ကျောက်မဲဆရာတော်

ကျောက်မဲဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒနသာရ (၁၄ နိုဝင်ဘာ ၁၉၄၉ မွေးဖွား) သည် နိုင်ငံတော်သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာတော် ဖြစ်သည်။

ဖွားမြင်ခြင်း

ဆရာတော်ကို မန္တလေးတိုင်းပြင်ဦးလွင်ခရိုင်မတ္တရာမြို့နယ်စကျင်ကျေးရွာ၌ ခမည်းတော် ဦးဝန်ဘ+ မယ်တော် ဒေါ်သင်းကြိုင်တို့မှ ၁၃၁၁-ခု၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ အင်္ဂါနေ့၊ ခရစ်သက္ကရာဇ် ၁၉၄၉ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် မွေးဖွားခဲ့သည်။

ရဟန်းအဖြစ်သို့ ရောက်ရှိခြင်း

ဆရာတော်သည် နဝမရွှေကျင်သာသနာပိုင် စံကင်းဆရာတော်ကြီးကို ဥပဇ္ဈာယ်ပြုပြီး ခံယူလျက် ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့သည်။

ပရိယတ္တိစာပေ သင်ယူခြင်း

ဆရာတော်သည် စကျင်ရွာ၊ မဟာသိမ်ကျောင်းဆရာတော် ဘဒ္ဒန္တတိဿ၊ မန္တလေးမြို့၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ သက်တော်ရှည်ကျောင်းဆရာတော် (စံကင်းဆရာတော်ကြီး) ဘဒ္ဒန္တစန္ဒာဘိဝံသ (အဘိဓဇမဟာရဋ္ဌဂုရု)၊ ဇယမေဒနီဝါဆိုဆရာတော် ဒေါက်တာဘဒ္ဒန္တအဂ္ဃိယ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက)၊ မတ္တရာသူဌေးဆရာတော် ဘဒ္ဒန္တမာနိတသိရီဘိဝံသ (ကထိကရဟန်း) (အဂ္ဂမဟာပဏ္ဍိတ)၊ မင်္ဂလာဗိမာန်ဆရာတော် ဘဒ္ဒန္တပညာသိရီဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ)၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းကျေးရွာ၊ တိပိဋကနိကာယကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက) စသော ဆရာတော်များထံတွင် ပရိယတ္တိစာပေများကို သင်ယူလေ့လာခဲ့သည်။

အောင်မြင်ခဲ့သော စာမေးပွဲများ

  • သကျသီဟသာမဏေတန်း ပထမဆင့်
  • သာသနဓဇသိရီပဝရဓမ္မာစရိယ
  • ဝိနယဓရ
  • B.A (ဒဿနိက) (ရန်ကုန်တက္ကသိုလ်)
  • M.A (Sri Lanka)
  • Ph.D (Punea University, India)

သာသနာရေး ဆောင်ရွက်ခြင်း

ဆရာတော်သည် ကျောက်မဲမြို့၊ သီဟိုဠ်ပရိယတ္တိစာသင်တိုက်၊ ပြင်ဦးလွင်မြို့၊ ဇယမေဒနီအောင်မြေကျောင်းတိုက်၊ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ မဟာအောင်မြေကျောင်းတိုက်တို့ကို ပဓာနနာယကဆရာတော်အဖြစ် စီမံအုပ်ချုပ်တော်မူခြင်း၊ ပရိယတ္တိစာပေများ သင်ကြားပို့ချတော်မူခြင်း၊ ဘာသာရေးဆိုင်ရာ စာတမ်းများ၊ ကျမ်းဂန်စာပေများ၊ ဆောင်းပါးများ ရေးသားခဲ့ခြင်း၊ အရဟံဖောင်ဒေးရှင်း၊ အရဟံသာသနာပြုဓမ္မကောလိပ်နှင့် အခြားသော အရဟံသာသနာပြုလုပ်ငန်းများ၏ ဩဝါဒါစရိယဆရာတော်အဖြစ် ဆောင်ရွက်တော်မူခြင်း၊ သံဃာအဖွဲ့အစည်းအဆင့်ဆင့်တို့၌ ရွှေကျင်နိကာယဂိုဏ်းလုံးဝန်ဆောင်နာယက၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင်၊ တွဲဘက်အကျိုးတော်ဆောင် တာဝန်တို့ကို ထမ်းဆောင်ခဲ့ပြီး ယခုအခါ နိုင်ငံတော်သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌ အဖြစ် ထမ်းဆောင်လျက်ရှိသည်။

