ဆဘောင်းတယ်ရွာ(အင်္ဂလိပ်: Sabaungte, မရာ: Sabyh) သည် ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့နယ်၊ ဆဘောင်းထယ်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၆၅၀၉၁ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဆဘောင်းထယ်ကျေးရွာအုပ်စုတွင် ကျား ၉၆၈ ဦး၊ မ ၉၂၅ ဦး၊ လူဦးရေ စုစုပေါင်း ၁၈၉၃ ဦး နေထိုင်သည်။
ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။ |
ဆဘောင်းတယ် | |
---|---|
ရွာ | |
ဆဘောင်းတယ်ရွာ | |
မြန်မာနိုင်ငံတွင်း တည်နေရာ | |
ကိုဩဒိနိတ်: 22°08′41″N 93°06′32″E / 22.144660949707°N 93.1088790893555°E 93°06′32″E / 22.144660949707°N 93.1088790893555°E | |
နိုင်ငံ | မြန်မာ |
ပြည်နယ် | ချင်း |
ခရိုင် | မတူပီခရိုင် |
မြို့နယ် | မတူပီမြို့နယ် |
ကျေးရွာအုပ်စု | ဆဘောင်းထယ် |
ဧရိယာ | |
• စုစုပေါင်း | ၁.၆၉ စတုရန်းမိုင် (၄.၃၈ စတုရန်းကီလိုမီတာ) |
ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၄၆၀၀ ပေ (၁၄၀၂.၄၄ မီတာ) |
လူဦးရေ (2020) | ၂၀၀၀ |
လူမှုပထဝီဝင် | |
• လူမျိုးစု | မရာ |
• ကိုးကွယ်မှု | ခရစ်ယာန် |
• ဘာသာစကား | မရာ(ဆဘောင်စကား) |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
လက်ရှိ အချိန်တွင် ဆဘောင်းတယ်ရွာ၌ အခြေခံပညာ အထက်တန်းကျောင်းနှင့် အခြေခံပညာ မူလတန်းကျောင်း၊ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ စာစစ်ဌာန၊ မြန်မာ့ဆက်သွယ်ရေးစခန်းနှင့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ စာစစ်ဌာန လုံခြုံရေးရဲကင်း၊ ကျေးလက် ကျန်မာရေးဌာနခွဲ၊ မရာဧဝံဂေလိအသင်းတော် ဘုရားကျောင်း(၂)ကျောင်းနှင့် ဘုန်းကြီးကျောင်းတို့ တည်ရှိသည်။ သမိုင်းကြောင်းအရ ဖော်ပြရပါလျှင် နယ်ချဲ့ အင်္ဂလိပ်တို့နှင့် ငြိမ်းချမ်းရေးရယူခဲ့သည့် ရွာလည်းဖြစ်သည်။ မရာလူငယ်အသင်း (MTP)၏ဌာနချုပ်တည်ရှိရာရွာလည်းဖြစ်သည်။
ဆဘောင်(ဖဘောင်)ရွာမှတဆင့် ထပ်မံခွဲထွက်သောရွာများမှာ-
မူလနာမည်မှာ ဖဘောင်ဖြစ်သည်။ ဖဘောင်မှ ဆဘောင်းဖြစ်လာခြင်းမှာ ၁၈၂၆ခုနှစ်တွင် ရန္တပိုစာချုပ်အရ ရခိုင်ကို သိမ်းပိုင်းခဲ့သော အင်္ဂလိပ်တို့သည် စစ်တွေ(Akayb)ခရိုင်မှ ကုလာတန်းမြစ်ကြောင်းတလျှောက်တက်လာခဲ့ပြီး ဟီမာနှင့် ဖဘောင်တို့ကို ၁၈၄၀ ဝန်းကျင်မှစပြီး ရှမ်းဒူးဟုစတင်သိရှိခဲ့သည်။ ၁၈၅၂ ခုနှစ်တွင် ဟေမာကို "Heuma" ဟုလည်းကောင်း၊ ၁၈၈၁ခုနှစ်တွင် ဖဘောင်ကို "Sayboung" ဟုလည်းကောင်းအသီးသီး စတင်ဖော်ပြရေးသားကြသည်။ မရာဘုံစာပေဖြင့် အသုံးပြုသော (Tlosai) စကားမှာ ဖ(f) အသံမရှိခြင်းကြောင်း ဖဘောင်ကို ဆဘောင်ဟုလည်း အသံထွက်သည်။ ဖဘောင်(ဆဘောင်)ကို Sabeu ဟု ဒလဲန်ခက်(စ်)စာအုပ် (The Lakhers) တွင် အင်(န်)အီးပဲရီး (NE Parry) က ဖော်ပြရေးသားပါသည်။ အင်္ဂလိပ်ကိုလိုနီခေတ်တွင် ဖဘောင်ကို အောက်ပါအတိုင်းသိရှိရေးသားကြသည်။
မြောက်လတ္တီကျူး 22° 8'17.76"N, အရှေ့လောင်ဂျီကျူး 93° 6'53.50"E နှင့် မြောက်လတ္တီကျူး 22° 9'4.24"N, 93° 6'11.79"E အရှေ့လောင်ဂျီကျူး ကြားတွင်တည်ရှိသည်။ အနောက်ဘက်နှင့် မြောက်ဘက်တွင် အိန္နိယနိုင်ငံနှင့် နယ်နိမိတ်ခြင်းထိစပ်နေသည်။ အနောက်ဘက် တီးဆီးချောင်းနှင့် ပါရာချေင်းဆုံတွင် အပြည်ပြည်ဆိုင်ရာ နယ်နိမိတ်အမှတ် (၁၉) နှင့် မြောင်ဘက်ကရိန်တောင်တန်းပေါ်တွင် နယ်နိမိတ်ကျောက်တိုင် အမှတ်(၂၀၊ ၂၁၊ ၂၂)တို့တည်ရှိသည်။ အိန္ဒိယ-မြန်မာနယ်နိမိတ်ကျောက်တိုင်ကို ၁၉၆၇-၆၈ ခုနှစ်၊ ဦကျာချိုး U Chachho, Tothapaw (တုံထန်အဖေ)၊ ဖဘောင်(ဆဘောင်းတဲယ်) ကျေးရွာ ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်စဉ်ကာလ (၁၉၅၉-၁၉၆၉)တွင် နှစ်နိုင်ငံ စိုက်ထူခဲ့ကြသည်။
အေဒီ ၁၆ရာအလယ်လောင်းတွင် ဟားခါးအနီး ချုံကျိုးရွာမှ ညီအစ်ကိုနေရာ၊ လိုင်ချေနှင့် မိတ်ဆွေများ ၁၀-ဦးသည်
ဘိုတွန်ရွာမှ ရေကြည်ရာ မြက်နူးရာကို ဆက်လက်ရှာဖွေ ကူးပြောင်းလာကြပြီး လှမ်ဖေဒေသ(Hraphe)တွင် ရွာတည်နေထိုင်ခဲ့ကြသည်။ ဘိုတွန်တောင်ဖက်ကို ဆက်သွားရင် ဗမာပြည်လွယ်ပြင်ကြီးရှိနေသည်။ မရာလူမျိုးများသည် ဗမာဘုရင် အုပ်ချုပ်မှုကို မလိုလားသဖြင့် ကလေးချိုင့်ဝှမ်းမှ ချင်းတောင်တန်းကို အေဒီ ၁၁၀၀ - ၁၂၀၀ ဝန်ကျင်တွင် တက်လာခဲ့သူများဖြစ်ကြသည်။ ထိုကြောင့် ဘိုတွန်ရွာတောင်ဖက်ကို ဆက်လက်မသွားတော့ဘဲ အနောက်ဖက် လှမ်ဖေဒေသတွင် ၁၅၆၅ ခုနှစ် ဝန်ကျင်၌ အခြေချပြောင်းရွေးလာခဲ့ကြသည်။
