အရှေ့ရွာ၊ အုတ်တွင်းမြို့နယ် ကြက်ရိုးပင်

ကြက်ရိုးပင် (အရှေ့)ရွာ (အင်္ဂလိပ်: Kyetyoepin(East))သည် ပဲခူးတိုင်းဒေသကြီး (အရှေ့)၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ တောပုကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၀၈၇၆ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ တောပုကျေးရွာအုပ်စုတွင် ကျား ၂၀၂၆ ဦး၊ မ ၂၂၇၆ ဦး၊ လူဦးရေ စုစုပေါင်း ၄၃၀၂ ဦးနေထိုင်သည်။ ကြက်ရိုးပင်

ကြက်ရိုးပင်
ရွာ
ကြက်ရိုးပင်ရွာ
ကြက်ရိုးပင် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ကြက်ရိုးပင်
ကြက်ရိုးပင်
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 18°55′07″N 96°21′26″E / 18.9185390472412°N 96.3572692871094°E / 18.9185390472412; 96.3572692871094 96°21′26″E / 18.9185390472412°N 96.3572692871094°E / 18.9185390472412; 96.3572692871094
နိုင်ငံအရှေ့ရွာ၊ အုတ်တွင်းမြို့နယ် ကြက်ရိုးပင် မြန်မာ
တိုင်းဒေသကြီးအရှေ့ရွာ၊ အုတ်တွင်းမြို့နယ် ကြက်ရိုးပင် ပဲခူး
ခရိုင်တောင်ငူခရိုင်
မြို့နယ်အုတ်တွင်းမြို့နယ်
ကျေးရွာအုပ်စုတောပု
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ကြက်ရိုးပင်ကျေးရွာသည် ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊အုတ်တွင်းမြို့နယ်၊တောပုကျေးရွာအုပ်စုအတွင်းတည်ရှိသော ရှေးဟောင်းရွာတရွာဖြစ်ပါသည်။

သမိုင်းဝင်သော်လည်း လူမသိမထင်မရှားသော ရွာတရွာ သို့မဟုတ် တောင်ငူခေတ်က  "ကြက်ရိုးပင်ရွာ "။

ကြက်ရိုးပင်ရွာသည် တောင်ငူရာဇဝင်တွင်

အရေးပါသောရွာတရွာဖြစ်ပြီးကေတုမတီမြို့မတည်မီကရှိခဲ့သော ကျေးရွာတခုဖြစ်သည်။နောက်ပိုင်းရေးသည့်တောင်ငူရာဇဝင်များတွင် ပထမဆုံးတည်ခဲ့သောတောင်ငူငယ်ကိုဖော်ပြရာတွင် ကြက်ရိုးပင်ရွာအနောက်ဖက်တွင်တည်ရှိပြီးတောဖြစ်နေသည့်အတွက် တောင်ငူတောဟုခေါ်ကြောင်းဖော်ပြပါရှိပါသည်။

  ကြက်ရိုးပင်ရွာသည် ခပေါင်းချောင်းနံဘေးကစည်ကားသောရွာကြီးတရွာဖြစ်ပါသည်။သက္ကရာဇ်၈၄၇ခုနှစ်မှာမင်းကြီးညိုနန်းတက်ပါခဲ့ပါသည်။မြဝတီ ဒွာရာဝတီ ကေတုမတီ မြို့သစ်များတည်ပြီးစိုးစံတော်မူခဲ့ပါသည်။သက္ကရာဇ်၈၇၈ခုနှစ်မှာ အတိတ်ထူးနိမိတ်ထူးများ

နှင့် သားတော်တပင်ရွှေထီးကိုဖွားမြင်ခဲ့ပြီးတဦးတည်းသောသားတော်ဖြစ်သည့်အတွက် မင်းပေါင်

မင်းလက်မင်းဆွေမင်းမျိုးတို့ကို အမအစပေးကြောင်းမှတ်သားရပါသည်။

တောင်ခမင်းကြီးသားတော်မင်းဆွေ(ဘရင့်နောင်၏ခမည်းတော်)တပါး(ထန်းတက်သမားမဟုတ်)

ကြက်ရိုးပင်မင်းကြီးသားတော် ရှင်နီတာတပါး၊

ရှင်သီဟ တပါး၊ပတ္တမြားတပါး တို့ကိုရွေးချယ်ခန့်ထားကြောင်း မဟာရာဇဝင်ကြီး။တွင်းသင်းရာဇဝင်သစ် မှန်နန်းရာဇဝင်တို့တွင် ရေးသားဖော်ပြပါသည်။၈၉၂ခုနှစ်နတ်တော်လဆန်း၅ရက်တွင် မင်းကြီးညိုနတ်ရွာစံပြီး သားတော်တပင်ရွှေထီး24.11.1530 တွင်နန်းတက်ပါသည်။

