆိုရပ်များကို ဒက်စ်သူရ်မအာလိမ်မွလ်ဟေကမ် ဝါ မာအ်စူရ် မကာရိမွလ်ရှေယမ် ဟူ၍ သီးခြားစာအုပ်အဖြစ် ‎ရေးသားပြုစုခဲ့သည်။ အဆိုပါစာအုပ်ကို ပါရှန်းဘာသာစကားဖြင့်လည်း ကာနူးန် အမည်ဖြင့် ‎ပြန်ဆိုထားကြသည်။ . အေမာမ်အလီ(အ.စ)၏ ဟောကြားချက်များနှင့် ပေးစာများကိုလည်း ‎နဟ်ဂျွလ်ဗလာဂဟ်ကျမ်း မပြုစုခင်အရင် အဗူအိစ်ဟာက္က်သကဖီကူဖီ ရေးသားပြုစုခဲ့သည့် အလ်ဂါရာသ် ‎ဆိုသည့်ကျမ်းတွင် စုစည်းတင်ပြခဲ့လေသည်။ ၎င်းပညာရှင်သည် ဟစ်ဂျရီခုနှစ် ရာစု(၃)ရှိ ‎ပညာရှင်များထဲမှဖြစ်ပြီး ဟစ်ဂျရီခုနှစ် (၂၈၃)တွင် ကွယ်လွန်လေသည်။. ထိုနည်းတူစွာပင် ‎တစ်ဆူတည်းသောအရှင်နှင့်ပတ်သက်၍ ဟောကြားချက်များကိုလည်း နဟ်ဂျွလ်ဗလာဂဟ်ကျမ်းမပြုစုခင် ‎နှစ်တစ်ရာအရင်တွင် ရှိုက်ခ်ကိုလိုင်နီ ပြစုခဲ့သည့် အလ်ကာဖီကျမ်းနှင့် ရှုက်ခ်ဆွဒူးက် ပြုစုခဲ့သည့် ‎ကေသာဘွသ်သောင်ဟီးဒ် ကျမ်းတို့တွင် ထည့်သွင်းဖော်ပြထားခဲ့သည်။ ‎

 နဟ်ဂျွလ်ဗလာဂဟ်ကျမ်းပြုစုခဲ့သူ ဆရဒ်ရဇီ မတိုင်မီနှစ်တစ်ရာအရင်မှ နာမည်ကြော် သမိုင်းသုတေသီ ‎အလီအိဗ်နေဟိုစိုင်န်မက်စ်အူဒီသည် မိုရူဂျွဇ်ဇဟဘ်ကျမ်း ဒုတိယတွဲတွင် (( ဟဇရသ်အလီ(အ.စ)၏ ‎ဟောကြားချက်များအား လူထုမှ သိမ်းဆည်းမှတ်သားထားကြသည်မှာ (၄၈၀)ခန့်ဖြစ်သည်။ ‎ဟဇရသ်အလီ(အ.စ)သည် ထိုဟောကြားချက်များအား ကြိုတင်ပြင်ဆင်ရေးသားထားမှု မပြုဘဲ လက်တမ်း ‎ဟောကြားခဲ့ချက်များဖြစ်သည်။ လူထုသည်လည်း ထိုဟောကြားချက်စကားလုံးများအတိုင်း ‎ရေးသားမှတ်သားခဲ့ကြခြင်းဖြစ်သည်။ )) ဟုဆိုထားလေသည်။ ထိုပညာရှင်ကြီး၏ သက်သေပြုချက်အရ ‎ဟဇရသ်အလီ(အ.စ)၏ ဟောကြားချက်များသည် အလွန်များပြားလှသည်။ သို့သော် ဆရဒ်ရဇီသည် ‎ထိုအထဲမှ အထောက်အထားခိုင်လုံ၍ စီကာပတ်ကုံး ပို၍ ဆီလျော်မှုအရှိဆုံး ဟောကြားချက် (၂၃၉)ခုကိုသာ ‎တင်ပြခဲ့သည်။

နဟ်ဂျွလ်ဗလာဂဟ်ကျမ်းပါ တင်ပြထားချက်များကို အထောက်အထားများ နှင့် ‎ကိုးကားချက်များကို တင်ပြထားသော စာအုပ်ပေါင်းများစွာ ပုံနှိပ်ထုတ်ဝေခဲ့ပြီးဖြစ်သည်။ ထိုအထဲမှ ‎အရေးပါဆုံး စာအုပ်(၃)အုပ်မှာ မိုဟမ္မဒ်ဒက်ရှ်သီနှင့် သုတေသီများ ရေးသားခဲ့သည့် ရေဝါသ် ဝါ ‎မိုဟက်ဒ်ဒေစီးနေနဟ်ဂျွလ်ဗလာဂဟ် ၊ အိမ်သေယာဇ်အလီခန်း ရေးသားပြုစုထားသည့် ‎အက်စ်နာဒေနဟ်ဂျွလ်ဗလာဂဟ် ။ ၎င်းစာအုပ်ကို အာယာသွလ္လာဇာဒေရှီရာဇီမှ ဘာသာပြန်ဆိုထားသည်။ ‎ဆရဒ်အဗ်ဒွဇ်ဇဟ်ရာဟိုစိုင်နီ ရေးသားပြုစုထားသည့် မဆွာဒိရွလ်နဟ်ဂျွလ်ဗလာဂဟ် တို့ဖြစ်သည်။ ‎

