ဆွိုင်ချီရို ဟွန်ဒါ (本田 宗一郎 Honda Sōichirō, နိုဝင်ဘာ ၁၇၊ ၁၉၀၆ - ဩဂုတ်လ ၅၊ ၁၉၉၁) သည် ဂျပန်လူမျိုး အင်ဂျင်နီယာနှင့် စက်မှုလုပ်ငန်းရှင်တစ်ဦးဖြစ်သည်။ ၁၉၄၈ ခုနှစ်တွင် ဟွန်ဒါကုမ္ပဏီကို တည်ထောင်ပြီး သစ်သားဂိုဒေါင်တွင် စက်ဘီး မီးစက်များကို စတင်ထုတ်လုပ်ခဲ့ရာမှ နိုင်ငံတကာ ကားနှင့် မော်တော်ဆိုင်ကယ်များ ထုတ်လုပ်သူအဖြစ်သို့ ကြိုတင်မြင်ဆ ရောက်ရှိခဲ့သူဖြစ်သည်။
ဆွိုင်ချီရို ဟွန်ဒါ 本田 宗一郎 | |
---|---|
မွေးဖွား | နိုဝင်ဘာ ၁၇၊ ၁၉၀၆ Hamamatsu၊ ရှီဇူအိုကာ၊ ဂျပန်နိုင်ငံ |
ကွယ်လွန် | ဩဂုတ် ၅၊ ၁၉၉၁ တိုကျိုမြို့၊ ဂျပန်နိုင်ငံ | (အသက် ၈၄)
နိုင်ငံလူမျိုး | ဂျပန် |
အခြား အမည်များ | ရှာချိုစံ (Shacho San) |
အလုပ်အကိုင် | ဟွန်ဒါ တည်ထောင်သူ |
အိမ်ထောင်ဖက်(များ) | ဆာချီ ဟွန်ဒါ (၁၉၁၄-၂၀၁၃) |
သားသမီး | ဟီရိုတိုရှီ ဟွန်ဒါ |
ဟွန်ဒါကို ဟာမာမတ်စုအနီးရှိ ဖူဂျီတောင်ခြေတွင်ရှိသော ရွာကလေးတစ်ရွာဖြစ်သည့် တန်ရူး၊ ရှီဇူအိုကာ တွင် နိုဝင်ဘာလ ၁၇၊ ၁၉၀၆ ခုနှစ်တွင် မွေးဖွားခဲ့ခြင်းဖြစ်သည်။ ငယ်စဉ်တောင်ကျေးဘဝတွင် အဖေဖြစ်သူ ပန်းပဲဆရာ ဂီဟီ၏ စက်ဘီးပြင်လုပ်ငန်းကို ကူညီလုပ်ကိုင်ပေးလျက်ရှိခဲ့သည်။ မိခင်ဖြစ်သူ မီကကတော့ ယက္ကန်းသမဖြစ်သည်။ ဟွန်ဒါက ရိုးရာ ပညာရေးစနစ်ကို စိတ်မဝင်စားချေ။ သူတို့ကျောင်းက အမှတ်စာရင်းကို ကျောင်းသားများဆီကနေတစ်ဆင့် မိဘများဆီပို့ပြီး တံဆိပ်တုံးနှိပ် ပြန်လည်ပေးပို့ရခြင်းဖြစ်သည်။ ထိုနည်းဖြင့် မိဘများက ကျောင်းသားများ ပညာအရည်အချင်းမှတ်တမ်းကို သိနိုင်မည်ဖြစ်သည်။ ဆွိုင်ချီရိုက မိသားစု မျိုးရိုးတံဆိပ်တုံးကို စက်ဘီးလက်ကိုင် ရာဘာအဟောင်းဖြင့် ပြုလုပ်ပြီး လက်မှတ်အတု ပြုလုပ်ခဲ့သေး၏။ ထို အတုလုပ်ရပ်မှာ သိပ်မကြာခင် ပေါ်သွားရခြင်းမှာ ဆွိုင်ချီရိုက တခြားကလေးများကိုပါ ထိုကဲ့သို့ တံဆိပ်တုံးအတုများ ပြုလုပ်ပေးခဲ့ခြင်းကြောင့်ပင်။ ဟွန်ဒါက တံဆိပ်တုံးကို ပြောင်းပြန်ထွင်းရမှန်း မသိခဲ့၊ သူ၏ မျိုးရိုးနာမည်ရေးဟန်မှာ 本田 ဖြစ်၍ ပြောင်းပြန်မှာ မသိသာသော်လည်း တခြားကလေးများ၏ မျိုးရိုးများအတွက်မူ ပြောင်းပြန်ပေါ်လာစေသည်။
ထိုပေါက်စကွေး ဟွန်ဒါလေးသည် ရွာမှာ ပထမဆုံးမြင်တွေ့ခဲ့ရသော ကားကလေးကို အင်မတန်မှ ရင်သပ်ရှု့မော ဖြစ်စေပြီး ထိုကားမှထွက်သော ဓာတ်ဆီနံ့ကို တသက်လုံး မေ့လိမ့်မည်မဟုတ်ဟု တသသ ပြန်ပြောပြလေ့ရှိသည်။ ဆွိုင်ချီရိုက တခါတုန်းကဆို အဖေ့ စက်ဘီးများက တစ်စီးကို ငှားပြီး လေယာဉ်မှူး Art Smit ပြုလုပ်တဲ့ လေယာဉ်ပြပွဲတစ်ခုကို သွားရောက်ကြည့်ရှု့ခဲ့သေးသည်။
