ဂဟေ

ဂဟေဆိုသည်မှာ သတ္တုများကို တစ်ခုနှင့်တစ်ခု ဆက်ရန် အတွက်သော်လည်းကောင်း၊ သတ္တုများကို ဖာထေးရန်အတွက်သော်လည်းကောင်း အသုံးပြုသော သတ္တုစပ်ပင်ဖြစ်သည်။ ဂဟေပြုလုပ်ရာ၌ အရေး ကြီးသောအချက်မှာ ဂဟေသည် ဆက်ယူမည့် သတ္တုများထက် ပို၍ အရည်ပျော်လွယ်နိုင်ရမည့်အချက်ဖြစ်သည်။

ဂဟေ
ဂဟေဆော်သည့် မီးကို ကာကွယ်ရန်လည်းကောင်း၊ စူးရှသည့်အလင်းရောင် မျက်စိကို ထိခိုက်ခြင်းမှ ကာကွယ်ရန်လည်းကောင်း မျက်နှာဖုံး စွပ်ကြရသည်။

ဂဟေသည် ဂဟေပျော့၊ ဂဟေမာဟူ၍ နှစ်မျိုးရှိသည်။ ဂဟေမာသည် အပူချိန်များမှ အရည်ပျော်၍၊ ဂဟေပျော့မှာမူ အပူချိန်နည်းမှ အရည်ပျော်သည်။ ဂဟေမာသည် အလွန်ခိုင်မာ သဖြင့် ယင်းကို အလိုရှိသလို ထုရိုက်၍ပုံသွင်းယူနိုင်ပေသည်။ အချို့ဂဟေမာကို နန်းဆွဲ၍ ရသည်။ အချို့ကို အပြားခတ်၍ ရသည်။ အသုံးအများဆုံးသော ဂဟေမာမှာ ငွေဂဟေဖြစ်သည်။ ငွေဂဟေ၌ ငွေကြေးနီနှင့် သွပ်တို့ပါရှိသည်။ ငွေကိုထည့်စပ်ရ ခြင်းမှာ ဂဟေ၏ အရည်ပျော်မှတ်ကို နိမ့်ကျသွားစေရန်ဖြစ်၏။ ငွေဂဟေ၌ ပါဝင်လေ့ရှိသော ကြေးနီ၊ သွပ်၊ ငွေတို့၏ အချိုး အစားမှာ ကြေးနီ ၄၅ ရာခိုင်နှုန်း၊ သွပ် ၃၅ ရာခိုင်နှုန်းနှင့် ငွေ ၂ဝ ရာခိုင်နှုန်းဖြစ်သည်။ ထိုဂဟေသည် စင်တီဂရိတ် အပူချိန် ၈ဝ၈ ဒီဂရီတွင် အရည်ပျော်၏။

ထိုဂဟေမျိုးကို ကြေးဝါ၊ ကြေးနီ၊ ငွေ၊ သံတို့ကို ဆက်ရာ တွင် အသုံးပြုကြသည်။ ရွှေပန်းထိမ်ဆရာများ ဂဟေလုပ်ရာ၌ ရွှေကို အဓိကထား၍ ကြေးနီနှင့်ငွေတို့ကို ရောစပ်ယူကြသည်။ ဂဟေပျော့များသည် အပူချိန်နည်းနည်း၌ အရည်ပျော်နိုင်ကြ သည်။ ထိုဂဟေပျော့များသည် ကြွပ်ဆတ်သဖြင့် အထု အရိုက် မခံနိုင်ကြချေ။ လူသိများသောဂဟေပျော့များမှာ သံဖြူနှင့် ခဲကို အဓိကထား၍ ရောစပ်ထားသောဂဟေများပင် ဖြစ်သည်။ ဂဟေ ပျော့တစ်မျိုး၌ သံဖြူ ၆၇ ရာခိုင်နှုန်းနှင့် ခဲ ၃၃ ရာခိုင်နှုန်း ပါရှိသည်။ ထိုဂဟေမျိုးကို အများအားဖြင့် သံဖြူဆရာများ အသုံးပြုကြ၏။ ထိုဂဟေပျော့များအတွက် ကယ်ဒမီယမ်၊ ဗစ်စမတ်အန်တီမိုနီနှင့် ငွေ (သတ္တု)တို့ကိုလည်း ရောစပ်ယူရ သည်။ ဂဟေဆက်ရာ၌ ပထမနီရဲအောင် မီးဖုတ်ထားသော ကြေးနီချောင်းဖြင့် ဂဟေကို အရည်ပျော်စေသည်။ ထို့နောက် ကြေးနီချောင်းထိပ်တွင် ဂဟေပျော်ကိုယူ၍ သတ္တုများကို ဆက် ပေးသည်။ တစ်ခါတစ်ရံ သတ္တုများကိုပျော်နေသော ဂဟေထဲ၌ နှစ်၍၎င်း၊ ဂဟေဆက်မည့်နေရာတွင် ဂဟေကို မီးတောက်ဖြင့် အရည်ပျော်စေ၍၎င်း ဆက်ပေးတတ်သည်။ ထိုနည်းများအပြင် သတ္တုများကို မီးဖုတ်၍ဆက်သောနည်းလည်း ပါသေးသည်။