လှမ်ဖေတွင် နေထိုင်နေစဉ် လိုင်ချေသား ဖွန်ဖာသည်မြှားပစ် ကျွမ်းကျင်သူဖြစ်၍မြှားဖြင့် ပစ်သတ်သော သားကောင်ဦးခေါင်း ခွံအမြှောက်အများကို အိမ်ဦးကော်ရယ်ဒါထိတ်၌ ချိတ်ထားသည်။ ခရီးထွက်လာသော တလာရွန်ရွာသားသည် လှမ်ဖေရွာရောက်လာပြီး လိုင်ချေသားအိမ်၌တည်းခိုစဉ် ဖွန်ဖာနှင့် ခင်မင်ရင်းနှီးပြီး ဖွန်ဖာလေးမြှားပစ် ကျွမ်းကျင်မှုကို စိန်ခေါ်ခဲ့သည်။ သူတို့ စိန်ခေါ်ပွဲ့သည် လောင်းကြေးအဖြစ် ကတိသစ္စာဆိုကြသည်။ တလန်ရွန်ရွာသားက တောင်ထိတ်ပေါ်မှာ သွားနေပြီး ဖွန်ဖာက သူ၏ဖင်ကို သွေးမထွက်စေဘဲပစ်ရမည်ဖြစ်သည်။ တကယ်များလို့ ဖင်ထဲမြှားဝင်သွားပြီး သေခဲ့လျှင် အပြစ်ယူမည်မဟုတ်ကြောင့် မထိမှန်ခဲ့လျှင် လျှော်ရမည်ဟု ကတိပြုကြလေသည်။ ကတိအတိုင်း ဖွန်ဖာက ပစ်လေရာတွင် တလန်ရွန်သား၏ ဖင်ပေါက်ကို သွေးထွက်ခြင်းလုံးဝမရှိဘဲ မြှားဝင်အောင်ပစ်သဖြင့် သေသွားသည်။ တလန်ရွန်သားသေသွားသောကြောင့် သူ၏ရွာသားများ ကလဲစားချေလာမှာကို ကြောက်ရွံ့သော လှမ်ဖေရွာသားများသည် ထွက်ပြေးလာတော့သည်။ လှမ်ဖေရွာမှ ရိုင်ခွန်ရွာ(ယခု ဆီးဇိုး/ ငဖိုင်သဲအနီး)တွင် ရွာတည်နေလာခဲ့သည်။ ရိုင်ခွန်ရွာသားများသည် ဖန်တလိုင်း ခိုင်မီချိုနှင့် ခိုင်တေ ခူးလယ်တို့နှင့် ပေါင်းမိကြသည်။ ။ ရိုင်ခွန်ရွာကို လွတ်ခဲသော မျိုး ၁၅ မျိုးဆက်က လိုင်ချေခီထီ ဦးဆောင်မှုဖြင့် တည်ထောင်ခဲ့ကြသဖြင့် အေဒီ ၁၅၈၅ ဝန်းကျင်ဖြစ်နိုင်သည်။
ဖွန်ဖာဖခင် လိုင်ချေ ခီထီ၊ ဖန်တလိုင်ခိုင်မီချိုနှင့် ခိုင်တေခူလယ်နှင့် ရွာသားများသည် ၁၆ရာစုကုန် ဝန်းကျင်တွင် ငယ်ဖယ်ဆီးဇိုးရွာကို ဆက်လက်တည်ထောင်ခဲ့သည်။ ၁၇ရာစုအစောပိုင်းတွင် မန်လှီကျေဇာကို ရွာသူကြီးအကြီးအကဲအဖြစ် ပင့်ခေါ်ခဲ့ကြသည်။ ငယ်ဖယ်ဆီးဇိုးသည် လက်ရှိငဖိုင်သဲရွာဖြစ်သည်။ လိုင်ချေသား ဖွန်ဖာ၏ ဇနီးသည် ဖန်တလိုင်းသမီး ဇော်လှောင် ခိုင်မီချိုဖြစ်သည်။ ဖွန်ဖာဇနီးမောင်နှံတို့၏ သားသမီး၊ မြေးများသည် ကာယဗလကောင်းမွန်ကြပြီး လေးမြှားပစ်ကောင်းစွာ ကျွမ်းကျင်သူများဖြစ်ကြသည်။ တောထဲဝင်ပြီး လေးဖြင့်မြှားကိုပစ်ကာ မြှားရောက်ခဲ့သမျှနေရာများကို ငါနယ်မြေဟု ပိုင်နက်ကိုချဲ့ခဲ့ကြသည်။ သူတို့ ဦးလေး ဖန်တလိုင်းက သူ့တူလေးတွေ၏ အပြုအမှုကို စိတ်နာကြင်သွားပြီး အောက်ပါအတိုင်း သီချင်းဖွင့်ဆိုလေတော့သည်။ “Zawhlau Khithie, zao raela la, Laora bake bahra haw ta” အဓိပွယ်မှာ “ဇော်လှောင်မျိုးဆက် ခီထီမျိုးရိုးများ၊ တောရှိပိန်ဥကဲသို့ ပိန်ခြောက်ကပ်ပါစေ” ဟုဖြစ်သည်။ အဲ့ဒီအချိန်မှစ၍ ဖွန်ဖာနှင့် ဇော်လှောင်မျိုးဆက်များသည် ကျန်းမာရေးမကောင်းဘဲ နာတာရှည်ခံစားကြသည်။ ထိုကြောင့် သူတို့ ဦးလေးဖန်တလိုင်အား ဦးလေးရယ် သီချင်းကောင်းပြန်ဆိုပေးပါ ငါတို့မျိုးသုတ်သွားမည်ဟု တောင်းပန်ကြသည်။ ထိုကြောင့် ဖန်တလိုင်းက “Zawhlau Khithie, thaw raela, chotlothlo vao tae hawta” အဓိပ္ပယ်က “ဇော်လှောင် ခီထီမျိုးဆက်၊ အိမ်မွေးဝက်ကဲ့သို့ ဝကြပါစေ” ဟုဖြစ်သည်။ ထိုချိန်မှာစ၍ ဖွန်ဖာဇနီးမောင်နှံ သားသမီးမြေးများသည် ပြန်လည်ကျန်းမာလာသည်ဟုဆိုသည်။ မရာဆိုရိုးတွင် အမေဖက်ဦးလေး စကားကို တန်ပြန်နိုင်ခြင်းမရှိခြင်းကို တောင်ခြေမှတောင်ထိတ်ဖက် ကျောက်ခဲလုံးပစ်လွဲခြင်းခက်ခဲပုံနှင့် ခိုင်းနှိုင်းခြင်း (Mara mo Pupa bie ie thei y vei, chakhala alo pazaw thei y vei, na puhpa pahniesao kha na chhao a zao aw” ဟူ၍လည်းကောင်း၊ “Napupa pahniesao kha na chao a zao aw” "ဦးလေးများကို ကဲ့ရဲလှောင်ပြောင်ပြောဆိုခြင်းမပြုကြရန် တားမြစ်ထားသည်။ ထိုကဲ့သို့ ပြုမိလျှင် သုခိသဘဝသို့ ရောက်နိုင်သွားမည် ဟူသောဆိုရိုးစကား"သည် ဒီအဖြစ်အပျက်မှ ပြောဆိုလာခြင်းဖြစ်မည်ဟု ယူဆမိသည်။
လိုင်ချေသား ဖွန်ဖာ ခီထီ (Fawfa)သည် တလာရွန်းရွာသားများနှင့် ရန်သူဖြစ်နေသည်။ ဖန်တလိုင်းခိုင်မီချိုလည်း ပထမနေလာခဲ့သော လုံကျွေးရွာသား ထန်ဘီး(Thabie)နှင့် ဟော်ထိုင်းသူကြီးနဲ့ အဆင်မပြေသူဖြစ်သည်။ ခိုင်းတေ ခူးလယ်လည်း နှာရိမ်ရွာသူကြီးအကြီးအကဲနှင့် အဆင်မပြေသူဖြစ်သည်။ ထိုကြောင့် သူတို့ရွာ ငယ်ဖယ်ဆီးဇိုးရွာသည် သူတို့၏ ရန်သူများက ဝန်းရံနေသည်။ သူတို့တစ်ဦးကိုတစ်ဦး ဩဇာလွမ်းမိုးနိုင်းခြင်းမရှိကြတော့။ ထိုကြောင့် လှိုင်ဖွန်သူရွာကြီးအကြီးအကဲ မျိုးဆက်ကို သူတို့ရွာသူကြီးအကြီးအကဲ့အဖြစ် ပင့်ခေါ်ခဲ့သော်လည်း အဆင်မပြေသဖြင့် လှိုင်ဖွန်သူရွာကြီးအကြီးအကဲ၏ သားသမက် မန်လှီ(၁)ကျေဇာကို ပင့်ခေါ်လာခဲ့ကြပြီး ရွာသူကြီးအကြီးအကဲအဖြစ် တင်မြောက်ခဲ့ကြသည်။
ခီထီမျိုးရိုးများသည် ငယ်ဖယ်ဆီးဇိုးမှာနေထိုင်လာရာတွင် မျိုးဆက် ၄ ဆက်ရှိလာပြီဖြစ်သည်။ တစ်နေ့တွင် ခီထီမျိုးရိုး ရွာသားတစ်ဦး ဖမ်းဆီးရမိသော ဝက်ဝံကို ပူဇော်ဆက်သပ်ခြင်း "E-na" ပွဲသဘင်ကို တပတ်ကျင်းပနေချိန် ရွာပြင်ပ မထွက်ဘဲ ရွာတခါးပိတ်ချိန်တွင် ခီထီမျိုးရိုးမှ အဖွားအိုတစ်ဦးသည် ရွာသားများမသိဘဲ ထင်းရှာထွက်လေသည် တောထဲတဦးတည်းရောက်နေစဉ် တလန်ရွန်းရွာသားများသည် ဖွန်ဖာက မြှားဖြင့်ပစ်ခြင်းကြောင်း သေသွားသော သူတို့ရွာသားကို ကလဲစားချေသည့်အနေဖြင့် သတ်ဖြတ်ခဲ့ကြသည်။ မရာလူမျိုးများသည် အသားစား တောကောင်များဖြစ်သော ကျား၊ ဝက်ဝံ၊မြေခွေး တောကြောင်များကိုလည်းကောင်း၊ ငှက်မျိုးအုပ်စုများဖြစ်သော သိန်းငှက်မျိုးစုများ စသည်တို့ကို