ထီးလှိုင်ရှင်စေတီ

ထီးလှိုင်ရှင်စေတီသည် အင်းဝမြို့ဟောင်း စည်တိုပုံမြို့ရိုးအတွင်း မယ်နုအုတ်ကျောင်း၏ အရှေ့တောင်ဘက်တွင် တည်ရှိသည်။ ပုဂံခေတ်တွင် ကျန်စစ်သားမင်းသည် အနော်ရထာမင်း၏ အမျက်ဘေးမှ တိမ်းရှောင်စဉ်က ဤကုန်းမြေကို ရောက်ရှိခဲ့သည်။ ဤကုန်းမြေတွင် နားနေစဉ် နောက်မှ ထပ်ကြပ်မကွာလိုက်ပါလာသော တပ်များသည် ကျန်စစ်သားအား မျက်စိအောက်တွင် ပျောက်ကွယ်သွားသည်ကို တွေ့လိုက်၍ ကြောက်စိတ်ဝင်ပြီး ရှောင်ပြေးကြသည်ဟု ဆိုသည်။ ဤအဖြစ်ကို တွေ့မြင်သော ကျန်စစ်သားသည် ဤကုန်းမြေအား အောင်မြေအဖြစ် သတ်မှတ်ခဲ့သည်။ နန်းစံဘုရင်အဖြစ်သို့ရောက်သောအခါ ဤနေရာတွင် ထီးလှိုင်ရှင်ဘွဲ့အမည်ဖြင့် စေတီတည်ထားသည်။ မြန်မာသက္ကရာဇ် ၇၂၆-ခုနှစ်တွင် သတိုးမင်းဖျားသည် ဤထီးလှိုင်ရှင်ကုန်းကို အမှီပြု၍ အင်းဝနေပြည်တော်ကို တည်ထောင်ခဲ့သည်။

ဘကြီးတော်မင်း လက်ထက်တွင် မိဖုရားခေါင်ကြီး မယ်နုသည် ဤစေတီကြီးကို ရွှေသင်္ကန်းကပ်လှူပူဇော်၍ ထီးတော်သစ် တင်လှူပူဇော်စေခဲ့သည်။ စေတီမှာ မြေစိုက်စေတီအမျိုးအစားဖြစ်သည်။ ဂေါပကအဖွဲ့မှ အနီးကပ်ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနအနေဖြင့်လည်း လိုအပ်သော အကြံဉာဏ် ကျွမ်းကျင်မှုဆိုင်ရာ အကူအညီများပေး၍ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည်။

ကိုးကား

Tags:

ကျန်စစ်သားပုဂံခေတ်မယ်နုအုတ်ကျောင်းအင်းဝအနော်ရထာ

🔥 Trending searches on Wiki မြန်မာဘာသာ:

နဝရတ် ကိုးပါးဆေးခြောက်ရဲယိုပင်မြန်မာနိုင်ငံရှိ တံတားများဗဟိုစာမျက်နှာခန္ဓသုတ်စမူဆာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌသနပ်ခါးပရိမိတ္တဇာလသုတ်ကျိုက်ထီးရိုးဘုရားငါးပါးသီလမြန်မာစာစတင်ဖြစ်ပေါ်လာပုံယူနိုက်တက်ကင်းဒမ်းနိုင်ငံရာသီအလိုက်ပွင့်သောပန်းများဘန်ကောက်မြို့ဗီယက်နမ်နိုင်ငံအောင်ဆန်းစုကြည်သန်လျင်မြို့တရုတ်စံကားရွှေသိမ်တော်ဘုရား (ကျောက်ဆည်)မြန်မာစာရေးဆရာများ စာရင်းမြန်မာနာမည်မြန်မာနိုင်ငံ၏ ရပ်ကွက်များရာသီခွင်ပန်းဆယ်မျိုးအမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကော့သောင်းမြို့မြန်မာ-အင်္ဂလိပ် အဘိဓာန်မြန်မာမုန့်များတယ်လီဖုန်း ကုတ်နံပါတ်ဝဲလိမ်လည်မှုခရေပင်ဧရာဝတီတိုင်းဒေသကြီးဣန္ဒြေငသိုင်းချောင်းမြို့ကမ္ဘာ့အထိမ်းအမှတ်နေ့ကေ (အက္ခရာ)နိုင်ငံတကာ စာတတ်မြောက်ရေးနေ့မက္ခရာမင်းသားကြီးမောရသုတ်ဗန်းစကားမြသန်းတင့်မြန်မာနိုင်ငံရှိ ပွဲတော်များစကြဝဠာတရုတ်ပြည်မှ မဟာရံတံတိုင်းကြီးစိတ်မွန်လူမျိုးဗုဒ္ဓဟူးဂြိုဟ်ခွေးပိုပေါ့ဘဏ်လေးဖြူရှင်သီဝလိဂါထာမြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများပြစ်မှုဆိုင်ရာဥပဒေအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်သျှင်မဟာ သီလဝံသဘုန်းကြီးကျောင်းကနောင်မင်းသားပြဇာတ်တပင်ရွှေထီးကရင်လူမျိုးကပ်စိန်ကချင်ပြည်နယ်သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနငပလီကမ်းခြေစိတ်ပညာဆူခွိုင်း ၃၀တို့ဗမာအစည်းအရုံးချင်းတွင်းမြစ်မူးယစ်ဆေးဝါး၃၂ ကောဋ္ဌာသ🡆 More