ထိုနည်းကို ငွေဂဟေနှင့်ကြေးဂဟေဆက်ရာတွင် အသုံးပြုကြ၏။ ဂဟေမဆက်မီ သတ္တုများသည် ချေးမတင်ဘဲ စင်ကြယ်၍ နေရပေသည်။ သို့မှသာလျှင် သတ္တုများ၌ ဂဟေကောင်းစွာ စွဲကပ်နိုင်ပေသည်။ ချေးရှိနေလျှင် ယင်းကိုစားပစ်ရန် သတ္တု ပျော်ကူခေါ် ပစ္စည်းတစ်မျိုးကို အသုံးပြုရသည်။ ဂဟေပျော့ အတွက် ထင်းရှူးစေး၊ သို့မဟုတ် သွပ်ဖြင့်သတ်ထားသော ဟိုက်ဒရိုကလောရစ်အက်ဆစ်ကို၎င်း၊ ဂဟေမာအတွက် လက် ချားမှုန့်၊ သို့မဟုတ် ဇဝက်သာကို၎င်း သတ္တုပျော်ကူအဖြစ် အသုံးပြုကြသည်။

ကိုးကား

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

မြန်မာတိုင်းရင်းသားမျိုးနွယ်များတရုတ် - မြန်မာ စစ်ပွဲများအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမိုးကုတ်ဆရာတော်ခေါင်းကိုက်ခြင်းမြိတ်မြို့ရေသည်ပြဇာတ်ရေဘားအံမြို့မြောင်းမြမြို့အေကေ-၄၇ခန္ဓာဗေဒလ (ကမ္ဘာရံဂြိုဟ်)ဓမ္မရံကြီးဘုရားနေဝင်း (ဗိုလ်ချုပ်ကြီး)ပါလီမန် ဒီမိုကရေစီ စနစ်သစ်တောလွတ်လပ်ရေးကြေညာစာတမ်းအာဖရိကမြန်မာနိုင်ငံရှိ ခရိုင်များကျုံဒိုးမြို့ဘာဂျာမှုတ်ခြင်းသိကြားမင်းမြန်မာပိတောက်ယဉ်ကျေးမှုအိချောပိုသစ္စာလေးပါးပြေတီဦးလိင်တူစုံမက်ခြင်းမြန်မာနိုင်ငံ၏ ရွာများစာပေသာသနာရေး ဝန်ကြီးဌာနအာဋာနာဋိယသုတ်ရန်ကုန်မြို့ရှိ ခရိုင်နှင့် မြို့နယ်များစာရင်းစီအက်စ်အမ်အေကမ္ဘာဂြိုဟ်ကွမ်းရွက်ပင်ပထမ ကမ္ဘာစစ်မဟော်သဓာဇာတ်တော်ပရိက္ခရာ ၈-ပါးဘောလုံးကစားခြင်းနေအဖွဲ့အစည်းကင်ဆာရောဂါရန်ကုန်တက္ကသိုလ်မောရသုတ်ကရင်လူမျိုးနေပြည်တော်မြို့လိင်ဆက်ဆံခြင်းအင်္ဂလိပ်ဘာသာစကားပညာကောလင်း ပေါင်ဝဲလ်အောင်လအန်ဆန်းကြွက်နို့ဆင်မြစ်ရန်ကုန်တိုင်းစစ်ဌာနချုပ်စက်တင်ဘာ ၁၈၈၃သရဲချေးပင်၃၁-ဘုံတင်မိုးဦးပိန်တံတားစအိုဖြင့် လိင်ဆက်ဆံခြင်းရာဝဏအီဂျစ်နိုင်ငံဂျီဩမေတြီသက္ကာယဒိဋ္ဌိခင်မောင်တိုးနာဂစ်မုန်တိုင်းကချင်လူမျိုးတိုက်ကြီးမြို့အဖြူဆင်းခြင်းအင်းဝမင်းဆက်စတုမဟာရာဇ်နတ်မင်းကြီးလေးပါး🡆 More