အသက်၁၅ နှစ်ရောက်ပြီး အသိအမှတ်ပြု ပညာရေးမရခဲ့တဲ့ ဟွန်ဒါဟာ အိမ်ကို စွန့်ခွာပြီး တိုကျိုမြို့ကို အလုပ်ရှာရန် ထွက်ခွာခဲ့ပါတယ်။ စက်ရုံအလုပ်သင်အဖြစ် ဂိုဒေါင်တစ်ခုမှာ ၁၉၂၂ မှာ အလုပ်ရခဲ့ပြီး ၆ နှစ်ကြာအောင် စက်ပြင်ဆရာအဖြစ် အသက်မွေးခဲ့တာဟာ ၁၉၂၈ ခုနှစ် အသက် ၂၂ နှစ်မှာ အိမ်ပြန်ပြီး ကိုယ်ပိုင် ကားဝပ်ရှော့ မထောင်ခင်အထိပါပဲ။
၁၉၃၇ ခုနှစ်မှာ ဟွန်ဒါက တိုကိုင် ဆီကီ ကိုတည်ထောင်ပြီး တိုယိုတာ ကုမ္ပဏီအတွက် ပစ္စတင်ကွင်းတွေကို စပြီး ထုတ်လုပ်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ အမေရိကန်လေယာဉ် B-29 ဗုံးကြဲလေယာဉ်က တိုကိုင် ဆီကီရဲ့ ယာမာရှီတာ စက်ရုံကို ၁၉၄၄ ခုနှစ်မှာ ဗုံးကြဲခဲ့ပြီး အီတာဝါ စက်ရုံကတော့ ၁၉၄၅ ခုနှစ် မီကာဝါ ငလျင်မှာ ပြိုကျ ပျက်စီးခဲ့ပါတယ်။ စစ်ပြီးချိန်မှာ၊ လက်ကျန်ရှိနေတဲ့ ပစ္စည်းတွေကို တိုယိုတာကို ယန်း ၄၅၀,၀၀၀ နဲ့ရောင်းချခဲ့ပြီး ဟွန်ဒါနည်းပညာ သုတေသန စင်တာကို အောက်တိုဘာ ၁၉၄၆မှာ တည်ထောင်ခဲ့ပါတယ်။ ၁၉၄၈ မှာ စက်တပ် စက်ဘီးကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါတယ်။ ပထမဆုံး Type A ကတော့ ဟွန်ဒါက ပထမဆုံး အင်တိုင်အားတိုက် ထုတ်လုပ်လိုက်တဲ့ စက်တပ်ဖြစ်ပြီး ၁၉၅၁ ခုနှစ်ထိ ရောင်းချခဲ့ပါတယ်။ Type D ကတော့ ၁၉၄၉ မှာ စထုတ်ပြီး မော်တော်ဆိုင်ကယ် အစစ်ဖြစ်ကာ ဖိအားပေးထားတဲ့ စတီးဖရိမ်နဲ့ ဒီဇိုင်းဆင်ထားပြီး 2 Stroke ၉၈ စီစီ ၃ ကောင်အား အင်ဂျင်ဖြစ်ပြီး Dream စီးရီးရဲ့ ပထမဆုံး မော်တော် ဆိုင်ကယ်အဖြစ် ထင်ရှားပါတယ်။ Society of Automotive Engineers of Japan က Type A နဲ့ Type D မော်ဒယ်နှစ်ခုစလုံးကို ဂျပန်နိုင်ငံရဲ့ စက်မှုယာဉ်နည်းပညာ ၂၄၀ ထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။
ဟွန်ဒါ မော်တော်ကုမ္ပဏီရဲ့ ဥက္ကဋ္ဌဖြစ်သူ ဆွိုင်ချီရို ဟွန်ဒါက ကုမ္ပဏီကို ဘီလီယံဒေါ်လာတန် နိုင်ငံတကာ မော်တော်ဆိုင်ကယ် ကုမ္ပဏီကြီးဖြစ်အောင် ပြောင်းလဲနိုင်ခဲ့ပါတယ်။ ဟွန်ဒါရဲ့ အင်ဂျင်နီယာပညာနဲ့ မားကက်တင်း ပညာရပ်တွေဟာ ဟွန်ဒါမော်တော်ဆိုင်ကယ်တွေကို Triumph နဲ့ Harley Davidson တိုကို ကျော်လွန်ပြီးရောင်းနိုင်ခဲ့ပါတယ်။ နောက်နှစ်တွေမှာ ဟွန်ဒါက တာကီယို ဖူဂျီဆာဝါနဲ့ ပြန်လည်ဆက်သွယ်ခဲ့ပြီး စစ်အတွင်းမှာတုန်းက နာကာဂျီမာ လေယာဉ်ကုမ္ပဏီကို ပစ္စတင်ကွင်းတွေ သွင်းတုန်းက သိခဲ့သူလည်းဖြစ်ပါတယ်။ ဟွန်ဒါက ကုမ္ပဏီရဲ့ ငွေကြေးပိုင်းကို နားလည်ပြီး လုပ်ငန်းကို ချဲ့ထွင်ပေးနိုင်တဲ့ ဖူဂျီဆာဝါကို ငှားရမ်းခဲ့ပါတယ်။ ၁၉၅၉ ခုနှစ်မှာ ဟွန်ဒါမော်တော်ဆိုင်ကယ်ဟာ အမေရိကန်နိုင်ငံမှာ ပထမဆုံး ကိုယ်စားလှယ်ဆိုင်ကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။