မင်းကြီးဆွေကိုဖခင်ကဲ့သို့ချစ်ခင်သဖြင့် မင်းရဲသိင်္ခသူဘွဲ့ဖြင့်အဆောင်ယောင်တွေချီးမြှင့်ပါခဲ့ပါသည်။

နောင်အခါဟံသာဝတီကိုထီးနန်းပြောင်းရွှေ့သောအခါတွင် တောင်ငူဘုရင်ခံခန့်အပ်ခဲ့ခြင်းခံရပါသည်။

ကြက်ရိုးပင်မင်းကြီး၏သားရှင်နီတာကို သတိုးဓမ္မရာဇာဘွဲ့ နောင်အခါ ပြည်ဘုရင်ခံဖြစ်လာပါသည်။

ရှင်သီဟကို စည်သူကျော်ထင် နောက်အခါ စလင်းမြို့စားရှင်နတ်တော်ကို ဘယနန်သူ ဘွဲ့

မင်းကြီးဆွေ၏သား ရှင်ရဲထွတ် ကို ကျော်ထင်နော်ရထာဘွဲ့ချီးမြှင့်ပြီး အမတော်သခင်ကြီးနဲ့လက်ဆက်ပေးခဲ့ပါသည်။

  ကြက်ရိုးပင်မင်းကြီးရဲ့သားပြည်ဘုရင်ခံသတိုးဓမ္မရာဇာသည် ၉၁၂ခုနှစ်မင်းတရားရွှေထီးလုပ်ကြံခံရပြီးနောက်ပိုင်းတွင် သတိုးသူဘွဲ့ခံပြီးပုန်ကန်ခဲ့ပါသည်။ဘုရင့်နောင်၏ညီတော်မင်းခေါင်က သတိုးဓမ္မရာဇာကိုတိုက်ခိုက်နှိမ်နင်းခဲ့ပါသည်။

    နောက်ကြက်ရိုးပင်စားတဦးလည်းရာဇဝင်မှာထင်ရှားခဲ့ပါသည်။တောင်ငူရဲ့ကြေကွဲဖွယ်သံဝေဂရဖွယ်နိဂုံးတွင်ကြက်ရိုးပင်စားနောက်တဦးကအဓိကသက်သေအဖြစ်ပါဝင်နေခဲ့သောကြောင့်ဖြစ်ပါသည်။

သက္ကရာဇ်၉၇၂မှာအနောက်ဖက်လွန်မင်းတောင်ငူကိုလာရောက်တိုက်ခိုက်ပါခဲ့ပါသည်။အားမတန်သဖြင့်အညံ့ခံလိုက်ရပြီးတောင်ငူနန်းတော်ကိုမှန်ကင်းချကာနတ်ရှင်နောင်ကိုဘုရင်ခံအဖြစ်မြို့ကိုအပ်ကာ လူသူဆင်မြင်း၃ပုံ၂ပုံကိုသိမ်းယူခဲ့သည်။ငဇင်ကာသည်၉၇၄တွင်တောင်ငူကိုလာရောက်တိုက်ခိုက်ကာ နတ်ရှင်နောင်ကို သံလျင်သို့ဆောင်ယူပါခဲ့ပါသည်။အနောက်ဖက်လွန်

မင်းကသံလျင်ကိုတိုက်ခိုက်အောင်မြင်သည့်အခါတွင်ငဇင်ကာကိုစစ်မေးရာမှာ တောင်ငူမင်းကလာခေါ်ရန်ခေါ်၍ခေါ်ဆောင်ခြင်းဖြစ်ကြောင်း ဖြေဆိုခဲ့ပါသည်။နတ်ရှင်နောင်ကိုမေးရာတွင် မိမိ မခိုင်းကြောင်းဖြေပါသည်။ငဇင်ကာကိုထပ်စစ်သော

အခါတွင် တောင်ငူမင်းကစေသသူ ကြက်ရိုးပင်စားကိုမေးပါဟု ဖြေခဲ့ပါသည်။

ကြက်ရိုးပင်စားကိုစစ်သည့်အခါတွင်မှ ကျွန်ုပ်ကိုစေတာမှန်ပါကြောင်းနှင့် ကတ္တီပါအိတ်သွပ်ပြီးအမှတ်အသားနှင့်ဖြစ်၍မည်သည့်စာမှန်းမသိကြောင်းလျှောက်ထားသည့်အခါအနောက်ဖက်လွန်မင်းက စေတာမှန်ပေပြီ။တောင်ငူကို

သိမ်းစဉ်က မြို့ကိုမျှမသိမ်း မြို့ကိုပေးတော်မူ၍ချမ်းသာစွာနေစေသည့်ကျေးဇူးကိုမသိ လူသွမ်းကိုမြို့လယ်တွင်ကွပ်လေဟုမိန့်၏။ငဇင်ကာကိုလည်း မြို့လယ်တွင်တံကျင်လျှိုစေဟု