နဟ်ဂျွလ်ဗလာဂဟ်ကျမ်းအား ချီးမွမ်းထားမှုများ

အာရဗ် အလင်္ကာပညာ အကြော်အမော်များဖြစ်ကြသည့် ရာစုနှစ်(၂)မှ အဗ်ဒွလ်ဟမီးဒ်ကာသိဘ်၊ ‎ရာစုနှစ်(၃)မှ ဂျာဟိဇ်၊ ရာစုနှစ်(၄)မှ ကေဒါမဟ်ဗင်န်ဂျအ်ဖရ်၊ ရာစုနှစ်(၆)မှ အိဗ်နေအဗိလ်ဟဒီးဒ်၊ ‎ရာစုနှစ်(၈)မှ ခလီးလ်အိဗ်နေအဟ်မဒ်ဖရာဟီဒီ တို့သည် နဟ်ဂျွလ်ဗလာဂဟ်ကျမ်း၏ စီကာပတ်ကုံး ‎ရေးသားထားမှုများအပေါ် ချီးမွမ်းထားလေသည်။ အိဗ်နေခလ်ဒူးန်၏ အဆိုအရ ဂျာဟိဇ်သည် ‎အာရဗီအလင်္ကာတို့၏ အလင်္ကာဗိသုကာဖခင်ကြီးလေးဦးမှ တစ်ဦးဖြစ်သည်။—  ဂျဟိဇ်သည် ‎နဟ်ဂျွလ်ဗလာဂဟ်ကျမ်းမှ ဟဇရသ်အလီ(အ.စ)၏ မိန့်ရပ်တစ်ခုအား ဆင့်ပြန်၍ ဤသို့ဆိုထားလေသည်။ (( ‎အကယ်၍သာ ဤအပိုဒ်တစ်ခုသာ ကျွန်တော်တို့ လက်ဝယ်ရရှိခဲ့မည်ဆိုလျှင်လည်း ‎အရဗီကဗျာအလင်္ကာတို့ကို စီကာပတ်ကုံးပြောဆိုနိုင်ကြောင်းကို သိနိုင်ပေသည်။ တစ်ခြားသော ‎ဟောကြားချက်များပင် မလိုအပ်ပေ)).»

ကိုင်ရို တက္ကသိုလ်တစ်ခုမှ ကျောင်းအုပ်ပါမောက္ခကြီးတစ်ဦးဖြစ်သူ အလီအလ်ဂျွန်ဒီသည် ‎မိမိစာအုပ်ဖြစ်သည့် အလီအိဗ်နေအဗီသွာလိဗ် ရှေအ်ရိုဟူ ဝါ ဟွက်္ကကိုဟူ တွင် နဟ်ဂျွလ်ဗလာဂဟ်ကျမ်းကို ‎ဤသို့ဆိုထားလေသည်။

ဂျိုရ်ဂျ်ဂျရ်ဒါးက်မစီးဟီး သည် နဟ်ဂျွလ်ဗလာဂဟ်နှင့်ပတ်သက်၍ စာအုပ်များစွာရေးသားခဲ့သည်။ ‎အဆိုပြုထားသည်မှာ ((ဟဇရသ်အလီ(အ.စ)မှလွဲ၍ အခြားရေးသားပြုစုနိုင်သူဟူ၍ မရှိနိုင်ပေ။ ထိုကြောင့် ‎ကျွန်တော် သူ့အကြောင်းမှလွဲ၍ ကျန်တစ်ခြားလူအကြောင်းကိုလည်း ရေးသားခြင်းမပြုပါ။))‎

အီဂျစ်နိုင်ငံ မွတ်ဖ်သီချုပ်ဖြစ်ခဲ့သူ ရှိုက်ခ်မိုဟမ္မဒ်အဗ်ဒိုဟ်သည် နဟ်ဂျွလ်ဗလာဂဟ်ကျမ်း နှင့်ပတ်သက်၍ ‎အကျယ်တဝင့်ဖွင့်ဆိုထားပြီး လူငယ်တို့အကြား ပြန်လည် သင်ကြားပို့ချပေးခဲ့သူလည်းဖြစ်သည်။ ထိုကျမ်းနှင့် ‎ပတ်သက်၍ ဆိုထားသည်မှာ ((အာရပ်တို့အကြား ကျမ်းမြတ်ကုရ်အာန်နှင့် တမန်တော်မြတ်မိုဟမ္မဒ်(ဆွ)၏ ‎ဟဒီးစ်တော်များပြီးနောက် ဟဇရသ်အလီ(အ.စ) မိန့်ရပ်ဩဝါဒတော်များသည် အမြင့်မြတ်ဆုံး၊ ‎အဓိပ္ပာယ်အရှိဆုံး၊ အထိရောက်ဆုံး၊ အပြီးပြည့်စုံဆုံး ဖြစ်သည်။