ဟွန်ဒါက သူ အနားမယူခင် ၁၉၇၃ ခုနှစ်အထိ ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ခဲ့ပြီး နောက်ပိုင်းမှာ ဒါရိုက်တာအဖြစ်ရပ်တည်ခဲ့ကာ အကြံပေးချုပ်အနေနဲ့ ၁၉၈၃ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ People မဂ္ဂဇင်းက ၁၉၈၀ ခုနှစ်အတွင်း လျှို့ဝှက်စွာ ပြုလုပ်တတ်သော သူ ၂၅ ဦးစာရင်းမှာတင်သွင်းထားပြီး ဂျပန် ဟယ်ရီဆင်ဖို့ဒ်လို့ တင်စားခေါ်ဝေါ်ထားပါတယ်။ အနားယူပြီးနောက်ပိုင်းမှာလည်း ဟွန်ဒါက သူ့အလုပ်တွေကို ဟွန်ဒါဖောင်ဒေးရှင်းတည်ထောင်ပြီး အလုပ်လုပ်နိုင်ဖို့အတွက် ကြိုးပမ်းခဲ့ပါတယ်။
အသက်အတန်ကြီးမြင့်နေချိန်မှာတောင် ဆွိုင်ချီရိုနဲ့ သူ့အမျိုးသမီး ဆာချီတို့ဟာ တဦးချင်းပိုင်းလော့ လိုင်စင်ကို ရယူထားနိုင်ခဲ့ပါတယ်။ သူဟာ နှင်းလျောစီးခြင်း၊ ဂလိုက်ဒါစီးခြင်းနဲ့ မီးပုံးပျံ စီခြင်းတို့ကို ၇၇ နှစ်ထိပြုလုပ်ခဲ့ပြီး အင်မတန် လက်ရာမြောက်တဲ့ အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။ သူနဲ့ တာကီယို ဖူဂျီဆာဝါတို့ဟာ သူတို့ သားသမီးတွေကို သူတို့ကုမ္ပဏီမှာ အတင်းအကျပ် သွင်းတာမျိုး မလုပ်ဖို့ ကတိပြုခဲ့ကြပါတယ်။ သူ့သား ဟီရိုတိုရှိ ဟွန်ဒါက မူဂျန် ပြိုင်ကားကို တည်ထောင်သူဖြစ်ပြီး ဦးဆောင်ဒါရိုက်တာဟောင်းတစ်ဦးလည်းဖြစ်ပါတယ်။ မူဂျန်က ဟွန်ဒါကားတွေကို ပြိုင်ကားဖြစ်အောင် ပြောင်းလဲပေးတာအပြင် မူလဘူတ ပြိုင်ကားတွေကိုလည်း ထုတ်လုပ်ပါသေးတယ်။
ASME က ဆွိုင်ချီရို ဟွန်ဒါဆုကို ဟွန်ဒါရဲ့ လုပ်ကိုင်မှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ၁၉၈၂ ခုနှစ်မှာ စတင်ပေးပါတယ်။ ဒီဆုဟာ တစ်ကိုယ်ရည်သုံး သယ်ယူပို့ဆောင်ရေးပစ္စည်းတွေ ထုတ်လုပ်မှု တီထွင်မှုမှာ ထူးချွန်တဲ့သူတွေကို ပေးတာဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်မှာ သူဟာ ဒက်တရိုက်နားမှာရှိတဲ့ Automotive Hall of Fame အဖွဲ့မှာ ပါဝင်ခဲ့ပါတယ်။ ၁၉၉၁ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့မှာ အသည်းရောဂါနဲ့ ကွယ်လွန်ခဲ့သူဟာ ကွယ်လွန်ပြီးကာမှ တတိယဆင့် ထူးချွန်သူ ဦးစားပေးအဖြစ် Order of the Rising Sun ရဲ့ Grand Cordon မှာ ရွေးချယ်ခံရပါတယ်။
This article uses material from the Wikipedia မြန်မာဘာသာ article ဆွိုင်ချီရို ဟွန်ဒါ, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.