ဖမ်းဆီးရမိလျှင် ဟော်ခင်(hawkhie)ခြင်းကိုပြုလုပ်ပြီး ပူဇော်ဆက်သပ်ခြင်းပွဲကို ကျင်းပလေ့ရှိသည်။ ထိုကြောင့် ငယ်ဖယ်ဆီးဇိုးတွင် ကျေးရွာ ကာကွယ်ရေး တာဝန်ကို ဦးဆောင်ပြီး အခွန်တော်များကို ခံစားခွင့်ရှိသော ခီထီမျိုးရိုးများကို ရာထူးမှဖြုတ်ချကြသဖြင့် ငယ်ဖယ်ဆီးဇိုးမှာ (၁၂၀)နှစ် ဝန်းကျင်နေလာခဲ့ပြီးနောက် ဆက်လက်မနေချင်တော့ဘဲ မန်လှီ(၂)သားကြီး ဆယ်ရို(၁)ကို ရွာသူကြီး အကြီးအကဲအဖြစ် ခေါ်လာပြီး တူ/တူမ(Tusawzy)များ၊ ယောက်ကထီး၊ ယောက်ခမများ(Nazua pato) များကို ခေါ်လာကာ ဆဘောင်ဘောင်း(Fabauh bau) (ယခု ငယ်ဖယ်(ခ)မျက်နှာချင်းဆိုင် ဖဘောင်းချောင်းဖျားတွင် ရွာတည်လာခြင်းကို အစွဲပြုပြီး ဖ(ဆ)ဘောင်မေး(Fabau mei)ဟူသောအမည်ဖြင့် နေထိုင်လာခြင်းဖြစ်သည်။ မေး(Mei)၏ အဓိပ္ပယ်မှာ ရွာသားများဟူ၍ ဖြစ်သည်။ ဖဘောင်ရွာကို တည်ထောင်သူများတွင် အဓိက ခီထီမျိုးရိုး(Khithie Pho)များဖြစ်ကြသော်လည်း ယောက်ခမ၊ ယောက်ကထီးတော်စပ်သူများ၊ သားသမက်တော်စပ်သူများနှင့် အခြားမိတ်ဆွေများဖြစ်ကြားသော လာဝေါ်(Lavau), ခူလယ်(Khule), ဘီးဟိန်း(Bieho), မှုန်းချီ(Hmochhi), ဖော်တလှောင်း (Fathlau), စိုးလိုး(Solo)၊ ကနိုး(Kahno)၊ ခူးချိန်(Khuchei)၊ နချိုး(Nachho)နှင့် ကျေဇာ(Cheizae) စသောမျိုးရိုးများလည်းပါဝင်သည်။ ပထမဖဘောင်းကို တည်ထောင်ခြင်းသည် မျိုးဆက် ကိုးဆက်ကျော်လာပြီဖြစ်သဖြင့် မျိုးဆက်တဆက်ကို နှစ်-၃၀ဖြင့်တွက်ကြည့်လျှင် နှစ်ပေါင်း ၂၈၀ ကျော်လာပြီဖြစ်သဖြင့် ၁၇၃၀ ဝန်းကျင်တွင် ပထမဖဘောင်ကို တည်ထောင်ခြင်းဖြစ်မည့်ဟု ခန့်မှန်းနိုင်သည်။ ပထမ ဖဘောင်သည် တည်ထောင်ခဲ့ကြသူများသည် အဓိက ခီထီမျိုးရိုးများအိမ်ချေ ၂၅ ဝန်းကျင်နှင့် အခြားမျိုးရိုးများမှ မျိုးဆက်တော်စပ်သူများ အိမ်ချေ ၁၅ ဝန်းကျင် စုစုပေါင်းအနီးဆုံးအိမ်ခြေ ၄၀ ရှိနေပြီဟု ခန့်မှန်းနိုင်သည်။
လက်ရှိ ငယ်ဖယ်ပီအနီးရှိ အွန်ကျင်ချောင်းတွင် ငါရှာနေစဉ် ဦးဘောင်းခေလာဝေါ်က အလွန်လှပသောဆင်စွယ်တွေ့ရှိသဖြင့် ၎င်းဆင်စွယ်ဖြင့် တလန်ရွန်းရွာသားများကို သွားရောက် ဆက်သပ်တောင်းပန်ပြီး ငြိမ်းချမ်းရေးသဘောတူညီမှု လုပ်နိုင်ခဲ့ကြသည်။ ထိုချိန်မှစ၍ ဖဘောင်(ဆဘောင်း)ရွာသားများသည် ရန်သူမရှိဘဲ ငြိမ်းချမ်းစွာနေထိုင်လာခဲ့ကြသည်။
ဖဘောင်ရွာမှာ ၎င်းနာမည်ဖြင့် ဝေါင်ဘောင်းသို့လည်းကောင်း၊ ဝေါင်ဘောင်းမှ ခီပီလူကို(လက်ရှိ ခွန်ပီးလူရွာနေရာ) ပြောင်းနေလာသည်။ ခွာပီလူမှ ဘီးနိုး(ကုလန်တန်)မြစ်ကို ဖြတ်ကျော်ပြီး ကရိန်တောင်တွင် ဟွန်ရွန်ရွာကို ၁၇၆၀ခုနှစ် ဝန်းကျင်းတွင် တည်ထောင်သည် ဟွန်ရွန်ရွာသစ် ရှေးဦးပြေးကြည့်ရှုသူများမှာ-
ဆဘောင်ရွာသူကြီးအကြီးအကဲများမှာ :-
၁၈၆၈ခုနှစ် ဝန်းကျင်တွင် အတူရွာကို ပြောင်းရွေးတည်ထောင်ခဲ့ ကြသည်။ ၁၈၇၅-၈၀ ဝန်းကျင်တွင် အာတူရွာမှာ ခိလှုံရွာသားနှင့် တိန်ကွန်းရွာသားများက ဆဘောင်းရွာမှာ ဝင်ရောက်ပေါင်းစည်းခဲ့သည်။ တိန်ကွန်းရွာသားများနှင့် ခိလှုံရွာသားများသည် အာတူရွာမှာ နေထိုင်ဆက်ဖြစ်သည်။ အတူရွာ(ဖဘောင်)ရွာတွင် ဖဘောရွာသားများသည် ၁၈၉၈ခုနှစ်အတိ နှစ် ၃၀ ခန့်နေထိုင်ခဲ့သည်။
၁၈၉၈ခုနှစ် ဝန်းကျင်တွင် ဆဘောင်ရွာသားများသည် အာတူရွာမှ ဗန်ကွားငန်ရွာ၊ လုံဖင်ရွာကို ပြောင်းရွေး နေထိုင်ခဲ့လေသည်။ လုံဖင်ရွာတွင် ဘီဟရီး ကွယ်လွန်သွားပြီး မျိုးဆက်မရှိဘဲဖြစ်သွားသဖြင့် ခိလှိုရွာသူကြီး ဘီဟရန်(၃)သား ဝါဆိုင်(၃)ကို ပင့်ခေါ်ခဲ့ကြသော်လည်း ဝါဆိုင်(၃)အဖေ ဘီဟရန်(၃)သည် ၁၉၀၆ခုနှစ်၊ ဒီဇင်ဘာလ(၉)ရက်နေ့တွင် ကွယ်လွန်သွားသဖြင့် သားကြီး ဝါဆိုင်(၃)သည် ဖဘောင်ရွာသို့ မသွားနိုင်တော့သဖြင့် ညီလေးဖြစ်သူ တိန်ရောင်(၂)ကို စေလွတ်ခဲ့သည်။ တိန်ရောင်(၂)လည်း ၁၉၀၉ခုနှစ်တွင် ကွယ်လွန်သွားပြန်သည်။ ၁၉၁၀ ခုနှစ်တွင် ဖဘောင်လုံဖင်ရွာသားများသည် ရွာသူကြီးအကြီးအကဲအဖြစ် ဝါဆိုင်(၃) ညီလေးအငယ်ဆုံး မန်းထန်ကို ပင့်ခေါ်ခဲ့ကြပြန်သော်လည်း အရွယ်မရောက်သေးသော မန်းထန်သည် ဖဘောင်ရွာသူကြီးအကြီးကဲအဖြစ်ဖြင့် သူ့အစ်ကို ဝါဆိုင်နှင့်အတူ ခိလှုံရွာတွင် ၁၉၁၀ - ၁၉၂၄ ခုနှစ်အထိ ၁၄-နှစ်ကြာ ဆက်လက်နေထိုင်ခဲ့ပြီး ဖဘောင်ရွာသားများ အခွန်တော်များကိုလည်း ခံစားခွင့်ရခဲ့သည်။ ၁၉၁၂ခုနှစ်တွင် စီးမှုန်ဦးဆောင်သော ဆဘောင်ရွာသားများသည် လှုံမန်းရွာကိုတည်ထောင်သည်။ ၁၉၁၈ခုနှစ်တွင့် လိုင်ဒေး(၂)ဦးဆောင်သော ဆဘောင်ရွာသားများသည် ပါရာကျေးရွာကို တည်ထောင်သည်။ ၁၉၂၄ခုနှစ်တွင် ဝါဆိုင်ညီ မန်းထန်ကို ဆဘောင်းရွာသူကြီးဖြင့် ပင့်ခေါ်ရောက်ရှိလာသည်။ လွတ်လပ်ပြီးခေတ်တွင် လိုင်ခေါခီထီဦးဆောင်သော ဆဘောင်ရွာသားများသည် ရှာအို (တလိုပီး)ရွာကိုတည်ထောင်ခဲ့သည်။ ရွာအိုရွာတွင် ရိုင်ပီးရွာမှပြောင်းရွေးလာသော လောင်တူမရာများလည်းရှိသည်။ သူတို့သည် ချာချိင်မျိုးရိုး။ ဇော်ထန်မျိုးရိုးနှင့် ဖူတိုမျိုးရိုးများဖြစ်ကြသည်။ လိုင်ဒေး(၂)သည် ပါရာရွာကို စတင်တည်ထောင်ချိန်တွင် သူကိုယ်တိုင် သွားရောက်ပါဝင်ခြင်းမရှိဘဲ အစ်ကို ဝမ်းကွဲဖြစ်သူ ဒင်ကိုကျေဇာကို ဦးဆောင်စေခဲ့ပြီး သူသည် ဖဘောင်ရွာကို ၁၉၂၄ခုနှစ်အထိ အုပ်ချုပ်ခဲ့သည်။ ၁၉၂၇ ခုနှစ်တွင် ဖဘောင်လုံဖင်ရွာမှ ပါရာရွာသို့ အပြီးအပိုင် ပြောင်းရွေးခဲ့ပြီး ပါရာရွာ သူကြီးအကြီးအကဲဖြစ်လာသည်။