ဟိုစိုင်န်လန်ကရာနီ ပြောဆိုထားသည်မှာ ((ရေဇာခန်း အုပ်ချုပ်သည့်ကာလတွင် ‎မိရ်ဇာယာဟ်ယာဒိုလသ်အာဘာဒီထံသို့ သွားရောက်ခဲ့သည်။ ထိုအခိုက် နဟ်ဂျွလ်ဗလာဂဟ်ကျမ်းကို ‎ဖွင့်ထား၍ ထိုကျမ်းရှေ့တွင် ဒူးကွေးထိုင်နေလေသည်။ ကျွန်တော်ရောက်သည်နှင့် ‎လှည့်ကြည့်လိုက်သည့်အခါ မျက်နာတွင် မျက်ရည်များဖြင့်စိုရွဲနေပြီး မျက်လုံးမှာလည်း နီရဲနေသည်။

ကိုးကား

Tags:

နဟ်ဂျွလ်ဗလာဂဟ် စာအုပ်ဖွဲ့စည်းထားပုံနဟ်ဂျွလ်ဗလာဂဟ် တစ်ခြားဘာသာစကားများသို့ပြန်ဆိုထားခြင်းနဟ်ဂျွလ်ဗလာဂဟ် ဋီကာကျမ်းများနဟ်ဂျွလ်ဗလာဂဟ် ကျမ်းကိုးကားများနှင့် အထောက်အထားစာတမ်းများနဟ်ဂျွလ်ဗလာဂဟ် ကျမ်းအား ချီးမွမ်းထားမှုများနဟ်ဂျွလ်ဗလာဂဟ် ကိုးကားနဟ်ဂျွလ်ဗလာဂဟ်အင်္ဂလိပ်ဘာသာစကားအာရပ်ဘာသာစကား

🔥 Trending searches on Wiki မြန်မာဘာသာ:

ကျုံးပဲခူးတိုင်းဒေသကြီးလေဖြတ်ခြင်းအန်ကောဝပ်ဗုဒ္ဓဟူးဂြိုဟ်စတုဂံသာမဏေပြစ်မှုဆိုင်ရာဥပဒေအသောကမင်းမြန်မာနိုင်ငံ၏ အလံများ စာရင်းလိပ်ပြာနှင့် ပိုးဖလံများဆားတောင်ပေါ်ခွေးဂုဏ်ဆယ်ပါးချဉ်ပေါင်လေမုန်တိုင်းမှန်နန်း ရာဇဝင်မြိတ်မြို့မေတ္တသုတ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနန္ဒမာလာဘိဝံသနှစ်ဆန်းတစ်ရက်နေ့နန်းလုံးကြိုင်နတ်မင်းကြီးလေးပါးအကြည်တော်ရှင်သီဝလိဂါထာမြန်မာနိုင်ငံရှိ သဘာဝ ထိန်းသိမ်းရေး နယ်မြေများမွန်ဘာသာစကားအလောင်းမင်းတရားကြည့်မြင်တိုင်မြို့နယ်ပြည်မြို့တြိဂံကရင်ပြည်နယ်၃၈ ဖြာ မင်္ဂလာဗီယက်နမ်နိုင်ငံမဟာသမယသုတ်သက္ကာယဒိဋ္ဌိအင်္ဂုလိမာလသုတ်လိင်စိတ် နိုးထခြင်းမနုဿဗေဒဖိလစ်ပိုင်နိုင်ငံမြန်မာနာမည်သရဲဘားအံမြို့လာအိုနိုင်ငံဂျာမနီနိုင်ငံငလျင်လှုပ်ခြင်းကျောက်တန်းရေလယ်ဘုရားဇော်ဂျီ (စာရေးဆရာ)မန်ချက်စတာ ယူနိုက်တက်မြန်မာ့ယဉ်ကျေးမှုတပ်မတော်ငါးရာ့ငါးဆယ် နိပါတ်တော်ယူရိုမြန်မာနိုင်ငံ သစ်တောများမြန်မာနိုင်ငံ၏ အမည်များခန္ဓာဗေဒမန္တလေးမြို့အ.ထ.က(၁၆)မန္တလေးတပ်မတော်နေ့မြန်မာနိုင်ငံသမိုင်းမြန်မာဘာသာစကားသီတဂူဆရာတော်တိုကျိုမြို့သာသနာ့ အလံမထိုးသွင်းသော လိင်ဆက်ဆံခြင်းနေပြည်တော်မြို့နိဗ္ဗာန်ဂျပန်ဘာသာစကားဗုဒ္ဓဘာသာရဟန်းများသင်ကြားလေ့ကျင့်ရသောသိက္ခာပုဒ်များဝက်ဝံယဉ်ကျေးမှုစေတီပုထိုးများ🡆 More