ဆုံးနှင့် ချက်စော

ဆုံးနှင့် ချက်စော ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ

ဆုံးနှင့် ချက်စော

တိုးအသရေ၊ ဘိုးရွှေရစ်ကယ်တဲ့၊ ကိုးနှစ်ရွယ်ဆယ်နှစ်သားက၊ စကားပီသည့်နှုတ်ကယ်ကြောင့်၊ အမျိုးမှာရိုးရာမဟုတ်သော်လဲ၊ စိုးအုပ်ရရွာလက်ကိုင်။

ခံအမွေမေမှတ်ကြီးနှင့်၊ ဖေကြီးချစ်မြတ်နိုးတဲ့၊ ဦး ဖိုး မှန်ပုတ္တံသားငဲ့၊ နှံထားကာ သက်ရာပေါင်းပေမဲ့၊ မယ်ကောင်းကြင်ဇနီး၏၊ သမီးမှာအရွယ်သင့်ပါဘိ၊ မယ်မြင့်ဆွေလုံမိတို့၊ ဘုံဗိမာန်အကြံဆန်းတဲ့၊ သံပန်းလိမ်အိမ်နှစ်ထပ်ကယ်နှင့်၊ ကျေးအရွာရွာ၊ လေးတာရပ်တည့်၊ လေးတာရပ်တည့်၊ ဈေးမြတ်တဲ့ဆိုင်။

များထိုထိုသားကိုဘငဲ့ပြင်၊ ညိုမြသွင်ရှင်မယ်သန်းနှင့်၊ တဝမ်းဝင်အတူအောင်းကြ၊ လူသောင်းတန်စိန်တမေနှင့်၊ အိမ်တဆွေခင်မယ်မိတို့၊ ဂိနိ အမကြီးက၊ သမီးလိုသားလိုအမှတ်ကယ်နှင့်၊ ကြီးကြပ်၍စီကွပ်နိုင်၊ ပြီးပြတ်ပိုင်သဘော။

နဝရတ်ပေပ၊ နားကပ်မှာမျက်စုံကျောက်ကဲ့ပြင်၊ လက်ကောက်တွေရွှေပုတီးနှင့်၊ သမီးတွေသားတွေများတို့၊ ဘုရားမှာဆွမ်းဖြူလောင်းတွင်မှ၊ မယ်ကောင်းအမေကြီးက၊ သမီးတွေသားတွေလှည့်ပါလို့၊ သူကြည့်ချင်သမင်မျက်လုံးလိုနှင့်၊ နခမ်းမှာကွမ်းရာသုံးပါလို့၊ ချမ်းသာပုံ၊ ဝမ်းမသာအုံးရမည်၊ ဆုံးနှင့်ချက်စော။

ခက်ဆစ်

၁။ ပုတ္တံ = သား။

၂။ ဂိနိ = ဘဂိနိ (ပါ)၊ နှမ၊ အစ်မ။

၃။ နဝရတ် = နဝရတန၊ နဝရတ်ကိုးပါး။

၄။ နခမ်း = နှုတ်ခမ်း။

မှတ်ချက်

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား

Tags:

ဆုံးနှင့် ချက်စော အကြောင်းအရာဆုံးနှင့် ချက်စော ဆုံးနှင့် ချက်စော ခက်ဆစ်ဆုံးနှင့် ချက်စော မှတ်ချက်ဆုံးနှင့် ချက်စော ကိုးကားဆုံးနှင့် ချက်စောကျော်လှ၊ ဦး(မောင်းထောင်)သံချို

🔥 Trending searches on Wiki မြန်မာဘာသာ:

ဘာသာစကားကလီယို ပတ်ထရာလေဖြတ်ခြင်းအေ (အက္ခရာ)မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာမြသန်းတင့်သမိန်ဗရမ်းအာဋာနာဋိယသုတ်မြန်မာ ငွေစက္ကူ သမိုင်းဘုန်းကြီးနှင့် ဘုန်းကြီးကျောင်းပင်းတယဂူဒီမိုကရေစီအရက်တပ်မတော်နေ့ဂျူးဘာသာအမျိုးသမီးဖားကန့်မြို့ကံ့ကော်ပင်မြန်မာ့ထီးသုက်ပန်းခြင်းဒွန်နီယင်းဆိုနီ တေးဂီတ ဖျော်ဖြေရေးသာလွန်မင်းပထမ ကမ္ဘာစစ်ကရင်လူမျိုးခန္ဓာဗေဒမြန်မာစာပေကရင်နွယ်ဘာသာစကားများစနေဂြိုဟ်ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနကုန်းဘောင်ခေတ် ကာမစပ်ယှက်နည်းများနန္ဒမာလာဘိဝံသကျောက်တော်မြို့နယ်ရဲဘော်သုံးကျိပ်ကုန်းဘောင်ခေတ်မြန်မာနိုင်ငံရေးသမိုင်းဒုက္ခသစ္စာရှမ်းဘာသာစကားအင်းဝမြို့ဟင်္သာငပလီကမ်းခြေကျောက်ခေတ်သစ်သီလတစ်ကိုယ်ရည်အာသာဖြေခြင်းနေ့နံပထမ အင်္ဂလိပ် - မြန်မာစစ်မြန်မာ စာလုံးပေါင်း သတ်ပုံကျမ်းမြန်မာနိုင်ငံ၏ အမည်များရဲယိုပင်အခွန်အခငါးမျိုးစိတ်များ စာရင်းမြန်မာမိဖုရားများ စာရင်းသာသနာ သက္ကရာဇ်လွတ်လပ်ရေးကြေညာစာတမ်း၂၄ ပစ္စည်းမြန်မာနိုင်ငံ၏ သမ္မတများ စာရင်းအေကေ-၄၇သတိုးမင်းဖျားစတုမဟာရာဇ်နတ်မင်းကြီးလေးပါးပါလီမန် ဒီမိုကရေစီ စနစ်မဟာဘုတ်ရှင်သီဝလိဂါထာဆင်ငါးရာ့ငါးဆယ် နိပါတ်တော်မဟာဘူတကိုယ်ဝန်ဆောင်ခြင်းအိချောပိုဦးနုစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသင်္ဘောနေဝင်း (ဗိုလ်ချုပ်ကြီး)ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်တိုက်ကြီးမြို့ကိုရီးယားစစ်ပွဲ🡆 More