ဆဘောင်းရွာသားများ၏ ပထမ ရွာသူကြီးအကြီးအကဲ ဆယ်ရို(၁)မျိုးဆက်များမရှိတော့သည့်နောက်ပိုင်း ခိလှုံရွာ ရွာသူကြီးအကြီးအကဲ ဦးဘီးဟရန်(၁)မျိုးဆက်မှ ဘီဟရီးက ဖဘောင် ရွာသူကြီးအကြီးအကဲဖြစ်နေချိန်၊ ဘီးဟရန်(၃)ခေတ် ၁၈၇၅ ခုနှစ်ဝန်းကျင်တွင်၊ ခိလှုံရွာသားများသည် ဖဘောင်အတူရွာသို့ လာရောက် ပူးပေါင်းလာကြသည်။ ထိုချိန်တွင် ဖဘောင်ရွာ(အတူရွာ)သည် အိမ် ၂၀၀ ခန့်ရှိနေပြီဖြစ်သည်။ ၁၈၈၀ ဝန်းကျင်တွင် တိုင်ကွန်း(Taikua) ရွာသားများသည်လည်း ရွာမန်းမှ အိမ်ခြေ(၂၀) ကျော်ဖြင့် ဖဘောင်အတူရွာကို လာရောက်ပူးပေါင်းပြီး ဖဘောင်ရွာနမည်ဖြင့် ဖဘောင်ရွာမ ရပ်ကွက်၊ ခိလှုံရပ်ကွက်၊ တိုင်ကွန်းရပ်ကွက်ဟူ၍ သူတို့၏ ရွာသူကြီးအကြီးအကဲများ သီးသန့်ဖြင့် အတူတကွဲ နေထိုင်ကြသည်။ ဖဘောင်ရွာမ ရွာသူကြီးအကြီးအကဲသည် ဘီးဟရီး(၁)ဖြစ်ပြီ၊ ခိလှုံရွာရပ်ကွက် ရွာသူကြီးအကြီးအကဲသည် ဘီးဟရန်(၃)၊ တိုင်ကွန်းရွာရပ်ကွက် ရွာသူကြီးအကြီးအကဲသည် ဇကဲ(၁)နှင့် ဟွန်ကို(၁)တို့ဖြစ်ကြသည်။ အတူရွာမ ရပ်ကွက်ဖြစ်သော ဖဘောင်ရွာသားများသည် ၁၈၉၈ ခုနှစ်တွင် လုံဖင်ရွာကို ပြောင်းရွေးတည်ထောင်ခဲ့ပြီး ၁၉၀၆ ခုနှစ်တွင် ဖဘောင်ရွာသူကြီးအကြီးအကဲ ဘီးဟရီးသည် လူကြီးရောဂါဖြင့် လုံဖင်ရွာမှာဘဲ ကွယ်လွန်သွားခဲ့သဖြင့် အတူရွာရှိသူ့သား တဲလ်ကို ကျောက်ဂူတွင် သွားရောက် သင်္ဂြိုလ်ခဲ့ကြသည်။ ဖဘောင်ရွာသူကြီးအကြီးအကဲ မျိုးဆက်သည် နောက်ဒုတိယအကြိမ်ပြတ်သွားခဲ့ပြန်သည်။ ထို့ကြောင်း ခိလှုံသူကြီး ဘီဟရန်(၃) သားကြီး ဝါဆိုင်(၃)ကို ပင့်ခေါ်ခဲ့ကြသော်လည်း ကံမကောင်းစွာဖြင့် ဝါဆိုင်(၃)ဖခင် ဘီဟရန်(၃)သည် ၁၉၀၆ခုနှစ် ဒီဇင်ဘာလ(၉)ရက်နေ့တွင် ကွယ်လွန်သွားသဖြင့် ဖခင်နေရာကို ဆက်ခံမည့်သူ အရေးသကြီးဖြစ်လာသော ဝါဆိုင်(၃)သည် ဖဘောင် ရွာသူကြီးအကြီးအကဲ ဆက်ခံသူအဖြစ် ပြောင်းလာနိုင်ခြင်းမရှိတော့ဘဲ ညီဖြစ်သူ တေရောင်(၂)ကို စေလွတ်ခဲ့သည်။ တေရောင်(၂)သည်လည်း ဖဘောင် လုံဖင်ရွာသူကြီးအကြီးအကဲအဖြစ် ၂နှစ်ဖြစ်လာပြီးနောက် ၁၉၀၉ ခုနှစ်တွင် သားသမီးများမထွန်းကားဘဲ ကွယ်လွန်သွားခဲ့ပြန်သည်။ သို့ဖြစ်၍ ဝါဆိုင်(၃) ညီအထွေးဆုံး မန်းထန်ကို ၁၉၁၀ ခုနှစ်တွင် ပင့်ခေါ်ခဲ့ကြသည်။ မန်းထန်သည် အရွယ်မရောက်သေးသဖြင့် ခိလှိုရွာတွင် အစ်ကိုကြီးဖြစ်သူ ဝါဆိုင်(၃)နှင့်အတူ အရွယ်ရောက်သည့်အထိ ဖဘောင်ရွာသူကြီးအကြီးအကဲအဖြစ် ခိလှိုရွာတွင် ၁၉၁၀ ခုနှစ်မှ ၁၉၂၄ ခုနှစ်အထိ နေထိုင်ကာ ဖဘောင်ရွာသားများ အခွန်တော်များကို ခံစားခွင့်ရခဲ့သည်။ မန်းထန်အရွယ်မရောက်ဘဲ ဖဘောင်ရွာသို့ မပြောင်းမီကာလ ၁၉၁၀ ခုနှစ်မှ ၁၉၂၄ ခုနှစ်အထိ ဖဘောင်လုံဖင်ရွာကို ၁၄-နှစ်ကြာ လိုင်ဒေး(၂)က အုပ်ချုပ်ခဲ့သည်။ ဖဘောင်ရွားသားများအခွန်တော်ကို မန်းထန်က ခံစားရမည်ဖြစ်သောကြောင့် လိုင်ဒေး(၂)သည် အခွန်တော်များကို မယူဘဲ စေသနာသက်သက်ဖြင့် ၁၄နှစ်တိုင်အောင် ဖဘောင်ရွာ ရွာသူကြီးအကြီးအကဲ တာဝန်ကို ထမ်းဆောင်ခဲ့သဖြင့် နယ်ချဲ့အင်္ဂလိပ်အချို့မှတ်တမ်းတွင် လိုင်ဒေး(၂)ကို ဆဘောင်းတယ် ရွာသူကြီးအကြီးအကဲဟု မှတ်တမ်းတင်ခဲ့ကြသည်။ မန်းထန်အရွယ်မရောက်ခင် အစ်ကိုကြီး ဝါဆိုင်(၃)နှင့် အတူနေပြီး ၁၄ နှစ် ကာလတွင် ဝါဆိုင်(၃)က သူ၏နာမည်ကျော်ကြားမှုအတွက် အခွင့်ကောင်းယူလာပြီး၊ သူ့ညီလေး အကြီးအကဲဖြစ်မည့် ဖဘောင်ကို ဆဘောင်းတဲယ်ဟုလည်းကောင်း၊ သူအကြီးအကဲဖြစ်သော ခိလှုံရွာကို ဆဘောင်းပီဟုလည်းကောင်းထွက်ဆိုခဲ့သဖြင့် မြောက်ပိုင်းရခိုင်တောင်တန်း၊ ခရိုင်က ဆဘောင်းပီး/တဲယ်(Sabong Pi/ Sabong Te)ဟုလည်းကောင်း၊ ချင်းတောင်တန်းခရိုင်ခွဲ၊ ဟားခါးအာဏာပိုင်များ၊ နယ်ချဲ့အင်္ဂလိပ်၊ မြန်မာနိုင်ငံအစိုးရက ဆဘောင်းပီး/တယ်(Sabawngpi/Sabawngte)ဟုလည်းကောင်း မှတ်တမ်းတင်စေခဲ့သဖြင့် ယနေ့ချိန်ထိ ပြည်ထဲရေးတွင် ဆဘောင်းတဲယ်ဟု တည်ရှိနေခြင်းဖြစ်သည်။ ဖဘောင် ရွာသူကြီးအကြီးအကဲ ပထမမျိုးဆက်မှာ: - မန်လှီ (၂) သားကြီး ဆယ်ရို => ဆယ်ရိုသား ဇော်ရို (၁) => ဇော်ရိုသား သုံးဦး (၁) လိုင်တူ၊ (၂) ချုံတလိန်း(၁)နှင့် (၃) ဒေါ်မာ (ဟေမာ ရွာသူကြီးအကြီးအကဲ မျိုးဆက်ဖခင်) => လိုင်တူသား ဟရန်လိန်။ ဟရန်လိန်သည် သားယောကျ်ား မထွန်းကားဘဲ ဖဘောင်ရွာ သူကြီးအကြီးအကဲ မျိုးဆက်ပြတ်တောင့်သွားသည်။ ချုံတလိန်းလည်း ငယ်ရွယ်စဉ်ဆုံးပါးသွားခဲ့သည်။