အမိန့်ပေးပါခဲ့ပါသည်။နတ်ရှင်နောင်၏အလောင်းကိုညီတော်တောင်ငူမင်းရဲကျော်ထင်ကိုသဂြိုဟ်စေပါသည်။

ယခုသံလျင်မြို့ကျိုက်ခေါက်စေတီ၏အနောက်မြောက်ခြေရင်းတွင် နတ်သျှင်နောင်အထိမ်းအမှတ်စေတီရှိပါသည်။

ယခုလက်ရှိကြက်ရိုးပင်ရွာကိုခပေါင်းချောင်းရေတိုက်စားလို့၁၃၅၄ခုမှာအခုရွာသစ်နေရာကိုပြောင်းခဲ့ရပြီး မူလရွာဟောင်းမှာ လက်ရှိရွာ၏မြောက်ဘက်တွင်တည်ရှိနေပါသေးသည်။

  

ကိုးကား

2.U Mya Thaung (ကြက်ရိုးပင် ခရီးစဉ်စာစုမှ)

Tags:

တောင်ငူခရိုင်ပဲခူးတိုင်းဒေသကြီး (အရှေ့)မြန်မာနိုင်ငံရှိ သန်းခေါင်စာရင်းလူဦးရေအင်္ဂလိပ်ဘာသာစကားအုတ်တွင်းမြို့နယ်

🔥 Trending searches on Wiki မြန်မာဘာသာ:

ChatGPTယူကရိန်းနိုင်ငံအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သီရိလင်္ကာနိုင်ငံကချင်လူမျိုးဗျတ်ဝိ၊ ဗျတ္တရတနာသုံးပါးပါကစ္စတန်နိုင်ငံသေမင်းတမန် ရထားလမ်းတစ်တော့ကီလိုဂရမ်တန်ခူးလကော့ဘိန်းရွာ၊ ကော့ကရိတ်မြို့နယ်ဝီကီပီးဒီးယားဆာရာဝပ်ပြည်နယ်မော်လမြိုင်မြို့နယ်မရမ်းကုန်းမြို့နယ်တပ်မတော်အက်ဥပဒေများလိင်မှတဆင့် ကူးစက်တတ်သော ရောဂါလွတ်လပ်ရေး ကြိုးပမ်းမှုကာလ (၁၉၄၁–၁၉၄၇)အလောင်းမင်းတရားဝီကီမီဒီယာ ဖောင်ဒေးရှင်းစစ်တက္ကသိုလ် (ပြင်ဦးလွင်)စကားထာစက်ဘီးမင်းတုန်းမင်း၏ မိဖုရားများနှင့် သားတော်၊ သမီးတော်များ စာရင်းမြန်မာသရုပ်ဆောင်များစာရင်းမဟော်သဓာဇာတ်တော်အောင်ခြင်း ၈ ပါးလက်ပံတောင်းတောင်အစီရင်ခံစာအရေပြားလေးဘက်နာရောဂါမဇ္ဈိမ သတင်းဌာနရန်ကုန်တိုင်းဒေသကြီးနာဂစ်မုန်တိုင်းသူငယ်နာမြန်မာ့ လက်ဝှေ့စစ်ကိုင်းတိုင်းဒေသကြီးရဟန်းခံခြင်းခါကာဘိုရာဇီမြန်မာစာစတင်ဖြစ်ပေါ်လာပုံမန္တလေး နန်းတော်ရူပဗေဒနို့တိုက်သတ္တဝါထမံသီရွာ၊ ဟုမ္မလင်းမြို့နယ်သရက်ပင်မြင့်မြတ်အလောင်းစည်သူမက္ခရာမင်းသားကြီးအမှတ်(၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ဥသျှစ်ပင်ကုန်းဘောင်မင်းဆက်မေတ္တေယျဘုရားဘဏ်မြန်မာနိုင်ငံရေးသမိုင်းချာနိုဘိုင်း နျူးကလီးယား ပေါက်ကွဲမှုသမုဒ္ဒရာချင်းလူမျိုးမြန်မာနိုင်ငံ ရဲတပ်ဖွဲ့အင်းဝမင်းဆက်ကျောက်ကပ်ကဗျာလွတ်သမိုင်းသမန်းကျားလီဆူလူမျိုးအစ္စရေးနိုင်ငံမင်းအောင်နေအဖွဲ့အစည်းမြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်ကမ္ဘာဂြိုဟ်ဝိပတ္တိတရားလေးပါးမြန်မာ့တပ်မတော် သမိုင်းကြောင်းနေပရိတ်ကြီး ၁၁ သုတ်၁၂၇၂ကြာဗဒုံမင်း🡆 More