၃၁-ဘုံ တိရစ္ဆာန်

တိရစ္ဆာန်ဘုံ

`တိရစ္ဆာန်´ ဆိုသည် ပါဠိဘာသာစကားမှ လာသည်။ `တိရ+အစ္ဆနာ´ဟု ပုဒ်ခွဲရသည်။

တိရ = ဖီလာ၊ကန့်လန့် ဟုအနက်ရသည်။ အစ္ဆနာ = သွားတတ်သော သတ္တဝါ

ထို့ကြောင့် တိရစ္ဆာန် ဆိုသည်မှာ လူ၊ နတ် တို့ကဲ့သို့ မတ်မတ် မသွားဘဲ အလျားလိုက် သွားတတ်သော သတ္တဝါများကို ခေါ်သည်။

တစ်နည်းအားဖြင့် ဈာန်၊ မဂ်၊ ဖိုလ်တို့မှ ဖီလာသွားတတ်သော သတ္တဝါများကို “တိရစ္ဆာန်” ဟုခေါ်သည်။ တိရစ္ဆာန်များတွင် သီးခြားဘုံ မရှိပါ။ တိရစ္ဆာန်အများ စုဝေးနေထိုင်ရာ အရပ်ကို တိရစ္ဆာန်ဘုံဟု ခေါ်စမတ်ပြုသည်။

`တိရစ္ဆာန်ဘုံ´ကို ပါဠိစာပေတွင် `တိရစ္ဆာနယောနိ´ ဟု သုံးသည်။ တိရစ္ဆာနဘူမိ ဟုမသုံးပေ။ ယောနိ = ခန္ဓာကိုယ်ဟု အနက် ရသည်။ ထို့ကြောင့် `တိရစ္ဆာနယောနိ´သည် `တိရစ္ဆာန်၏ ခန္ဓာကိုယ်´ ဟု အဓိပ္ပာယ် ရသည်။ ဘုံသီးခြားမရှိသဖြင့် တိရစ္ဆာန်၏ ခန္ဓာကိုယ် သည်ပင် သူတို့၏ ဘုံ ဖြစ်သည်ဟု ဆိုကြသည်။

တိရစ္ဆာန် အမျိုးအစား

  • ၁။ (အပဒ) ခြေမရှိသော တိရစ္ဆာန် ( မြွေ၊ ငါး၊ တီ)
  • ၂။ (ဒွိပဒ) ခြေနှစ်ချောင်းရှိသော တိရစ္ဆာန် ( ကြက်၊ ငှက်)
  • ၃။ (စတုပ္ပဒ) ခြေလေးချောင်းရှိသော တိရစ္ဆာန် (ကျွဲ၊ နွား၊ မြင်း)
  • ၄။ (ဗဟုပ္ပဒ) ခြေများစွာရှိသော တိရစ္ဆာန် (ပင့်ကူ၊ ကင်းခြေများ)

တိရစ္ဆာန်များ နေသောနေရာကိုလိုက်၍ ကုန်းနေတိရစ္ဆာန်၊ ရေနေတိရစ္ဆာန် ဟု နှစ်မျိုးခွဲခြားသည်။ ဗုဒ္ဓဘုရားရှင်က ကုန်းနေသတ္တဝါထက် ရေနေသတ္တဝါက ပိုများသည်ဟု ဟောကြားခဲ့သည်။ တိရစ္ဆာန်မျိုးတွင် နဂါးဂဠုန်ကိန္နရာဟင်္သာတိုးနယားကရဝိတ်မကန်း၊ မနူဿီဟ တို့လည်းပါသည်။

ကျမ်းကိုး

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

ဇာတာပိဋကတ် သုံးပုံဖော်ကာထိုင်းဘတ်ငွေမြေပုံတပ်မဟာ၉၉၉ပအိုဝ်းလူမျိုးမြန်မာနိုင်ငံရှိ မြို့နယ်များနန္ဒမာလာဘိဝံသRဇာနည်ပြည်မြို့ကျန်စစ်သားMinecraftညစ်ညမ်းခြင်းများမဂ္ဂင် ၈ ပါးရန်ကုန်မြို့ရှိ ဆေးရုံများ စာရင်းကျူးဘားဒုံးပျံအရေးအခင်းလူဦးရေပဲခူးမြို့ဟနွိုင်းမြို့အရှေ့တောင်အာရှစစ်ရေးလက်ဖက်သုပ်ပန်းကြည့်ပွဲတော်အိမ်မှော်ပညာသုဂတော သုဂတဓာနံနတ် (ဝိညာဉ်)ပုသိမ်မြို့မအင်္ဂါ အစေ့အမှတ်(၅၅)ခြေမြန်တပ်မဌာနချုပ်ဆေးခြောက်ပင်မြင်းမိုရ်တစ်သောင်းကျပ်တန် ငွေစက္ကူအာရှဇော်ဂျီ (စာရေးဆရာ)သဲအင်းဂူဆရာတော်သွား(လူ)အောင်ဆန်းစုကြည်မောင်အေး (ဒုတိယဗိုလ်ချုပ်မှူးကြီး)ဘာဂျာမှုတ်ခြင်းပရိတ်ကြီး ၁၁ သုတ်မြန်မာနိုင်ငံရှိ နိုင်ငံခြား သံရုံးများမင်းသုဝဏ်မက္ခရာမင်းသားကြီးရာဟုသျှင်မဟာ သီလဝံသအင်ဒိုနီးရှားနိုင်ငံဂျူးဘာသာခြင်းလုံးနေဝင်း (ဗိုလ်ချုပ်ကြီး)လွှမ်းမိုးသထုံမြို့ပဋ္ဌာန်းသမ္မာကျမ်းစာအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနော်ရထာရွှေတိဂုံစေတီတော်ရေနံဝါဆိုလပြည့်နေ့စောမွန်လှနေပြည်တော်မြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်အောင်သူ (ဘောလုံးသမား)လိင်စိတ်ဆွခြင်းအသည်းရောင် အသားဝါ ရောဂါ ဘီပိုးထိုင်တော်မူ ဂေါတမဗုဒ္ဓ ရုပ်ပွားတော်ဘုရားကြီးတပ်မတော် (ကြည်း)ကဆုန်လပြည့် ဗုဒ္ဓနေ့အင်္ဂုလိမာလသုတ်ကိုးပါးသီလခင်ဝင့်ဝါနှင်းဆီကျားစကြဝဠာဗီယက်နမ်နိုင်ငံ🡆 More