ခိလှုံရွာသားများသည် ဆီးဇိုးပင်မရွာမှ သီးသန့်ခွဲထွက်လာသူများဖြစ်ကြသော်လည်း ၁၉၁၀ခုနှစ် နောက်ပိုင်းတွင် ဆဘောင်းတယ်၊ ဆဘောင်းပီဟူ၍ အငြင်းပွားစရာဖြစ်လာသောကြောင့် စာဖတ်သူများခွဲခြား သိမြင်နိုင်စေရန် ရည်ရွယ်ပြီး ခိလှုံရွာဖြစ်လာခြင်း အကျည်းချုပ်ကိုလည်း ဖော်ပြရေးသားရပါသည်။ ခိလှုံရွာ ဆဘောင်းပီဖြစ်လာခြင်းအကြောင်းကို ဖဘောင်ရွာမှ ဆဘောင်းတယ်ဖြစ်လာခြင်းအကြောင်းတွင် ပါဝင်လာခဲ့ပြီးဖြစ်သော်လည်း ခိလှုံရွာအကြာင်းအကျည်းချုပ်နှင့် ဆက်လက်ဖော်ပြပါသည်။ ငယ်ဖယ်ဆီးဇိုးရွာ ပထမ ရွာသူကြီးအကြီးအကဲ မန်လှီ(၁)၏သား ထန်းကီ(၁)သည် ပထမအမျိုးသမီး မန်ငိုင်၌ သားကြီးလိုင်းထန်ကိုလည်းကောင်း၊ ဒုတိယအမျိုးသမီး ဒင်ဗာ၌ သားလတ် မန်လှီ(၂)နှင့် သားထွေး ဧခိုင်ခိုင်တို့ကိုလည်းကောင်း သားသုံးဦးထွန်းကားခဲ့သည်။ လိုင်းထန်(၁) မျိုးဆက်ကို နိုရိန်(ဗမာလိုနားလည်းအောင်ပြောရင် မိဘုရားကြီးမျိုးဆက်) ဟုခေါ်သည်။ မန်လှီ(၂)နှင့် ဧခိုင်မျိုးကို နိုတလဲ(ဗမာလိုနားလည်အောင်ပြောရင် မိဘုရားငယ် မျိုးဆက်)ဟု ခေါ်သည်။ လိုင်းထန်မျိုးဆက်သည် ငယ်ဖယ်ဆီးဇိုး ရွာမအကြီးအကဲများဖြစ်ကြပြီး၊ မန်လှီ(၂) မျိုးဆက်များသည် ဖဘောင်၊ ခိလှုံ၊ တီးဆီးရတူနှင်ဟီမာ အကြီးအကဲမျိုးဆက်များဖြစ်လာကာ၊ ဧခိုင်မျိုးဆက်များသည် ငယ်ဖယ်(ငဖိုင်ပီ)၊ ကျပီ(အိန္ဒိယရွာ)၊ မော်ရိန်(အိန္ဒိယရွာ) အကြီးအကဲမျိုးဆက်များဖြစ်လာကြသည်။
မန်လှီ(၂)သည် သားကြီး ဆယ်ရို(Sero)၊ သားလတ် ဘီးဟရန်(၁)(Biehra I)၊ သားထွေး လှောင်ခွန်း(၁)(Hlaukhao I) သုံးဦး ထွန်းကားခဲ့သည်။ ဆီဇိုးရွာမမှာ ခီထီမျိုးရိုးအားလုံးနီးပါးနှင့် အပေါင်းအပါများသည် မန်လှီ(၂) သားကြီး ဆယ်ရိုကို ရွာသူကြီးအကြီးအကဲအဖြစ်ခေါ်လာပြီး ဆီးဇိုး ပင်မရွာမှ ၁၇၃၀ ဝန်ကျင်းတွင် ပထမဆုံးခွဲထွက်လာက ဖဘောင်အရပ်ဒေသတွင် ဖဘောင်ရွာကို စတင်တည်ထောင်ခဲ့သည်။ ဖဘောင်အရပ်သည် လက်ရှိငယ်ဖယ်(ငဖိုင်ပီး-ခ) ရွာနှင့် မျက်နှာချင်းဆိုင် ဖဘောင်ချောင်းဖျားဒေသ တောတောင်နာမည်ဖြစ်သည်။ ဖဘောင်ရွာသားများသည် ပထမ ဖဘောင်ရွာမှ ၁၇၄၀ ဝန်ကျင်တွင် ဝေါင်ဘောင်း လက်ရှိငဖိုင်ပီ-ခ ရွာ အထက်အရပ်ဒေသတွင် ပြောင်းရွေးနေထိုင်ခဲ့ပြီး ၎င်းရွာတွင် ဆယ်ရိုကွယ်လွန်ခဲ့ပြီးနောက် ဆယ်ရိုသား ဇော်ရို(၁)၊ ဇော်ရိုရွာဟုလည်း နာမည်တွန်ခဲ့သည်။
မန်လှီ(၂)သားလတ် ဘီဟရန်(၁)လည်း ဒေါ်လုတ်ခူးချူံနှင့် ဒေါ်ထန်ခူးချူံတို့နှင့် အတူ ၁၇၅၀ ခုနှစ် ဝန်းကျင်တွင် တေလောင်အရပ်ဒေသတွင် တောင်ယာလုပ်ကိုင်ခဲ့ပြီး ဆီးဇိုးပင်မရွာမှခွဲထွက်လာခဲ့သည်။ သုံးသော် ဘီဟရန်(၁)နှင့် အဖွဲ့သည် ရွာနာမည်ဟူ၍ အတည်တကျမရှိသေးဘဲ သူတို့တောင်ယာလုပ်ကိုခဲ့သော အရပ်ဒေသနာမည်ဖြစ်သာနေထိုင်လာခဲ့သည်။ ဖဘောင်ချောင်းနှင့် အလှမ်းမဝေးသော ဒေသတွင် တေလောင်ချောင်းလည်းရှိသည်။ တေလောင်းချောင်းဖျားတွင် ဘီဟရန်(၁)နှင့်အဖွဲ့များသည် အိမ်ခြေ(၃)အိမ်ဖြင့် စတင်အခြေချလာခဲ့ခြင်းဖြစ်သည်။
ဘီဟရန်သည်သား မန်တလိန်း(၁)နှင့် ဝါဆိုင်(၁)ကို သားနှစ်ဦးကို ထွန်းကားခဲ့သည်။ မန်တလိန်းသည် တိုင်ကွန်း ရွာသူကြီးများ၊ ဖဘောင်ရွာရှိ တီးရှိန်မျိုးရိုးများနှင့် ပါရာရွာသူကြီးအကြီးအကဲမျိုးဆက် ဖခင်ကြီးဖြစ်သည်။ မန်တလိန်း(၁)၏ ခြံဝင်းထဲသို့ ဝါးခြမ်းပိုက်ဖြင့် ရေသွန်သဖြင့် သူ့အား တီးရှိန်(ရေသွန်သောမျိုးဆက်)ဟုလည်း ခေါ်သည်။ ဝါဆိုင်(၁)သည် ခိလှုံရွာသူကြီးအကြီးအကဲမျိုးဆက်နှင့် နောက်ဆုံး ဖဘောင်ရွာသူကြီးဖြစ်ခဲ့သော မန်းထန်မျိုဆက်တို့၏ ဖခင်ကြီးဖြစ်သည်။ ဘီဟရန်နှင့် အဖွဲ့များ တေလောင်အရပ်တွင် နေထိုင်နေစဉ် မရာနယ်နှင့်ဇိုဖင်နယ်များတွင် ကျောက်ရောဂါး ဖြစ်ပွားခဲ့ပြီး ကျောက်ရောဂါဖြင့် ဝါဆိုင်း(၁)ကို သတ်မည်ဟု ဇိုဖင်နယ် လေတပ်ရွာ နတ်ကတော်(နတ်ပူးအမျိုးသမီး)က နမိတ်ဖတ်ခဲ့သဖြင့် ဝါဆိုင်က သူ့အစ်ကို မန်တလိန်းအား ညီလေးကိုတော့ ကျောက်ရောဂါဖြင့် သေရတော့မည် အစ်ကိုက ဒီကမ်းဘေးကြီးမှ လွတ်မြောက်သောငှာ ရွာခွဲထွက်လိုက်ပါဟု အကြုပြုသဖြင့် မန်းတလိန်သည် ဝူမြူ(Vaohmao) အရပ်ဒေသသို့ ရွာသား(ပြည်သူ)များနှင့် ခွဲထွက်ပြီး ဝါဆိုင်နှင့် ပြည်သူအချို့ တေလောင်အရပ်တွင် ဆက်လက်နေထိုင်သည်။ ။ ဝါဆိုင်(၁)နှင့် အဖွဲ့သည် တေလောင်ရွာမှ လောင်းတလန် (လက်ရှိ ဖန်တလန် မရာလို့ မီးဆာကုန်းတောင်)ရွာတွင် ပြောင်းရွေးပြီး ၎င်းရွာသည် ခူမီးလူမျိုးများ၏ ရှေးရွာဟောင်းနေရာဖြစ်သဖြင့် ခိလှုံ(ရှေးကျသောရွာ)ဟု နာမည်အတည်တကျ ပိုင်ဆိုင်လာခဲ့ကြသည်ဟု ရှေ့လူကြီးများစကားအားဖြင့်သိရှိရသည်။ ဝါဆိုင်(၁)သည် ကျောက်ရောဂါကြောက်ရွံ့ခြင်းကြောင်း အစ်ကို မန်းတလိန်း(၁)က ရွာခွဲစဉ်တွင် ပြည်သူအများအပြားကို ခေါ်သွားသဖြင့် သူပြည်သူများ အင်အားနီးပါးနေသည်ကို ပြည်သူအင်အားဖြည့်ဆည်းနိုင်ရာ အဇွန်(ဇိုတုန်)ဒေသကိုသွားပြီး "ဝါဆိုင် ခိလှုံရွာအား လာရောက်ပူးပေါင်းပါက သူ့ရွာမှာ ရူရင်စကားမရှိစေရပါဘူး" ဆိုလိုသည်မှာ "စားဝမ်းနေရေးအခက်အခဲ၊ အဆင်မပြင်ခြင်းကြောင်းစပါးကျီရှိ စပါးများခိုးယူမိရင်တောင်မှ အရေးမယူဘူးဟု" သွားရောက် ဟောပြောစည်းရိုးရေးသွားလုပ်ခဲ့သဖြင့် အဇွန်(ဇိုတုန်နယ်မှ) ပြည်သူအများအပြားသည် ဝါဆိုင် ခိလှုံရွာကို လာရောက်ပူးပေါင်းလာကြကာ ခိလှုံရွာအင်အားကို ပြန်လည်ထူထောင်ခဲ့သည်။ လောင်းတလန် (လက်ရှိဖန်တလန်ခေါ် မီးဆာကုန်းတောင်)တွင် ခိလှုံရွာသားများနှင့် ဝါဆိုင်(၁)တို့နေထိုင်စဉ် ဆီးဇိုးပင်မရွာမှာ လိုင်းထန်နိုရိန် မျိုးဆက်မှ ဇထန်သေဆုံးမှုကြောင်း ထန်တလန်မှ ကလဲစားချေလာသဖြင့် ဝါဆိုင်(၁)သည်လည်း ဇထန်သေဆုံးမှုမှာပါဝင် ပတ်သက်ခဲ့သည်ဟု စွပ်စွဲခြင်းခံခဲ့သဖြင့် ခိလှုံရွာကိုလည်း ထန်တလန်က တိုက်ခိုက်ခဲ့ပြီး ပြည်သူအများအပြားသေဆုံးခဲ့ရသည်ဟု မရာသမိုင်းကို ရေးသားသူ ဦးဟွန်ကိုက ဖော်ပြရေးသားခဲ့သည်။ ဦးဟွန်ကိုက ခီးပီးလူရွာမှာ ထန်တလန်က လာရောက်တိုက်ခိုက်သည်ဟု ဖော်ပြသော်လည်း ဦးလီတုံ(၁၉၁၈-၂၀၂၂)က လောင်းတလန်(မီးဆာကုန်းတောင်)နေရာဖြစ်ပြီး သေဆုံးခဲ့သော ရွာသားများသွေးသည် လကွာချောင်း(Lakaevah) သို့ သွေးချောင်းဆင်းသကဲ့သို့ဖြစ်ခဲ့သည်ဟုဆိုသည်။ ထန်တလန်က တိုက်ခိုက်လားပြီးနောက် ခီးပီးလူ(လက်ရှိခွန်ပီးလူရွာ)အရပ်ဒေသတွင်လည်းကောင်း၊ ဗန်းတလေး(၁)သား ဝါဆိုင်(၂) ခေတ်တွင် လကွာချောင်းဝအနီး ဘီးနိုလွင်ပြင်တွင်လည်းကောင်း ခိလှုံရွာနာမည်ဖြင့် နေထိုင်လာခဲ့သည်။ လကွာချောင်းဝ ဘီးနို(ကုလာတန်) ချောင်းဝတွင် နေထိုင်နေစဉ် တောင်ယာမှာ အလုပ်လုပ်နေသော ခိလှူံရွာသား သုံးဦးကို ထန်အောင် (Tha-au)ရွာသားများက သတ်ဖြတ်ခဲ့သဖြင့် ခိလှုံရွာသားများသည် ကုလာတန်(ဘီးနို)ကို ကူးလာကာ ဝါဆိုင်(၂) ကွယ်လွန်ပြီး ဘီဟရန်(၃) အရွယ်ရောင်ခါစ ၁၈၇၅ ခုနှစ် ဝန်ကျင်တွင် အိမ်ခြေ(၄၀) ဝန်းကျင်ဖြင့် ဖဘောင်အတူရွာကို ပူးပေါင်းလိုက်ကြသည်။ ထိုအချိန် ဖဘောင်အတူရွာသည် အိမ်ခြေ (၂၀၀)ကျော်ရှိနေပြီးဖြစ်သည်။ ထိုစဉ်က ဖဘောင်အတူရွာ သူကြီးအကြီးအကဲသည် ဘီးဟရီး ဝါဆိုင်(၂)အစ်ကို ဝါးတလိန်း(၁)သားဖြစ်သဖြင့် ဖဘောင်အတူရွာသူကြီးအကြီးအကဲသည် ဘီဟရန်(၃) ဦးလေးအရင်းဖြစ်သည်။ ဘီးဟရီးကဘဲ ဘီဟရန်(၃) အမျိုးသမီး တဲလ်တား၊ ထန်တလန်သူ တင်တောင်းပေးပြီး အိမ်ထောင်ချပေးခဲ့သည်။ တိုင်ကွန်ရွာသူကြီးအကြီးအကဲ ဇကဲအမျိုးသမီး ဟားခါးသူကြီးအကြီးအကဲ သမီးဖြစ်သူ နောင်းဇိန်၏ သူမဖြစ်သည်။ ဘီဟရန်(၃) အမျိုးသမီးသည် တဲလ်တားသည် အတူရွာတွင် မနေပဲ သူ့၏အဒေါ်ဖြစ်သူ တိုင်ကွန်းအကြီးအကဲ ဇကဲအမျိုးသမီး နောင်ဇိန်ရှိရာ တိုင်ကွန်း ရွာမန်း၌ နေနေသဖြင့် ဖဘောင်ရွားသားနှင့် ခိလှုံရွာသားများသည် ဇကဲအမျိုးသမီးကို ညချိန်၌ ထမ်းစင်ဖြင့် သွားထမ်းပြီး အတူရွာကို ခေါ်လာခဲ့သဖြင့် ဇကဲ၊ ဟွန်ကိုနှင့် ရွာသားအိမ်ခြေ ၂၀ ခန့်သည် ၁၈၈၀ ခုနှစ်ဝန်းကျင်တွင် အာတူရွာကို ပြောင်းရွေးလာခဲ့ကြပြီး အတူရွာတွင် အတူရွာမရပါကွက် (ဖဘောင်းရွာသားများ)၊ အာတူခိလှုံရပ်ကွက်၊ အာတူတိုင်ကွန်းရပ်ကွက်များဟူ၍ ရပ်ကွက်သုံးခုဖြင့် မိမိတို့အကြီးအကဲ သီးသန့်အခွန်တော်များပေးဆောင်၍ ဖဘောင်ရွာနာမည်ဖြင့် အာတူရွာတွင် ၁၈၉၈ခုနှစ်အထိ အတူတကွ နေထိုင်ခဲ့ကြသည်။
ဖဘောင်ရွာသားများ လုံဖင်ရွာတွင် နေထိုင်စဉ် ၁၉၁၀ခုနှစ်အထိ ခိလှုံနှင့် တိုင်ကွန်းရွာသားများသည် အာတူရွာတွင် ဆက်လက်နေထိုင်ခဲ့သည်။ ထိုအချိန်တွင် ဖဘောင်ရွာသူကြီးအကြီးအကဲက ဘီးဟရီးလည်း လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့သဖြင့် ဘီးဟရီးအရိုင်းအရာ ဆက်ခံမည့်သူ မရှိတော့သဖြင့် ဝါဆိုင်(၃)ကို ပင့်ခေါ်သော်လည်း ဝါဆိုင်း(၃) ဖဘောင်ရွာသို့ ပြောင်းမသွားခင် ၁၉၀၆ခုနှစ် ဖခင် ဘီရန်ကွယ်လွန်ပြီးနောက် ဝါဆိုင်(၃)က ခိလှုံသူကြီးဆက်ခံခဲ့သည်။ ထိုကြောင့် ညီလေး တေရောင်ကို စေလွတ်ခဲ့သည်။ ဘီဟရန်ကွယ်လွန်ပြီးနောက် ခိလှုံရွာသားများသည် ၁၉၁၀ခုနှစ်တွင် ယခုလက်ရှိနေထိုင်သော လုန်ပုရွာသုံးပြောင်းရွေးနေထိုင်ခဲ့ပြီး တိန်ကွန်းရွာသားများလည်း မူလနေရာ ယခု ဒါရ်လင်း(တေကွန်း)ရွာအဖြစ် ၁၉၂၈ခုနှစ်တွင် ခိလှုံလုတ်ပုရွာမှ ပြန်လည်ခွဲထွက်သွားသည်။ တေရောင်လည်း နှစ်နှစ်ခန့် ဖဘောင်ရွာ သူကြီးအကြီးအကဲအဖြစ်နေပြီးနောက် ၁၉၀၉ ခုနှစ်တွင် ကွယ်လွန်သွားပြန်သည်။ ထိုကြောင့် ဝါဆိုင်ညီးအထွေးဆုံး မန်းထန်ကို ပင့်ခေါ်ခဲ့ပြီး မန်းထန်သည် ငယ်ရွယ်သေးသဖြင့် ၁၉၁၀ခုနှစ်မှ ၁၉၂၄ ခုနှစ်အရွယ်ရောက်သည့်အထိ အစ်ကိုဖြစ်သူ ဝါဆိုင်နှင့် ခိလှုံရွာတွင် နေထိုင်ပြီး ဖဘောင်ရွာသားများ အခွန်တော်ကို ခံစားခွင့်ရခဲ့ချိန်တွင် အင်္ဂလိပ်နယ်ချဲ့များ မရာနယ်ကို စတင်ရောက်ရှိလာချိန်၊ မရာသမိုင်းကို စတင်မှတ်တမ်းတင်ချိန်တွင် ဝါးဆိုင်(၃)အတွက် အခွင့်ကောင်းသဖွယ်ဖြစ်လာပြီး သူ့နဲ့အတူနေထိုင်နေသော ညီထွေးမန်းထန်ကို ရွာသားအခွန်တော်များ ခံစားသော ဖဘောင်ရွာကို ဆဘောင်းတဲယ်ဟုလည်းကောင်း၊ သူ့အခွန်တော်များခံစားခဲ့သော ခိလှုံကို ဆဘောင်းပီးဟုလည်းကောင်း နယ်ချဲ့အင်္ဂလိပ်အစိုးရ အာဏာပိုင်များအား မှတ်တမ်းတင်စေခဲ့သည်။ မန်းထန် ဖဘောင်ရွာကို မသွားနိုင်သေးသည့် ကာလ ၁၉၁၀ခုနှစ်မှ ၁၉၂၄ခုနှစ်အထိ ဖဘောင်ရွာသူကြီးအကြီးအကဲအဖြစ် လိုင်းဒေး(၂)က အုပ်ချုပ်ခဲ့သည်။