ရရှိခဲ့သော ဘွဲ့တံဆိပ်တော်များ

ကိုးကား

Tags:

ကျောက်မဲဆရာတော် ဖွားမြင်ခြင်းကျောက်မဲဆရာတော် ရဟန်းအဖြစ်သို့ ရောက်ရှိခြင်းကျောက်မဲဆရာတော် ပရိယတ္တိစာပေ သင်ယူခြင်းကျောက်မဲဆရာတော် အောင်မြင်ခဲ့သော စာမေးပွဲများကျောက်မဲဆရာတော် သာသနာရေး ဆောင်ရွက်ခြင်းကျောက်မဲဆရာတော် ရရှိခဲ့သော ဘွဲ့တံဆိပ်တော်များကျောက်မဲဆရာတော် ကိုးကားကျောက်မဲဆရာတော်နိုင်ငံတော် သံဃမဟာနာယကအဖွဲ့

🔥 Trending searches on Wiki မြန်မာဘာသာ:

မဟာဘူတစိန်ဘရာဇီးနိုင်ငံမြန်မာ လက်ထပ် ထိမ်းမြားခြင်းလွမ်းချင်းလေဖြတ်ခြင်းယာဘပဋိစ္စသမုပ္ပါဒ်ကချင်ပြည်နယ်နာဂစ်မုန်တိုင်းရခိုင်ဘာသာစကားနိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီပဲခူးမြို့အင်းဝခေတ်ရခိုင်ဘုရင်များ စာရင်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝက်ဝံမြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များကြာနီကန်ဆရာတော်သစ်ခွအယုဒ္ဓယကြေးမုံ သတင်းစာမြန်မာကဗျာ ကာရန်ယူနည်းများမိုးကုတ်မြို့လေးဖြူခြင်းလုံး ကစားခြင်းဂျပန်ယန်းငွေပတ္ထနိက္ကုဇ္ဇနကံဆောင်ခြင်းကင်းခြေများဒိဋ္ဌိလီယိုနာဒိုဒါဗင်ချီဒုတိယ ကမ္ဘာစစ်မင်းတုန်းမင်း၏ မိဖုရားများနှင့် သားတော်၊ သမီးတော်များ စာရင်းဆင်ကယားပြည်နယ်ကျုံးမြစ်ကြီးနားမြို့အသည်းယောက်ျား အင်္ဂါတံဂြိုဟ်ကမ္ဘာမကျေအမေရိကန်ပြည်ထောင်စုသနပ်ခါးချောင်းသာကမ်းခြေနှစ်ဆန်းတစ်ရက်နေ့ကုလသမဂ္ဂ ကြေညာစာတမ်းAsusဘူရိဒတ်ဇာတ်တော်ဘားအံမြို့ရွှေမော်ဓောဘုရား(ပဲခူး)ငါးပါးသီလကရင်နွယ်ဘာသာစကားများမြသလွန်ဘုရားကံတောင်ပိုင်းတိုင်းစစ်ဌာနချုပ်ဦးဆောင်းယူနိုက်တက်ကင်းဒမ်းနိုင်ငံမြန်မာဘာသာစကားမြန်မာ့ရိုးရာ အတိုင်းအတာယူနစ်များဦးပိန်တံတားမြန်မာစာရေးဆရာများ စာရင်းဒန့်သလွန်ကြယ်ကိုရီးယားစစ်ပွဲရဲယိုပင်ခင်ဝင့်ဝါသိန်း၊ ဆရာ (မော်ပီ)မြန်မာနိုင်ငံရှိ ခရိုင်များရှမ်းဘာသာစကားပျူလူမျိုးသာသနာရေး ဝန်ကြီးဌာနသူငယ်နာမင်္ဂလာပါကွမ်းယာလုံချည်တောင်ငူမြို့🡆 More