၁၉၂၅ ဖေဖော်ဝါရီလတွင် ဖဘောင်ရွာ လိုင်ဒေး(၂) အိမ်တွင်၊ နယ်ပိုင် ဒုတိယဗိုလ်မှူးကြီး ဘန်း၊ ဒလခဲရ်စာအုပ်ရေးသူ အင်အီးပဲရီ၊ လုတ်လိန်နှင့် လခဲရ်ပိုင်နီယာ သာသနာပြုဆရာ အာရ်အေလော့ရိန်းတို့ အစည်းအဝေးကျင့်ပပြီး ဆဘောင်သူကြီးအကြီးအကဲဖြစ်သော မန်းထန်နှင့် ခိလှုံသူကြီးအကြီးအကဲဖြစ်သော ဝါဆိုင်(၃)တို့ကိုလည်း ဖိတ်ကြားပြီး တောင်ပိုင်အုပ်အဖြင့် မန်းထန်ကို ခန့်အပ်ခဲ့ကြသော်လည်း ဖဘောင်ရွာသူကြီးအဖြစ် အစ်ကို ဝါဆိုင်အိမ်မှာ ၁၄နှစ် ကာလ ခိုလှုံခဲ့သော မန်းထန်သည် သူ့အစ်ကို လိုအင်ဆန္ဒကို အလိုင်းသိစွာ လိုက်လျှော့ပေးသောကြောင့် တောင်အုပ်ရာထူးကို သူ့အစ်ကိုအား ပေးအပ်ရန် တောင်းဆိုခဲ့သဖြင့် အာဏာပိုင်များက လိုက်လျှော့ပြီး ဝါဆိုင်(၃)ကို တောင်အုပ်အဖြစ် ခန့်အပ်ခဲ့သည်။ ထိုကဲ့သို့သော ဩဇာကို ဝါဆိုင်(၃) ကောင်းကောင်းအသုံးချပြီး သူ့တို့ ခိလှုံရွာသားများနှင့် စကားလေဝင် လေထွက် လုံးဝမတူတော ဖဘောင်ရွာကို ဖဘောင်တဲယ်(ဖဘောင်ရွာသေး)ဟူလည်းကောင်း၊ သူမူလရွာဖြစ်သော ခိလှုံကို ဖဘောင်ပီး (ဖဘောင်ရွာမ)ဟုလည်းကောင်း ခေါ်တွန်စေခဲ့သည်။ အုပ်ချုပ်ရေးအလှည်းအပြောင်းကို အခွင့်ကောင်းယူပြီး အသုံးချကာ မမှန်ကန်သော သမိုင်းကို မရာသမိုင်းစတင် မှတ်တမ်းတင်သော အချိန်ကာလတွင် စတင်မှတ်တမ်းစေခဲ့သူသည် ဝါဆိုင်(၃)ဖြစ်သည်။
ခိလှုံရွာသူကြီးမျိုးဆက်များမှာ : - မန်လှီ(၂) သားလတ် ဘီဟရန်(၁) => ဘီဟရန်(၁)သားနှစ်ဦး (က) မန်တလိန်း(၁)နှင့် (ခ) ဝါဆိုင်(၁) => ဝါဆိုင်(၁)သားများ (က)ဇော်ရို(၂)နှင့် (ခ) ဝါးတလိန်း(၁) => ဝါတလိန်း(၁)သားများ => (က)ဘီးဟရီး(၁)၊ (ခ) ဝါဆိုင်(၂)နှင့် (ဂ) တေရောင်(၁) => ဝါဆိုင်(၂) သား ဘီးဟရန်(၃) => ဘီဟရန်(၃) သားများ၊ (က) ဝါဆိုင်(၃)၊ (ခ) တေရောင်(၂)၊နှင့် (ဂ) မန်းထန်(၁) => ဝါဆိုင်(၃)သား ဝါတလိန်း(၂) တို့ဖြစ်သည်။ တေရောင်သည် ဖဘောင်ရွာသူကြီးဖြစ်နေစဉ် သားသမီးမထွန်းကားဘဲ ၁၉၀၉ခုနှစ်တွင် ကွယ်လွတ်ခဲ့သည်။ မန်းထန်သည် ၁၉၁၀ခုနှစ်မှ ၁၉၅၄ ခုနှစ်အထိ ဖဘောင်နောက်ဆုံးရွာသူကြီးအဖြစ်နေခဲ့သည်။ ၁၉၅၄တွင် ၁၉၄၈ခုနှစ် ဖေဖော်ဝါရီလ(၂၀)ရက်နေ့ ချင်းအမျိုးသား သဘောတူညီချက်အရ အခွန်စားရွာသူကြီး ပဒေသရာယ်စနစ်ကို ဖျက်သိမ်းပြီး ရွာသူကြီးများကို အငြိမ်းစားပေးခဲ့ကြသည်။ ရွာသူကြီးများကို ပြည်သူလူထုကဘဲ ရွေးကောက်တည်မြောက်ခဲ့ကြတော့သည်။
မရာလူမျိုးများ၏ အုပ်ချုပ်ရေသည် နယ်ချဲ့အင်္ဂလိပ်တို့မရာနယ် တခုလုံးကို သိမ်းပိုင်းခဲ့သော ၁၉၁၈ခုနှစ် အထိ မိုနာခီ ပဒေသရာဇ်အုပ်ချုပ်ရေးစနစ်ကိုဖြင့် အုပ်ချုပ်ခဲ့သည်။ တရားစီရင်ရေးမှာ ရိုရာတရားသူကြီးများရှိသော်လည်း အကြီးအကဲများမှာ ရွာသူကြီးအကြီးအကဲသာဖြစ်သည်။ တရားစီရင်ကို ရိုးရာတရား စီရင်ရေးစနစ်ကို ကျင့်သုံးသည်။
အင်္ဂလိပ်တို့သည် ရခိုင်တောင်တန်းမှလည်းကောင်း၊ ချင်းတောင်တန်းမှလည်းကောင်း၊ လူရှိုင်းတောင်တန်းမှလည်းကောင်း မရာနယ်မြေကို ဝင်ရောက်သိမ်းပိုင်းပြီး ၁၈၉၆ချင်းအက်ဖြင့် အုပ်ချုင်းကာ တရားဥပဒေစိုးမိုးရေးကို တည်ဆောက်ခဲ့သည်။ ၁၉၁၈ခုနှစ်မှစ၍ မရာနယ်တခုလုံးကို လုံးဝအုပ်ချုပ်နိုင်ခဲ့ကြသည်။ ရွာသူကြီးများကို ဦီးဆောင်မည့် တောင်အုပ်များကိုလည်း ခန့်ထားခဲ့ကြသည်။ ရွာသူကြီးများ၏ အခွန်တော်ခံစားခွင့်ကို မဖြတ်သိမ်းသော်လည်း တောင်အုပ်များကို ခန့်ထားပြီး ရွာသူကြီးအကြီးအကဲများ၏ ဩာဇာအာဏာကို လျှော့ချလိုက်သည်။ တရားစီရင်ကိုလည်း ဥပဒေပြဌာန်းပြီး ရိုးရာတရားစီရင်ရေးနှင့် ယှည်တွဲပြီး ကျင့်သုံးသည်။
လွတ်လပ်ပြီးခေတ် ၁၉၄၈ခုနှစ်၊ ဖလမ်းလူထုစည်းဝေးပွဲ့ ဖေဖော်ဝါရီလ(၂၀)ရက်နေ့ဆုံးဖြတ်အရ ရွာသူကြီးအကြီးအကဲ အုပ်ချုပ်သော ပဂေသရာဇ် စနစ်ကို လုံးဝဖျက်သိမ်းပြီး သူကြီးအကြီးကဲများအခွန်ပေးဆောင်ခြင်းကိုလည်း ရပ်ဆဲလိုင်ကျသည်။ ၁၉၅၄ ခုနှစ်ထိ၊ ဆီးဇိုး ငယ်ဖိုင် ရွာသူကြီးအကြီးအကဲ မန်လှီ(၁)ကျေဇာ မျိုးဆက်များမှ ဆင်းသက်လာသော မန်လှေး(၂)ကျေဇာမျိုးသား ဆယ်ရိုမျိုးဆက်မရှိတော့သည့်နောက်ပိုင်းတွင် ဖဘောင်ရွာသူကြီးအဖြစ် နောက်ဆုံး ဖဘောင်(ဆဘောင်း)ပင့်ခေါ်အုပ်ချုပ်ခဲ့သူမှာ မန်လှီ(၂)သားလတ် ခိလှုံမျိုးနွယ် သူကြီးအကြီးအကဲ ဦးဘီဟရန်(၁)မျိုးဆက်မှ ဘီဟရန်(၃)၏ သားထွေး ဦးမန်းထန်ဖြစ်သည်။ ဦးမန်းထန်သည် ၁၉၁၀ခုနှစ်မှ ၁၉၅၄ခုနှစ်အထိ ဖဘောင်ရွာကို ပဒေသရာဇ်စနစ်ဖြင့်နောက်ဆုံးအုပ်ချုပ်ခဲ့သော ရွာသူကြီးအကြီးအကဲဖြစ်သည်။ ၁၉၅၄ နောက်ပိုင်း ရွာသူကြီးများသည် အောက်ပါအတိုင်းဖြစ်သည်။
No စဉ် | Moh(နာမည်) | ခုနှစ် | Sawkha (အစိုးရ) | သက်တမ်း |
1 | Puhpa Lailei (Rezaepaw) | 1954 - 58 | ဒီမိုကရက်စီအစိုးရ + အိမ်စောင့်အစိုးရ (ဖဆပလ) | 4နှစ် |
2 | Puhpa Chachhô (Tôthapaw)[1] | 1959 - 69 | အိမ်စောင့်အစိုးရ + ဒီမိုကရက်စီအစိုးရ+ တော်လှန်ရေးကောင်စီ | 10 နှစ် |
3 | Puhpa Laitlie (Hrachopaw) | 1970 - 73 | တော်လှန်ရေးကောင်စီ | 5 နှစ် |
4 | Puhpa Ido (Thlaisohpaw) | 1974 - 82 | ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် | 8 နှစ် |
5 | Puhpa Hlikô (Sâkôpaw) | 1982 - 85 | ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် | 1 နှစ် |
6 | Puhpa Hiethau (Laukâpaw) | 1986 | ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် | 4 နှစ် |
7 | Puhpa Dielei (Ngôkhepaw), Hlomâ | 1987 - 88 | ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် | 3 နှစ် |
8 | Puhpa Teichha | 1988 - 89 | ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် | 2 နှစ် |
9 | Puhpa Dôhmô[2] | 1989 - 90 | နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ | 2 နှစ် |
10 | Puhpa Liebie (Zadopaw) | 1990 - 91 | နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ | 2 နှစ် |
11 | Puhpa Redau (Naunaupaw) | 1991 - 92 | နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ | 2 နှစ် |
12 | Puhpa Tekô (Salipaw)[3] | 1992 - 95 | နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ | 3 နှစ် |
13 | Puhpa Bichei (Chiechepaw) | 1995 | နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ | 1 နှစ် |
14 | Puhpa Kheimau (Vabiekhaipaw) | 1996 - 97 | နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ | 2 နှစ် |
15 | Puhpa Hraitu (Blessingpaw) | 1997 | နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်းစီ | 1 နှစ် |
16 | Puhpa Biekhu (Masipaw) | 1998 | နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်းစီ | 1 နှစ် |
17 | Puhpa Kheimau (Vabiekhaipaw)[4] | 1999 - 00 | နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်းစီ | 3 နှစ် |
18 | Puhpa Makao (Sahmôpaw) | 2001 - 02 | နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်းစီ | 2 နှစ် |
19 | Puhpa Liehe (Ngôteipaw) | 2002 - 03 | နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်းစီ | 2 နှစ် |
20 | Puhpa Ralao (Vakhaithapaw) | 2004 | နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်းစီ | 1 နှစ် |
21 | Puhpa Kheimau (Vabiekhaipaw) | 2005 - 07 | နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်းစီ | 3 နှစ် |
22 | Puhpa Liehe (Ngôteipaw) | 2008 - 09 | နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်းစီ | 2 နှစ် |
23 | Puhpa Zachei (Biethakheipaw) | 2010 - 15 | ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် (ဒီမိုကရက်စီအစိုးရ) | 5 နှစ် |
24 | Puhpa Bievai (Vangôtliepaw)[5] | 2015 - 20 | ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် (ဒီမိုကရက်စီအစိုးရ) | 4 နှစ် |
၁၉၄၇ အခြေခံဖွဲ့စည်းပုံဥပဒေအရ ဆဘောင်းတယ်(ဖဘောင်) အုပ်စုတွင်
၁၉၇၄ခု အခြေခံဖွဲ့စည်းပုံအရ
ခရစ်ယာန် သာသနာ မရာနယ်တယ် ထွန်းကားခြင်းမရှိခင်တွင် နတ်စားကို ကိုးကွယ်ယုံကြည်သည်။
သမာပိုင်း ရာသီဥတုဖြစ်၍ ရွက်ပြတ်တော့နှင့် အမြဲစိမ်းသစ်တောပေါက်ရောက်သော ဒေသဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ ၆၀၀ ကျော်မှ ၈၄၀၀ ကျော်မြင့်သည် ဒေသဖြစ်သည်။ ဘင်္ဂလာ ပင်လယ်အော်နှင့် မိုင်ပေါင်း ၈၀ ကျော်သာကွာဝေးသဖြင့် အနောက်တောင် မိုးသုံလေဖြတ်သန့်လေ့ရှိသောဒေသဖြစ်သည်။ ရာသီဥတုလေးမျိုးရှိသည်။ ၎င်းတို့မှာ ဖေဖော်ဝါရီလမှမေလထိ နွေရာသီ၊ ဇွန်လမှာြသဂုတ်လအထိ မိုးရာသီ၊ စက်တင်လမှ အောက်တိုလအထိ ပွင့်လင်းရာသီနှင့် နိုင်ဝင်ဘာလမှ ဇန္နဝါရီလအထိ ဆောင်းရာသီတို့ဖြစ်သည်။
[1] Puhpa Chachho (Tothapaw), Village Tract, President chha 1959 – 1969!
[2] Puhpa Dohmo (Bievachhopaw), Village Tract President chha 1990 liata, Basic State Middle School ama hmô.
[3] Puhpa Tekô (Salipaw) President chha 1994 tah Pheisaih Camp a vaw y,
[4] Puhpa Kheimau (Vabiekhaipaw) President chha 2000, liata, Basic State High School ama hmo.
[5] Puhpa Bievai (Vangothliepaw) President chha liata, Basic State Primary School No (2), nata Matriculation Examination Centre ama hmo! Tahma 2020 Kô chhoh liata, Khih rah hmasiena sakha chha byhna eima to via awpa eima ngiapâ.!
ဤ ချင်းပြည်နယ် ပထဝီဝင်တည်နေရာဆိုင်ရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |
This article uses material from the Wikipedia မြန်မာဘာသာ article ဆဘောင်းထယ်ရွာ၊ မတူပီမြို့နယ်, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.